အသစ်များ > ပါတီများ၊ အသိပညာပေးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်း

ပါတီများ၊ အသိပညာပေးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်း

2023-01-20

ပါတီဝင်များအတွက် အသိပညာပေးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်း

နိုင်ငံရေးပါတီများအတွက် အရေးပါသောလုပ်ငန်းတစ်ရပ်မှာ ပါတီဝင်များကို အသိပညာပေးအစီအစဉ်များကို စီစဉ်ဆောင်ရွက်ပေးရန်ဖြစ်သည်။ ပါတီဌာနခွဲများကလည်း လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များအတွက် နိုင်ငံရေး အသိပညာပေးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်းလှုပ်ရှားဆောင်ရွက်ချက်များကို စီစဉ်ပေးသင့်သည်။ ဤ သို့စီစဉ်ပေးရခြင်း၏ရည်မှန်းချက်မှာ လူထုကို လူမှုအသိုင်းအဝိုင်းအတွင်း အပြောင်းအလဲဖြစ်စဉ်အပေါ် တက် တက်ကြွကြွ ပံ့ပိုးပေးနိုင်လာသည့်အထိ ဩဇာအာဏာတက်လာစေရန်ပင်ဖြစ်သည်။ ပါတီတွင်းအသိပညာပေး ခြင်းကြောင့် ပါတီဝင်များအနေဖြင့် ပါတီ၏အလုပ်အပေါ်သိနားလည်ပြီး ပံ့ပိုးကူညီနိုင်လာမည်ဖြစ်သည်။ အ သိပညာပေးရေးအစီအစဉ်များသည် အောက်ပါတို့ကို ပေးခြင်းဖြင့် ပါတီတစ်ခုကို အကျိုးများစေနိုင်သည်။

  • ပါတီဝင်များကို ပါတီအတွေးအခေါ်ဝါဒ၊ မူဝါဒများနှင့် အစီအစဉ်များနှင့်စပ်လျဉ်း၍ မိတ်ဆက်တင်ပြ ခြင်း။
  • ပါတီဝင်များကို တာဝန်ရှိသောအလုပ်များအပေါ် ပိုမိုကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်လာနိုင်စေမည့် အရည်အသွေးများအား သင်ကြားပေးခြင်း
  • ပြဿနာများနှင့် စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာသိနားလည်စေပြီး ကျွမ်းကျင်လိမ္မာစွာ လေ့လာစိ စစ်နိုင်စွမ်းရည်ရှိလာအောင် ပါတီဝင်များကို လေ့ကျင့်ပေးခြင်း
  • ပါတီဝင်များကို အချေအတင်ငြင်းခုံမှုများ၊ ဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက်ချခြင်းတွင် မည်သို့ပါဝင် ဆောင်ရွက်ရမည်ကို သိနားလည်လာနိုင်အောင် ပြုလုပ်ပေးခြင်း
  • စီစဉ်ရေးဆွဲခြင်း၊ သဘာပတိအဖြစ်ဆောင်ရွက်ခြင်း၊ အစည်းအဝေးမှတ်တမ်းရေးခြင်း၊ ကော်မတီခွဲကို ဦးဆောင်ခြင်းအစရှိသဖြင့် အဖွဲ့အစည်းဆိုင်ရာအရည်အသွေးများရှိလာအောင် ပါတီဝင်များနှင့်ခေါင်း ဆောင်များကို သင်တန်းပေးခြင်း။

လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များအတွက် အသိပညာပေးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်း

နိုင်ငံရေးပါတီများအနေဖြင့် ပိုမိုကျယ်ပြန့်သောလူမှုအသိုင်းအဝိုင်းအတွင်း ဆောင်ရွက်ပေးနိုင်သည့်နည်းလမ်း များစွာရှိပါသည်။

  • လူထုကို ယင်းတို့တွင်ရှိသည့် ဥပဒေဆိုင်ရာအခွင့်အရေးများကို သိမြင်လာအောင်ဆောင်ရွက်ခြင်း။
  • လူထုကို ၎င်းတို့အပေါ်သက်ရောက်မှုရှိမည့် လူမှုအသိုင်းအဝိုင်းအတွင်းဖြစ်စဉ်များတွင် မည်သို့ပါဝင်​ ဆောင်ရွက်ရမည်ကို သိနားလည်လာအောင် ကူညီပေးခြင်း။
  •  အလုပ်အကိုင်၊ သဘာ၀ပတ်ဝန်းကျင်နှင့်ရာဇဝတ်မှုကဲ့သို့သော အထွေထွေနိုင်ငံရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပိုမိုသိမြင်လာအောင် သင်ကြားပေးခြင်း။
  • ပါတီပါဝင်ပတ်သက်နေသည့် အရေးကိစ္စရပ်များနှင့် မဲဆွယ်စည်းရုံးရေးများနှင့်စပ်လျဉ်း၍ အသိပညာ မြှင့်တင်ပေးခြင်း
  • ဆေးခန်း သို့မဟုတ် ကျောင်းအစရှိသည့် လူမှုအသိုင်းအဝိုင်းတွင်း စေတနာ့လုပ်အားပေးများ ဖြစ်လာ အောင်လူထုကို စည်းရုံးဆော်ဩခြင်း။

နိုင်ငံရေးအသိပညာပေးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်း

ပါတီများသည် နိုင်ငံရေးအသိပညာပေးလှုပ်ရှားဆောင်ရွက်ချက်များကို ညှိနှိုင်းတိုင်ပင်ပြုလုပ်ရန် နိုင်ငံရေးပ ညာပေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်သည်။ ကော်မတီ၏တာဝန်မှာ နိုင်ငံရေးအသိပညာပေးမှုစီမံချက်မှ ပါတီဝင်များ အကျိုးများစေနိုင်မည့်နေရာဒေသများကို ရှာဖွေတင်ပြရန်ပင်ဖြစ်သည်။ နိုင်ငံရေးအသိပညာပေး ခြင်းတွင် သဘောတရားရေးရာ(မဟာဗျူဟာနှင့် နည်းဗျူဟာ) သို့ မဟာဗျူဟာ (ကွန်မြူနတီများကို မည်သို့ စည်းရုံးဆော်ဩမည်)ရေးရာ အကောင်အထည်ဖော်ရေးဆွေးနွေးငြင်းခုံမှုများ၊ အဖွဲ့အစည်းဆိုင်ရာကျွမ်းကျင် အရည်အသွေး(ထိရောက်သောစီမံကိန်းတစ်ရပ်ကို မည်သို့ဖော်ဆောင်မည်)အကြောင်း ဆွေးနွေးမှုများ၊ သို့မ ဟုတ် လက်တွေ့စည်းရုံးရေးအရည်အသွေးများ(လက်ကမ်းစာရေးခြင်း သို့မဟုတ် ဘက်ဂျက်ပြင်ဆင်ခြင်း)  အကြောင်း လေ့ကျင့်သင်တန်းပေးခြင်းတို့ ပါဝင်နိုင်သည်။

ပါတီဌာနခွဲများသည် နယ်မြေဒေသမတူလျှင်မတူသလို၊ နိုင်ငံရေးအသိပညာပေးခြင်းနှင့် စွမ်းရည်မြှင့်သင်တန်း ပေးခြင်းပုံစံများကွဲပြားနိုင်ပြီး ယင်းအချက်နှစ်ချက်ကြား ဟန်ချက်ကောင်းကောင်းညီနိုင်မည့် နိုင်ငံရေးအသိ ပညာပေးခြင်းအစီအစဉ်များကို ဖန်တီးရေးဆွဲနိုင်သည်။ သီးခြားအရည်အသွေးရှိ ဝါရင့်သမ္ဘာရင့်ပါတီဝင်များက လည်း အထက်ပါသင်တန်းပေးခြင်းအစီအစဉ်များတွင် ပံ့ပိုးပေးသူများဖြစ်လာနိုင်ပါသည်။