အသစ်များ > စာပို့စနစ်များ နှင့် ၎င်းအားနိုင်ငံရေးနယ်ပယ်တွင်အသုံးချမှု

စာပို့စနစ်များ နှင့် ၎င်းအားနိုင်ငံရေးနယ်ပယ်တွင်အသုံးချမှု

2024-03-19

WhatsApp၊ မက်ဆင်ဂျာ (Messenger)၊ တယ်လီဂရမ် (Telegram)၊ ဆစ်ဂနယ် (Signal) နှင့် ဘိုင်ဘာ(Viber) တို့သည် လုပ်ဆောင်ချက်များ(features)နှင့် လုပ်ဆောင်နိုင်စွမ်းများ (capabilities) များစွာပေး နိုင်သော နာမည်ကြီးသတင်းအချက်အလက်ဖြန့်ဝေသည့်အပ်ပလီကေးရှင်းများ ဖြစ်ပါသည်။ ၎င်းတို့အားလုံး သည် လူအများသို့ စာနှင့်အသံဖိုင်များကို ပေးပို့ခြင်း၊ အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ခြင်း၊ ဖိုင်များ မျှဝေခြင်းကို ပြုလုပ်နိုင်ပါသည်။ ၎င်းအပ်ပလီကေးရှင်းအားလုံးကလည်း အသုံးပြုသူများကို စကားလက်ဆုံပြောနိုင်ရန် အစု စုဖွဲ့ခွင့်ပြုထားပြီး၊ ထိုသို့ အစုဖွဲ့စကားပြောခြင်းများသည်လည်း အလွန်ခေတ်စား လာခဲ့‌ပါသည်။ 

တယ်လီဂရမ် (Telegram) နှင့် ဘိုင်ဘာ(Viber) တို့သည်လည်း နိုင်ငံရေးသမားများ၊ သတင်းထောက်များ နှင့် တက်ကြွလှုပ်ရှားသူများကဲ့သို့သော လွှမ်းမိုးနိုင်စွမ်းရှိသည့် လူပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများကို ချန်နယ် များ(Channels)ဖန်တီးတည်ဆောက်နိုင်ရန်နှင့် ၎င်းချန်နယ်များ၌ အခြားအသုံးပြုသူများအား ၎င်းတို့၏ ပရိတ်သတ်အဖြစ်စုစည်းနိုင်သည့် လုပ်ဆောင်ချက်လည်း ပါရှိကြပါသည်။

WhatsAppနှင့် မက်ဆင်ဂျာ (Messenger) နှစ်ခုလုံးကို ဖေ့ဘွတ်၏ပင်မကုမ္ပဏီတစ်ခုဖြစ်သော မီတာကုမ္ပဏီက ပိုင်ဆိုင်ထားပါသည်။ တယ်လီဂရမ်(Telegram) နှင့် ဆစ်ဂနယ်(Signal) တို့သည် ၎င်းတို့၏ ခိုင်မာအားကောင်းသောကုတ်ပြောင်းလဲခြင်းဖြစ်စဉ်(encryption)ကြောင့် အသုံးပြုသူများအကြား လူကြိုက်များ ပါသည်။

နိုင်ငံရေးဆိုင်ရာနှင့်အခြားသတင်းများကြောင့် နာမည်ကြီးလာသော တယ်လီဂရမ်(Telegram)

မြန်မာနိုင်ငံတွင် မက်ဆင်ဂျာ(Messenger) နှင့် ဘိုင်ဘာ(Viber) တို့သည် အာဏာမသိမ်းမီက အလွန်လူ သုံးများသော သတင်းအချက်အလက်ပေးပို့သည့်စနစ်များ ဖြစ်ကြသည်။ ယခုအခါတွင် အသုံးပြုရလွယ်ကူပြီး၊ လုံခြုံမှုရှိသော သတင်းအချက်အလက်ပေးပို့သည့်စနစ်ကို လိုအပ်နေကြသည့်အတွက်ကြောင့် တယ်လီဂရမ် (Telegram)သည် အလွန်ခေတ်စားလာခဲ့သော ချန်နယ်တစ်ခုဖြစ်လာပါသည်။ မြန်မာနိုင်ငံတွင် တယ်လီဂရမ် အသုံးပြုသူ ၅၄ သန်းကျော်အထိ ရှိလာနေပါသည်။    

၂၀၂၁ခုနှစ်အစောပိုင်းတွင် ဒီမိုကရေစီရေးလှုပ်ရှားမှုအတွင်း သတင်းများဖြန့်ဝေရန်အတွက် တယ်လီ ဂရမ်(Telegram)ကို စတင်အသုံးပြုလာခဲ့ကြသည်။ သို့‌သော် ယခုအခါ ဒီမိုကရေစီရေးလှုပ်ရှားသူများ အကြားတွင်သာမက ပုဂ္ဂလိကကဏ္ဍ၊ စစ်အစိုးရနှင့် ၎င်းတို့အားထောက်ခံသူများအကြားတွင်ပါ တယ်လီဂရမ်ကို ပိုမိုသုံးစွဲလာကြပါသည်။[1] မီတာကုမ္ပဏီ (ယခင်က ဖေ့ဘွတ်ကုမ္ပဏီ) က မြန်မာစစ်တပ်နှင့် ၎င်း၏အွန်လိုင်း အကောင့်များကို ပိတ်ပင်ခဲ့ပြီးနောက် ဝါဒဖြန့်ချိရေးဆက်လက်လုပ်နိုင်ရန် ရွေးချယ်စရာအခြားနည်းလမ်း တစ်ခုအဖြစ် စစ်တပ်ထောက်ခံသူများက တယ်လီဂရမ်(Telegram)ကို တောက်လျှောက်သုံးစွဲလာခဲ့ကြပါသည်။ တယ်လီဂရမ် (Telegram)သည် သတင်းအချက်အလက်အမျိုးမျိုးကို အလွယ်တကူဖြန့်ဝေခွင့်ပြုထားပြီး နှိုင်းယှဉ်ခြင်းအားဖြင့် သတင်းအချက်အလက်စိစစ်သည့်မူဝါဒ အားနည်းပါသည်။ သို့သော်လည်း တယ်လီဂရမ် (Telegram)က စစ်တပ်လိုလားသောအကောင့်အချို့ကိုမူ ပိတ်သိမ်းခဲ့ပါသည်။[2] ၎င်းအားဝေဖန်သူများကို ဖမ်းဆီးရန် တယ်လီဂရမ်မှတဆင့် စစ်အစိုးအား အစီရင်ခံတင်ပြကြသည်။[3] အခြားသောသတင်းအချက်အလက် ဖြန့်ဝေသည့် စနစ်များကို အသုံးပြု၍ အစီရင်ခံတင်ပြကြသည်များရှိသော်လည်း မြန်မာနိုင်ငံတွင် အသုံးပြုမှု နည်းပါးကြသလို နိုင်ငံရေးနှင့်ပတ်သက်၍ အသုံးပြုလေ့မရှိကြပါ။  ဆစ်ဂနယ် (Signal) သည် တစ်ဦးချင်း ဆက်သွယ်မှုကိုသာ အလေးထားပြီး၊ WhatsApp နှင့် ဘိုင်ဘာ (Viber) တို့သည်လည်း ချန်နယ်များကို ဖွင့်လှစ် ဖြန့်ဝေခွင့်နှင့် ပရိတ်သတ်များ(followers)စုစည်းခွင့်ပြုထားသော်လည်း အဆိုပါချန်နယ်များနှင့်မူ အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိပါ။ တယ်လီဂရမ်(Telegram)တွင် ချန်နယ်များအား အသုံးပြုသူများက  မှတ်ချက် များပြန်လည်ပေးပို့ခွင့်ပြုသည့်အတွက်ကြောင့် အပြန်အလှန်ဆွေးနွေးငြင်းခုန်မှုများနှင့် အမုန်းစကားပြောဆိုမှု များ ပိုမိုပြုလုပ်နိုင်ကြပြီး တယ်လီဂရမ်သည်လည်း ပိုမိုနာမည်ကြီးလာခဲ့ပါသည်။   

ဥပဒေအသစ်က စစ်အစိုးရအား ၎င်းတို့အားဆန့်ကျင်ပြောဆိုသူများကို ဖမ်းဆီးအပြစ်ပေးရန်ခွင့်ပြုထား သော်လည်း တကယ့်လက်တွေ့တွင် သတင်းအချက်အလက်ဖြန့်ဝေသည့်စနစ်များကို အသုံးပြု၍ သတင်းစကား ဖြန့်ဝေမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ တစ်ဦးတစ်ယောက်မျှ မရှိသေးပါချေ။

တက်ကြွလှုပ်ရှားမှုနှင့် ပုဂ္ဂိုပ်ရေးလုံခြုံမှုဆိုင်ရာ စိုးရမ်မှုများ

ကမ္ဘာလုံးအတိုင်းအတာအရ များစွာသောလူမှုရေးဆိုင်ရာတက်ကြွလှုပ်ရှားသူများနှင့် လှုပ်ရှားမှုများ သည် ၎င်းတို့ကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်းကောင်း၊ အများပြည်သူအား စုဝေးကြရန်နှင့် ပြပွဲများသို့ တက်ရောက်ကြရန်အတွက်လည်းကောင်း ဖေ့ဘွတ်နှင့် တွီတာ/အက်စ်တို့ကဲ့သို့ လူမှုမီဒီယာများကို အသုံးပြုကြသည်ထက် သတင်းအချက်အလက်ဖြန့်ဝေသည့်အပ်ပလီကေးရှင်းများကိုသာ ပိုမိုအသုံးပြု၍ ဖိတ်ခေါ်လေ့ရှိကြပါသည်။ ဥပမာအားဖြင့် မလေးရှားနိုင်ငံတွင် ၂၀၁၁နှင့် ၂၀၁၆ အကြား ဒီမိုကရေစီရေးလှုပ်ရှားမှု တစ်ရပ်ဖြစ်သော ဘာဆစ်(Bersih)စုဝေးပွဲများအား သတင်းအချက်အလက်ဖြန့်ဝေသည့်အပ်ပလီကေးရှင်းများကို အသုံးပြု၍  ပြုလုပ်ခဲ့ကြသည်။ ထိုသို့လူစုလူဝေးနှင့် ပြုလုပ်သော စုဝေးပွဲများကို ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု အသားပေးကုတ်စနစ်(end-to-end encryption)ကို ကျင့်သုံးကြသော သတင်းအချက်အလက်ဖြန့်ဝေသည့် အပ်ပလီကေးရှင်းများကို သုံးစွဲခဲ့ကြပါသည်။ သို့သော် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုအသားပေးကုတ်စနစ် (end-to-end encryption) သည်လည်း ပုဂ္ဂိုလ်ရေးလုံခြုံမှုကိုမူ အမြဲတမ်းအာမမခံနိုင်ပါချေ။[4]

WhatsApp တွင် တစ်ဦး၏ပြောစကားကို အခြားတစ်ဦးထံ အလွယ်တကူမျှဝေနိုင်သော လုပ်ဆောင်ချက် (features)တစ်ခုရှိသည်။ ထိုလုပ်ဆောင်ချက်ကြောင့် လုံခြုံရေးဆိုင်ရာစိုးရိမ်မှုကို ပေါ်ပေါက်စေနိုင်ပါသည်။ ထို့ပြင် မှန်သားပြင်ပုံရိုက်ကူးချက်များ သို့မဟုတ် ပုံများ သို့မဟုတ် သတင်းစကားများကို ရယူထိန်းသိမ်းထားရန် လွယ်ကူပြီး၊ ၎င်းတို့ကို အခြားလူမှုမီဒီယာများသို့ လူသိရှင်ကြားအလွယ်တကူဖြန့်ဝေနိုင်သလို၊ သီးခြားဖြန့်ဝေရန် လည်း လွယ်ကူပါသည်။ ဥပမာအားဖြင့် ကင်ညာနိုင်ငံတွင် ထိုသို့ဖြန့်ဝေမှုအလေ့အထကြောင့် လူများစွာသည် ပုဂ္ဂိုလ်ရေးအဖြစ်သတ်မှတ်ထားသောသတင်းအချက်အလက်များကို ဖြန့်ဝေမိ၍ ဖမ်းဆီးခံကြရသည်။[5]

သတင်းအချက်အလက်ဖြန့်ဝေသည့်အပ်ပလီကေးရှင်းများ၏ မူဝါဒများ

သတင်းအချက်အလက်ဖြန့်ဝေသည့်အပ်ပလီကေးရှင်းတိုင်းသည် အမုန်းစကားများ၊ နှောက်ယှက်ခြင်း များ သို့မဟုတ် တရားမဝင်လုပ်ဆောင်မှုများအား အားပေးသော အကြောင်းအရာများ ဖြန့်ဝေခြင်းကို တားမြစ်သည့်မူဝါဒများ ရှိကြပါသည်။ အချို့ဆိုလျှင် သတင်းတုများကိုလည်း အတိအလင်းကန့်သတ် ပိတ်ပင်ကြပါသည်။ သို့သော်လည်း အနှောက်အယှက်ပေးခြင်းများ၊ သတင်းတုများ၊ ကောလဟာလများနှင့် သတင်းတုသတင်းမှားများကို တားဆီးထိန်းချုပ်ရန် ကြိုးစားအားထုတ်မှုများသည် မအောင်မြင်သေးဘဲ၊ လူကြိုက်များထင်ရှားနေသောသတင်းအချက်အလက်ဖြန့်ဝေသည့်အပ်ပလီကေးရှင်းများပေါ်တွင် ထိန်းချုပ်မှု နည်းပါးစွာဖြင့် အလျှင်အမြန်ပြန့်နှံ့နေကြဆဲဖြစ်ပါသည်။

 

[1] Radio Free Asia: Myanmar junta using social media to track its opponents, https://www.rfa.org/english/news/myanmar/social-media-03032022175020.html

[2] https://globalvoices.org/2023/05/12/is-telegram-profiting-from-myanmars-nightmare/. Accessed 24 Aug 2023.

[3] Myanmar junta uses Telegram as ‘military intelligence’ to arrest online critics — Radio Free Asia (rfa.org). Accessed Aug 24 2023. 

How military supporters are using Telegram channels to suppress dissent in Myanmar · Global Voices Advox. Accessed Aug 24 2023.

[4] Johns, A., & Cheong, N. (2019). Feeling the Chill: Bersih 2.0, State Censorship, and “Networked Affect” on Malaysian Social Media 2012–2018. Social Media + Society, 5(2). https://doi.org/10.1177/2056305118821801

[5] Ooko, Gloria Anyango. 2023. "In Pursuit of a “Safe” Space for Political Participation: A Study of Selected WhatsApp Communities in Kenya" Journalism and Media 4, no. 2: 506-529. https://doi.org/10.3390/journalmedia4020032