အသစ်များ > အစိုးရအဖွဲ့တွင်းရှိ ပါတီများ

အစိုးရအဖွဲ့တွင်းရှိ ပါတီများ

2023-01-20

ရွေးကောက်ပွဲဟူသည် အမျိုးသားလွှတ်တော်နှင့် ပြည်နယ် သို့ တိုင်းဒေသလွှတ်တော်တွင်း ပါတီများ မည်သို့ ကိုယ်စားပြုနိုင်မည်ဟူ၍ ဆုံးဖြတ်ပေးသောအရာများဖြစ်သည်။ အစိုးရသည် လွှတ်တော်အများစုဆန္ဒမဲကို လို အပ်သည်၊ သို့မှသာ အစိုးရညွန့်ပေါင်းအဖွဲ့တွင်း အာဏာရပါတီ နှင့်/သို့ ပါတီများ အတူနီးကပ်စွာပေါင်းစည်း လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ဆန့်ကျင်ဘက်ဆိုရလျှင် အတိုက်အခံပါတီများသည် အစိုးရအဖွဲ့အပေါ် စောင့် ကြည့်စစ်ဆေးမှုကိုသာ ဆက်လုပ်ထားနိုင်ပြီး အစိုးရအဖွဲ့နှင့် အစိုးရအဖွဲ့တွင်းပါတီများ၏စီမံကိန်းများအပေါ် အပြုသဘောဆောင်ကာ အခြားကွဲပြားသောစီမံကိန်းများကို တင်ပြရသည်။

လွှတ်တော်ရေးရာအစုအဖွဲ့များ(ဂိုဏ်းဂဏအုပ်စုများ)

သက်ဆိုင်ရာပါတီများ၏ ရွေးကောက်ခံကိုယ်စားလှယ်များသည် လွှတ်တော်တွင်းပါတီနောက်ဆွဲအုပ်စုများကို ထူထောင်ကြသည်။ ပါတီဌာနချုပ်နှင့် နောက်ဆွဲအုပ်စုဂိုဏ်းခေါင်းဆောင်များသည် အများအားဖြင့် ကျော ချင်းကပ်အုပ်စု တစ်စုဖြစ်လာပြီး ယင်းတို့ကြားထားရှိသော နိုင်ငံရေးရည်မှန်းချက်များမှတစ်ဆင့် ဝါးအစည်း မပြေသကဲ့သို့စုစည်းလာကြသည်။ ပဋိပက္ခများဖြစ်ပွားနိုင်သော်လည်း ပါတီဌာနချုပ်နှင့် ယင်းပါတီ၏လွှတ် တော်ရေးရာအုပ်စုကြား ရေရှည်ပဋိပက္ခဖြစ်ပွားခြင်းမျိုးကို တွေ့ရခဲသည်။ ‘လွှတ်တော်ပြောရေးဆိုခွင့်ရခေါင်း ဆောင်များ’(လွှတ်တော်ရေးရာအုပ်စု သို့ ပါတီနောက်ဆွဲဂိုဏ်း၏ခေါင်းဆောင်များ)သည် အများအားဖြင့် ၎င်း တို့၏ပါတီတွင်း အဓိကဩဇာလွှမ်းမိုးမှုရှိသည်။ လွှတ်တော်ရေးရာတာဝန်များအပြင် အဆိုပါခေါင်းဆောင်များ  သည် ပါတီနှင့် ပါတီ၏လွှတ်တော်ရေးရာအုပ်စုကြား သဘောထားတင်းမာမှုများကို ကူညီဖြေလျှော့ပေးရပြန် သည်။

ယင်းအုပ်စုဂိုဏ်းအတွင်း စည်းလုံးမှုနှင့် စည်းကမ်းလိုက်နာမှုရှိရန် လိုအပ်သည်။ သို့ရာတွင် ပါတီတစ်ခု၏ လွှတ်တော်အမတ်များအားလုံးအတွက် ပါတီဆော်ဩချက်များကို လိုက်နာရန် အမြဲတစေတာဝန်ရှိမှုသည် ပါ တီအပေါ် အမြဲတမ်းမှီခို၍မရနိုင်ပါ။ ကမ္ဘာ့ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအများစုတွင် လွှတ်တော်အမတ် များအားလုံး “လွတ်လပ်စွာလုပ်ပိုင်ခွင့်အာဏာ’ရှိကြောင်းကို အာမခံပေးထားသည်။ အများအားဖြင့် ပါတီတစ် ခုမှ ယင်း၏လွှတ်တော်အမတ်များထံ ပါတီ ‘ဆော်ဩချက်များ’ သို့ ‘အမိန့်ပြန်တမ်းများ’ သို့ ‘ညွှန်ကြားချက် များ’ ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီပါ။

ပါတီစည်းမျဉ်းစည်းကမ်းကို လွှတ်တော်အမတ်များ လိုက်နာစေမည့် အခြားသောမက်လုံးပေးဆွဲဆောင်မှုများ ရှိပါသည်။ အရေးကြီးသည်က လွှတ်တော်အမတ်တစ်ဦးသည် လွှတ်တော်တွင်း ကိုယ်စားလှယ်အဖြစ် ထပ်မံ နေရာယူရပ်တည်လိုပါက သူ သို့မဟုတ် သူမအနေဖြင့် ပါတီစာရင်းထဲ ထည့်စဉ်းစားခံရရန် ပါတီ၏ထောက်ခံ မှုကို လိုအပ်လိမ့်မည်၊ မဲဆွယ်စည်းရုံးရေးတွင် ပါတီမှ ပံ့ပိုးအားပေးခံရရန်လည်း လိုအပ်လိမ့်မည်။ အကျိုး ဆက်အားဖြင့် နိုင်ငံအများစုရှိ လွှတ်တော်အမတ်များသည် ပါတီဂိုဏ်းအုပ်စု၏စည်းမျဉ်းအတိုင်း ယေဘုယျ လိုက်နာကြသည်သာဖြစ်သည်။

ပါတီဆော်ဩရေးမှူး[1]

ဆော်ဩရေးမှူးဟူသည်မှာ ဥပဒေပြုလွှတ်တော်တွင်း ပါတီစည်းမျဉ်းစည်းကမ်း မတိမ်းစောင်းစေနိုင်အောင် အဓိကရည်ရွယ်လုပ်ဆောင်ပေးရသော နိုင်ငံရေးပါတီတစ်ခုမှ အရာရှိတစ်ဦးပင်ဖြစ်သည်။ ဆော်ဩရေးမှူးများ သည် ပါတီ၏ “ထိန်းသိမ်းကြပ်မတ်ပေးရသူများ” ဖြစ်သည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် ပါတီဝင်များကို တ ရားဝင်ပါတီမူဝါဒနှင့်အညီ မဲပေးနိုင်စေရန် မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဖြင့် ဆောင်ရွက်ရသည်။ ဆော်ဩ ရေးမှူးတစ်ယောက်၏အခန်းကဏ္ဍမှာ ပါတီ၏ရွေးကောက်ခံကိုယ်စားလှယ်များ အရေးပါသောလွှတ်တော် တွင်း မဲပေးချိန်တွင် တက်ရောက်မဲပေးနိုင်ရေးကို သေချာအောင်ဆောင်ရွက်ရန်လည်းဖြစ်သည်။


ပါတီစည်းမျဉ်းစည်းကမ်းကို လွှတ်တော်အမတ်များ လိုက်နာစေမည့် အခြားသောမက်လုံးပေးဆွဲဆောင်မှုများ ရှိပါသည်။ အရေးကြီးသည်က လွှတ်တော်အမတ်တစ်ဦးသည် လွှတ်တော်တွင်း ကိုယ်စားလှယ်အဖြစ် ထပ်မံ နေရာယူရပ်တည်လိုပါက သူ သို့မဟုတ် သူမအနေဖြင့် ပါတီစာရင်းထဲ ထည့်စဉ်းစားခံရရန် ပါတီ၏ထောက်ခံ မှုကို လိုအပ်လိမ့်မည်၊ မဲဆွယ်စည်းရုံးရေးတွင် ပါတီမှ ပံ့ပိုးအားပေးခံရရန်လည်း လိုအပ်လိမ့်မည်။ အကျိုး ဆက်အားဖြင့် နိုင်ငံအများစုရှိ လွှတ်တော်အမတ်များသည် ပါတီဂိုဏ်းအုပ်စု၏စည်းမျဉ်းအတိုင်း ယေဘုယျ လိုက်နာကြသည်သာဖြစ်သည်။

[1] ပါလီမန်တွင် ပါတီတိုင်း၌ စည်းစနစ်ကျနစွာ လုပ်ကိုင်နိုင်ရန်နှင့် လှုပ်ရှားဆက်စပ်မှုကောင်းစွာ ရနိုင်အောင်အသီးသီးခန့်အပ်ထားသောသူများဖြစ်သည်။