အသစ်များ > ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်တွင် ပါဝင်သောအစိတ်အပိုင်းများ - မူလအခြေခံအခွင့်အရေးများ
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်တွင် ပါဝင်သောအစိတ်အပိုင်းများ - မူလအခြေခံအခွင့်အရေးများ
2022-10-01
မူလအခြေခံ အခွင့်အရေးများဟူသည်မှာ အများအားဖြင့် အခြေအနေအရပ်ရပ်အများစုကိုအကြောင်း ပြု၍ နိုင်ငံသားတစ်ဦးထံမှ ထုတ်ယူနုတ်ပယ်ပစ်မရနိုင်သည့် အခွင့်အရေးများဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြ သည်။ နိုင်ငံသားများအား အခွင့်အရေးချိုးဖောက်မှုများမှ ကာကွယ်စောင့်ရှောက်ပေးရန် နိုင်ငံတစ်နိုင်ငံ၏ဖွဲ့ စည်းပုံအခြေခံဥပဒေထဲတွင် အဆိုပါအခွင့်အရေးများကို စာရင်းပြုဖော်ပြပေးထားတတ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေများသည် အစိုးရနှင့် တစ်သီးပုဂ္ဂလကြား ဆက်ဆံမှုကို ထူထောင်ပေးသည်။ ဖွဲ့စည်းပုံဥ ပဒေများသည် အစိုးရအပေါ် ထားရှိရမည့်တစ်သီးပုဂ္ဂလများ၏တာဝန်၀တ္တရားများကိုလည်း ဖော်ပြပေးသည်။ သို့သော်အစိုးရမှဝင်ရောက်စွက်ဖက်လုပ်ပိုင်ခွင့်မရှိသော နယ်ပယ်များနှင့်စပ်လျဉ်းသည့်စည်းမျဉ်းများကိုလည်း တိကျရှင်းလင်းစွာ ဖော်ပြထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ် စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်တို့ကဲ့သို့သော “အခြေခံအခွင့်အရေးများ”ကို ကာကွယ်စောင့်ရှောက်ပေးတတ်သည်။
‘မူလအခြေခံအခွင့်အရေးများ’ကို သီးခြားလွတ်လပ်သောတရားစီရင်ရေးဌာနတစ်ရပ်မှ ဥပဒေပြဋ္ဌာန်းပေးကာ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခွင့်မရှိစေရန် ကာကွယ်ပေးထားသည်။ အဆိုပါအခွင့်အရေးများကို အခြေခံရ ပိုင်ခွင့်များဖော်ပြချက်တွင် ထည့်သွင်းထားတတ်သည်၊ ယင်းအခွင့်အရေးများဖော်ပြချက်အပေါ် ပြင်ဆင်ရေး လုပ်ထုံးလုပ်နည်းများသည် အခြားသောအခွင့်အရေးများကို ပြင်ဆင်ရေးထက်ပင် ပိုမိုအသေးစိတ်ကျသည်။မူလအခြေခံအခွင့်အရေးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါအစိတ်အပိုင်းတစ်ရပ်ဖြစ်သဖြင့် ဥပဒေပြုလွှတ်တော်မှ ဖန်တီးထားသည့် ဥပဒေများဖြင့် ကန့်သတ်၍မရနိုင် သို့ ပယ်ဖျက်၍မရနိုင်ပါ။ အကျိုးရလဒ်အားဖြင့် ယင်း အခွင့်အရေးများ ချိုးဖောက်ခံရခြင်းရှိ၊မရှိ အငြင်းပွားမှုများကို ဖြေရှင်းရေးသည် တရားရေးကဏ္ဍနှင့်ဆိုင်ရာ ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာပြဿနာရပ်တစ်ခုမဟုတ်ပေ။
ဥပမာအားဖြင့် အမုန်းစကားမပေါ်ပေါက်ရန် တားဆီးရေးအတွက် လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုင်ရာအခွင့်အ ရေးများကိုကန့်သတ်ရန် အခြေခံအခွင့်အရေးများအား ဖွဲ့စည်းပုံဥပဒေအရကန့်သတ်ထားချက်များကို ယင်းအ ခြေခံဥပဒေတွင်း ဥပဒေရေးရာသတ်မှတ်စံနှုန်းများအဖြစ် ဖော်ပြထားသင့်သည်။ ထိုသို့မဖော်ပြထားပါက ပါ တီစွဲနိုင်ငံရေးသမားများအား မည်သည့်အရာသည် အမုန်းစကားဖြစ်သည်ဟု ဆုံးဖြတ်ကာ ရွေးကောက်ပွဲ နယ်ပယ်ကို မညီမညာဖြစ်အောင်ပြုလုပ်ခွင့်ပေးလိုက်ပြီး တစ်ဖက်တွင် ယင်းတို့၏အတိုက်အခံများ၏ လွတ် လပ်စွာထုတ်ဖော်ခွင့်ကို ပိတ်ပင်ဟန့်တားထားဖွယ်ရာရှိသည့် အကျိုးဆက်အန္တရာယ်ဖြစ်ပေါ်နိုင်သည်။
နိုင်ငံအမျိုးမျိုးရှိ မူလအခြေခံအခွင့်အရေးများ
ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် မူလအခြေခံအခွင့်အရေးများနှင့်ပတ်သက်သော အပိုဒ်များပါဝင်သည်။ သို့သော် မည်သည့်အခွင့်အရေးအမျိုးအစားကို ကာကွယ်ပေးမည်ဆိုသည်မှာ အလွန်ကွဲပြားမှုရှိနိုင်သည်။ ဥပမာ ပြရလျှင် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံအားလုံးနီးပါးသည် လွတ်လပ်စွာပြောဆိုခွင့်နှင့် အသင်းအပင်းဖွဲ့စည်းခွင့်တို့ကို ကာကွယ်ပေးသည်။ ဆွီဒင်ကဲ့သို့သော ဆိုရှယ်လစ်နိုင်ငံများကမူ အလုပ်သမားဥပဒေများနှင့် လူမှုရေးအရ လုံခြုံမှုရပိုင်ခွင့်တို့ကို ကာကွယ်ပေးသည်။
ဂျာမနီတွင် ဒီမိုကရေစီဖွဲ့စည်းအခြေခံဥပဒေသည် “ဒီမိုကရေစီကိုဆန့်ကျင်သော”လှုပ်ရှားဆောင်ရွက်ချက်ကို တရားမဝင်ဟု သတ်မှတ်ထားသည်။ ဆိုလိုသည်မှာ အစိုးရသည် ဒီမိုကရေစီကို “ဆန့်ကျင်”နေသည်ဟု ထင်မြင်သည့် နိုင်ငံရေးပါတီများကို ပိတ်ပင်ပစ်နိုင်သည့်သဘောဖြစ်သည်။ အလားတူစွာ တောင်အာဖရိကဖွဲ့စည်း ပုံအခြေခံဥပဒေသည် “လူမျိုး၊ တိုင်းရင်းသားလူမျိုးစု၊ ကျား/မလိင်၊ သို့ ဘာသာတရားအစရှိသည်တို့ကို အခြေခံကာ အကြမ်းဖက်မှု ဖြစ်စေနိုင်သည့် အမုန်းတရား လှုံ့ဆော်ပြောဆိုမှုတို့ကို” တားမြစ်ထားခြင်းဖြင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကန့်သတ်ထားသည်။
အရေးပေါ်လုပ်ပိုင်ခွင့်အာဏာရပ်များ
နိုင်ငံတွင်းအကျပ်အတည်းဆိုက်ရောက်ချိန်တွင် ခေါင်းဆောင်မှုပေးရန် တာဝန်သည် အုပ်ချုပ်ရေးမဏ္ဍိုင်တွင် အများအားဖြင့် ရှိသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် စစ်ပွဲ၊ သဘာ၀ကပ်ဘေး၊ အကြမ်းဖက်သ မားအန္တရာယ်နှင့် ပြည်တွင်းမငြိမ်သက်မှုကဲ့သို့သော အကျပ်အတည်းများကို ရင်ဆိုင်ရသည့်အခါ “အရေးပေါ် လုပ်ပိုင်ခွင့်အာဏာရပ်များ”ကို အသုံးချနိုင်သည့်အခွင့်အရေးကို အပ်နှင်းပေးထားသည်မှာ သာမန်ကိစ္စဖြစ် သည်။ အရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဟူသည်မှာ ဆုံးဖြတ်ချက်အားလုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့်သာ သက်ဆိုင်ပြီး ယင်းကာလတွင် မူလအခြေခံအခွင့်အရေးများကို ယာယီ ကန့်သတ် သို့မဟုတ် ဖျက်သိမ်းထားသည်ဟု ဆိုလိုသည်။ နိုင်ငံအရေးပေါ်အကျပ်အတည်းဆိုက်နေချိန်ကာလများတွင် တည်ငြိမ်မှုမပျယ်ယွင်းစေရန်နှင့် ဆုံးဖြတ်ချက်များကို အလျှင်အမြန်ချမှတ်နိုင်ရန် အရေးပေါ်လုပ်ပိုင်ခွင့်အာဏာများ လိုအပ်သည်ဟု ယင်းအာ ဏာများဘက် ထောက်ခံကြသူများက ပြောကြသည်။ သို့ရာတွင် “အရေးပေါ်ကာလ”ကြေညာနိုင်သည့်အာဏာနှင့် အရေးပေါ်အုပ်ချုပ်ရေးပြဋ္ဌာန်းနိုင်သည့်အာဏာကို အာဏာကြီးထွားလိုသည့် အစိုးရများက အလွဲသုံးစားပြုတတ်ကြပြန်သည်။
အရေးပေါ်လုပ်ပိုင်ခွင့်အာဏာအသုံးချမှုဥပမာများ
ဂျာမနီ
အစိုးရအာဏာအားလုံးကို အုပ်ချုပ်ရေးမဏ္ဍိုင်ဆီ ပေးအပ်ရန် အရေးပေါ်အာဏာရပ်များကို အလွဲ သုံးစားပြုခြင်းဖြင့် ၁၉၃၃ခုနှစ် အဒေါ့ဖ် ဟစ်တလာ အာဏာရလာခဲ့သည်။ အာဏာရသည့်နှင့် ဟစ်တလာ သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(နှင့် ယင်းဥပဒေက ကာကွယ်ပေးထားသည့် နိုင်ငံသားများ၏အခွင့်အရေးများ အားလုံးကိုပါ)ကို ဖျက်သိမ်းပြီး အာဏာရှင်ဆန်သောပြုပြင်ပြောင်းလဲရေးများစွာကို အကောင်အထည်ဖော်ခဲ့ သည်။
ဟစ်တလာဖြစ်ရပ်ကို တွေ့ကြုံခဲ့ပြီးနောက် လက်ရှိဂျာမန်ဖွဲ့စည်းပုံအခြေခံဥပဒေကို “ဟစ်တလာဒဏ်ခံနိုင်ရည်ရှိသော” ဥပဒေဖြစ်ရန် ပုံစံချမှတ်ထားသည်။ ယင်းဥပဒေအရ အစိုးရ၏အုပ်ချုပ်ရေး၊ ဥပဒေပြုရေး သို့ တရားစီရင်ရေးမဏ္ဍိုင်နှင့်ဆိုင်ရာ မည်သည့်အက်ဥပဒေမှ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရေးသားထားသော အခြေခံနိုင်ငံသားအခွင့်အရေးများနှင့် လွတ်လပ်ခွင့် ၁၉ ချက်ကို ပြင်ဆင် သို့ ပယ်ဖျက်၍မရနိုင်ဟု အာမခံပေး ထားသည်။ ထို့အပြင် အာဏာရှင်စနစ် မည်သည့်အခါမျှ ထပ်မံမပေါ်ပေါက်နိုင်စေရန် နိုင်ငံရေးစနစ်၏ ဖက်ဒရယ်၊ ဒီမိုကရေစီနည်းကျ နှင့် လူမှုသက်သာချောင်ချိရေးသွင်ပြင်လက္ခဏာရပ်များကိုလည်း အာမခံပေးထား ပြန်၏။
အိန္ဒိယ
သမ္မတအင်ဒီရာဂန္ဒီသည် ၁၉၇၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ အရေးပေါ်လုပ်ပိုင်ခွင့်အာဏာရပ်များကို အသုံးချခဲ့သည်။ ၁၉၇၀ပြည့်နှစ်ကာလအတွင်း ဂန္ဒီ၏ပါတီသည် လူကြိုက်နည်းသထက်နည်းလာသည်။ အိန္ဒိ ယနိုင်ငံတစ်ဝန်းလုံး အဓိကရုဏ်းများနှင့် သပိတ်တိုက်ပွဲများ ပြန့်နှံ့ဖြစ်ပွားနေပြီး သမ္မတသည် လူထူထောက်ခံ မှုကျဆင်းခြင်း၊ အဂတိလိုက်စားမှုစွဲချက်များအပြင် အစိုးရရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများကိုပါ ရင်ဆိုင်ခဲ့ရသည်။ ဤသို့နှင့် ဂန္ဒီသည် အရေးပေါ်ကာလအုပ်ချုပ်ရေးကို ကြေညာပြီးဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့လိုက်သည်။ ဂန္ဒီသည် နိုင်ငံသားလွတ်လပ်ခွင့်များကို ကန့်သတ်လိုက်ပြီး မီဒီယာကို ဆင်ဆာပိတ်သည်၊ အတိုက်အခံပါတီများကို တားမြစ်သည်၊ နိုင်ငံရေးအတိုက်အခံအယောက် ၁၀၀၀၀၀ ကျော်ကို ထောင်သွင်းအကျဉ်းချခဲ့သည်။
အရေးပေါ်ကာလလုပ်ပိုင်ခွင့်အာဏာရပ်များကို ကန့်သတ်ခြင်း
အရေးပေါ်ကာလလုပ်ပိုင်ခွင့်အာဏာရပ်များကို အလွဲသုံးစားပြုနိုင်သည့် အန္တရာယ်တစ်ရပ် အမြဲတမ်းရှိနေ သည်။ အရေးပေါ်ကာလကြေညာချက်များတွင် အုပ်ချုပ်ရေးမဏ္ဍိုင်သည် ဥပဒေပြုရေး အထူးအာဏာရပ်များ ကို ရရှိထားပြီး လူ့အခွင့်အရေးများအပေါ် ကန့်သတ်ချက်များ ထားရှိနိုင် သို့ ဆိုင်းငံ့ထားနိုင်သည်၊ သို့မဟုတ် လျှင် တခြားနည်းဖြင့် ခွင့်ပြုချက်မပေးဘဲ ထားလိမ့်မည်ဖြစ်သည်။ (သဘာ၀ကပ်ဘေးများ သို့ လက်နက်ကိုင် ပဋိပက္ခများ၏အကျိုးဆက်တစ်ရပ်အဖြစ်) သီးခြားအထူးအာဏာရပ်များကို လိုအပ်လာသည့် အခါသမယမျိုး ရှိနိုင်ချိန်တွင် အရေးပေါ်ကာလလုပ်ပိုင်ခွင့်အာဏာများကို အတူတကွ ဘေးချိတ်ထားရန် မဖြစ်နိုင်ပါ။ သို့ရာ တွင်အရေးပေါ်ကာလကြေညာချက်များနှင့် အထူးသီးခြားအာဏာများအသုံးချခွင့်နှင့်စပ်လျဉ်းသော စည်းမျဉ်း စည်းကမ်းများကိုမူ ဖွဲ့စည်းပုံအခြေခံဥပဒေထဲ တိကျရှင်းလင်းစွာ ဖော်ပြထားရန် အရေးကြီးသည်။
အောက်ပါနည်းများအတိုင်း အာဏာအလွဲသုံးစားပြုမှုများကို ကျဉ်းမြောင်းအောင်ဆောင်ရွက်နိုင်သည်။
• အရေးပေါ်ကာလတစ်ရပ် ကြေညာနိုင်ရန် အကြောင်းတရားများကို တင်ကြိုပြဋ္ဌာန်းခြင်း။
•အရေးပေါ်ကြေညာချက် ကာလတိုတစ်ရပ်ကို လွှတ်တော်မှ အတည်ပြုပေးရန် လိုအပ်ခြင်း၊ အရေး ပေါ်ကာလသက်တမ်းတိုးရန်အတွက် (အရှိန်မြင့်တက်လာသောလူများစုကြောင့်ဖြစ်နိုင်)၊ လွှတ်တော် မှ အတည်ပြုပေးရန်လိုအပ်ခြင်း၊ အရေးပေါ်ကာလပြီးဆုံးကြောင်းကြေညာရန် လွှတ်တော်တွင် အာ ဏာရှိရန်လိုအပ်ခြင်း
•အထူးသီးခြားသတ်မှတ်ထားရာအခွင့်အရေးများမှ သွေဖည်ဆန့်ကျင်ခြင်းများကို တားမြစ်ပိတ်ပင် ခြင်း၊ ကျန်ရှိသောသီးခြားလွတ်လပ်သည့်ဌာနအဖွဲ့အစည်းများ သို့ တရားရုံးများသို့ အာဏာများ အသုံးချမှုနှင့် သင့်တော်သောကုစားပေးမှုများကို စိစစ်သုံးသပ်နိုင်မည့်အခွင့်အလမ်းကို ပေးအပ်ထား ခြင်း။
နှိုင်းယှဉ်လေ့လာချက်။ ဖိလစ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော စစ်အုပ်ချုပ်ရေးဥပဒေ
စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာရန်လုပ်ပိုင်ခွင့်အာဏာ၏အရင်းအမြစ်ကို ၁၉၃၅ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ၏ ပုဒ်မ ၇၊ အပိုဒ် ၁၀(၂)တွင် တွေ့ရသည်။ ယင်းအပိုဒ်တွင် ‘(၁) ကျူးကျော်မှု၊ သောင်းကျန်းမှု သို့ ပုန်ကန်မှု သို့ အန္တရာယ်နှင့်ကြုံတွေ့ရဆဲအခြေအနေတွင် အများပြည်သူလုံခြုံရေး လိုအပ်သည့်အခါ အထူးလုပ်ပိုင်ခွင့် ဖြစ်သော ရုံးထုတ်အမိန့်စာချွန်တင်သွင်းခြင်းကို ဆိုင်းငံ့ထားနိုင်သည် သို့ ဖိလစ်ပိုင်နိုင်ငံ သို့ ယင်းနှင့်ဆက်စပ် ရာဒေသကို စစ်အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းနိုင်သည်’ဟု တစ်စိတ်တစ်ပိုင်း ဖော်ပြထားသည်။ ၁၉၈၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဆိုပါအာဏာကျင့်သုံးမှုအပေါ် သိသာထင်ရှားစွာ စစ်ဆေးရမည့်အချက်များကို ထည့်သွင်းခဲ့သည်။ ပထမတစ်ချက်မှာ ရုံးထုတ်အမိန့်စာချွန်တင်ခြင်းကို ဆိုင်းငံ့ခြင်း သို့ စစ်အုပ်ချုပ်ရေးဥပဒေကို ကြေ ညာခြင်းအတွက် အခြေခံအကြောင်းရင်းများကို ‘သို့ အန္တရာယ်နှင့်ကြုံတွေ့ရဆဲအခြေအနေ’ဟူသော စကားစုကို ဖြုတ်လိုက်ပြီး စင်စစ်ကျူးကျော်ခြင်းနှင့် ပုန်ကန်ခြင်းတို့ဖြစ်ပေါ်မှ အသုံးပြုရန်ကန့်သတ် လိုက်သည်။ ဒုတိယတစ်ချက်မှာ ကနဦးဆိုင်းငံ့ခြင်း သို့ ကြေညာချက်သည် ရက်ပေါင်း ၆၀ ထက်ကျော်လွန်၍မရ နိုင်ပါ။ ထို့အပြင် ကွန်ဂရက်သည် လွှတ်တော်နှစ်ရပ်စလုံး ပူးတွဲမဲပေးမှု၏ဆန္ဒမဲအများစုကို အနည်း ဆုံးရလျှင် ဆိုင်းငံ့ခြင်း သို့ ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်။ ကွန်ဂရက်၏ယခုလိုပြန် လည် ရုပ်သိမ်းချက်ကို သမ္မတက လျစ်လျူရှုထား၍မရနိုင်ပါ။ တတိယတစ်ချက်မှာ ကနဦးရက်ပေါင်း ၆၀ ထက်ကျော်လွန်သည့် ကြေညာချက် သို့ ဆိုင်းငံ့ချက်ကို သက်တမ်း တိုးမြှင့်ရန် သမ္မတ၏ဦးဆောင်ကြိုးပမ်းချက်အပေါ် အနည်းဆုံးလွှတ်တော်နှစ်ရပ်ပေါင်းမဲ ပေးမှု၏ ဆန္ဒမဲအများစုဖြင့် ကွန်ဂရက်ကသာ သက်တမ်းတိုးမှုပြုလုပ်နိုင်သည်။ စတုတ္ထအချက်မှာ မည်သည့်နိုင်ငံသားမဆို တင်သွင်းလာသည့် ကြေညာချက် သို့ ဆိုင်းငံ့ခြင်းလျှောက် ထားချက်နှင့်စပ်လျဉ်းပြီး အချက်အလက်ခိုင်မာမှုရှိ၊မရှိကို ဗဟိုတရားရုံးချုပ်က သင့်တော်စွာစစ်ဆေး ကြားနာကာ စိစစ်သုံးသပ်နိုင်သည်၊ ထို့နောက် လျှောက်ထားချက်တင်သွင်းသည်နေ့မှ ရက်ပေါင်း ၃၀အတွင်း ဆုံးဖြတ်ပေးရမည်ဖြစ်သည်။ ပဉ္စမအချက်မှာ စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းလိုက်သည်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှင်သန်လည် ပတ်မှု ရပ်ဆိုင်းမသွားသလို၊ အရပ်ဖက်တရားရုံးများ သို့ ဥပဒေပြုလွှတ်တော်ညီလာခံများ၏လုပ်ငန်း စဉ်များ အစားထိုးဖယ်ရှားခံလိုက်ရခြင်းမရှိစေရန် ယခုအခါဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှင်းလင်းစွာ ချမှတ်ပေးထားသည်။ ထို့အတူ အရပ်ဖက်တရားရုံးများ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသည့်အရပ် သားများနှင့်ဆိုင်ရာနယ်ပယ်များတွင် စစ်ခုံရုံးများနှင့် ရုံးအဖွဲ့ဌာနများထံ စီရင်လုပ်ပိုင်ခွင့်အာဏာအပ် နှင်းပေးလိုက်ခြင်း သို့ ရုံးထုတ်အမိန့်အလိုအလျောက် ဆိုင်းငံ့ခြင်းစသည်တို့ကို ဆောင်ရွက်နိုင်ခြင်းမ ရှိစေရန် ဖွဲ့စည်းပုံဥပဒေတွင် ချမှတ်ပေးထားသည်။ နောက်ဆုံးအချက်မှာ ရုံးထုတ်အမိန့်တင်သွင်းမှုကို ဆိုင်းငံ့ခြင်းသည် ကျူးကျော်မှုနှင့် တိုက်ရိုက်ဆက် နွယ် သို့ ပါဝင်နေပြီးသား ပြစ်မှုများ သို့ ပုန်ကန်မှုဖြင့် ဥပဒေကြောင်းအရ စွဲချက်တင်ခံထားရသူများ နှင့်သာ အကျုံးဝင်ရမည်ဖြစ်သည်။ အဆိုပါကျူးလွန်ထားသောပြစ်မှုများဖြင့် ထိန်းသိမ်းခံ သို့ ဖမ်းဆီး ခံထားရသူလူပုဂ္ဂိုလ်တိုင်းကို သုံးရက်အတွင်း ရုံးတင်တရားစွဲဆိုရမည်။ ဤသို့မဟုတ်လျှင် ယင်းလူ ပုဂ္ဂိုလ်ကို ပြန်လွှတ်ပေးရမည်။ ကိုးကား။ Philippine Democracy Assessment- Rule of Law and Access to Justice |