အသစ်များ > အောင်မြင်သောညွန့်ပေါင်းဖွဲ့စည်းရေးအခြေခံစည်းမျဉ်းကိုးချက်

အောင်မြင်သောညွန့်ပေါင်းဖွဲ့စည်းရေးအခြေခံစည်းမျဉ်းကိုးချက်

2023-01-20

၁။ အချိန်နှင့် သည်းခံစိတ်။ ပါတီများသည် ယုံကြည်မှုတည်ဆောက်ရန် အချိန်လိုအပ်သည်။

ကနဦးအနေဖြင့် ပါတီများသည် ယင်းတို့၏ရပ်တည်ချက်များကို ပီပီပြင်ပြင်ဖြစ်အောင်လုပ်ရမည်၊ မည်သည့်အလျှော့ပေးမှုကိုမျှ ပြုလုပ်မရပါ။ ပါတီများသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့၏ရပ်တည်ချက်များကို လေ့လာဆန်းစစ်ပြီး ယင်းတို့ချင်းမည် သို့ စေ့စပ်ဆွေးနွေးမည်ကို စဉ်းစားဆုံးဖြတ်ရန်ကြိုးစားရလိမ့်မည်။ ကနဦးအဆင့်များတွင် ပါတီကို အသေးအ ဖွဲအောင်မြင်မှုအနည်းငယ်လောက် အာမခံပေးခြင်းသည် တကယ်တမ်း စေ့စပ်ညှိနှိုင်းရေးဖြစ်စဉ်ကို အရှိန်အ ဟုန်မြင့်စေနိုင်သည်။ ပါတီအားလုံးလက်ခံသော ညှိနှိုင်းရေးမှူးကောင်းတစ်ဦးသည် ပါတီအသီးသီးတွင် ဘုံတူ ညီစွာရှိနေသည့်အရာအပေါ် အလေးထားခြင်းဖြင့် စတင်ဆောင်ရွက်ရလိမ့်မည်။ အဆိုပါညှိနှိုင်းရေးမှူးအနေ ဖြင့် ခြေလှမ်းငယ်လေးများမှ စတင်၍တဖြည်းဖြည်းချင်း ပြီးမြောက်အောင်ကြိုးစားမည်ဆိုလျှင်  အထောက် အကူဖြစ်မည်။ ဤအချက်သည် အောင်မြင်သောရလဒ်တစ်ခုထွက်နိုင်သည့်အခွင့်အလမ်းကို မြင့်မားစေသည်။

၂။ စေ့စပ်ညှိနှိုင်းရေးတစ်ရပ်တွင် ပါဝင်ကြသူများသည် အနည်းဆုံး ဘုံတူညီသောအရာတစ်ခုခုရှိရမည်၊ ဘုံတူ ညီသောပန်းတိုင်အနည်းငယ် ရှိရမည်။

ပါတီနှစ်ဖွဲ့၏ပန်းတိုင်များသည် လုံးလုံးဆန့်ကျင်ဘက်ဖြစ်နေလျှင် ညွန့်ပေါင်းဖွဲ့ရန်ကိစ္စသည် မေးစရာမလိုတော့သည့်ကိစ္စပင်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ပါတီနှစ်ဖွဲ့၏ပန်း တိုင်များသည် ညွန့်ပေါင်းဖွဲ့ဖြစ်နိုင်သည်အထိ ထပ်တူကျစရာတော့မလိုပါ။ ထိုသို့ဖြစ်လျှင် ပါတီအမျိုးမျိုးရှိနေ ရန်လည်းလိုအပ်တော့မည်မဟုတ်ပါ။ ညွန့်ပေါင်းဖွဲ့စည်းရန် နိုင်ငံရေးပါတီတစ်ဖွဲ့သည် အကြမ်းဖျဉ်းအားဖြင့် ပန်းတိုင်ချင်းတူညီသော ပါတီများ၊ လုံးလုံးတိုက်ဆိုင်မှုရှိသောပန်းတိုင်အနည်းငယ် တူညီသောသူများကို ရှာ ရန်လိုအပ်သည်။ ဥပမာ နယ်သာလန်နိုင်ငံတွင် ဆိုရှယ်ဒီမိုကရက်များနှင့် ခရစ်ယာန်ဒီမိုကရက်များကြားညွန့် ပေါင်းအဖွဲ့များသည် ထူးထူးခြားခြားမဟုတ်ပါ။ ဤသို့ဖြစ်ရခြင်းမှာ ပါတီနှစ်ဖွဲ့စလုံးသည် ကိုယ်ကျိုးမငဲ့သော ခိုင်မာသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ရပ်ကို ဆော်ဩကြခြင်းကြောင့်ဖြစ်သည်။

၃။ ဘုံပြိုင်ဘက်တစ်ဦးရှိလျှင် ကြီးကြီးမားမားအထောက်အကူဖြစ်သည်။

ဤအချက်သက်သက်တည်းဖြင့်မ လုံလောက်ပါ။ သို့သော် သေချာသောအချိုးအကွေ့တစ်ရပ်တွင် ဤအချက်သည် ပါတီများကို မတူသော အတွေးအခေါ်ဝါဒများဖြင့် အနားကွပ်ပေးထားကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကော်ကပ်ထားသကဲ့သို့ စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်သည်။ ယင်းနှင့် ပတ်သက်၍ဥပမာပြရလျှင် ၂၀၀၄ ခုနှစ်၊ ယူကရိန်းတွင်ဖြစ်ပွားခဲ့သော လိမ္မော် ရောင်တော်လှန်ရေးပင်ဖြစ်သည်။ တော်လှန်ရေးတွင် လစ်ဘရယ်ဒီမိုကရက်များနှင့် ဆိုရှယ်လစ်များပူးပေါင်း လှုပ်ရှားခဲ့ကြသည်။ လစ်ဘရယ်သမား ယူရှန်ကိုနှင့် ပူးပေါင်းမှုအကြောင်းမေးမြန်းရာတွင် ဆိုရှယ်လစ်ခေါင်း ဆောင် မိုရော့ဇ်က “ရာဇဝတ်သားဖြစ်ရတာထက် လစ်ဘရယ်ဖြစ်ရတာပိုကောင်းတယ်”ဟု ပြန်ဖြေကြား သည်။ အဆိုပါညွန့်ပေါင်းအဖွဲ့မျိုးတွင်ရှိသောပြဿနာမှာ ဘုံပန်းတိုင်(ယခုကိစ္စတွင် အုပ်ချုပ်ရေးအပြောင်း အလဲနှင့် ဒီမိုကရေစီဖော်ဆောင်ကူးပြောင်းခြင်း)ကို ရရှိသည်နှင့် ညွန့်ပေါင်းအဖွဲ့များ ကြာကြာမခံတော့ခြင်း ပင်ဖြစ်သည်။

၄။ စေ့စပ်ညှိနှိုင်းရေးပါတီများသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ လေးစားမှုရှိရမည်။

ပါတီများသည် အခြားပါတီ၏တရား ဝင်မှုနှင့် ပန်းတိုင်များကို လေးစားပေးရသည်။ ပြင်းထန်သောရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကြောင့်ဖြစ်ပေါ် လာသည့် မနာလိုဝန်တိုစိတ်အဟောင်းအဆွေးများကို မြေမြှုပ်ပစ်ရမည်။ သက်ဆိုင်ရာပါတီများ၏ခေါင်း ဆောင်များတွင် မိတ်ဆွေသူငယ်ချင်းရှိစရာမလိုသော်လည်း အချင်းချင်း လေးစားမှုရှိရမည်။ ပါတီခေါင်း ဆောင်တစ်ဦးချင်းစီသည် ထောက်ခံမှုအခြေခံကို ကိုယ်စားပြုထားသည့်အတွက် ဤအချက်ကို လေးစားမှုရှိရ မည်။

ခေါင်းဆောင်များသည် တစ်ဦးအတွက်တစ်ဦး ခံစားခွင့်များကိုပေးရမည်ဖြစ်ပြီး ညွန့်ပေါင်းအဖွဲ့သည်  ယင်းတို့၏ထောက်ခံမှုအခြေခံအတွင်း မတူသောအုပ်စုခွဲများမှ ခေါင်းဆောင်များအား လွတ်လပ်မှုတချို့ပေး ထားရမည်ဖြစ်သည်။ ခေါင်းဆောင်များသည် ယင်းတို့ပိုင်နက်နယ်မြေကိုသာ မနာလိုစိတ်ဖြင့် ခုခံကာကွယ် နေသဖြင့် ညွန့်ပေါင်းအဖွဲ့အများအပြား ပျက်ယွင်းကုန်သည်။ ခေါင်းဆောင်တစ်ဦးသည် ညွန့်ပေါင်းအဖွဲ့တွင်း အခြားခေါင်းဆောင်၏တည်ရှိမှုကို လက်ခံမပေးနိုင်ပါက စေ့စပ်ညှိနှိုင်းမှုများ ကျရှုံးသွားရန်သာရှိသည်။

၅။ စေ့စပ်ညှိနှိုင်းရေးမှူးများသည် အရည်အချင်းပြည့်၀မြင့်မားပြီး ပါဝင်သောပါတီအားလုံး၏လေးစားမှုကိုခံရ ရသူဖြစ်ရမည်။

အကျပ်ကိုင်ခြင်းသည် ညွန့်ပေါင်းအဖွဲ့ဆွေးနွေးချိန်များတွင် ရွေးချယ်စရာလမ်းတစ်ခုမဟုတ် ပါ။ အပြန်အလှန်ဖလှယ်ခြင်းက ယုတ္တိအကျဆုံးသောစေစ့စပ်ညှိနှိုင်းရေးလမ်းဖြစ်ပါသည်၊ သို့သော် ကြောင်း ကျိုးဆင်ခြင်မှုရှိရှိ ဆွေးနွေးတင်ပြချက်ကို အခြေခံကာသဘောတူညီရေးပန်းတိုင်ဆီ ပါတီများဆိုက်ရောက် သွားနိုင်ပါက အကောင်းဆုံးပင်ဖြစ်သည်။ ဤနည်းလမ်းသုံးမှ ပါတီများသည် ညွန့်ပေါင်းအဖွဲ့၏အလားအလာ ရှိမှုကို အာမခံပေးနိုင်မည့် ဘုံတူညီသောပန်းတိုင်တစ်ရပ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။

၆။ ပါတီအားလုံးသည် လိုက်လျောအလျှော့ပေးချင်စိတ်ရှိရမည်။

သို့သော် ပါတီထောက်ခံမှုအခြေခံ၏လိုလား ချက်များကို မည်သည့်အခါမျှ မျက်ခြေပြတ်မခံသင့်ပါ။ စေ့စပ်ညှိနှိုင်းရေးတွင် ပါဝင်ကြသူများသည် အများ အားဖြင့် လိုက်လျောအလျှော့ပေးရန် ပြင်ဆင်ထားတတ်ကြသည်။ သို့မဟုတ်လျှင် ၎င်းတို့အနေဖြင့် စေ့စပ်ညှိ နှိုင်းပွဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ပါ။ သို့သော် စေ့စပ်ညှိနှိုင်းပွဲများ၏အရှိန်မိခံနေရသော ခေါင်းဆောင်များ သည် တစ်ခါတစ်ရံ ပါတီဝင်နှင့် ပါတီထောက်ခံသူများထံမှ ခပ်ဝေးဝေးသို့ ပြေးထွက်လွန်သလို ဖြစ်နေသည်ကို ၎င်းတို့ဘာသာ တွေ့မိသွားတတ်ကြသည်။

၇။ ပါတီများသည် ရည်မှန်းချက်များကို ခပ်မြင့်မြင့်ချမထားပါက ပိုလွယ်ကူသည်။

ခြေလှမ်းငယ်လေးများမှ စ တင်ခြင်းသည် ခြေလှမ်းကြီးများမှစတင်ခြင်းထက် ပိုလွယ်ကူသည်။ ထို့နောက် ခြေလှမ်းငယ်ပေါင်းများစွာ လှမ်းမိလိုက်ပါက နောက်ဆုံး အကွာအဝေးပေါင်းများစွာကို လွှမ်းခြုံမိနိုင်သည်။ တောင်းဆိုလွန်းအားမကြီးရန် အကြံပေးခြင်းသည် မူဝါဒများအတွက်ကိုပင် ပြောသည်မဟုတ်၊ ညွန့်ပေါင်းအဖွဲ့၏စီစဉ်သတ်မှတ်ချက်ကာလ အပိုင်းအခြားအတွက်ကိုလည်း ပြောခြင်းဖြစ်သည်။

၈။ နိုင်ငံ့တာဝန်အလုပ်ကို သိသာထင်ရှားစွာ ခွဲဝေလုပ်ဆောင်သည့်အချိန်တွင်(ဥပမာ စီးပွားရေးနလန်ပြန်ထူ နိုင်ရေးနှင့် အလုပ်အကိုင်များဖန်တီးပေးခြင်း) ညွန့်ပေါင်းဖွဲ့ရန် ပိုလွယ်ကူသည်။

နယ်သာလန်တွင် လစ်ဘ ရယ်များနှင့် ဆိုရှယ်ဒီမိုကရက်ပါတီများသည် ၁၉၉၄ ခုနှစ်တွင်ညွန့်ပေါင်းဖွဲ့စည်းခဲ့ရာ ရှစ်နှစ်သက်တမ်းကြာခဲ့ သည်။ ညွန့်ပေါင်းအဖွဲ့၏အခြေခံမူဆောင်ပုဒ်မှာ “အလုပ်၊ အလုပ်၊ အလုပ်”ဟူ၍ဖြစ်သည်။ ယင်းဆောင်ပုဒ်ကို လက်ဝဲ၊ လက်ယာပါတီများက လက်ခံကြသည်။

၉။ စေ့စပ်ညှိနှိုင်းရေးနှင့်ပတ်သက်သော အတွင်းသတင်းအချက်အလက်တို့ကို မီဒီယာထံ မဖော်ပြမိစေရန်အ ရေးကြီးသည်။

စေ့စပ်ညှိနှိုင်းရေးများမစတင်ခင် ပါတီများသည် မီဒီယာကို မည်သူက ပြောမည်၊ မည်သည့်အ ချိန်တွင်ပြောမည်ဟူ၍ စည်းမျဉ်းများ ချမှတ်သင့်သည်။ စေ့စပ်ဆွေးနွေးကြသောပါတီအားလုံးမှာ အဆိုပါစည်း မျဉ်းများကို လိုက်နာသင့်သည်၊ သို့မဟုတ်ပါက စေ့စပ်ဆွေးနွေးပွဲ ပျက်မည်ဖြစ်သည်။ ဥပမာ ၂၀၀၃ ခုနှစ်တွင် ဒတ်ချ် CDA နှင့် PvdA တို့ကြားညွန့်ပေါင်းဖွဲ့ရေးစေ့စပ်ဆွေးနွေးမှု မအောင်မြင်ခဲ့ရသည့်အကြောင်းရင်းများ အနက်တစ်ခုမှာ ဆွေးနွေးချိန်တိုင်း ရှေ့ဆက်မတိုးနိုင်ဘဲ ခရီးတွင်မှုနည်းပါးကာ ဤအချက်ကို မီဒီယာကချက် ချင်းရိပ်စားမိသွား၍ဖြစ်သည်။ သုံးနှစ်ကြာသောအခါ ပါတီနှစ်ဖွဲ့စလုံးသည် ဒုတိယအကြိမ် ဆွေးနွေးရန်ကြိုး စားကြပြန်သည်။ ဤတစ်ကြိမ်တွင် သင်ခန်းစာရရှိသွားကြသည်။ ယင်းမှာ ပါတီနှစ်ဖွဲ့စလုံးမှ တိတိကျကျခွင့် ပြုချက်မရှိဘဲ မည်သည့်သတင်းအချက်အလက် အနည်းငယ်ကိုမျှ မီဒီယာထံမပေးလိုက်ရန်ပင်ဖြစ်သည်။ ပွင့် လင်းမြင်သာလွန်းခြင်းနှင့် မီဒီယာအာရုံစိုက်ခံရခြင်းသည် ပါတီထောက်ခံသူများ ကျေနပ်စေလောက်သည်အ ထိ ပါတီများ ပြုမူဆောင်ရွက်ရန်ခက်ခဲစေနိုင်သဖြင့် အန္တရာယ်ကြီးသည်။

ပါတီများ၏ ဆွေးနွေးအဖြေရှာလို စိတ်ကိုလည်း လျော့ကျစေနိုင်သည်။ အကြောင်းမူ ပါတီများဘက်က စေ့စပ်ဆွေးနွေးရေးအတွက် ရှိနေသည့် အနားသတ်နယ်နိမိတ်ကို ထိရောက်စွာ ကျဉ်းမြောင်းစေပြီး မဲဆန္ဒရှင်တွင် နောက်ဆံတင်းနေစိတ်ရှိလာမည် ဟု ထင်မြင်ယူဆမိခြင်းကြောင့်ဖြစ်သည်။ အခြားတစ်ဖက်တွင် ပါတီများသည် သက်ဆိုင်ရာပါတီထောက်ခံသူ များ ကျေနပ်နေနိုင်ရန်အတွက် နှစ်ဦးနှစ်ဖက်သဘောတူညီမှုဖြင့် အပြင်ဘက်လောကထံ အစမ်းရရှိသော အောင်မြင်မှုများကို အစီရင်ခံတင်ပြနိုင်ပါသည်။ သို့ရာတွင် ပါတီများအနေဖြင့် အဆုံးသတ်သဘောတူညီချက် ကို မရရှိခင်နိုင်ငံရေးအတိုက်အခံများထံ ယင်းတို့၏အစီအစဉ်များအပေါ် ရှုတ်ချပြစ်တင်ရန်အခွင့်အလမ်းကို မ ပေးမိစေသင့်ပါ။ အများအားဖြင့် ညွန့်ပေါင်းသဘောတူညီချက်တစ်ရပ်လုံး စင်းလုံးချောပြီးမြောက်သွားသည် အထိစောင့်ဆိုင်းပြီးမှ တင်ပြခြင်းက အကောင်းဆုံးပင်ဖြစ်သည်။ ဤအခြေအနေသို့ရောက်လာပါက အလျှော့ ပေးမှုတချို့ကို မလွှဲရှောင်သာလုပ်ရနိုင်သော်လည်း သဘောတူညီချက်သည် ပြင်ဆင်ထားသည်ထက်ပင်အ ခြားနေရာအများအပြားတွင်လည်း အောင်မြင်မှုများရနေသည်ဟု ပြောရပိုလွယ်ကူသွားတော့သည်။

ကိုးကား။ Becoming a better politician: political skills manual