အသစ်များ > ဗဟိုချုပ်ကိုင်မှုလျှော့ချရေးဦးတည်ချက်များ

ဗဟိုချုပ်ကိုင်မှုလျှော့ချရေးဦးတည်ချက်များ

2022-09-05

ဗဟိုချုပ်ကိုင်မှုလျှော့ချရေးဖြစ်ပေါ်ရသည့်အကြောင်းရင်းသည် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံမတူကွဲပြားတတ် သည်။ အောက်ပါဦးတည်ချက်နှစ်ရပ်သည် အများဆုံးတွေ့ရသည့်အချက်များဖြစ်သည်။

၁။ ဝန်ဆောင်မှုပေးပို့ရာတွင် အကျိုးများခြင်းနှင့် ထိရောက်မှုကို မြင့်မားစေရန်။

ဝန်ဆောင်မှုပေးသည့် ဌာနအဖွဲ့အစည်းများသည် ကိုယ့်ဒေသခံလူမှုအသိုင်းအဝိုင်းများမှလာပြီး ယင်းအသိုင်းအဝိုင်းများအ တွင်းအခြေစိုက်ပါက ဝန်ဆောင်မှုများသည် ပိုမိုအကျိုးများလိမ့်မည်ဖြစ်သည်။ ဒေသတွင်းဌာနအဖွဲ့ အစည်းများသည် သက်ဆိုင်ရာဒေသရပ်ရွာအသိုင်းအဝိုင်းများ၏လိုအပ်ချက်များနှင့် အလေးထား ချက်များကို ပိုမိုသိနားလည်လာလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါအလေးထားချက်များကို ဖြေ ရှင်းပေးမည့် ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ ပေးပို့နိုင်မည်ဖြစ်သလို၊ ဗဟိုအစိုးရထက်ပင် အ ဆိုပါလိုအပ်ချက်များကို ပိုထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

၂။ မတူကွဲပြားသောအစုအဖွဲ့များ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်သောစနစ်တစ်ရပ်ကို ချ မှတ်ရန်။

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဟူသည် နိုင်ငံ့အရေးဆောင်ရွက်သူများကို အုပ်ချုပ်ရေးတွင် ပါ ဝင်ဆောင်ရွက်ရန် လူနည်းစု (သို့) ဘေးဖယ်ထုတ်ခံဒေသများကိုကိုယ်စားပြုခွင့်ရလာစေရန် ရည်ရွယ် သည်။ ထို့အပြင် ဝေးလံခေါင်သီသော(သို့) ဘေးဖယ်ထုတ်ခံလူမှုအသိုင်းအဝိုင်းများအတွက် အစိုးရဝန် ဆောင်မှုများနှင့် စီးပွားရေးအရင်းအမြစ်များကို ပိုမိုခံစားရယူနိုင်ခွင့်ကိုပါ မြှင့်တင်ပေးနိုင်သည်။ ဤ အချက်က ကွဲပြားမှုရှိသောတိုင်းပြည်များအတွင်း တည်ငြိမ်မှုနှင့် စုစည်းမှုကို မြှင့်တင်ပေးနိုင်သည်။