အသစ်များ > အရောအနှောစနစ်များ

အရောအနှောစနစ်များ

2022-10-01

အရောအနှောစနစ်များသည် ဗဟု/လူများစုကိုယ်စားပြုစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် နှစ်ခုစလုံးကို အ သုံးပြုသည်။ ထိုစနစ်နှစ်ခုစလုံးကို တစ်ချိန်တည်း အသုံးပြုသည်။ ဤသို့သုံးရသည့်အတွေးမှာ စနစ်နှစ်ခုစလုံး ၏ကောင်းကျိုးများကို ရရှိရန်ဖြစ်သည်။

ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP)

ဤစနစ်တွင် အမတ်နေရာတချို့ကို အများစုကိုယ်စားပြုစနစ်တစ်ရပ်ကို သုံးကာရွေးကောက်တင် မြှောက်သည်။ များသောအားဖြင့် အနိုင်ရသူအကုန်ယူစနစ်ကို သုံးသည်။ ကျန်ရှိသည့်အမတ်နေရာ များကိုမူ PR စနစ်ကိုသုံး၍ ရေတွက်သည်။ အများအားဖြင့် အမတ်နေရာများကို PR စနစ်ထက် FPTP စနစ်အတွက် ပိုပေးထားသည်။ ဥပမာပြရလျှင် ဗင်နီဇွဲလားနိုင်ငံတွင် အမတ်နေရာ ၆၅ နေရာကို FPTP စနစ်ကိုသုံး၍ ရွေးကောက်တင်မြှောက်ပြီး အမတ်နေရာ ၁၀၀ ကို PR စနစ်ကိုသုံး၍ရွေး ကောက်သည်။ စနစ်နှစ်မျိုးကို ဟန်ချက်ညီညီအသုံးချရာတွင် နိုင်ငံမတူလျှင် မတူသလိုကွဲပြားသည်။

FPTP စနစ်ကြောင့် ဖြစ်ရသည့် အချိုးမညီမျှမှုမှန်သမျှတိုင်းအတွက် ပြန်လည်ဖြေရှင်းပေးရန် PR စနစ်ဖြင့်ရွေးကောက်လိုက်သော အမတ်နေရာများဖြင့် တွက်ချက်ပေးသည်။ ဥပမာပြရလျှင် ပါတီတစ် ဖွဲ့သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲ ၁၅ ရာခိုင်နှုန်းရသော်လည်း FPTP စနစ်အရ လွှတ် တော်တွင်း မရရှိသော အမတ်နေရာများကို ပြန်အစားဖြည့်ပေးရန် PR စနစ်ဖြင့် အမတ်နေရာအရေ အတွက် တစ်ရပ်ကို ခွဲဝေပေးမည်ဖြစ်သည်။

MMP စနစ်ကို အသုံးပြုသော နိုင်ငံတချို့မှာ ဂျာမနီ၊ အီတလီ၊ နယူးဇီလန်နှင့် မက္ကဆီကိုတို့ဖြစ်သည်။

ပူးတွဲစင်ပြိုင်စနစ်များ (PS)

အမတ်နေရာအချို့ကို အများစုကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပြီး ကျန်နေရာများကို PR စနစ် ဖြင့်ရွေးကောက်သည်။ MMP စနစ်နှင့်မတူသည်က PR စနစ်ဖြင့် ရွေးကောက်လိုက်သည့် အမတ်နေရာများကို အချိုးမညီမျှမှု ဖြစ်လာရင် ဖြေရှင်းရန် ထည့်တွက်ချက်မထားခြင်းဖြစ်သည်။ပူးတွဲစင်ပြိုင်စနစ်များကို လက်ရှိတွင် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် အသုံးပြုနေပြီး ၁၉၉၀ပြည့်နှစ်မှစ၍ မြှင့်တင်လိုက်ကြသောစနစ်ဖြစ်သည်။ လက်ရှိတွင် ရုရှား၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့ တွင် ပူးတွဲစင်ပြိုင်စနစ်များကို အသုံးပြုကြသည်။

နှိုင်းယှဉ်လေ့လာချက်။နယ်သာလန်နိုင်ငံရှိရွေးကောက်ပွဲများ

နယ်သာလန်နိုင်ငံတွင် ရွေးကောက်ပွဲများအား မတူညီသောအစိုးရအဆင့်သုံးဆင့်အတွက် ကျင်းပသည်။ ပါလီမန်တွင် လွှတ်တော်နှစ်ရပ်ရှိပြီး လွှတ်တော်တစ်ရပ်ကို ဒတ်ချ်နိုင်ငံသားများက တိုက်ရိုက်ရွေးကောက်တင် မြှောက်သည်။ နယ်သာလန်နိုင်ငံတွင် နယ်မြေပိုင်းခြားသတ်မှတ်မထားသော မဲဆန္ဒနယ်များနှင့် ရွေးကောက်ပွဲ အဟန့်အတားများမရှိသည့် အချိုးကျ ကိုယ်စားပြုခြင်းနှင့်ဆိုင်ရာ စာရင်းလိုက်စနစ်တစ်ရပ်ရှိသည်။

နယ်သာလန်ဘုရင့်နိုင်ငံတော်သည် ပါလီမန်ဒီမိုကရေစီနိုင်ငံဖြစ်သည်။ ဤစနစ်၏အဓိကစရိုက်လက္ခဏာတစ် ရပ်မှာ ဒတ်ချ်နိုင်ငံသားများတွင် ယင်းတို့၏ကိုယ်စားလှယ်များကို လွတ်လပ်စွာ လျှို့ဝှက်မဲပေးခွင့်ရှိခြင်းဖြစ် သည်။ နယ်သာလန်တွင် အောက်လွှတ်တော်(ဒုတိယလွှတ်တော်)၊ ပြည်နယ်ကောင်စီများ၊ မြူနီစီပယ်ကောင် စီများနှင့် ဥရောပ ပါလီမန်ဆိုင်ရာဒတ်ချ်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်များက တိုက်ရိုက်ရွေးကောက် သည်။ အောက်လွှတ်တော်ရွေးကောက်ပွဲများကို ပုံမှန်အားဖြင့် လေးနှစ်တစ်ကြိမ်ကျင်းပသည်။ အစိုးရအဖွဲ့အ တွင်း ပြင်းထန်စွာ သဘောထားကွဲလွဲမှုဖြစ်လာ၍ အစိုးရအဖွဲ့ကို ပါလီမန်က အတင်းအကျပ်နှုတ်ထွက်ခိုင်း လျှင် သို့မဟုတ် အစိုးရကိုယ်တိုင်က ယင်းဘာသာ နှုတ်ထွက်ရန်ဆုံးဖြတ်လိုက်လျှင်သာ ရွေးကောက်ပွဲများကို သတ်မှတ်ကာလထက် စော၍ ကျင်းပသည်။

ထိုသို့သော ‘ရှောင်တခင်ရွေးကောက်ပွဲများ’ကို ၂၀၀၆ ခုနှစ်ဇွန်လ တွင် ဝန်ကြီးအဖွဲ့ နှုတ်ထွက်သွားပြိးနောက် ၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ပြည်နယ်နှင့် မြူနီစီ ပယ်ကောင်စီများအတွက် ရွေးကောက်ပွဲများကိုလည်း လေးနှစ်တစ်ကြိမ်ကျင်းပသည်။ ဤကောင်စီနှစ်ဖွဲ့အ တွက် ရှောင်တခင်ရွေးကောက်ပွဲများ ကျင်း၍မရနိုင်ပါ။ ပြည်နယ် သို့မဟုတ် မြူနီစီပယ်အုပ်ချုပ်ရေးအဖွဲ့တစ် ဖွဲ့မှ စောစီးစွာ နုတ်ထွက်သွားပါ(ပြည်နယ်အဖွဲ့ နုတ်ထွက်ခြင်းမှာ ကြုံတွေ့ရခဲယဉ်းသည်)သက်ဆိုင်ရာပြည် နယ် သို့မဟုတ် မြူနီစီပယ်ကောင်စီအတွင်းရှိ တည်ရှိဆဲ ပါတီ-နိုင်ငံရေးဆိုင်ရာတူညီသောအစုအဖွဲ့များအား အခြေခံကာ အုပ်ချုပ်ရေးကောင်စီအဖွဲ့သစ်တစ်ဖွဲ့ကို ဖွဲ့စည်းရသည်။

မဲဆန္ဒရှင်များသည် ဥရောပပါလီမန်အ မတ်များကို အခြားသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးမှာကဲ့သို့ပင် ငါးနှစ်တစ်ကြိမ်ရွေးကောက်တင် မြှောက်သည်။ အထက်လွှတ်တော်(ပထမလွှတ်တော် သို့မဟုတ် ဆီးနိတ်)ကို နိုင်ငံသားများက တိုက်ရိုက်ရွေး ကောက်ခြင်းမဟုတ်သော်လည်း ပြည်နယ်ကောင်စီဝင်များက ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ ပြည်နယ်ကောင်စီဝင်များအတွက် ရွေးကောက်ပွဲများကျင်းပပြီး သုံးလအတွင်း အထက်လွှတ်တော်ကို ရွေးကောက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မတီများ

နယ်သာလန်နိုင်ငံတွင် အချိုးကျကိုယ်စားပြုခြင်းဆိုင်ရာ စာရင်းလိုက်စနစ်တစ်ရပ်ရှိသည်။ တချို့နိုင်ငံရေးသိပ္ပံ ပညာရှင်များက နယ်သာလန်နိုင်ငံကို ကမ္ဘာတွင် အချိုးကျမှုအရှိဆုံးရွေးကောက်ပွဲစနစ်တစ်ရပ်ရှိသောနိုင်ငံအဖြစ် သတ်မှတ်ပြောဆိုကြသည်။ နိုင်ငံတစ်နိုင်လုံးကိုယ်နှိုက်က ကြီးမားသောမဲဆန္ဒနယ်မြေတစ်ခုဖြစ်နေ၍ နိုင် ငံအတွင်း ပါလီမန်ရွေးကောက်ရန်မဲဆန္ဒနယ်များ သီးခြားမရှိပါ။

သို့ရာတွင် ပါတီ၏ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး ရည်ရွယ်ချက်များအတွက် နိုင်ငံကို လွှတ်တော်ဒေသ ၁၉ ခု(ကိုင်စကရင်ဂန်) အဖြစ် ပိုင်းခြားထားပြီး ထိုပါလီမန်ဒေသ တစ်ခုချင်းစီသည် ပြည်နယ်တစ်ခု သို့မဟုတ် ပြည်နယ်တစ်ခု၏အစိတ်အပိုင်းတစ်ရပ်နှင့် သက်ဆိုင်ပါ သည်။ ဒေသတစ်ခုချင်းစီတွင် ကိုယ်ပိုင်ရွေးကောက်ပွဲကော်မတီများရှိသည်။ ထို့အပြင် ရွေးကောက်ပွဲများအားလုံးအတွက် ဗဟိုရွေးကောက်ပွဲကော်မတီတစ်ရပ်ရှိသည်။

ထို့ကြောင့် ဟေ့ဂ်မြို့ရှိ ရွေးကောက်ပွဲကောင်စီသည် အောက်လွှတ်တော်ရွေးကောက်ပွဲများတွင် ဗဟိုရွေးကောက်ပွဲကော်မတီတစ်ရပ်အဖြစ် ဆောင်ရွက်သည်။ ရွေးကောက်ပွဲတွင် ဝင်ပြိုင်သော နိုင်ငံရေးပါတီများသည် ဗဟိုရွေးကောက်ပွဲကော်မတီထံ ကိုယ်စားလောင်းများ၏ စာရင်းတစ်ခုကို တင်သွင်းရသည်။

လိုအပ်ချက်များ

အမျိုးသားရွေးကောက်ပွဲတွင် ဝင်ပြိုင်လိုကြသည့် ပါတီများသည် ဟေ့ဂ်မြို့ရှိ ရွေးကောက်ပွဲကောင်စီတွင် သတ်မှတ်ရက်ကာလဖြင့် မှတ်ပုံတင်ရမည်။ ပါတီများသည် အသင်းအပင်း၊အဖွဲ့အစည်းများအဖြစ် တရားဝင် မှတ်ပုံတင်ရမည်ဟု ရွေးကောက်ပွဲအက်ဥပဒေတွင် ဖော်ပြထားသည်။ အသစ်ဖွဲ့လိုက်သည့်ပါတီ သို့မဟုတ် အ ကျိုးတူအစုအဖွဲ့များသည် ရွေးကောက်ပွဲတွင် ဝင်ယှဉ်ပြိုင်နိုင်သည်။ လွှတ်တော်တွင်း အမတ်နေရာမရသေးသောပါတီများ သို့ အစုအဖွဲ့များသည် ယူရို ၁၁၂၅၀ ကို အာမခံကြေးအဖြစ် ပေးသွင်းရသည်။ ဤပမာဏသည် အစုအဖွဲ့ငယ်မှ တစ်နိုင်သည့်ပမာဏထက် ကျော်လွန်နိုင်သည်။ အဆိုပါအာမခံကြေးသည် စိတ်ပျော်စရာအ နေဖြင့် မိမိကိုယ်ကို ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းမလာစေရန် လူများအား တားဆီးရေးအတွက်ဖြစ်သည်။

ပါတီတစ်ဖွဲ့ သို့မဟုတ် အစုအဖွဲ့တစ်ဖွဲ့မှ လွှတ်တော်အမတ်တစ်နေရာ ရရှိရန်အတွက်လိုအပ်သည့် အနည်းဆုံး ဆန္ဒမဲစုစုပေါင်း သုံးပုံတစ်ပုံ၊ တရားဝင်မဲစုစုပေါင်းအရေအတွက်၏ ၀.၅ရာခိုင်နှုန်းခန့်ကို ရရှိလျှင် အထက်ပါအာမခံကြေးကို ပြန်ရသည်။

အထက်ပါအာခံကြေးအပြင် ပါတီသစ်များသည် လွှတ်တော်ဒေသ ၁၉ ခုအနက် ဒေသတစ်ခုအတွင်း ပါတီကိုယ်စားလှယ်လောင်းများစာရင်းတစ်ရပ်ကို ထောက်ခံကြောင်း လူပုဂ္ဂိုလ် အယောက် ၃၀၏ လက်မှတ်ပါသောစာရင်းတစ်ခုကို တင်ပြရန်တာဝန်ရှိသည်။ ထို့ကြောင့် နိုင်ငံတွင်း လွှတ်တော်ဒေသ ၁၉ ခုစလုံးမှ အမျိုးသားရွေးကောက်ပွဲများတွင် ဝင်ပြိုင်လိုသည့်ပါတီများအတွက် လက်မှတ်ပေါင်း ၅၇၀(၁၉ x ၃၀) ကို လိုအပ်သည် (ဤကိစ္စသည် ပြောပလောက်စရာကိစ္စမဟုတ်ပါ)

မဲပေးခြင်း

နယ်သာလန်နိုင်ငံတွင် မဲပေးခြင်းသည် မိမိဆန္ဒသဘောအလျောက်ဖြစ်ပြီး မဖြစ်မနေမဲပေးရခြင်းမျိုးမဟုတ်ပါ။ မဲပေးပိုင်ခွင့်ရှိသူတိုင်းသည် မဲပေးနိုင်သောကတ်ပြားတစ်ပြားကို ရရှိသည်။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်သည် အဆိုပါကတ်ပြားကို မဲရုံသို့ ယူလာရသည်။ မဲပေးခြင်းစက်များကို အသုံးပြုလာသည်မှာ နှစ်အတော် ကြာပြီဖြစ်သည်။ လုံခြုံရေးဆိုင်ရာပြဋ္ဌာန်းချက်များမရှိခြင်းက ဆန္ဒမဲပေးလွှာနှင့် ဘောပင်နီကို ပြန်သုံးရစေ သည်။ မဲဆန္ဒရှင်များသည် ယင်းတို့၏ပါတီကိုယ်စားလှယ်လောင်း လေးထောင့်ကွက်ကို အမှန်ခြစ်ရသည်။ နယ်သာလန်နိုင်ငံတွင် မဲပေးပုံစနစ်သည် အဖွင့်ပုံစံဖြစ်သည်။ ဆိုလိုသည်မှာ မဲဆန္ဒရှင်များသည် ယင်းတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းစာရင်းကို ရွေးချယ်နိုင်သည့်သဘောပင်။ တစ်နည်းအားဖြင့် ပါတီစာရင်းတစ် ခုတွင် ပထမဆုံးရှိနေသည့်ကိုယ်စားလှယ်လောင်းကို မရွေးချယ်ရပေ၊ သို့သော် ထိုအစား ပါတီစာရင်းအောက်ဘက်တွင်ရှိနေသာ ကိုယ်စားလှယ်လောင်းတစ်ဦးကို မဲပေးနိုင်သည်။

ဤသည်ကို ‘နှစ်သက်ရာအလိုက်ပေးသောဆန္ဒမဲ’ဟု ခေါ်ကြသည်။ ရွေးကောက်သူအများအပြားသည် နှစ်သက်ရာအလိုက်ဆန္ဒမဲပေးမှုများကို ရွေး ချယ်ရသည့်အကြောင်းမှာ ကိုယ်စားလှယ်လောင်းသည် သက်ဆိုင်ရာဒေသတွင် လူသိများသူဖြစ်နေခြင်း သို့မ ဟုတ် ကိုယ်စားလှယ်လောင်းတွင် တိကျရေရာသောအကြောင်းကိစ္စများနှင့်စပ်လျဉ်း၍ သဘောထားအမြင် ပြတ်သားရှင်းလင်းစွာရှိနေခြင်းကြောင့် ဖြစ်သည်။ မဲဆန္ဒရှင်များသည် ဗလာမဲကိုလည်း ရွေးချယ်နိုင်သည်။ တစ်နည်းအားဖြင့် သီးခြားပါတီတစ်ဖွဲ့ သို့မဟုတ် ကိုယ်စားလှယ်လောင်းတစ်ဦးကို နှစ်သက်ကြောင်းထုတ် ဖော်မပြလျှင် ယင်းတို့၏မဲသည် ဆန္ဒမဲပြုစာရင်းထဲ ပါဝင်သွားသည်။

မဲရုံတွင် လူသုံးဦးပါကော်မတီကို ထားခြင်းကြောင့် မည်သည့်ကိစ္စရပ်တိုင်းကိုမဆို စည်းမျဉ်းစည်းကမ်းများနှင့် အညီဆောင်ရွက်နိုင်သည်။ မဲရုံကော်မတီတွင် တာဝန်ထမ်းလိုသူတိုင်းသည် မြူနီစီပယ်အာဏာပိုင်အဖွဲ့ထံ လျှောက်ထားနိုင်သည်။ ကော်မတီက မဲပေးနိုင်သည့်ကတ်ပြားများကိုစုဆောင်းပြီး မဲပေးသည့်စက်ရှိရာသို့ ညွှန်ပြပေးသည် (မကြာသေးခင်အချိန်အထိ) သို့မဟုတ် မဲဆန္ဒရှင်အား ဆန္ဒမဲပေးလွှာကို ပေးလိုက်သည်။ မဲရုံ တွင်တာဝန်ထမ်းလိုသူတိုင်းသည် မဲရုံပိတ်ချိန်ပြီးနောက် မဲများကို ရေတွက်ရာတွင် တက်ရောက်ကြည့်ရှုနိုင် သည်။

အမတ်နေရာများကို ခွဲဝေပေးခြင်း

ပါတီတစ်ဖွဲ့က လွှတ်တော်အမတ်တစ်နေရာ ရရှိနိုင်သည့် မဲအရေအတွက်ဖြစ်သော မဲခွဲတမ်းကို တရားဝင်မဲ များ မည်ရွေ့မည်မျှရရှိထားပြီဟု သိရပြီးနောက်တွင် စတင်ဆောင်ရွက်သည်။ အောက်လွှတ်တော်တွင် အမတ် နေရာ ၁၅၀ ရှိပြီး မဲဆန္ဒရှင်ဦးရေ ၉ သန်းက တရားဝင်ဆန္ဒမဲပေးခဲ့သည်ဆိုလျှင် မဲခွဲတမ်းအရ ကိုးသန်းကို ၁၅၀ သို့ ၆၀၀၀၀ ဖြင့်စားမည်ဖြစ်သည်။ ဆန္ဒမဲပြုစာရင်း မြင့်လေလေ မဲခွဲတမ်းရရှိမှု ပိုမြင့်လေပင်ဖြစသ်ည်။

တရားဝင်မဲအရေအတွက် တိုးမြင့်လာသည်နှင့် အမတ်တစ်နေရာရရန် ပါတီတစ်ရပ် လိုအပ်သောမဲအရေအ တွက်သည်လည်း အချိုးညီစွာ တိုးမြင့်လာသည်။ မဲခွဲတမ်းကို ၆၀,၀၀၀ တွင်သတ်မှတ်ထားပြီး ပါတီတစ်ဖွဲ့က မဲ ၃၈၀,၀၀၀ ရရှိလျှင် မည်သို့ဖြစ်စေ အမတ်ခြောက်နေရာကို ရရှိမည်။ သို့သော် ကြွင်းကျန်မဲ တချို့ရှိနေပြီး ယ ခုကိစ္စတွင် ကြွင်းကျန်မဲ ၂၀,၀၀၀ ဖြစ်နေလျှင် အဆိုပါကျန်ရှိသောမဲများကို ခွဲဝေပေးရန်နည်းလမ်းနှစ်သွယ်ရှိပါ သည်။

လူဦးရေ ၂၀,၀၀၀ အောက် မြူနီစီပယ်နယ်များတွင် ‘အများဆုံးကြွင်းကျန်မဲစနစ်’ကို အသုံးပြုသည်။ ကြွင်း ကျန်မဲအများဆုံးရရှိသည့်(မဲခွဲတမ်းမပြည့်မီဘဲမဲကျန်အရေအတွက်အများဆုံး)ပါတီကို ကျန်ရှိနေသောလွှတ် တော်အမတ်နေရာများအနက်ပထမဆုံးနေရာကို ပေးအပ်မည်ဖြစ်သည်။ ကြွင်းကျန်မဲဒုတိယအများဆုံးရှိသည့် ပါတီသည် ဒုတိယလွှတ်တာ်အမတ်နေရာ၊ နောက်ဆုံးကျန်ရှိသောလွှတ်တော်အမတ်နေရာအထိ ဤနည်းလမ်း ဖြင့်ပေးအပ်သည်။ ပါလီမန်၊ ပြည်နယ်နှင့် ပိုကြီးမားသောမြူနီစီပယ်ကောင်စီများ၏ရွေးကောက်ပွဲများအတွက် မူ ကျန်ရှိနေသောလွှတ်တော်အမတ်နေရာများ ခွဲဝေပေးရန် ‘အမြင်ဆုံးပျမ်းမျှနည်းလမ်း’ကို အသုံးပြုသည်။ ဤနည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။ မဲခွဲတမ်းသတ်မှတ်ချက်မှာ ၆၀,၀၀၀ ဖြစ်ပြီး ပါတီ အေ သည် ထောက်ခံမဲ ၃၈၀,၀၀၀ ရသည်ဆိုပါစို့။

ထို့ကြောင့် ပါတီအေသည် မည်သို့ပင်ဖြစ်စေ လွှတ်တော်အမတ်နေရာ ၆ နေရာရရှိခွင့်ရှိသည်(၃၈၀,၀၀၀/၆၀,၀၀၀ = အမတ်နေရာ ၆ နေရာ+ ကြွင်းကျန်မဲ)။ ပါတီအေကို လွှတ်တော် အမတ်နေရာ ခုနှစ်နေရာ​ပေးအပ်မည်ဆိုပါက လွှတ်တော်အမတ်တစ်နေရာအတွက် ပျမ်းမျှထောက်ခံမဲမှာ ၅၄, ၂၈၆ (၃၈၀,၀၀၀/) ဖြစ်မည်။ ဤပျမ်းမျှပမာဏသည် ကြွင်းကျန်မဲများရှိသည့်အခြားပါတီများ၏ပျမ်းမျှပမာ ဏထက် ပိုများပါက ပထမဆုံးရရှိနိုင်သည့် လွှတ်တော်အမတ်နေရာမှာ ပါတီအေ အတွက်ပင်ဖြစ်မည်။ ဒုတိ ယရရှိနိုင်သည့် လွှတ်တော်အမတ်နေရာကို ပျမ်းမျှပမာဏဒုတိယအများရရှိသည့်ပါတီမှာ ရရှိမည်ဖြစ်ပြီး နောက်ဆုံးကျန်ရှိသော လွှတ်တော်အမတ်နေရာအထိ ဤနည်းလမ်းအတိုင်း ပေးအပ်သည်။ ဤနည်းလမ်း သည် အင်အားကြီးပါတီများကို အတိုင်းအတာတစ်ရပ်ထိ မျက်နှာသာပေးထားသည်။

ဥပမာပြရလျှင် ပါတီဘီ သည် အလားတူရွေးကောက်ပွဲ ထောက်ခံမဲပေါင်း ၂၃၅၅,၀၀၀ ရသည်ဆိုပါစို့။ ထိုပါတီသည် လွှတ်တော်အ မတ်နေရာ ၃၉ နေရာ (,၃၅၅,၀၀၀/၆၀,၀၀၀ = ၃၉ + ကြွင်းကျန်မဲ) ရရှိမည်ဖြစ်ကာ ကြွင်းကျန်မဲ ၁၅,၀၀၀ ရှိ နေဆဲဖြစ်သည်။ ထိုပမာဏသည် ပါတီအေတွင် ရှိသည့်ကြွင်းကျန်မဲထက် ပိုနည်းသည်။ ‘အမြင့်ဆုံးပျမ်းမျှနည်း လမ်း’ကို အသုံးပြုခြင်းကြောင့် လွှတ်တော်အမတ်နောက်တစ်နေရာက အကြီးဆုံးပါတီဖြစ်​သော ပါတီဘီထံ ရောက်ရှိသွားသည်။ သို့ရာတွင် ပါတီဘီကို အမတ်နေရာ ၄၀ ပေးမည်ဆိုလျှင် ယင်း၏ပျမ်းမျှပမာဏသည် အ မတ်တစ်နေရာလျှင် ၂,၃၅၅,၀၀၀/၄၀ = ၅၈,၈၇၅ ထောက်ခံမဲဖြစ်မည်။

ရွေးကောက်ပွဲဆိုင်ရာပူးပေါင်းမဟာမိတ်အဖွဲ့များ

နိုင်ငံရေးသဘောထားအမြင်ချင်း နီးစပ်ကြသည် ပါတီများသည် ယင်းတို့၏အမတ်လောင်းစာရင်းများကို ပါ တီအချင်းချင်း တစ်ခါတစ်ရံ ချိတ်ဆက်ထားကြသည်။ ထို့သို့ချိတ်ဆက်ခြင်းဖြင့် ယင်းပါတီများ၏ကြွင်းကျန်မဲ များကို အတူထည့်တွက်ခံရမည်ဖြစ်ရာ ယင်းတို့ထက်အင်အားပိုကြီးသောပါတီများအတိုင်းပင် အမတ်နေရာ များကို ရနိုင်သောအခွင့်အလမ်းများအား မြင့်မားစေနိုင်သည်။

ဤကဲ့သို့ ရွေးကောက်ပွဲအတွက်ပူးပေါင်းမဟာ မိတ်ဖွဲ့ခြင်းများသည် ပါတီငယ်များကို ၎င်းတို့ကိုယ်တိုင် မည်သည့်အခါမျှ ရနိုင်မည်မဟုတ်သော အမတ်နေရာ များကို ရရှိလာစေနိုင်သည်။ နယ်သာလန်နိုင်ငံရှိ ပရိုတက်စဆင့်ပါတီငယ်လေးနှစ်ဖွဲ့သည် ယင်းတို့၏အမတ် လောင်းစာရင်းများကို အကြိမ်ကြိမ် ချိတ်ဆက်သွယ်ထားသည်။

ရွေးကောက်ပွဲလမ်းစဉ်များ

ရွေးကောက်ပွဲများမကျင်းပမီ ပါတီများသည် ရွေးကောက်ပွဲလမ်းစဉ်များကို ရေးဆွဲကြသည်။ အရေးကြီး သောနိုင်ငံရေးကိစ္စရပ်များဖြစ်သည်ဟု ၎င်းတို့စဉ်းစားယူဆထားသည့်အရာအပေါ် သဘောထားအမြင်များ မည်သို့ရှိကြောင်း၊ အလုပ်လက်မဲ့၊ အမျိုးသားကျန်းမာရေးပြဿနာရပ်များ သို့ ယာဉ်ကြောပိတ်ဆို့မှုများကို မည်သို့ ဖြေရှင်းပေးသင့်သည်ဟု ၎င်းတို့ထင်မြင်တွေးခေါ်ပုံတို့နှင့်စပ်လျဉ်း၍ ချမှတ်ခြင်းသည် ရွေးကောက်ပွဲ လမ်းစဉ်ရေးဆွဲခြင်းပင်ဖြစ်သည်။

အများအားဖြင့် အဆိုပါလမ်းစဉ်တစ်ရပ်သည် နိုင်ငံရေးပါတီ၏ အတွေး အခေါ်ဝါဒနှင့်အခြေခံမူများကို ရှင်းပြထားသည့် နိုင်ငံရေးအစီအစဉ်တစ်ရပ်အပေါ် အခြေခံကာအသေးစိတ် လက်တွေ့ ကျကျရေးဆွဲထားသော စာရွက်စာတမ်းတစ်ခုပင်ဖြစ်သည်။

ကိုးကား။ The Dutch Political System in a Nutshell