အသစ်များ > ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်တွင် ပါဝင်သောအစိတ်အပိုင်းများ - ဖွဲ့စည်းပုံအခြေခံများကိုပြင်ဆင်ခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်တွင် ပါဝင်သောအစိတ်အပိုင်းများ - ဖွဲ့စည်းပုံအခြေခံများကိုပြင်ဆင်ခြင်း

2022-10-01

ဖွဲ့စည်းပုံအခြေခံဥပဒေများသည် အခြားသောဥပဒေအားလုံး လိုက်နာရမည့် အခြေခံ သို့ “အဆင့်ပိုမြင့်မားသောဥပဒေ” ကို ပြဋ္ဌာန်းပေးသည်။ ဖွဲ့စည်းပုံဥပဒေများသည် နိုင်ငံတွင်း ကျန်ရှိသောဥပဒေအားလုံးအတွက်အခြေခံအုတ်မြစ်ဖြစ်၍ ယင်းတို့ကို ပြောင်းလဲပြင်ဆင်ရန်မှာ အလွန်ပင်ခက်ခဲသည်။

သို့ရာတွင် နိုင်ငံရေးနှင့် လူမှုရေးအခြေအနေများ ပြောင်းလဲသွားသဖြင့် လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားဝင်နည်းလမ်းတချို့ဖြင့် ပြောင်းလဲပြင်ဆင်ရန် အမှန်ပင် လိုအပ်သည်။ ပြောင်းလဲနိုင်မှုနှင့် တည်ငြိမ်မှုကြား ဟန်ချက်ညီအောင် ရှာဖွေရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးသားသည့်အခါ အကြီးမားဆုံး ရင်ဆိုင်ရသောပြဿနာရပ်များအနက်တစ်ခုပင်ဖြစ်သည်။

ဥပဒေပြုလွှတ်တော်များမှတစ်ဆင့် ပြင်ဆင်ချက်များ

ဥပဒေပြုလွှတ်တော်မှ လက်ခံပေးရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များအတွက် လိုအပ်ချက်များ သည် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားသည်။ တချို့နိုင်ငံများသည် ဥပဒေပြုရေးရာဌာနအဖွဲ့စအည်းအဆင့် သုံးဆင့် (အောက်နှင့်အထက်လွှတ်တော်နှစ်ရပ်စလုံးပါဝင်သော အမျိုးသားလွှတ်တော်နှင့် ပြည်နယ်အဆင့်ဥပ ဒေပြုလွှတ်တော်ညီလာခံများ (မက္ကဆီကို၊ နိုင်ဂျီးရီးယား၊ ရုရှား၊ အမေရိကန်))၏အတည်ပြုချက်ကို လိုအပ် သည်။

ဖြစ်ရပ်အများအပြားတွင်မူ ဥပဒေပြုလွှတ်တော်ကသာ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်နိုင်သည်။ နိုင်ငံရေးပါတီ များသည် ဥပဒေပြုလွှတ်တော်တွင် နေရာယူတည်ရှိနေသဖြင့် ဖွဲ့စည်းပုံဥပဒေပြင်ဆင်သောလုပ်ငန်းစဉ်များ တွင် အဓိကအခန်းကဏ္ဍတစ်ရပ်မှ ပါဝင်သည်။ ပါတီဖွဲ့စည်းတည်ဆောက်ပုံများသည် ဒီမိုကရေစီနည်းကျဖြစ် ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များအား ထောက်ခံသူများ၏လိုလားချက်များကို အမှန်စင်စစ်ထင် ဟပ်မှုရှိစေနိုင်ရေးကြိုးပမ်းရာတွင် အဆိုပါတီတည်ဆောက်ပုံများက အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။ ဤအချက်သည် ယခုတင်ပြသည့်အရေးပါသောပြင်ဆင်ပြောင်းလဲချက်များအား အမှန်စင်စစ် မဲဆန္ဒရှင်ပြည် သူအပေါ် ထင်ဟပ်မှုရှိစေနိုင်သည်။ သို့ရာတွင် ပါတီများသည် အတွင်းပိုင်းဖွဲ့စည်းတည်ဆောက်ပုံတွင် ဒီမိုက ရေစီ နည်းကျမဖြစ်ပါက ပါတီခေါင်းဆောင်မှု သို့ ပါတီအပေါ်လွှာ၏အသံများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များနှင့်ဆိုင်ရာဆွေးနွေးပွဲများအပေါ် လွှမ်းမိုးဩဇာညောင်းလာနိုင်သည်ဟု ဆိုလိုသည်။

အစိုးရစနစ် သို့ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲရေးသည် မတူသောပါတီအသီးသီးအတွက်(ယင်းတို့အပေါ်ထောက်ခံကြသူများ၏ ကောက်ကြောင်းပုံကို အခြေခံကာ) သိသာထင်ရှားသောအကျိုးခံစားခွင့်များ သို့ အ ကျိုးမဲ့မှုများ ရှိစေနိုင်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များသည် ပါတီနိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ဖြစ်နေရသည်။ လွှမ်းမိုးအားကြီးသည့်ပါတီများသည် လူနည်းစုပါတီများကို အာဏာရရေးလမ်းကြောင်းမှ ဖယ် ထုတ်ထားနိုင်မည့် “အနိုင်ရသူအားလုံးယူ”ဟူသောစနစ်တစ်ရပ်ကို ထူထောင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ချက်များကို အသုံးချကောင်းချနိုင်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များသည် နိုင်ငံ ရေးပါတီများအတွက် အကျိုးစီးပွားမြင့်မားသောအရေးကိစ္စများ ဖြစ်နေနိုင်ပါသည်။

လူထုဆန္ဒခံယူပွဲ

နိုင်ငံအများအပြားတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များကို လူထုဆန္ဒခံယူမှုဖြင့်(ဂွာတီမာလာ၊ ဆွစ်ဇာ လန်) အတည်ပြုပေးရသည်။ ပြင်သစ်တွင်မူ သမ္မတသည် ဥပဒေပြုလွှတ်တော်တွင်း ၆၀ရာခိုင်နှုန်းဆန္ဒမဲအ များစုဖြင့် ထောက်ခံချက်ရပါက အဆိုပါအတည်ပြုရန်လိုအပ်ချက်ကို သက်ညှာခွင့်ပေးနိုင်သည်။

လူထုဆန္ဒခံယူမှုဟူသည်မှာ သီးခြားအရေးကိစ္စရပ်တစ်ခုအပေါ်ပြည်လုံးကျွတ်ဆန္ဒမဲပေးခြင်းဖြစ်သည်။ အခြား သောမဲပေးခြင်းသာဓကများ (ကိုယ်စားလှယ်လောင်း သို့ နိုင်ငံရေးပါတီများကို ရွေးကောက်တင်မြှောက်ခြင်း များကဲ့သို့) နှင့် မတူကွဲပြားမှုရှိသည်၊ အဆိုပါမဲပေးခြင်းဖြစ်ရပ်များသည် တိုက်ရိုက်(ကိုယ်စားပြုခြင်းထက် ပိုသော) ဒီမိုကရေစီတွင်အသုံးချသောသာဓကဖြစ်သည်။ လူထုဆန္ဒခံယူမှုတွင် နိုင်ငံသားတိုင်းသည် ဆွေးနွေး နေသော ဆုံးဖြတ်ချက်တွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အရေးရှိသည်။ လူထုဆန္ဒခံယူမှု၏ အ ကျိုးရလဒ်များသည် ဆုံးဖြတ်ချက်၏ရလဒ်အပေါ်တိုက်ရိုက်သက်ရောက်မှုရှိမည် (ဥပမာ မဲဆန္ဒရှင်အများစုက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်လျှင် အဆိုပါပြင်ဆင်ချက်သည် အတည်ပြုခံရမည်)။ လူထုဆန္ဒခံယူမှု သည် ဒီမိုကရေစီနည်းကျတရားဝင်မှုကို မြင့်မားစေသည်ဟု ထောက်ခံကြသူများက ပြောသည်။ အဓိကကျ သော နိုင်ငံရေးဆုံးဖြတ်ချက်များတွင် လူထုကို ထည့်သွင်းခြင်းသည် ပါဝင်ဆောင်ရွက်ခြင်းနှင့်ပွင့်လင်းမြင်သာ မှုကို မြှင့်တင်ပေးသည်ဟု ယင်းတို့က ဆိုသည်။ သို့ရာတွင် အဆိုပါအရေးကြီးသောဆုံးဖြတ်ချက်များကို အသိပညာအားနည်းသောပြည်သူလက်ထဲ ဝကွက်အပ်လိုက်ခြင်းသည် အန္တရာယ်ဖြစ်နိုင်သည်ဟု လူထုဆန္ဒခံယူမှု အပေါ်ဝေဖန်သူတို့က ထောက်ပြကြသည်။ လူထုဆန္ဒခံယူမှု၏နောက်ထပ်အကျိုးမဲ့သည့်အရာမှာ အဆိုပါဆန္ဒ ခံယူမှုကို လွတ်လပ်ပြီးမျှတစွာ မဆောင်ရွက်နိုင်လျှင် ရလဒ်များသည် အလွယ်တကူ ကြိုး ကိုင်ခြယ်လှယ်ခံရ နိုင်သည်ဟု ဝေဖန်သူများက ယူဆသည်။