နှစ်ကျော့ပြန်စနစ် (TRS)
နှစ်ကျော့ပြန်စနစ်ကို နှစ်ဦးတည်းပြိုင်ရှုံးထွက် သို့မဟုတ် နှစ်ကြိမ်မဲပေးခြင်းစနစ်ဟုလည်း သိထား ကြသည်။ မဲနှစ်ကြိမ်ပေးရသောအချက်မှလွဲလျှင် ဤစနစ်ကို FPTP စနစ်အတိုင်း အတူတူပင်အသုံးပြု သည်။ ပထမအကြိမ်ရွေးကောက်ပွဲကို သာမန် အနိုင်ရသူ အကုန်ယူစနစ်အတိုင်းသွားသည့် ရွေး ကောက်ပွဲအတိုင်းပင် ပြုလုပ်သည်။ ပကတိမဲအများစု( ၅၀ ရာခိုင်နှုန်းကျော်)ကို ကိုယ်စားလှယ် လောင်းတစ်ဦးက ရရှိလျှင် အနိုင်ရသူဟု ကြေညာခံရသည်။ အကယ်၍ မည်သည့်ကိုယ်စားလှယ် လောင်းမှ ၅၀ရာခိုင်နှုန်းကျော်မဲကို မရလျှင် ဒုတိယအကြိမ်ရွေးကောက်ပွဲကို ကျင်းပသည်။ ယူကရိန်း ကဲ့သို့သော နိုင်ငံအချို့တွင် ထိပ်ဆုံးကိုယ်စားလှယ်လောင်း နှစ်ဦးသာလျှင် ဒုတိယအကြိမ်ရွေး ကောက်ပွဲ၌ ပြန်လည်အရွေးခံကြရပြီး မဲ ၅၀ ရာခိုင်နှုန်းကျော်ရရှိသူကို နိုင်သူအဖြစ်ကြေညာသည်။ ဤစနစ်သည် လူသုံးအများဆုံးဖြစ်သည်။
သို့ရာတွင် ပြင်သစ်ကဲ့သို့သော နိုင်ငံအချို့တွင်မူ မဲ ၁၂.၅ ရာခိုင်နှုန်းကျော်ရရှိသော မည်သည့်ကိုယ်စား လှယ်လောင်းမဆို ဒုတိယအကြိမ်ရွေးကောက်ပွဲတွင် ဝင်ပြိုင်နိုင်သည်။ ဒုတိယအကြိမ်တွင် မဲအရေအ တွက် အများဆုံးရသူတိုင်းသည် ၅၀ရာခိုင်နှုန်းကျော် မနိုင်သည့်တိုင် အနိုင်ရသူဖြစ်သည်။
အားသာချက်များ
- မဲဆန္ဒရှင်များသည် နှစ်ကြိမ် မဲပေးခွင့်ရသည်။ ဒုတိယအကြိမ်တွင်မူ မတူသောအစုအဖွဲ့များ အတူတ ကွပူးပေါင်းပြီး ကိုယ်စားလှယ်လောင်းတစ်ဦးကို ထောက်ခံမဲပေးကြမည်ဖြစ်သည်။
- “မဲခေါင်းကွဲမှု”ပြဿနာလျော့နည်းခြင်း။ တစ်နေရာတည်းအတွက် ပါတီတူကိုယ်စားလှယ်လောင်း နှစ်ဦးဝင်ပြိုင်သောအခါမျိုးတွင် ယင်းတို့နှစ်ဦးကြား မဲခေါင်းကွဲသွားမည်ဖြစ်ပြီး လူကြိုက်နည်းသော ကိုယ်စားလှယ်လောင်းတစ်ဦးက အနိုင်ရသွားနိုင်သည်။ ဥပမာပြရလျှင် ကိုယ်စားလှယ်လောင်း ၁ နှင့် ၂ သည် လစ်ဘရယ်ပါတီကပင်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၃မှာ ကွန်ဆာဆေးတစ်ပါတီကဖြစ်နေ လျှင် ကိုယ်စားလှယ်လောင်း၁ က မဲ ၃၉ ရာခိုင်နှုန်း၊ ကိုယ်စားလှယ်လောင်း၂က မဲ ၂၁ ရာခိုင်နှုန်းရ ချိန်တွင် ကိုယ်စားလှယ်လောင်း ၃က မဲ ၄၀ရာခိုင်နှုန်းရသွားမည်ဖြစ်သည်။ ထိုအခြေအနေတွင် ပြည် သူ ၆၀ ရာခိုင်နှုန်းက လစ်ဘရယ်ပါတီကို မဲထည့်ခဲ့သည့်တိုင် ကွန်ဆာဗေးတစ်ပါတီကိုယ်စားလှယ် လောင်း ၃ က အနိုင်ရမည်ဖြစ်သည်။ နောက်ဆုံးအကြိမ်ရွေးကောက်ပွဲရောက်မှ ကိုယ်စားလှယ်နှစ်ဦး တည်းသာ ဝင်ပြိုင်နိုင်လျှင် TRS စနစ်တွင် ပြဿနာမဖြစ်ပါ။
အားနည်းချက်များ
- ဤစနစ်သည် ငွေကုန်ကြေးကျများသည်၊ အချိန်ကုန်သည်၊ FPTP စနစ်ကဲ့သို့ မဲအချိုးအစားမညီမျှမှု ရလဒ်များကို ထွက်ပေါ်စေနိုင်သည်။ အနောက်တိုင်းဒီမိုကရေစီနိုင်ငံများတွင် ပြင်သစ်နိုင်ငံသည် မဲရ လဒ်အချိုးအစားမညီမှုအဖြစ်ဆုံးနိုင်ငံဖြစ်သည်။ ကွန်ဂိုနိုင်ငံကဲ့သို့ နက်ရှိုင်းစွာကွဲပြားခြားနားသည့်လူ့ အဖွဲ့အစည်းများတွင် သူပုန်ခေါင်းဆောင်များသည် ပထမအကြိမ်ရွေးကောက်ပွဲမှာပင် အနိုင်ရနိုင်မည့် အခွင့်အလမ်းမရှိခြင်းကို တိတိပပမြင်လိုက်ရသည်နှင့် အကြမ်းဖက်လုပ်ငန်းဆီ ပြန်ဦးလှည့်သွားပြီး ဒု တိယအကြိမ်ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။
- နှစ်ကျော့ပြန်စနစ်များကို နိုင်ငံ ၃၀ကျော်ရှိ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် အသုံးပြု ကြသည်။ သမ္မတရွေးကောက်ပွဲများတွင်လည်း ဤစနစ်များကိုပင် အသုံးပြုတတ်ကြသည်။ နှစ့်ကျော့ ပြန်စနစ်များကို အသုံးပြုသည့် နိုင်ငံအများအပြားကို သမိုင်းအစဉ်အဆက်အရ ပြင်သစ်နိုင်ငံကလွှမ်း မိုးထားသည်။
ကိုယ်စားလှယ်ဗဟိုပြု ဗဟု/အများစုစနစ် (BV)
ကိုယ်စားလှယ်တစ်ဦးထက်ပိုမိုရွေးချယ်ခွင့်ရသည့် ဆန္ဒမဲခရိုင်များရှိသည်ကလွဲလျှင် ဤစနစ်သည် အနိုင်ရယူအကုန်ယူစနစ်နှင့် အတူတူပင်ဖြစ်သည်။ ဆိုလိုသည်မှာ မဲခရိုင်တစ်ခုစီသည် ကိုယ်စား လှယ်တစ်ဦးထက်မက ရွေးကောက်တင်မြှောက်နိုင်ခြင်းပင်ဖြစ်သည်။ မဲဆန္ဒရှင်များသည် ၎င်းတို့ရွေး ချယ်ထားသော ကိုယ်စားလှယ်လောင်းများကို မဲပေးပြီး တာဝန်ပေးရမည့် အမတ်နေရာများရှိသရွေ့ မဲအများအပြားရှိသည်။ ဥပမာပြရလျှင် ပြည်သူ့ကိုယ်စားလှယ်ငါးဦးရှိရာမဲခရိုင်တစ်ခုတွင် မဲဆန္ဒရှင် များသည် ရွေးကောက်ပွဲဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်းငါးဦးအထိ မဲပေးနိုင်သည်။ BV စနစ်အသုံးပြုသော နိုင်ငံအချို့တွင် ပါလက်စတိုင်း၊၊ လာအိုနှင့် ဆီးရီးယားတို့ ပါဝင်သည်။
အားသာချက်များ
- မဲဆန္ဒရှင်များသည် ပါတီထက် လူပုဂ္ဂိုလ်ကို မဲပေးနိုင်သော်လည်း FPTP စနစ်နှင့်နှိုင်းယှဉ်လျှင် ဤစ နစ်သည် နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍကို မြှင့်တင်ပေးသည်။
အားနည်းချက်များ
- ဤစနစ်အရ ပါတီတစ်ဖွဲ့ အနိုင်ရရှိသော တစ်နိုင်ငံလုံးအနှံ့မဲနှင့် ကိုယ်စားလှယ်အရေအတွက်ကြား ကွာဟချက်ဖြစ်နေ၍ အချိုးမညီမှုကို ပိုဖြစ်စေနိုင်သည်။ အထူးသဖြင့် ပါတီများသည် မဲခရိုင်တစ်ခုစီ တွင် လစ်လပ်လွှတ်တော်အမတ်နေရာတိုင်းအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးကို အဆိုပြုပြီး မဲ ဆန္ဒရှင်များကိုလည်း ယင်းတို့၏ ကိုယ်စားလှယ်လောင်းများပါဝင်နေသော ‘အဖွဲ့’ကို မဲထည့်ကြရန် အားပေးတိုက်တွန်းနေချိန်မျိုးတွင် အချိုးမညီမှုသည် ဖြစ်နိုင်ခြေရှိသည်။ ဥပမာပြရလျှင် ၁၉၉၆ ခုနှစ် က မောရစ်သျှနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရပါတီ သည် ပြည်သူ့ထောက်ခံမဲ ၆၅ရာခိုင်နှုန်းလောက် သာရ ရုံဖြင့် ဥပဒေပြုလွှတ်တော်တွင်း အမတ်နေရာ တိုင်းကို ရရှိသွားခဲ့သည်။
- ထိုင်းနိုင်ငံတွင် BV စနစ်ကြောင့် ပါတီတစ်ခုတည်းမှ ပါတီဝင်အချင်းချင်း ဆန္ဒမဲခရိုင်အတူတူချင်းမှာ ပင် တစ်ဦးနှင့်တစ်ဦး ပြိုင်နေကြရပြီး ပါတီတွင်း ဂိုဏ်းဂဏကွဲစေခဲ့သည်။ ထိုအကြောင်းများကြောင့် ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများသည် BV စနစ်ကို စွန့်လွှတ်ခဲ့ကြ၏။
ပါတီဗဟိုပြု ဗဟု/အများစုစနစ် (PBV)
BV စနစ်မှာကဲ့သို့ပင် ဆန္ဒမဲခရိုင်များသည် ကိုယ်စားလှယ်တစ်ဦးထက်ပိုမိုရွေးချယ်ခွင့်ရှိသည်။ သို့ရာ တွင် မဲဆန္ဒရှင်များသည် မဲတစ်မဲသာ ရရှိသည်။ ပါတီတစ်ဖွဲ့စီက ခရိုင်အတွက် ကိုယ်စားလောင်းများ စာရင်းတစ်ခုကို အဆိုပြုရပြီး မဲဆန္ဒရှင်များသည် ပါတီစာရင်းကို မဲထည့်ကြသည်။ ထို့ကြောင့် မဲအ များဆုံးရသည့်ပါတီသည် အဆိုပါခရိုင်အတွက် အမတ်နေရာအားလုံးကို အနိုင်ရသည်။ ဤစနစ်ကို အသုံးပြုသည့်နိုင်ငံများတွင် ကင်မရွန်း၊ ဂျဘူတီ၊ ချက်နှင့် စင်္ကာပူတို့ပါဝင်သည်။
အားသာချက်များ
-
မဲဆန္ဒရှင်များသည် တစ်ကြိမ်သာ မဲပေးရသည့်ဖြစ်၍ ပိုမိုလွယ်ကူကာ ရိုးရှင်းသည်။ PBV အသုံးပြု သည့်နိုင်ငံအများအပြားတွင် ပါတီများအနေဖြင့် လူမျိုးစုံကွဲပြားစွာရောယှက်ပါဝင်နေသည့် ကိုယ်စား လှယ်လောင်းများအမည်စာရင်းတစ်ခုကို တင်သွင်းရန် လိုအပ်သည်။
အားနည်းချက်များ
-
BV စနစ်ကဲ့သို့ပင် ဤစနစ်သည်လည်း ရလဒ်များအချိုးမညီမျှမှုကို ပိုမိုဖြစ်စေနိုင်သည်။ ၁၉၉၇ခုနှစ် ဂျဘူတီနိုင်ငံရွေးကောက်ပွဲတွင် အာဏာရပါတီသည် အမတ်နေရာအားလုံးကို အနိုင်ရခဲ့သည်။ ဆိုလို သည်မှာ အတိုက်အခံပါတီများသည် ဥပဒေပြုလွှတ်တော်တွင်း ကိုယ်စားခွင့်လုံးမရသွားခဲ့ခြင်းပင် ဖြစ်သည်။
ကြိုက်နှစ်သက်မှုဦးစားပေး ဗဟု/အများစုစနစ် (AV)
အနိုင်ရသူအကုန်ယူစနစ်ကဲ့သို့ ဤစနစ်သည် ကိုယ်စားလှယ်လောင်းတစ်ဦးတည်းမဲပေးခွင့်ရှိသည့်ခ ခရိုင်များကိုပင် အသုံးပြုသည်။ ဤစနစ်အရ မဲဆန္ဒရှင်များသည် လူပုဂ္ဂိုလ်တစ်ဦးကို မဲပေးခြင်းထက် နှစ်သက်မှုဦးစားပေးအဆင့်ဖြင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ကြည့်ရသည်။ ထို့ကြောင့် မဲဆန္ဒရှင်များ၏ ပထမရွေးချယ်မှုကိုယ်စားလှယ်လောင်းကို အမှတ်စဉ် (၁)၊ ဒုတိယရွေးချယ်မှုကိုယ်စား လှယ်လောင်းကို အမှတ်စဉ် (၂)အဖြစ် အမှတ်အသားယူပြီး တန်းစီရွေးချယ်မည်ဖြစ်သည်။ ဤစနစ် ကို နှစ်သက်ဦးအရမဲပေးခြင်းအဖြစ် သိကြသည်။ FPTP စနစ်နှင့်မတူသည်က အနိုင်ရသူသည် ပကတိ မဲအများစုကို ရရှိရမည်၊ဥပမာ မဲ ၅၀ ရာခိုင်နှုန်းကျော်ကို ရရှိရမည်။
ပကတိမဲအများစုကို ရရှိသည့် ကိုယ်စားလှယ်လောင်းမရှိပါက မဲအနည်းဆုံးရရှိသည့် အမှတ်စဉ် ၁ ကိုယ်စားလှယ်လောင်းကို ပယ်သည်။ ထိုကိုယ်စားလှယ်လောင်းအတွက် မဲပေးခဲ့ကြသူတိုင်းသည် အ မှတ်စဉ် ၁ အစား အမှတ်စဉ် ၂ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရန်ရှိသည်။ ပကတိမဲအများစုကို တစ်စုံတစ်ဦး ရရှိသွားသည်အထိ ဤသို့ အမှတ်စဉ်အလိုက် ကိုယ်စားလှယ်လောင်းများကို ပယ်ပယ် သွားခြင်းဖြစ်သည်။
ဤစနစ်ကို ဩစတြေးလျ၊ ဖီဂျီ၊ ပါပူဝါနယူးဂီနီနှင့် အိုင်ယာလန်သမ္မတနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ များတွင် အသုံးပြုသည်။ ဗြိတိန်သည် ၂၀၁၁ ခုနှစ်တွင် FPTP စနစ်မှ AV စနစ်သို့ ပြောင်းကျင့်သုံးရန် လူထုဆန္ဒခံယူပွဲတစ်ရပ် ကျင်းပခဲ့ရာ ပယ်ချခံခဲ့ရသည်။
အားသာချက်များ
- ပိုမိုသေးငယ်ပြီး မအောင်မြင်သောပါတီများကို ထောက်ခံကြသည့် မဲဆန္ဒရှင်များတွင် ယင်းတို့၏ဒုတိယရွေးချယ်မှုမှတစ်ဆင့် ယင်းတို့ပေးလိုက်ကြသောမဲများ ထည့်ရေတွက်ခံရမည့်အခွင့်အရေးတစ်ရပ် ရှိနေဆဲဖြစ်သည်။ နိုင်ငံရေးသမားများသည် ယင်းတို့ကိုယ်ပိုင်ပါတီကို ထောက်ခံကြသူများ၏မဲများကို ရယူရုံသာမက အခြားပါတီများကို ထောက်ခံကြသူများအတွက် ‘ဒုတိယရွေးချယ်မှု’အဖြစ် ထားရှိနိုင် ကြသဖြင့် လက်ဝဲ၊ လက်ယာမယိမ်းသောဗဟိုဝါဒနိုင်ငံရေးကို မြှင့်တင်ပေးသည်။
- တိုင်းရင်းသားလူမျိုးစု/မျိုးနွယ်စုချင်းပူးပေါင်းဆောင်ရေးအတွက်မက်လုံး။ ပါပူဝါနယူးဂီနီနိုင်ငံသည် ထောင်နှင့်ချီသောမျိုးနွယ်စုများနှင့် လူမျိုးစုဆိုင်ရာအစုအဖွဲ့များစွာရှိသည်။ ထိုနိုင်ငံတွင် ကိုယ်စား လှယ်လောင်းများသည် ယင်းတို့၏ မျိုးနွယ်စု/လူမျိုးစုမှ မဲများကိုသာ မှီခိုနေမည်ဆိုလျှင် လူများစုမဲ ကို ရနိုင်ရန်မဖြစ်နိုင်ဟု သိမြင်ခဲ့ကြသည်။ ကိုယ်စားလှယ်လောင်းများသည် အခြားမျိုးနွယ်စုဆိုင် ရာအစုအဖွဲ့များကို နောက်ထပ်အကောင်းဆုံးရွေးချယ်မှု ထားရှိရန် ကြိုးစားရသည်၊ သဘောက ယင်း တို့၏နယ်မြေဒေသတွင်းရှိ အစုအဖွဲ့အားလုံး၏အကျိုးစီးပွားကို ကူညီထောက်ခံပေးမည်ဟု ရပ်တည် လာရခြင်းဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် FPTP စနစ်သို့ ပြောင်းကျင့်သုံးခဲ့ချိန်တွင် ကိုယ်စားလှယ် လောင်းများသည် ပကတိလူများစုမဲကို မလိုအပ်တော့ပေ၊ ထို့ကြောင့် ဤစနစ်သည် အကြီးမားဆုံး မျိုးနွယ်စုမှ ကိုယ်စားလှယ်အတွက် ရွေးကောက်ပွဲကိုအနိုင်ရရန် လွယ်ကူလာခဲ့သည်။ ပူးပေါင်း ဆောင်ရွက်ရန် မက်လုံးတစ်ခုမျှမရှိတော့ဘဲ အခြားမျိုးနွယ်စုဆိုင်ရာအစုအဖွဲ့များကို မဲမပေးကြရန် တွန်းအားပေးရေးသည် ကိုယ်စားလှယ်လောင်းများ၏အကျိုးစီးပွားအတွင်းဖြစ်နေရာ ရွေးကောက်ပွဲ အကြမ်းဖက်မှု မြင့်တက်လာခဲ့သည်။ အကျိုးရလဒ်အဖြစ် ၂၀၀၃ ခုနှစ်တွင် ပါပူဝါနယူးဂီနီသည် AV စနစ်ကို ပြန်ကျင့်သုံးခဲ့ရတော့သည်။
အားနည်းချက်များ
-
အသုံးပြုရရှုပ်ထွေးပြီး ရလဒ်များအချိုးမညီမျှမှုကို ဖြစ်ပေါ်စေသည်။ ကိုယ်စားလှယ်တစ်ဦးထက်ပို ရွေးချယ်ရမည့်ခရိုင်များနှင့်ဆိုပါက ဤစနစ်သည် အလုပ်ကောင်းကောင်းမဖြစ်ပါ။