အသစ်များ > ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်တွင် ပါဝင်သောအစိတ်အပိုင်းများ - အစိုးရယန္တရားအဖွဲ့အစည်းများနှင့် ရုံးဌာနများ

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်တွင် ပါဝင်သောအစိတ်အပိုင်းများ - အစိုးရယန္တရားအဖွဲ့အစည်းများနှင့် ရုံးဌာနများ

2022-10-01

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် အစိုးရနှင့် ပြည်သူကြား ဆက်ဆံရေးဆိုင်ရာစည်းမျဉ်းများအပေါ် သ ဘောတူညီချက်တစ်ရပ်ဖြစ်သည်။ ယင်းဥပဒေတွင် မည်သည့်ယန္တရားအဖွဲ့အစည်းများက မည်သည့်ဆုံးဖြတ် ချက်များကို ချမှတ်ရန် အာဏာရှိသည်ဟူ၍စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ အစိုးရအ စိတ်အပိုင်းအသီးသီးသည် ကျန်ရှိသောအစိတ်အပိုင်းများ၏အာဏာစက်ကွင်းနှင့် သီးခြားကင်းလွတ်မှုရှိရန် လို အပ်သဖြင့် ဤအချက်သည် ဒီမိုကရေစီနိုင်ငံတွင် အလွန်အရေးပါသည်။ မတူသောအစိုးရယန္တရားအဖွဲ့အစည်း အသီးသီးကြား အာဏာများနှင့် တာဝန်၀တ္တရားများကို ခွဲခြားပေးထားခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ သည် အ စိုးရအတွက် အဖွဲ့အစည်းဆိုင်ရာလိုက်နာရမည့်ပုံစံကားချပ်တစ်ခုအဖြစ် ပြုမူဆောင်ရွက်သည်။

အစိုးရယန္တရားအဖွဲ့အစည်းများနှင့် ရုံးဌာနများကို ဖော်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါအစိတ်အပိုင်း များသည် အောက်ပါကဲ့သို့သော အရေးကိစ္စများကို ချမှတ်တည်ဆောက်ပေးသည်။

  • အစိုးရ စနစ် (ဥပမာ လွှတ်တော်၊ သမ္မတ သို့ သမ္မတစ်ပိုင်း)
  • ပြည်နယ်ဖွဲ့စည်းတည်ဆောက်ပုံ (တစ်ပြည်ထောင် သို့ ပြည်ထောင်စု)
  • အစိုးရအာဏာ ဗဟိုချုပ်ကိုင်မှုမရှိစေရန်လျှော့ချထားရမည့်အတိုင်းအဆ
  • အာဏာခွဲဝေခြင်းအစီအမံများ

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်က ချမှတ်တည်ဆောက်ပေးလိုက်သည့် နိုင်ငံရေးစနစ်များသည် နိုင်ငံရေးပါတီ များအပေါ် အရေးပါသောသက်ရောက်ချက်တစ်ရပ်ရှိသည်။နိုင်ငံရေးပါတီများက ချမှတ်တည်ဆောက်လိုက် သည့် နိုင်ငံရေးစနစ်သည် နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်၊ အခန်းကဏ္ဍနှင့် အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်း တည်ဆောက်ပုံတို့အပေါ် သက်ရောက်နေသည်။ ဥပမာပြရလျှင် သမ္မတ၊ ပါလီမန် သို့ သမ္မတတစ်ပိုင်းစနစ်တို့ အနက် တစ်ခုခုကို ရွေးချယ်ခြင်းသည် ပါတီတစ်ရပ်၏ အာဏာရယူ၊အသုံးချနိုင်စွမ်းအပေါ် အကြီးအမားဩဇာ ညောင်းမှုရှိသည်။

တချို့ဖြစ်ရပ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗဟိုချုပ်ကိုင်မှုကို ပိုမိုလျှော့ချထားသည့်အုပ်ချုပ်ရေး စနစ် တစ်ရပ်ကို ချမှတ်ထူထောင်ပေးထားလျှင် ယင်းအတွက် ပါတီများသည် ပြည်နယ်ဒေသအုပ်ချုပ်ရေးဌာနခွဲများ အပေါ် ပိုမိုအာရုံစိုက်ရန် လိုအပ်နိုင်သည်။ တစ်နည်းအားဖြင့် အမျိုးသမီးများ သို့ လူနည်းစုများအတွက် ခွဲတမ်းနေရာကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ချမှတ်ပေးရန်လိုအပ်ချက်များရှိရာ ယင်းလိုအပ်ချက်များ ပြည့်မီ ရန် ပါတီများအနေဖြင့် ယင်းတို့၏ ပါဝင်ဆောင်ရွက်မှုနှင့် ပါတီတွင်းရွေးချယ်ချက်မူဝါဒများကို ပြောင်းလဲပေး ရန်လိုအပ် ကောင်းလိုအပ်နိုင်သည်။ ယခုလို အမျိုးမျိုးသော ဖွဲ့စည်းတည်ဆောက်ပုံများသည် နိုင်ငံရေးပါတီ များအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိသဖြင့် ပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေးဆွဲ သို့ ပြုပြင်ပြောင်းလဲရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။