အသစ်များ > မီဒီယာဆက်ဆံရေးများ

မီဒီယာဆက်ဆံရေးများ

2023-01-21

နိုင်ငံရေးပါတီများနှင့် မီဒီယာကြားဆက်ဆံရေး

ယနေ့ခေတ်တွင် မဲဆန္ဒရှင်အများစုသည် ပါတီတစ်ဖွဲ့၏နိုင်ငံရေးကို မီဒီယာမှတစ်ဆင့် သိကြရပြီး နိုင်ငံရေး သမားများကိုလည်း အဓိကအားဖြင့် မီဒီယာမှတစ်ဆင့်သာ သိလာရသည်။ မီဒီယာသည် နိုင်ငံရေးသမားများ ၏အဆိုအမိန့်များနှင့်အတူ များပြားလှစွာသောမရေမတွက်နိုင်သည့်နိုင်ငံသားထုထံ ရောက်ရှိနိုင်ရန် ထိ ရောက်သော နည်းလမ်းတစ်ရပ်ဖြစ်နေခြင်းကြောင့် မီဒီယာကို နိုင်ငံရေးသမားအများအပြားကလည်း အသုံးပြု ကြသည်။ နိုင်ငံရေးသမားများနှင့် မီဒီယာကြား ဆက်ဆံရေး အရေးကြီးသည်မှန်သော်လည်း နိုင်ငံရေးတွင် ပါဝင်နေသည့် ၎င်းတို့၏အခန်းကဏ္ဍများကို တစ်ဖက်နှင့်တစ်ဖက်က လေးစားနားလည်ပေးခြင်းမရှိလျှင် အဆို ပါဆက်ဆံရေးသည် တင်းမာသွားတတ်သည်။

နိုင်ငံရေးပါတီများနှင့် မီဒီယာသည် ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်း မတူညီသောအခန်းကဏ္ဍကိုယ်စီရှိထား ကြသည်။ ဒီမိုကရေစီစနစ်သည် မတူကွဲပြားသောအတွေးအမြင်များနှင့် စီမံချက်များကို လွတ်လပ်စွာ တင်ပြ၊ ဆွေးနွေး၊ ဝေဖန်၊ နှိုင်းယှဉ်ပြသင့်သည်ဟူသော အမြင်အပေါ် အခြေခံထားခြင်းဖြစ်သည်။ နိုင်ငံရေးသမားများ ၏အခန်းကဏ္ဍသည် အတွေးအမြင်များနှင့် မူဝါဒများကို ပုံစံတကျချမှတ်ပေးရန်၊ ပြန့်နှံ့စေရန်နှင့် ထောက်ခံမှု ရရှိရေး ဆွယ်တရားဟောရန်ဖြစ်ပြီး ၎င်းတို့အပေါ် အားပေးထောက်ခံလာရေးအတွက် နိုင်ငံသားများအား အကြောင်းအကျိုးတင်ပြပြောဆိုကာ အယုံအကြည်သွင်း နားချခြင်းဖြစ်သည်။

မီဒီယာ၏အခန်းကဏ္ဍမှာ နိုင်ငံရေးနှင့်ပတ်သက်သောအချက်အလက်ကို ဖြန့်ချိပေးရန်နှင့် စိစစ်သုံးသပ်ရန် ဖြစ်သည်၊ သို့မှသာ နိုင်ငံသားများက ဉာဏ်အမြော်အမြှင်ရှိရှိဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်သည်။ သ တင်းစာဆရာများ၏တာဝန်သည် နိုင်ငံရေးအဖြစ်အပျက်များ၊ လှုပ်ရှားဆောင်ရွက်သူများနှင့် ဆုံးဖြတ်ချက် များကို အစီရင်ခံတင်ပြရန်ဖြစ်ပြီး အဆိုပါအဖြစ်အပျက်များ၊ လှုပ်ရှားဆောင်ရွက်သူများနှင့် ဆုံးဖြတ်ချက်များ ကို ဝေဖန်ပိုင်းခြားဉာဏ်ဖြင့် စိစစ်သုံးသပ်ရန်ဖြစ်သည်။ အရေးပါသောမေးခွန်းများကို မေးကာ အဖြေ တောင်း ခြင်းအားဖြင့် သတင်းစာဆရာများသည် ဒီမိုကရေစနစ် အကျိုးဖြစ်ထွန်းစွာ လည်ပတ်နိုင်ရေးအတွက် လိုအပ် သော နိုင်ငံရေးသမားများကို စိစစ်လေ့လာသုံးသပ်ရေးတည်းဟူသော မီဒီယာ၏အခန်းကဏ္ဍကို ထမ်းရွက်နေ ခြင်းဖြစ်ပါသည်။

မီဒီယာနှင့် နိုင်ငံရေးသမားများ/နိုင်ငံရေးပါတီများကြား ဆက်ဆံရေးသည် ရှုပ်ထွေးပြီး ဂရုတစိုက် ဟန်ချက်ညီ အောင်လုပ်ထားရသော ဆက်ဆံရေးတစ်ခု ဖြစ်သည်။ နိုင်ငံရေးသမားများသည် မီဒီယာက မီဒီယာမှနေ၍ တတ်နိုင်သမျှအကောင်းဆုံးအကျိုးဖြစ်ထွန်းစေရေးအတွက် မည်သို့မည်ပုံ အလုပ်လုပ်နေသည်ဟူသောအ ချက်ကို နားလည်ပေးရန်လိုအပ်သည်။ မီဒီယာသည် မိမိတို့နိုင်ငံရေးပါတီများ၏နိုင်ငံရေးအလုပ်အတွက် ခြိမ်း ခြောက်မှုအန္တရာယ်တစ်ရပ်မဟုတ်ဘဲ ကောင်းကျိုးဖြစ်ထွန်းစေသောအသုံးချကိရိယာတစ်ခု ဖြစ်လာစေရန်အ တွက် မီဒီယာနှင့် ကောင်းမွန်စွာ ရေရှည်လက်တွဲနိုင်သောဆက်ဆံရေးများကို ထူထောင်ရေးသည် နိုင်ငံရေးပါ တီများ၏အကျိုးစီးပွားဖြစ်သည်။

မီဒီယာ အလုပ်လုပ်ပုံ

မည်သည့်အရာက သတင်းဖြစ်ထိုက်သနည်း

စာဖတ်သူ၊ သုံးသပ်သူ၊ နားထောင်သူများ၏အာရုံဝင်စားမှုကို ဖမ်းဆုပ်နိုင်ရန်အတွက် မီဒီယာသည် မည်သည့် အရာကို ပုံနှိပ်မည် သို့မဟုတ် ထုတ်လွှင့်မည်၊ မည်သည့်အရာကို ချန်ထားရစ်မည်ဟူသောအချက်တို့ကို သတ် မှတ်ချက်စံများစွာထားရှိ၍ ဆုံးဖြတ်လုပ်ဆောင်ရသည်။ အဆိုပါသတ်မှတ်စံများက သတင်းတစ်ပုဒ် သို့မဟုတ် အရေးကိစ္စတစ်ရပ်က “သတင်းဖြစ်ထိုက်သည်”ဟူ၍ သတ်မှတ်ယူဆနိုင်၊မနိုင်ဟူသောအရေးကို အဆုံးအဖြတ် ပေးပါသည်။ သတင်းဖြစ်ထိုက်ခြင်းဟူသော စမ်းသပ်ချက်အား မီဒီယာမှ ပုံနှိပ်မည့် သို့မဟုတ် ထုတ်လွှင့်မည့် သတင်းအကြောင်းအရာမျိုးစုံအားလုံးနီးပါးအတွက် အသုံးပြုသည်။

သတင်းတစ်ပုဒ် သို့မဟုတ် အရေးကိစ္စတစ်ရပ်ကို သတင်းဖြစ်ထိုက်မှုဂုဏ်မြောက်စေသော စရိုက်လက္ခဏာအ ချို့တွင် အောက်ပါတို့ ပါဝင်သည် -

  • လက်လှမ်းမီမှုဂုဏ်ရည် - အရေးပါပြီး သတင်းဖြစ်ထိုက်သော လှုပ်ရှားဆောင်ရွက်ချက်များနှင့် ဖြစ် ရပ်အများအပြားသည် နှစ်ပေါင်းများစွာ သတင်းအဖြစ်အစီရင်ခံတင်ပြခွင့်မရနိုင်ကြ၊ အကြောင်းမူ ထိုသတင်းများအကြောင်းသိသူများက မီဒီယာကို လက်လှမ်းမမီနိုင်၍ဖြစ်သည်၊ သို့မဟုတ် မီဒီယာကို သုံးစွဲလိုစိတ်မရှိကြ၍ဖြစ်သည်။ မီဒီယာသည် လူထုကို လက်လှမ်းမီနိုင်လျှင် သို့မဟုတ် လူထုက မီဒီယာကို လက်လှမ်းမီနိုင်လျှင် အတွေးအမြင်များသည် သတင်းများဖြစ်လာသည်။
  • ပဋိပက္ခဂုဏ်ရည် - သဘောထားကွဲလွဲမှုများနှင့် ပဋိပက္ခများကို ထင်ဟပ်သောအရာမှန်သမျှတိုင်း သတင်းအဖြစ် အရည်အချင်းပြည့်မှီသည်။
  • ခံစားမှုဂုဏ်ရည် - သတင်းများသည် အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ စိတ်ပိုင်းခံစားတုံ့ပြန်ချက်ကို ဖြစ်ပေါ်စေသင့်ပြီး စာဖတ်သူ၏စိတ်ဝင်စားမှုအာရုံကို ဖမ်းဆုပ်သင့်သည်။
  • ထူးခြားမှုဂုဏ်ရည် - သတင်းစာဆရာက သူ သို့မဟုတ် သူမအတွက် ထူးခြားသည်ဟု ယုံကြည်လျှင် သတင်းသစ်တစ်ပုဒ်သည် ပိုတန်ဖိုးရှိလာသည်။
  • လူသားကောင်းကျိုးပြုမှုဂုဏ်ရည် - ဤအချက်သည် အစ သို့ အဆုံး၊ အောင်မြင်မှု သို့ ကျရှုံးမှု၊ သေ ခြင်း သို့ မွေးဖွားခြင်း အစရှိသည့် လူအများ၏ပုဂ္ဂိုလ်ရေးတွေ့ကြုံခံစားမှုများနှင့် ဆက်စပ်နေသမျှအ ရာရာတိုင်းဖြစ်သည်။ ထိုအရာများတွင် ဆန်းကြယ်သောအခြေအနေများ၊ စိတ်နေစိတ်ထား၊ စွန့်စားမှု နှင့် ပဋိပက္ခတို့ ပါဝင်နေတတ်သည်။
  • ပုဂ္ဂလသရုပ်ကိုထင်ရှားစေခြင်းဂုဏ်ရည် - သတင်းသည် စာဖတ်သူအပေါ် သက်ရောက်မှုရှိသင့်သည်၊ သို့မှသာ စာဖတ်သူက ဤသတင်းသည် ပုဂ္ဂိုလ်ရေးအရ သို့မဟုတ် မိမိ၏မိသားစု သို့မဟုတ် မိမိ၏ မိတ်ဆွေအပေါင်းအသင်းများ သို့မဟုတ် ရင်းနှီးနေကျနေရာများ၊ ရင်းနှီးနေကျအဖွဲ့အစည်း၊ ကုမ္ပဏီ အစရှိသဖြင့် မိမိအကြောင်း ဖြစ်နိုင်သည်ဟု ထင်မြင်ခံစားမိနိုင်မည်ဖြစ်သည်။
  • အရေးပါခြင်းဂုဏ်ရည် - အတိုင်းအဆကြီးမားစွာ ဖြစ်ပျက်သော သို့မဟုတ် လူအများအပြားအပေါ် သက်ရောက်နိုင်စွမ်းအားရှိသော၊ ဩဇာတိက္ကမကြီးမားသောသူများ ပါဝင်သော၊ သို့မဟုတ် ထင်ပေါ် ကျော်ကြားပြီး တစ်မူထူးခြားသောတစ်သီးပုဂ္ဂလများအပေါ် သက်ရောက်မှုရှိသော အဖြစ်အပျက် များသည် အတိုင်းအဆသေးငယ်စွာ ဖြစ်ပျက်သော သို့မဟုတ် အကျယ်အပြန့် လူသိမများသောလူ များပါဝင်သောအဖြစ်အပျက်များထက် သတင်းအဖြစ် ပိုလွယ်လင့်တကူ စာရင်းဝင်မည်ဖြစ်သည်။
  • အလှမ်းမဝေးခြင်းဂုဏ်ရည် - ပစ်မှတ်ပရိသတ် သို့ စာဖတ်သူအင်အားထုနှင့် အလှမ်းမဝေးဘဲ ဖြစ် ပျက်သော အဖြစ်အပျက်များသည် လူများနှင့် မီဒီယာ၏စိတ်ဝင်စားမှုကို ရရှိလိမ့်ဖြစ်သည်။ ဤသို့အ လှမ်းမဝေးခြင်းသည် ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ ရှိနိုင်သည်။ ဥပမာ မ လေးရှားတွင် ဖြစ်ပွားသော ငလျင်သည် မြန်မာနိုင်ငံရှိ ပြည်သူများနှင့် “အလှမ်းမဝေး”ပါ၊ အ ကြောင်းမူ မလေးရှားနိုင်ငံတွင်း နေထိုင်ကြသော မြန်မာတို့၏မိတ်ဆွေများနှင့် ဆွေမျိုးများရှိနိုင်သည့် အတွက်ကြောင့်ပင်ဖြစ်သည်။
  • အသေး နှင့် အကြီး၊ အားနည်းမှု နှင့် အားကြီးမှုဂုဏ်ရည် - အသေးအဖွဲလူပုဂ္ဂိုလ် နှင့် ဩဇာတိက္ကမ သို့ အာဏာရှိသူ ပုဂ္ဂိုလ်။
  • အံ့ဩဘနန်းဖြစ်ရခြင်းဂုဏ်ရည် - သတင်းသစ်တစ်ပုဒ်တွင် မျှော်လင့်မထားသောတစ်စုံတစ်ခုခု ပါဝင် သင့်သည်။ ဥပမာ လူကို ခွေးကိုက်ခြင်းက သတင်းမဟုတ်၊ ခွေးကို လူကိုက်ခြင်းက သတင်းဖြစ်သည်။
  • အချိန်နှင့်တစ်ပြေးညီဖြစ်မှုဂုဏ်ရည် - ဖြစ်တော့မည့်အဖြစ်အပျက်များနှင့် ဇာတ်လမ်းများသည် လူထု စိတ်ဝင်စားမှုကို ဖမ်းဆုပ်ယူနိုင်သည်၊ အကြောင်းမူ အဆိုပါအဖြစ်အပျက်များက လူအများ မသိခဲ့ သော တစ်စုံတစ်ခုခုကို လူအများကို ပြောပြ၍ဖြစ်သည်။

ယေဘုယျအားဖြင့်ဆိုလျှင် အထက်ပါသတင်းစံတန်ဖိုးများအနက် ဂုဏ်ရည်သုံးခုဝင်သော အဖြစ်အပျက်များ သည် မီဒီယာ၏စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပါလိမ့်မည်။ သတင်းစာဆရာများနှင့် စာတည်းမှူးများသည် တတ်နိုင်သမျှ အထက်ပါမှတ်ကျောက်စံအများအပြားနှင့် ဘောင်ဝင်နေသော သတင်းများကို ရှာဖွေကြသည်၊ ထိုသတင်းများက အများပြည်သူအတွက် ပိုမိုစိတ်ဝင်စားစရာကောင်းနေ၍ဖြစ်သည်။

အောက်ပါဇယားတွင် မီဒီယာအတွက် အလုပ်ဖြစ်မည့်အရာနှင့် အလုပ်မဖြစ်မည့်အရာတို့နှင့်စပ်လျဉ်း၍ အကြံ ပေးချက်တချို့ကို တင်ပြထားသည်။

 

ရွေးချယ်ယူစရာ အဖြစ်အပျက်များ၊ ဖြစ်စဉ်များနှင့် ကြေညာချက်များစသဖြင့် ကူးခပ်ယူစရာသတင်း ရေကန် ကြီးတစ်ကန် အစဉ်ရှိသဖြင့် အပြိုင်အဆိုင်သတင်းရရှိရေးယှဉ်ပြိုင်မှုသည် အလွန်အရှိန်မြင့်မားသည်။ မီဒီယာ လောကထဲခြေစုံပစ်ဝင်ရေး ကြိုးစားကြသူတိုင်း အောင်မြင်မှုရမည်တော့ မဟုတ်ပါ။ ပါတီတစ်ရပ်၏လှုပ်ရှား ဆောင်ရွက်ချက်များ သို့မဟုတ် သဘောထားအမြင်များကို မီဒီယာမှတစ်ဆင့် ဖော်ထုတ်ပြနိုင်မည့် အရေးကြီး ဆုံးနည်းလမ်းများအနက်တစ်ခုမှာ “သတင်းဖန်တီးယူ”ရန် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပါတီများသည် မီဒီယာ ထံ (ပါတီအကြောင်း) သတင်းဇာတ်လမ်းများကို တင်ပြသင့်သည်၊ ထိုသတင်းများသည် မီဒီယာက အသုံးပြု ချင်ပြီး သတင်းဖြစ်ထိုက်သော သတင်းများဖြစ်ရမည်။

သတင်းစာဆရာများတွင် အစီရင်ခံတင်ပြရန်အတွက် သတင်းဖြစ်ထိုက်သောစာရင်းဝင်အချက်အလက် စီး ကြောင်းတစ်ခု အလျှင်မပြတ်တမ်း ရှိထားရန် လိုအပ်သည်။ နိုင်ငံရေးပါတီက မည်သည့်သတင်းအမျိုးစားမှာ သတင်းဖြစ်ထိုက်သည်ဟု သိထားလျှင် ထိုသတင်းများကို သတင်းစာဆရာများထံ တင်ပြပြီးနောက် သတင်း စာဆရာက သတင်းကိုသုံးသပ်သူနှင့် သတင်းဖတ်သူများထံ တင်ပြခွင့်ရလျှင် အတိုင်းအထက်အလွန် ပျော်ရွှင် နေတော့မည်ဖြစ်သည်။ အဆိုပါသတင်းဇာတ်လမ်းများသည် ပါတီတစ်ရပ်၏လှုပ်ရှားဆောင်ရွက်ချက်များ သို့ မဟုတ် သဘောထားအမြင်များကို ဖော်ပြထားလျှင် ပြည်သူကြား ယင်းပါတီအကြောင်း အသိပညာမြှင့်တင် ပေးနိုင်မည့် အလွန်အဖိုးတန်လှသောနည်းလမ်းတစ်ရပ်ဖြစ်သည်။

နိုင်ငံရေးပါတီအနေဖြင့် မိမိတို့၏လှုပ်ရှားဆောင်ရွက်ချက်များ သို့မဟုတ် လမ်းစဉ်များအကြောင်း အသိပညာ မြှင့်တင်ပေးရေးအတွက် မီဒီယာ၏စိတ်ဝင်စားမှုကို ရရှိအောင် ကြိုးစားရာတွင် အထက်ပါအချက်ကို ထည့် သွင်းစဉ်းစားရန် အရေးကြီးသည်။ နိုင်ငံရေးပါတီတွင် ပါတီအကြောင်းသတင်းအချက်အလက်ကို မီဒီယာထံ (အထက်ပါသတင်းဂုဏ်ရည်မှတ်ကျောက်စံများနှင့်အညီ) မည်သို့တင်ပြမည်ဟူ၍ ဝေဖန်ပိုင်းခြားဉာဏ်ဖြင့် တွေးခေါ်လုပ်ကိုင်မည့် ဆက်သွယ်ရေးဌာနတစ်ခုရှိထားလျှင် မီဒီယာတွင် ပိုမိုထုတ်လွှင့်နိုင်ရေးနှင့် မီဒီယာအ ဖွဲ့အစည်းများ၊ သတင်းစာဆရာများနှင့် ပါတီကြားဆက်ဆံရေးကို ထူထောင်နိုင်ရေးအတွက် အထောက်အကူ ဖြစ်ပါလိမ့်မည်။

မီဒီယာလောကထဲ  ဝင်ရောက်နိုင်ရေးအတွက် အခွင့်အလမ်းများ

ယေဘုယျအားဖြင့် တရားဝင်လက်ခံထားသောမီဒီယာအမျိုးအစားလေးမျိုးရှိသည်။ ယင်းတို့ကို အောက်တွင် ဖော်ပြထားသည်။

  1. လူထုပိုင်မီဒီယာကို အများပိုင်ရန်ပုံငွေဖြင့် ထောက်ပံ့ထားခြင်းဖြစ်ပြီး ကျယ်ပြန့်သောလူ့အဖွဲ့အစည်း ကဏ္ဍတစ်ခုလုံးကို ရိုက်ခတ်နေသော အရေးကိစ္စရပ်များနှင့် အတွေးအမြင်များကို အစီရင်ခံတင်ပြရ သည်၊ ထိုကိစ္စရပ်များနှင့်အမြင်များအတွက် ဖော်ထုတ်ပြရာနေရာလွတ်ကို ပေးရသည်။ လူထုပိုင်မီဒီ ယာသည် စျေးကွက်စီးပွားအရ အလားအလာရှိနိုင်သော်လည်း အကျိုးအမြတ်ကိစ္စသည် လူထုပိုင်မီ ဒီယာ၏ပဓာနကျသောစေ့ဆော်ချက်မဟုတ်ပါ။
  2.  ပုဂ္ဂလပိုင်မီဒီယာကိုမူ အကျိုးအမြတ်ရရှိရေးအတွက် ထူထောင်ခြင်းဖြစ်သည်။ သို့သော် ပိုင်ရှင်များ ၏ပိုမို ကျယ်ပြန့်သောစီးပွားရေးနှင့် နိုင်ငံရေးအကျိုးစီးပွားတို့ကို ထောက်ပံ့ကူညီပေးရန်အတွက်သာ ဤမီဒီယာက ရပ်တည်ကောင်းရပ်တည်နိုင်သည်။ ပုဂ္ဂလပိုင်မီဒီယာသည် အကျိုးဖြစ်ထွန်းမှုနှင့် အ မြတ်အစွန်းရရှိရေးကိုသာ အဓိကအလေးပေးတတ်သည်။
  3. လူထုအသိုင်းအဝိုင်းအခြေပြုမီဒီယာကိုမူ သက်ဆိုင်ရာလူထုအသိုင်းအဝိုင်းအုပ်စုများက ပိုင်ဆိုင်၊ စီမံ၊ လည်ပတ်ခြင်းဖြစ်သည်။ ကွန်မြူနတီမီဒီယာသည် စျေးကွက်စီးပွားဖြစ်မှုအလားအလာရှိရေး ကြိုး စားကြသော်လည်း ၎င်းတို့၏အဓိကစိတ်ဝင်စားချက်မှာ ၎င်းတို့ထမ်းရွက်နေသည့် လူထုအသိုင်းအ ဝိုင်း၏အကျိုးစီးပွားများကို ထင်ပေါ်အောင်လုပ်ဆောင်ရေးပင်ဖြစ်သည်။
  4. လူမှုမီဒီယာသည် မိုဘိုင်းတယ်လီဖုန်းနှင့် အင်တာနက်ကဲ့သို့ ကွန်ရက်ချိတ်ဆက်ဆက်သွယ်မှုပတ်ဝန်း ကျင်အတွင်းရှိ ကိရိယာအားလုံးအကျုံးဝင်ပါဝင်သည်။ ထိုကိရိယာများကို တစ်သီးပုဂ္ဂလအများအ ပြားက ပိုင်ဆိုင်ကြသည်၊ ထိုပုဂ္ဂိုလ်များသည် ပုံနှိပ်ထုတ်ဝေမည့်အရာကိုလည်း အဆုံးအဖြတ်ပေးကြ သေးသည်။

မီဒီယာလောကထဲ ဝင်ရောက်ပုံနည်းလမ်းနှစ်သွယ်

မီဒီယာထဲ ဝင်ပုံအဓိကနည်းလမ်းနှစ်သွယ်ရှိသည်၊ ကြော်ငြာနေရာကွက်လေးရရန် ငွေပေးဝင်ခြင်းနှင့် ငွေယူ ကာကြော်ငြာနေရာပေးခြင်းဖြင့် ဝင်ခြင်းဟူ၍ဖြစ်သည်။ ငွေပေးဝင်ခြင်းနှင့် ငွေယူဝင်ခြင်းမီဒီယာနှစ်ခုစလုံး သည် ပါတီ၏ဆက်သွယ်ရေးရည်မှန်းချက်များကို ရည်စူး၍ အတူတကွ ညှိနှိုင်းပေါင်းစည်းလုပ်ဆောင်သင့်ပါ သည်။ ဝင်ငွေရမီဒီယာ(တင်ပြစရာအကြောင်းအရာများကို ပရိသတ်ထံ ဆက်သွယ်ပေးခြင်း) နှင့်ငွေပေးရသော မီဒီယာတို့တွင် အလုပ်အကိုင်ပိုင်းတူညီသော်လည်း ဖော်ဆောင်သည့်ဖြစ်စဉ်ပိုင်း၌ အလွန်ကွဲပြားသည်။

ငွေပေးရသောမီဒီယာ(လူကြိုက်များမှုကို ဝယ်ယူရခြင်း)

ပါတီတစ်ဖွဲ့သည် မိမိ၏အဆိုအမိန့်ကို လိုချင်သောပုံစံအတိုင်း အတိအကျဖော်ပြပေးခံရမည်ဟု အာမခံချက် ယူချင်ပါက အဆိုပါဖော်ပြချက်အတွက် သီးခြားနေရာတစ်နေရာစာ သီးသန့်ဖယ်ထားပေးရန် သတင်းစာ၊ ရေ ဒီယို သို့မဟုတ် ရုပ်မြင်သံကြားသို့ ငွေပေးရနိုင်သည်။ တစ်ခါတစ်ရံ မီဒီယာအဖွဲ့အစည်းများသည် နိုင်ငံရေး ကြော်ငြာများ၌ ထည့်ရနိုင်သည့်အရာ၊ ထည့်မရနိုင်သည့်အရာနှင့်စပ်လျဉ်းကာ လမ်းညွှန်ချက်များကို ထုတ် ပြန်ပေးထားပါလိမ့်မည်။ အများအားဖြင့် အဆိုပါလမ်းညွှန်ချက်များသည် နိုင်ငံရေးမဲဆွယ်စည်းရုံးရေးများ၌ အတိုက်အခံများအပေါ် ရင့်သီးစော်ကားသောအသုံးအနှုန်းဖြင့် တိုက်ခိုက်ခြင်း၊ အမုန်းစကားများ ဖြန့်ဝေခြင်း နှင့် တစ်ဖက်သတ် ရှုတ်ချပြောဆိုခြင်းတို့ကို တားမြစ်ပြီး လူအများအမြင်ရှေ့လေးစားလက်ခံနိုင်လောက် သော စည်းရုံးရေးအမူအကျင့် ဖြစ်ပေါ်စေရေးတို့ကို အဓိကအရေးထားသည်။ နိုင်ငံရေးပါတီများအနေဖြင့် ကြော်ငြာထည့်သူများအတွက် စည်းမျဉ်းတစ်စုံတစ်ရာရှိ၊မရှိကို မီဒီယာအဖွဲ့အစည်းထံ မေးမြန်းသင့်သည်။ ကြော်ငြာခြင်းသည် ကုန်ကျစရိတ်ကြီးသည်။ နိုင်ငံရေးပါတီများသည် ကြော်ငြာခြင်းကို သင့်တော်သလို စီမံ ဆောင်ရွက်ရန်လိုသည်၊ သို့မှသာ အကောင်းဆုံးကြော်ငြာနိုင်မည့်ရက်အတိုင်း၊ အချိန်အတိုင်း၊ စျေးနှုန်းမှန်မှန် ကန်ကန်ဖြင့် ပစ်မှတ်ပရိသတ်ဆီ ရောက်ရှိနိုင်မည့် မီဒီယာထံသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

ဝင်ငွေရသောမီဒီယာ(လူကြိုက်များမှုကို အခမဲ့ယူခြင်း)

မီဒီယာဖြင့်လူသိများအောင်လုပ်ခြင်းကိစ္စသည် အမြဲတစေ ငွေကုန်ကြေးကျများသည်တော့ မဟုတ်ပါ။ သ တင်းဖြစ်ထိုက်သောလှုပ်ရှားဆောင်ရွက်ချက်များသည်လည်း သတင်းထောက်များ၏စိတ်ဝင်စားမှုကို ရနိုင် ကာ ကုန်ကျစရိတ်မရှိဘဲ သတင်းစာတွေ့ဆုံမေးမြန်းမှု သို့မဟုတ် အခြားသော အသံလွှင့် သို့ ရုပ်မြင်သံကြား ဌာနတွင် ဆွေးနွေးပွဲပြုလုပ်ခံရသည့်အခြေအနေထိ ဆိုက်ရောက်သွားနိုင်သည်။ သတင်းထုတ်ပြန်ချက်ရေး သားထုတ်ဝေခြင်း၊ သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်း သို့မဟုတ် အင်တာဗျူးလုပ်ခြင်းကဲ့သို့ မီဒီယာထဲဝင်နိုင် ရေးနည်းလမ်းအသွယ်သွယ်ရှိသည်။ ဤသို့ ဝင်နိုင်ရန် အရေးကြီးသည်က ပါတီများနှင့် ကိုယ်စားလှယ်များအ နေဖြင့် မီဒီယာအဖွဲ့ဝင်များနှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားရန်ဖြစ်သည်။ ပါတီများနှင့် ကိုယ်စားလှယ်များသည် မီဒီယာနှင့် အဆက်အသွယ်မပြတ်ရှိသင့်ပြီး သတင်းစာဆရာများနှင့် ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများကို ထူထောင်ထားသင့်သည်။ ပါတီ၏လမ်းစဉ်နှင့် လှုပ်ရှားဆောင်ရွက်ချက်များအ​ကြောင်း နောက်ခံသတင်းအချက်အလက်ကို တွေ့ဆုံစည်းဝေးပွဲများ ကျင်းပ၍ပေးသည်က အကျိုးဖြစ်ထွန်းနိုင်သည်။ မီဒီယာထံ သတင်းဖြစ်ထိုက်သောဇာတ်လမ်းများကို ပေးခြင်းက မီဒီယာနှင့် ပါတီကြားဆက်ဆံရေးကို တိုး တက်စေနိုင်သည်။

မီဒီယာသည် အောက်ပါအချက်တို့ကို အမြဲတစေ တစ်ဖတ်သတ်စိတ်ဝင်စားမှုရှိကြောင်းကို သတိပြုပါ

  • မဟာဗျူဟာ (ညွန့်ပေါင်းအဖွဲ့များ)
  • လူကြားမကောင်းဖြစ်ရပ်များ
  • သဘောထားစစ်တမ်းများ
  • ပါတီတွင်း သဘောကွဲလွဲမှုနှင့် အတွင်းပိုင်းအက်ကွဲမှု
  • ပါတီများကြား ပဋိပက္ခများ၊ ယှဉ်ပြိုင်တိုက်ခိုက်မှုများ
  • အရေးကိစ္စများထက် လူပုဂ္ဂိုလ်များ

အဆိုပါနယ်ပယ်များရှိ အရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ သတင်းစာဆရာများက မိမိတို့ကို မေးမြန်းလာနိုင်ခြေ ရှိသော မေးခွန်းအားလုံးကို မည်သို့ ပြန်ဖြေကြားမည်ဟူသည်ကိုလည်း ပါတီခေါင်းဆောင်များ၊ ပြောခွင့်ရ ပုဂ္ဂိုလ်များနှင့် ကိုယ်စားလှယ်များက အမြဲတမ်း ကြိုတင်ပြင်ဆင်ထားသင့်သည်။ ပါတီတွင်း အဆိုပါအဖြေ များနှင့် ရာထူးနေရာများကိုလည်း အကျယ်အပြန့် ဖြန့်ဝေပေးထားသင့်သည်။ ပါတီတွင်းပဋိပက္ခဖြစ်လာမည့် အရိပ်အယောင်မှန်သမျှတိုင်း အန္တရာယ်ရှိနိုင်သည်။  အတိုက်အခံများက ယင်းပဋိပက္ခမှနေ၍ ၎င်းတို့အသာရ လာအောင် အသုံးချလိမ့်မည်၊ သို့မဟုတ် မီဒီယာက ယင်းပဋိပက္ခကို ပုံကြီးချဲ့တင်ပြလာနိုင်သည်။ ဤသို့ဖြစ် လာလျှင် နောက်လာမည့်ရွေးကောက်ပွဲ၌ ရရှိမည့် ဆန္ဒမဲအရေအတွက်ပမာဏအပေါ် အနုတ်သဘောသက် ရောက်မှုရှိသွားနိုင်သည်။

ပါတီကိုယ်စားပြုသူများသည် ပါတီမဟာဗျူဟာနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေသင့်သည်၊ တစ်ခါတစ်ရံ ထိုသို့ နေရန်ခက်ခဲသည့်တိုင် နေနိုင်ရန်အရေးကြီးသည်။ ပါတီသည် ရေရာသောဆုံးဖြတ်ချက်ကို ချမှတ်ပုံ၊ လက်ရှိ ပါတီမဟာဗျူဟာအခြေအနေနှင့် အတိုက်အခံ၏ရည်ရွယ်ချက်များအကြောင်း ခန့်မှန်းပြောဆိုချက်အားလုံး သည် မီဒီယာက မေးခွန်းမေးနေမည့်ကိစ္စများ ဖြစ်ကြသည်။ သို့သော် ရွေးကောက်ပွဲအတွင်း ယင်းကိစ္စရပ်များ ကို အများအားဖြင့် မဆွေးနွေးလျှင် ပိုကောင်းသည်၊ အနည်းဆုံး ရွေးကောက်ပွဲပြီးသွားချိန်မတိုင်ခင်အထိ မ ဆွေးနွေးဘဲထားပါက ပိုကောင်းသည်။ မဲဆန္ဒရှင်များအနေဖြင့် ပါတီက ပြီးမြောက်အောင်မြင်ချင်သောအရာ၊ တိုင်းပြည်ကို တိုးတက်အောင် မည်သို့စီစဉ်ထားပုံတို့အကြောင်း ကြားချင်ကြသည်။ ပါတီများသည် မဲဆွယ် ရေးကာလအတွင်း ၎င်းတို့ချမှတ်လိုက်သော မဟာဗျူဟာဆုံးဖြတ်ချက်များအပေါ် နိုင်ငံရေးလေ့လာသူများ နှင့် မီဒီယာတို့က ပြသသည့်စိတ်ဝင်စားချက်ကို လျစ်လျူရှုထားသင့်သည်။ ပါတီ၏အတွင်းရေးကိစ္စများအ ကြောင်း သတင်းအချက်အလက်သည် ပါတီ၏အကျိုးစီးပွားကို ထိခိုက်သည်ဆိုလျှင် အပြင်သို့ မပေါက်ကြား သင့်ပါ။

အထူးသဖြင့် အောက်ပါမေးခွန်းများ အမေးခံရချိန်တွင် မဟာဗျူဟာစဉ်းစားချက်များအကြောင်း နှုတ်ဆိတ်နေ ရန် ခက်ခဲလှသည် -

  • ညွန့်ပေါင်းအဖွဲ့အကြောင်းမေးခွန်း - မည်သည့်အစိုးရကို မိမိတို့ မျှော်မှန်းနိုင်သနည်း။(အများအား ဖြင့် ဤမေးခွန်းကို ရှောင်လွှဲရန်နည်းလမ်းကောင်းတစ်ရပ်မှာ “ပထမဆုံးပြောရရင် အခုချိန်မှာ မဲဆန္ဒ ရှင်တွေအနေနဲ့ သူတို့ဘာလိုချင်လဲ ပြောကြဖို့ တာဝန်ပါပဲ၊ ရလဒ်ကို ကြိုတင်ခန့်မှန်းပြောတာမျိုးက  အထက်စီးဆန်ရာကျပါလိမ့်မယ်”ဟုပြောခြင်းဖြစ်သည်)
  • ရွေးကောက်ပွဲရလဒ်များနှင့်စပ်လျဉ်း၍ “အကယ်၍များ ဘာဖြစ်မည်”ဟူသောမေးခွန်းများ - သင့်ပါတီ ရွေးကောက်ပွဲ ရှုံးသွားလျှင် ပါတီခေါင်းဆောင်မှုပိုင်းအတွက် မည်သည့်အကျိုးဆက်များရှိမည်နည်း”။
  • တစ်သီးပုဂ္ဂလများ၊ ဆန္ဒသဘောထားများ၊ ဆုံးဖြတ်ချက်ချခြင်းဖြစ်စဉ်များ၊ နိုင်ငံရေးအတိုက်အခံများ အကြောင်းမေးခွန်းများ။

မည်မျှခက်ခဲနိုင်သည်ဖြစ်စေ မဲဆွယ်ရေးကာလအတွင်း ပါတီကိုယ်စားပြုနေသူများအနေဖြင့် အထက်ပါမေး ခွန်းများနှင့် ရင်ဆိုင်ရချိန်တွင် တည်တည်ငြိမ်ငြိမ်ရှိနေရန် အရေးကြီးသည်၊ မဲဆွယ်ရေးအဆိုအမိန့်ကို ပြန်ဦး လှည့်ပြောခြင်းအားဖြင့် မီဒီယာက လမ်းကြောင်းတင်ပေးသော အရေးကိစ္စများကို ရှောင်လွှဲနိုင်ရန် အရေးကြီး သည်။

အဆိုအမိန့်ကို ဆက်သွယ်ပြောကြားရေးက အဓိကကိစ္စဖြစ်သည်။ မီဒီယာပေါ်တက်လာခြင်း နှင့်မီဒီယာဆွေး နွေးခန်းတို့ကို အမြဲတစေ အလွန်ဂရုတစိုက် ပြင်ဆင်သင့်သည်။ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် ပြောခွင့်ရပုဂ္ဂိုလ်များသည် အဆိုအမိန့်အကြောင်းကို သတင်းစာဆရာများ သေချာပေါက် သိရှိပြီး အသိအမှတ် ပြုလာနိုင်ရန် သတင်းသမားနှင့် ပဏာမအကြိုပြင်ဆင်စကားပြောရာတွင် အဆိုအမိန့်ကို နှစ်ကြိမ်ဖော်ပြသင့် သည်။ ရည်ရွယ်ချက်မှာ သတင်းသမားကို အယုံအကြည်သွင်းစည်းရုံးရန်မဟုတ်ဘဲ မဲဆန္ဒရှင်များကို စည်းရုံး နားချနိုင်ရန်ကြိုးစားခြင်း ဖြစ်သင့်သည်။ ဆွေးနွေးချက်များကို အမြဲတစေ အဆိုအမိန့်၏ဦးတည်ရာလမ်း ကြောင်းထဲတွင် ပဲ့ကိုင်ထားသင့်ပြီး အဆိုအမိန့်ကို မဲဆွယ်ရေးတစ်လျှောက်လုံး ထပ်ကျော့ပြောနေသင့်သည်။ ပြောခွင့်ရပုဂ္ဂိုလ်များနှင့် ကိုယ်စားလှယ်များသည် ပြောစရာအကြောင်းကိစ္စသစ်များကို ရှာဖွေရန်မကြိုးစား သင့်ဘဲ အဆိုအမိန့်အား ရည်ရွယ်ဦးတည်ထားသော သီးခြားပစ်မှတ်အုပ်စုနှင့် အံဝင်အောင် ညှိယူပေး ရေးကိုသာ လုပ်ဆောင်သင့်သည်။ ဥပမာ ကျောင်းသားများနှင့် လူထုဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ရာတွင် လူကြီး သူမများနှင့် မေးခွန်းချိန်တစ်နာရီထားပြောနေခြင်းမျိုးထက် မတူကွဲပြားသောပုံစံကို လိုအပ်သည်။

အခမဲ့လူသိများအောင်လုပ်ခြင်းနှင့် ဆက်စပ်သော ပြဿနာကြီးတချို့ရှိသည်။ ကိုယ်စားလှယ်တစ်ဦး အကျပ် အတည်းဆိုက်နေသည်နှင့်တစ်ပြိုင်နက် ကိစ္စရပ်များသည် အလွယ်တကူ ဆိုးရွားသွားသည်။ အမှားတစ်ခုနှင့် လူတိုင်း (အထူးသဖြင့် သတင်းထောက်များ)က မဲဆွယ်ရေးတွင် အခြေအနေမကောင်းတော့ကြောင်း စတင် ကာ ထပ်တလဲလဲပြောကြတော့သည်။ သတင်းဆိုးတစ်ပုဒ်နှင့် သတင်းစာဆရာပေါင်းများစွာက မေးခွန်းများ ကိုင်ကာလာကြတော့မည်။ ပိုဆိုးရွားသည်က သတင်းစာဆရာများသည် နှစ်ပေါင်းများစွာ ၎င်းတို့အသုံးပြုကြ သော နိုင်ငံရေးသမားများအကြောင်း ဖိုင်တွဲများကို သိမ်းဆည်းထားခြင်းဖြစ်သည်။ လွဲချော်မှုတိုင်း (လိမ်လည် မှု၊ အဂတိလိုက်စားမှု သို့မဟုတ် နိုင်ငံရေးလုပ်ပုံကိုင်ပုံအမှားများ)သည် သတင်းစာဆရာများအတွက် အနာ ဂတ်တွင် ထပ်မံအသုံးချနိုင်စရာများ ဖြစ်နေပါလိမ့်မည်။ နိုင်ငံရေးသမားများ စတင်လာရာ သန့်ရှင်းကြည်လင် သောပုံရိပ်သည် ရေပွက်ပမာ တမဟုတ်ချင်း ပျောက်ကွယ်သွားသွားတော့သည်သာ။

ဝင်ငွေရမီဒီယာအမျိုးအစားများ

  • သတင်း 

သတင်းဟူသည် လူအများ၏ဘ၀နှင့် ဆက်စပ်မှုရှိ၊ သစ်လွင်မှုရှိ၊ အရေးပါမှုရှိပြီး ထိုလူများ အပေါ် သို့မဟုတ် ၎င်းတို့၏ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိနိုင်ဖွယ်ရာ အချက်အလက်ဖြစ်သည်။ နိုင်ငံရေးပါတီတစ်ရပ်သည် သတင်းတွင် ဖော်ပြခံရရေး ရည်ရွယ်ထားပါက အခြားပါတီများနှင့် ပြိုင်ဆိုင် နေရမည်ဖြစ်၍ မိမိ၏အရေးကိစ္စ သို့မဟုတ် အဖြစ်အပျက်သည် ထူးခြားအရေးပါနေရမည် ဖြစ်သည်။ ချိန်သားကိုက်ဖြစ်ရေးလည်း အရေးပါသည်။ တစ်နိုင်လုံးရေကြီးနေသည့်ကိစ္စကို လူတိုင်းဆွေးနွေးနေကြ သည့် ရက်တွင် မဲဆွယ်စည်းရုံးရေးကို စတင်ပါက ဉာဏ်နည်းရာကျလိမ့်မည်။ လက်ရှိအရေးကိစ္စရပ်များ နောက်လိုက်ခြင်းသည် နိုင်ငံရေးခေါင်းဆောင်တစ်ဦးအတွက် ထုတ်ပြန်ချက် သို့မဟုတ် တွေ့ဆုံမေးမြန်း ခန်းပြုလုပ်ခြင်းဖြင့် သတင်းထဲပါလာနိုင်စေမည့်ပြတင်းပေါက်တစ်ချပ်ဖြစ်ပါသည်။ သတင်းတွင် တစ်စုံ တစ်ခုခုကို တုံ့ပြန်သည့် တုံ့ပြန်ချက်တစ်ရပ် ထုတ်လွှင့်ခြင်းသည်လည်း ပါတီ တစ်ရပ်က အရေးစိုက်ချင် သည့် အဆိုပါအရေးကိစ္စရပ်များအပေါ် အာရုံဝင်စားအောင် ပြုလုပ်သည့် ထိရောက်သော နည်းလမ်းတစ် ခုဖြစ်သည်။

သတင်းနှင့်ဆက်စပ်​ပြီး အဓိကကန့်သတ်ချက်များရှိသည်၊ ထိုကန့်သတ်ချက်များမှာ သတင်းသည် ယှဉ်ပြိုင်မှုအ ရှိန်မြင့်မားသဖြင့် နေရာအကန့်အသတ်ကိုရရှိခြင်း၊ နောက်ဆုံးရသတင်းဖြစ်စေရန်အတွက် အပြီးသတ်ရမည့်အ ချိန်ကို အလွန်တင်းကြပ်စွာ သတ်မှတ်ခြင်းနှင့် နိုင်ငံရေးပါတီ၏အဖြစ်အပျက်ဆိုတိုင်း ထည့်သွင်းဖော်ပြရမည့် စံ ချိန်ဝင် သတင်းဖြစ်ထိုက်မှုဂုဏ်မရှိနိုင်ခြင်းတို့ဖြစ်သည်။

  • မျက်နှာဖုံးဆောင်းပါးများ

ဤဆောင်းပါးများသည် သတင်းကဲ့သို့ စရိုက်လက္ခဏာအတူတူပင် ဖြစ်သော် လည်း ဆောင်းပါးဖြစ်၍ ပိုရှည်သည်၊ သာမန်အားဖြင့် သတင်းအကြောင်းအရာများတွင် တွေ့ရမည်မ ဟုတ်သောအရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းပြချက်များ၊ ဖော်ပြချက်များနှင့် နောက်ခံအချက်အ လက်များကို ရေးသားတင်ပြရသည်၊ ထိုမျက်နှာဖုံးဆောင်းပါးများသည် အလျင်စလိုရေးသားစရာမလို အပ်ပါ၊ နိုင်ငံရေးပါတီဝင်တစ်ဦးသည် တစ်စုံတစ်ရာ ဘယ်လိုဖြစ်ပျက်သည်၊ သို့မဟုတ် ဘာကြောင့်ဖြစ် ပျက်သည်ကို ရှင်းပြချင်လျှင် မျက်နှာဖုံးဆောင်းပါးပုံစံကို အသုံးပြုပါက ပိုအဆင်ပြေ သည်။ မျက်နှာဖုံး ဆောင်းပါးသည် လူပုဂ္ဂိုလ်၊ အခြေအနေ သို့မဟုတ် အရေးကိစ္စအပေါ်ပိုမိုအသေးစိတ်ဝေဖန်ချက်ပေးခြင်း ဖြစ်သည်။ အခြားနည်းများဖြင့် သိချင်မှသိနိုင်မည်ဖြစ်သော ပြဿနာများ၊ အားနည်းချက်များနှင့် သ ဘောထားခံယူချက်တို့ကို မျက်နှာဖုံးဆောင်းပါးက ဖော်ပြနိုင်သည်။

  • ထင်မြင်ချက်

အရေးကိစ္စတစ်ခု​အပေါ်လူပုဂ္ဂိုလ်တစ်ဦးက ၎င်း၏ထင်မြင်ချက် သို့မဟုတ် ရှုထောင့်အ မြင်များကို ဖော်ပြကာ ရေးထားသည့် ဆောင်းပါးဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်တစ်ဦးသည် သတင်း စာဝေဖန်ချက် ရေးသားခြင်းနှင့် အယ်ဒီတာထံပေးစာများ ပို့ခြင်းအားဖြင့် ၎င်း၏ထင်သာမြင်သာမှုကို ဆက်ထိန်းထားနိုင်သည်။

သတင်းစာတွင် ဖော်ပြထားသည့် တစ်စုံတစ်ခုခုနှင့် ဆက်စပ်ပြီး ထင်မြင်ချက်စာ သို့မဟုတ် အယ်ဒီတာထံပေးစာ ပို့ခြင်းသည် လူတစ်ယောက်၏ကိုယ်ရေးမှတ်တမ်းအပြင် ထိုလူ၏လုပ်အားမှတ်တမ်းကိုပါ မြှင့်တင်ပေးသည့် နည်း လမ်းတစ်ရပ် ဖြစ်သည်။ အသံလွှင့်မီဒီယာနှင့် ရုပ်သံမီဒီယာတို့သည် သတင်းများတွင် ပါရှိသော အကြောင်းအရာ ရပ်များနှင့်ပတ်သက်ပြီး ဗဟုသုတနှံ့စပ်သည့် လူများ၏ထင်မြင်ချက်များကို ပုံမှန်ထုတ်လွှင့်ပေးကြသည်။ ထင်မြင် ချက်များသည် လူတစ်ဦး၏ အများပြည်သူနှင့် ဩဇာအာဏာကို တည်ဆောက်ပေးနိုင်သည့်အပြင် ကြောင်းကျိုး ဆီလျော်မှု၊ စည်းရုံးသိမ်းသွင်းမှုမပါ ဖြစ်နေပါက ထိုလူ၏ပုံရိပ်ကို ပျက်ယွင်းသွားစေနိုင်သည်။

  • ဆွေးနွေးခန်းများ

​​​​​​​သတင်းစာတွင်ဖြစ်စေ၊ အသံလွှင့်မီဒီယာနှင့် ရုပ်သံမီဒီယာတို့တွင်ဖြစ်စေ ဖော်ပြ ထားသော အကြောင်းကိစ္စတစ်ခုတည်းအပေါ် မတူဆန့်ကျင်ဘက်ဖြစ်နေသော ရှုထောင့်အမြင်များ ကို ရည်ညွှန်းသည်။ အသံလွှင့်နှင့် ရုပ်သံဆွေးနွေးခန်းတို့မှနေ၍ ကိုယ်စားလှယ်များ သို့မဟုတ် ပြောခွင့်ရပု ဂ္ဂိုလ်များအနေဖြင့် ကိစ္စရပ်တစ်ခုအပေါ် ငြင်းခုံဆွေးနွေးနိုင်ရုံသာမက၊ ၎င်းတို့၏အတိုက်အခံများဘက် က တင်ဆက်လာသည့် ဆွေးနွေးတင်ပြချက်များကို တန်ပြန့်ဆန့်ကျင် ဆွေးနွေးနိုင်သည့်အ ခွင့်အလမ်း တစ်ရပ်ကို ရရှိသည်။ သိုသော် လူတစ်ဦး၏ဆွေးနွေးတင်ပြချက်များက စဉ်းစားတွေးခေါ်ပုံ အားနည်းနေ လျှင် ဆွေးနွေးခန်းသည် အကျပ်ရိုက်သွားတတ်သည်၊  ထိုလူ၏တင်ပြချက်များ အရည်အသွေးပြည့်မီမှု မရှိချက်များကို အတိုက်အခံများ သို့မဟုတ် မီဒီယာဘက်က ဆိုးဆိုးရွားရွား ထုတ်ဖော်ပြလိမ့်မည်ဖြစ် သည်။

မဲဆွယ်စည်းရုံးရေးအတွက် မီဒီယာဗျူဟာများ

ကောင်းမွန်သော မီဒီယာဆက်ဆံရေးဟူသည် ပါတီများနှင့် ပါတီများပါဝင်ပတ်သက်နေသော အရေးကိစ္စများ အကြောင်း ထုတ်လွှင့်ဖော်ပြပေးသော သတင်းစာဆရာများနှင့် ပါတီများက တည်ဆောက်ယူရသော ဆက်ဆံ ရေးကို ဆိုလိုသည်။ မီဒီယာဆက်ဆံရေးကို အစီအစဉ်တကျ၊ အချိန်နှင့်တစ်ပြေးညီ တည်ဆောက်ပြီး ရှင်းလင်း တိကျသော ရည်မှန်းချက်များထားရှိကာ ဆောင်ရွက်မည်ဆိုလျှင် အကျိုးရလဒ်များ ပိုမိုကောင်းမွန်မည်ဖြစ် သည်။ အဆုံးသတ်ပရိသတ်သည် မီဒီယာ ဘယ်တော့မှ မဟုတ်သည်ကို သတိရပါ။ မီဒီယာသည် မဲဆန္ဒရှင်များ ထံ လက်လှမ်းမီရောက်ရှိရေး နည်းလမ်းတစ်ရပ်သာဖြစ်သည်။

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်များသည် သတင်းစာဆရာများနှင့် ကောင်းမွန်သောဆက်ဆံရေးရှိနိုင်သည် ဆိုသော်ငြား ရှင်းလင်းတိကျပြီး စိတ်ဝင်စားဖွယ်ရာကောင်းသည့်အဆိုအမိန့်မပေးနိုင်၍ မီဒီယာမှထုတ်လွှင့် ဖော် ပြချက်တိုင်းကို ကျေနပ်နေမည်ဟူ၍တော့ မဟုတ်ပါ။ မဲဆွယ်စည်းရုံးရေးများလုပ်စဉ် ခေါင်းဆောင်များသည် လူစိတ်ဝင်စားမည့် အကြောင်းအရာများကို ရှေ့နောက်ညီညွတ်စွာ ပြောဆိုရမည်ဖြစ်သည်။ မဲဆွယ်ဆက်သွယ် ရေးအသွင်အပြင်တိုင်းသည် အဆိုအမိန့်ကို ထင်ဟပ်သင့်သည်။

မီဒီယာနှင့် ထိတွေ့ခြင်း

နိုင်ငံရေးပါတီများသည် ၎င်းတို့တွင်ရှိသော မီဒီယာကို ဆွဲဆောင်နိုင်သည့်အလားအလာများကို လျှော့တွက် တတ်ကြသည်။ ထို့အပြင် မီဒီယာသည် ရှင်သန်ရပ်တည်ရန် သတင်းများကို လိုအပ်သည်၊ တစ်ချိန်လုံး သ တင်းအကြောင်းအရာများကို လိုက်ရှာရသည်။ နိုင်ငံရေးပါတီများတွင် ကြီးမားသောကွန်ရက်များရှိပြီး အမျိုး မျိုးသော ပါဝင်လှုပ်ရှားကြသူများ၊ မဲဆန္ဒရှင်ပြည်သူများနှင့်ပတ်သက်ဆက်ဆံရသည်။ နိုင်ငံရေးပါတီများတွင် သတင်းအချက်အလက် ကြွယ်၀ပြီး ၎င်းတို့၏အတွေးအမြင်များ၊ ပါတီဝင်များ သို့မဟုတ် လှုပ်ရှားဆောင်ရွက် ချက်များအကြောင်း သတင်းဖြစ်ထိုက်သောအကြောင်းအရာများကို မီဒီယာထံ ထုတ်ပေးနိုင်သည်။

နိုင်ငံရေးပါတီများရှိ ဆက်သွယ်ရေးအရာရှိများသည် မိမိတို့ဖတ်ရှု၊ စောင့်ကြည့်ပြီး နားစွင့်နေသည့်အတိုင်း မီဒီ ယာကို လေ့လာဆန်းစစ်ခြင်းဖြင့် မီဒီယာ၏ဆွဲဆောင်နိုင်ဖွယ်ရာအလားအလာကို တိုးမြှင့်ပေးနိုင်သည်။ သ တင်းထောက်များ၊ ထုတ်လုပ်သူများနှင့် စာတည်းမှူးများ၏လိုအပ်ချက်ကို အမှန်နားလည်ကြသူများသည် သ တင်းအဖြစ် ထုတ်လွှင့်ဖော်ပြခံရရန် အလားအလာပိုကောင်းသောအခွင့်အရေးတစ်ရပ်ရှိသည်။ မီဒီယာနှင့် ကောင်းမွန်သောဆက်ဆံရေးကို ထူထောင်မည်ဟူသော ဇွဲလုံ့လရှိခြင်း၊ သန္နိဋ္ဌာန်ချယုံကြည်မှုနှင့် ဆက်သွယ် ရေးအတတ်ပညာ ကျေပွန်ခြင်းတို့သည် မီဒီယာကို ဆွဲဆောင်နိုင်သည်။ အောက်တွင် မီဒီယာနှင့် စတင်ထိတွေ့ ရေးအတွက် လုပ်ဆောင်ရမည့်ဆောင်ရွက်ချက်စာရင်းတစ်ခုကို တင်ပြလိုက်သည်။

မီဒီယာစာရင်း ပြုစုပါ

မီဒီယာမှတ်စုစာအုပ်ထားပြီး အသုံးပြုနိုင်မည့် ရုပ်သံ၊ အသံလွှင့်နှင့် ပုံနှိပ်မီဒီယာများနှင့်ပတ်သက်ပြီး သိထား သမျှအချက်အလက်အချို့ကို စုဆောင်းပါ။ ဥပမာ မည်သည့်သတင်းအကြေငာ်းအရာမျိုးကို ဖော်ပြရန် မီဒီယာ အဖွဲ့အစည်းများက စိတ်ဝင်စားကြသနည်းဟူ၍ဖြစ်သည်။

ပါတီတစ်ရပ်သည် မီဒီယာအစီအစဉ်တစ်ခုကို ရေးဆွဲမည်ဆိုလျှင် အတူလက်တွဲလုပ်နိုင်မည့် မီဒီယာအားလုံးပါ ဝင်သောစာရင်းတစ်ခုကို ပြုစုရန်လိုအပ်သည်။ သာမန်လမ်းကြောင်းများဖြစ်သော သတင်းစာ၊ အသံလွှင့်ဌာန များ၊ ရုပ်သံအစရှိသည်တို့ကို အများအားဖြင့် လူသိများသည်။ သို့သော် သတင်းလွှာများ၊ မဂ္ဂဇင်များ၊ ဝက်ဘ် စာမျက်နှာများနှင့် အခြားမီဒီယာလမ်းကြောင်းတို့ကိုလည်း ပါတီများက အလှမ်းမီအသုံးချနိုင်ပါသည်။

ဆွေးနွေးပွဲပြုလုပ်ပြီး လူတိုင်းဆီက အကြံပြုချက်များကို တောင်းယူပါ။ ယနေ့ခေတ်တွင် အင်တာနက်သည် သတင်းအချက်အလက်အတွက် လမ်းကြောင်းသစ်ပေါင်းများစွာကို ပေးနေပြီဖြစ်ရာ နိုင်ငံရေးပါတီများအနေ ဖြင့် ထိုလမ်းကြောင်းသစ်များနှင့်ထိတွေ့နိုင်အောင် ကြိုးစားသင့်သည်။ ရွေးချယ်စရာတစ်ခုမှာ မဲဆန္ဒရှင်များ နှင့် ထောက်ခံသူများနှင့် အဆက်အသွယ်မပြတ်စေရန် ဖေ့ဘွတ်စာမျက်နှာ ဖွင့်ထားရန်ဖြစ်သည်။ ပါတီတွင်  လူအများ သတင်းအချက်အလက်ရနိုင်သော၊ ပါတီသတင်းများ ဖတ်နိုင်သော၊ ငွေကြေးပါဝင်လှူဒါန်းနိုင် သို့မ ဟုတ် မည်သို့ ပူးပေါင်းပါဝင်ရမည်ကို သိနိုင်သော ဝက်ဘ်စာမျက်နှာတစ်ခုလည်း ရှိသင့်သည်။

လူပုဂ္ဂိုလ်အဆက်သွယ်များ

လူထုအခြေပြုမီဒီယာနှင့် ဆက်သွယ်နိုင်ရေး အထိရောက်ဆုံးနည်းလမ်းမှာ သတင်းစာဆရာများနှင့် သိကျွမ်း ထားရန်၊ အလားတူပုဂ္ဂိုလ်များနှင့် ပုံမှန် ဆက်သွယ်ပြီး သတင်းပေးရန်တို့ပင် ဖြစ်သည်။ သတင်းစာဆရာများ သည် ပါတီကပေးသော အချက်အလက်၌ သတင်းဖြစ်ထိုက်မှုကို တွေ့မိလိုက်လျှင် ပါတီ၏ပြင်ပဆက်ဆံရေး ဌာနကို သတင်းရရှိရေး အရင်းအမြစ်ကောင်းတစ်ခုအဖြစ် တန်ဖိုးထားလိမ့်မည်၊ ထို့နောက် သတင်းစာဆရာ များသည် သတင်းအတွက်တင်မက၊ ဆောင်းပါးများရရှိရေးအတွက်ပါ အဆိုပါပြင်ပဆက်ဆံရေးဌာနများထံ စ တင်ဆက်သွယ်လာနိုင်သည်။ သတင်းစာဆရာများသည် နိုင်ငံရေးနယ်ပယ်တွင်း ဖြစ်ပျက်နေသည်များကို မ ပြတ်တမ်းသိရှိနိုင်ရေးအတွက် အဆိုပါပြင်ပဆက်ဆံရေးဌာနများကိုပင်ဆက်သွယ်လာနိုင်သည်။

မီဒီယာရုံးဌာနများသို့ အလည်အပတ်သွားရောက်ပါ

ဒေသန္တရသတင်းစာ၊ အသံလွှင့် သို့မဟုတ် ရုပ်သံရုံးဌာနများမှ ဖိတ်ကြားပါက ယဉ်ကျေးပျူငှာစွာ လက်ခံပါ။ မီ ဒီယာအချို့သည် ပုံမှန်အယ်ဒီတာအစည်းအဝေးများကို ပြုလုပ်ကြသည်။ ဖြစ်နိုင်လျှင် အယ်ဒီတာဌာနများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ကြည့်ပါ။ မလွယ်ကူသော်လည်း ကြိုးစားကြည့်သင့်သည်။

ကိုယ်စားလှယ်နှင့်အတူ ကွင်းဆင်း ခရီးသွားလာရန် သတင်းထောက်များကို ဖိတ်ကြားပါ။

ဤသို့ ပုဂ္ဂိုလ်ရေးအရဝင်ရောက်မှုသည် သတင်းထောက်များအတွက် ပါတီ၏နေ့တဓူ၀လုပ်ငန်းစီမံလည်ပတ် ပုံများကို အတွင်းကျကျကြည့်ခွင့်ရမည် ဖြစ်သည်။ ဤအချက်သည် ကိုယ်စားလှယ် သို့မဟုတ် ပါတီ၏အား သာချက်များကို မြှင့်တင်နိုင်မည့် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်သည်။ ကိုယ်စားလှယ်၏လုပ်ငန်းစဉ်ကို ကျ ကျနန စီစဉ်သတ်မှတ်ထားပြီး အနီးကပ်စစ်ဆေးကြည့်နိုင်သည်ဆိုလျှင် ဤနည်းဗျူဟာက အသုံးဝင်သည်။

ပါတီနှင့် ယင်း၏ကိုယ်စားလှယ်များ လုပ်ကိုင်ဆောင်ရွက်နေသည်များကို မီဒီယာ သိအောင်လုပ်ဆောင်ပါ။

ပါတီများ၊ မဲဆွယ်စည်းရုံးရေးများ သို့မဟုတ် ကိုယ်စားလှယ်များသည် ဖြစ်လာနိုင်ဖွယ်ရာကိစ္စများကို ရှင်း လင်းတင်ပြရေးအတွက် အနည်းဆုံး ၂၄ နာရီ ကြိုတင်၍ သတင်းမီဒီယာတိုင်းဆီ အပတ်စဉ်လုပ်ငန်းစဉ်တစ် ရပ်ကို ထုတ်ပြန်ပေးနိုင်သည်။

မီဒီယာနှင့် ထိတွေ့ရေးအတွက် ကိရိယာများ

မီဒီယာနှင့် ထိတွေ့ရာတွင် အောက်ပါသီးခြားကိရိယာများကလည်း အသုံးဝင်သည်။

တယ်လီဖုန်း

မီဒီယာနှင့်ဆက်ဆံရေးထူထောင်ပြီးသည်နှင့် အထူးသတင်း(၎င်းတို့အတွက်သာ)အကြောင်းအရာတစ်ရပ်ကို  အကောင်းဆုံးဖြစ်နိုင်မည့်အဆက်အသွယ်ထံ ပြောပါ။ အချိန်ကို ကန့်သတ်ထားရမည်။ အများအားဖြင့် အချိန် နှစ်စက္ကန့် သို့ စကားလုံး ၄၀ အများဆုံးဖြင့် သတင်းတစ်ပုဒ်ကို သတင်းစာဆရာ စိတ်ဝင်စားမှုရှိအောင် ပြောရ မည်။ ဆိုလိုသည်မှာ ပါတီပြောခွင့်ရပုဂ္ဂိုလ်များ သို့မဟုတ် ကိုယ်စားလှယ်များသည် ၎င်းတို့၌ပြောစရာတစ်ခုခု ရှိလျှင် မီဒီယာကိုသာ ပြောသင့်သည်ဟု ရည်ရွယ်ရင်းဖြစ်ပါသည်။

နောက်ထပ်ရွေးချယ်စရာတစ်ခုမှာ သတင်းစာဆရာတစ်ဦးထံ ဖုန်းဆက်ပြီး ရေပန်းစားကိစ္စတစ်ရပ်အပေါ် မှတ်ချက်ပေးချင်၊မချင်၊ သို့မဟုတ် မိမိတို့ပါတီ လုပ်ကိုင်ဆောင်ရွက်နေသည့်အရာကို စုံစမ်းလိုစိတ်ရှိ၊မရှိမေး မြန်းရန်ဖြစ်သည်။ အများအားဖြင့် သတင်းတစ်ပုဒ် ထွက်လာသောအခါ သတင်းထောက်များသည် အဆိုပါသ တင်းကို သူ့ထက်ငါ အလုအယက်ဖြင့် အလျှင်အမြန်ရရှိရေး ကြိုးစားမည်ဖြစ်သည်။ ပါတီတစ်ခုတွင် သတင်း ထောက်များနှင့် ဆက်ဆံရေးကောင်းရှိထားပါက သင့်တော်သလို ပါတီအဖွဲ့ဝင်များက ဖုန်းကောက်ဆက်ပြီး  ထိုအချိန်တွင်သာ ဖြစ်ပျက်နေသည့် သတင်းဇာတ်လမ်းတစ်ပုဒ်အပေါ် ထုတ်ပြန်ချက် သို့မဟုတ် မှတ်ချက်စ ကားကို ဖွင့်ထုတ်ပြောဆိုနိုင်သည်။

သတင်းထုတ်ပြန်ချက်များနှင့် ကြေညာချက်များ

ထုတ်ပြန်ကြေညာချက်ဟူသည် သတင်းစာဆရာများ အသုံးပြုသည့် ဟန်အတိုင်း လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်က ရေးသားသောစာဖြစ်သည်။ အများအားဖြင့် မည်သည့်အရာ၊ မည်သည့်နေရာ၊ မည် သည့်အချိန်၊ မည်သို့နှင့် မည်သည့်အတွက်ကြောင့်ဟူသော “ဘငါးလုံး” မေးခွန်းကို တုံ့ပြန်ဖြေကြားခြင်း ဖြစ်ပါ သည်။  ထုတ်ပြန်ကြေညာချက်ကို ရေးသားရာတွင် အရေးပါသောအချက်အလက်များနှင့်အများစု စတင်စီစဉ်ရ သည်။ သတင်းထုတ်ပြန်ချက်သည် တိကျရမည်၊ မျှတရမည်၊ သမာသမတ်ကျရမည်၊ စိတ်ဝင်စားစရာ ကောင်း ရမည်၊ ကြောင်းကျိုးဆက်စပ်မှုရှိရမည်။ ရေးသောဘာသာစကားသည် စိတ်ခံစားချက်မပါ သင့်ပါ။

မီဒီယာထံ နိုင်ငံရေးပါတီများ ပေးပို့သော အချက်အလက်သည် သတင်းစာဆရာက အနည်းနှင့်အများ မတို့မ ထိရသေးဘဲ အသုံးပြုနိုင်သော ပုံစံတစ်ခုအတွင်း ဖြစ်နေရမည်။ ဤသည်မှာ ဖြစ်လာမည့် တစ်စုံတစ်ရာအ ကြောင်း သတင်းအချက်အလက် သို့မဟုတ် ဖြစ်ပြီးဖြစ်သော တစ်စုံတစ်ရာအကြောင်း မှတ်ချက်တစ်ခုဖြစ် သည်။ အီးမေးလ်၊ ဖက်စ် သို့မဟုတ် ပေးစာဖြင့် ပို့ပါ။ သတင်းထုတ်ပြန်ချက်များသည် အောက်ပါအတိုင်းဖြစ်သင့်သည်-

  • တိုတိုရေးပါ - သတင်းထုတ်ပြန်ချက်သည် အေဖိုးစာရွက်တစ်ရွက်ထက် ပိုများ၍မရပါ။
  • အရေးကြီးဆုံအချက်ကို ပထမဆုံးထားပါ၊ ပထမဆုံးစာပိုဒ်တွင် အရေးကြီးဆုံးအချက်အလက်များကို ရေးပါ၊ ဆိုလိုသည်မှာ မည်သည့်အရေးကိစ္စဖြစ်ကြောင်း ပြောရမည်၊ ထို့နောက် ကျန်ရှိသည့်ထုတ်ပြန် ချက်ကို စာဖတ်သူ ဖတ်လာအောင် စည်းရုံးရမည်။ ထုတ်ပြန်ချက်တွင် ဖြစ်ပျက်သွားသောတည်နေရာနှင့် ရက်ကို ထည့် သွင်းရမည်။ ပါတီအမှတ်တံဆိပ်နှင့်အမည်ကလည်း ထင်ထင်ရှားရှားဖြစ်သင့်သည်။ သတင်းစာတွင် ပုံနှိပ်ဖော် ပြချင်သည်ဆိုပါက ပြတ်သားထင်ရှားစွာ မြင်ရမည့် ပါတီအမှတ်တံဆိပ်ပုံစံကို သီးခြားပေးပို့/ ထည့်သွင်းခြင်းက အတွေးကောင်းတစ်ခုလည်း ဖြစ်နိုင်သည်။
  • အကြောင်းအရာတစ်ခုကိုထည့်ပါ၊ အရေးကိစ္စတစ်ခုကို အာရုံစိုက်ပြီး စာသားတိုတိုနှင့် အားကောင်း ကောင်းဖြင့် ရေးပါ။
  • ပို့သူ၊ သတင်းထုတ်ပြန်ချက်ကို မည်သူက လုပ်သည်၊ မည်သည့်အချိန်တွင် ပို့သည်ကို တိကျရှင်းလင်း စွာလုပ်ဆောင်ပါ၊ ထို့နောက် မေးခွန်းများကို တုံ့ပြန်ဖြေကြားနိုင်သည့် လူပုဂ္ဂိုလ်တစ်ဦး၏အသေးစိတ် အချက် များကို ဆက်သွယ်ပါ။ ယင်းပုဂ္ဂိုလ်သည် ဝင်ရမခက်ခဲသောသူဖြစ်ရမည်၊ သို့မဟုတ် ပါတီသည် မီဒီယာ လက်သင် သဖွယ်ဖြစ်နေရမည်။

သတင်းခန်းများသည် တစ်ရက်တည်းတွင် သတင်းထုတ်ပြန်ချက်ရာနှင့်ချီ၍ လက်ခံရရှိသည်။ အများစုသည် စွန့်ပစ်အမှိုက်ပုံးထဲ ဇာတ်သိမ်းသွားကြသည်။ သတင်းထုတ်ပြန်ချက်သည် ပုဂ္ဂိုလ်ရေးနှင့်မနွှယ်သောထုတ်ပြန် ချက်ဖြစ်တတ်သဖြင့် မီဒီယာထံ မပို့ခင် သတင်းပါအကြောင်းအရာကို တယ်လီဖုန်းဆက်ကာ ဇောင်းပေးမိတ် ဆက်ပြောပြထားပါက အကောင်းဆုံးဖြစ်သည်။

မီဒီယာဆက်ဆံရေးနယ်ပယ်အတွင်း အလေ့အကျင့်ကောင်းတစ်ခုအဖြစ် အမြဲတစေ ထားရှိပြီး ဖြန့်ဝေရမည့် အရာမှာ အိတ်ကပ်များပါသော စာဖိုင်တစ်ခုဖြင့် press kits များထည့်ထားခြင်းဖြစ်သည်၊ ယင်း စာနယ်ဇင်း သုံး press kits တွင် နောက်ခံမှတ်စုတို၊ လက်ရှိဓာတ်ပုံများ၊ နာမည်များပါသော ဝန်ထမ်းရေးရာအချက်အလက်၊ ရာထူးမြင့်ဝန်ထမ်းနှင့် ရုံးဌာန၏ဖုန်းနံပတ်များ၊ အရေးပါသော ကိုးကားစာအနည်းငယ်၊ ကြော်ငြာစာစောင်၊ ကားဘန်ပါစတေကာများကဲ့သို့ အခြားလူသိများအောင်ပြုလုပ်သည့်ပစ္စည်းများနှင့် မဲဆန္ဒနယ်မြေ ဖော်ပြချက်နှင့် လမ်းပြမြေပုံတစ်ခုတို့ ပါဝင်ရမည်။

တစ်ခါတစ်ရံ နိုင်ငံရေးပါတီများသည် အချက်အလက်များကို တင်ပြချင်ပြီး ပြဿနာတစ်ခုအပေါ် ပါတီ၏ရပ် တည်ချက် သို့မဟုတ် ရှုထောင့်အမြင်တို့ကို ရှင်းပြချင်ကြသည်။ အစီရင်ခံစာတစ်ခု သို့မဟုတ် အချက်အလက် များပါဝင်သည့် ​နောက်ခံစာတစ်ရွက် စုဆောင်းခြင်းသည် သတင်းစာဆရာ၏အလုပ်ကို အများကြီးပိုမိုလွယ် ကူစေပြီး ယင်းသို့ပြုလုပ်ခြင်းက တန်ဖိုးထားခံရတတ်သည်။

ဒေသန္တရအဆင့်တွင် အချက်အလက်များကို တင်ပြသည့်အခါ သတင်းအဖြစ်ဖော်ပြရန်အတွက် ယင်းသတင်း က ဒေသန္တရရပ်ရွာလူထုအပေါ် မည်သို့သက်ရောက်မည်ဟူသောအချက်ကို အလေးထားကြည့်မြင်သည့် ရှုထောင့် မှတင်ပြရန် အရေးကြီးသည်။ သတင်းစာဆရာများသည် နိုင်ငံရေးပါတီများက ပေးပို့သောအစီရင်ခံ တင်ပြချက်များကို သတင်းအဖြစ်အသုံးချရန် သံသယရှိကာ ဝန်လေးတတ်ကြသည်။ ပေးပို့သောအစီရင်ခံချက်  အပေါ် ယုံကြည်စိတ်ချရနိုင်မှု မြင့်မားစေရန်အတွက် တစ်ဖက်တွင် နိုင်ငံရေးသုံးသပ်မှတ်ချက်ပေးခြင်းနှင့် အခြား တစ်ဖက်တွင် ကိန်းဂဏန်းစာရင်းများကဲ့သို့ သိထားသောအချက်အလက်များကြား ရှင်းရှင်းလင်းလင်း ခွဲခြားပြီး ရေးသားရန်အရေးကြီးသည်။ အဆိုပါကိစ္စမျိုးများတွင် အချက်အလက်အားလုံးကိုရရှိသည့် အရင်းအမြစ်များကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့်သည်။

ရုပ်သံနှင့် အသံလွှင့်တွေ့ဆုံမေးမြန်းခန်းများ

နိုင်ငံရေးသမားများသည် အကြိမ်ကြိမ် တွေ့ဆုံမေးမြန်းခံရသည်။  သတင်းစာဆရာများကလည်း တွေ့ဆုံမေး မြန်းခန်းများကို အသုံးချကာ သတင်းအကြောင်းအရာများကို တင်ပြနိုင်စေမည့် အချက်အလက်တို့ကို ရယူစု ဆောင်းကြသည်။ တွေ့ဆုံမေးမြန်းမှုပြုလုပ်ချိန်တွင် လိုက်နာရမည့်စည်းကမ်းတစ်ခုမှာ နားစိုက်ထောင်၊ နားစိုက် ထောင်၊ နားစိုက်ထောင်ပါဟူ၍ဖြစ်သည်။ အမြင်အားဖြင့် ရိုးရှင်းပုံရသော်လည်း လက်တွေ့တွင် အဆင်ပြေပြေ လိုက်နာဆောင်ရွက်ရန် အရေးကြီးဆုံးအချက်ဖြစ်ရုံတင်မက၊ အခက်ခဲဆုံးအရာတစ်ခုလည်း ဖြစ်နေတတ်ပါ သည်။ အမှန်စင်စစ်တွင် တွေ့ဆုံမေးမြန်းသူကို နားထောင်နေခြင်းကြောင့် တွေ့ဆုံမေးမြန်းမှုမစတင်ခင် ပြင်ဆင် ထားသော ထုတ်ပြန်ချက်များနှင့် အချက်အလက်များအကြောင်း ဆွေးနွေးပြောဆိုမရဖြစ်သွားသည်။ မေးခွန်း များကို နားစွင့်ပြီး ပိုမိုကောင်းမွန်စွာ တုံ့ပြန်ဖြေကြားသော ဖြေကြားသူများသည် ရုပ်သံ သို့မဟုတ် အသံလွှင့် ပရိ သတ်အမြင်တွင် အထင်ကြီးစရာဖြစ်ရသည်။ ပြည်သူကို နားလည်သောလူဟူ၍ မြင်ခံရသည်။ တိုက်ရိုက် တွေ့ဆုံမေးမြန်းခန်းလုပ်နေစဉ် အလွန်ရိုးရှင်းသော်လည်း အလွယ်ပင်မေ့သွားနိုင်သည့် စည်းမျဉ်းအချို့ရှိသည်။

1.  မည်သည့်အခါမှမုသားမပြောပါနှင့်၊ နိုင်ငံရေးသမားများသည် ဒုက္ခရောက်နေသောအခြေအနေမျိုး တွင် မုသားသုံး၍ရှောင်ထွက်ရန် ကြိုးစားကြသော သာဓကများရှိသည်။ အကြောင်းမူ အမှန်တရား သည်ဘယ်သောအခါမှ မဆိတ်သုဉ်းခြင်းကြောင့်ဖြစ်သည်။

2.    မိမိထုတ်ပြန်ချက်များဘက်က ရပ်တည်ပါ၊ မေးမြန်းခံရသူက တစ်ခုခုမသိလျှင် မသိကြောင်း ပြောရ မည်။ အစစအရာရာကို သိစရာမလိုပါ။ မသိကြောင်း ဝန်ခံခြင်းသည် အားနည်းချက်မဟုတ်၊ အားသာ ချက်ဖြစ်သည်။ မေးမြန်းခံရသူသည် မိမိမဆွေးနွေးလိုသော သို့မဟုတ် မိမိပိုင်နိုင်ကျွမ်းကျင်မှုမရှိသော အကြောင်းအရာများအကြောင်း ရှင်းရှင်းလင်းလင်း ရှိထားသင့်သည်။ မေးမြန်းခံရသူသည် အစဉ် ရိုးသား မှုရှိသင့်ပြီး မေးခွန်းများကို မကွယ်မဝှက် ပွင့်ပွင့်လင်းလင်း ဖြေကြားသင့်သည်။ မေးခွန်းအတွက် အဖြေ ကို မသိလျှင် မသိပါဟု ပြောသင့်သည်။ ဖြစ်နိုင်လျှင် သိအောင်ကြိုးစားပြီး တတ်နိုင်သမျှမြန်မြန် အ ကြောင်းပြန်မည့်အကြောင်း ပြောသင့်သည်။

3.  နားလည်မှုရှိအောင် လုပ်ပါ။ မေးမြန်းခံရသူသည် မိမိ၏ရှင်းလင်းဖြေကြားချက်က ရှင်း၊မရှင်း သို့မ ဟုတ် နောက်ထပ်ရှင်းလင်းဖြေကြားချက်ပေးရန် လိုအပ်၊ မလိုအပ် သတင်းထောက်ကို မေးမြန်းရန် စိုးရိမ်မနေသင့်ပါ။ ပြောချင်သောအကြောင်းအရာက နားမရှင်းဟု မေးမြန်းခံရသူက ထင်မြင်လျှင် သ တင်းထောက်အား ပြန်ရှင်းပြန်ခိုင်းနိုင်သည်၊ ထို့နောက် နားလည်မှုလွဲသွားသောဆိုလိုရင်းအချက် များကို ရှင်းလင်းပြောပြနိုင်မည်ဖြစ်သည်။

4.  အမှားကို ဝန်ခံပါ၊ မေးမြန်းခံရသူသည် အမှားဖြစ်သွားပါက သတင်းစာဆရာက ထောက်ပြသည်ကို စောင့်နေခြင်းထက် မိမိကိုယ်တိုင် အမှားကို ဝန်ခံသင့်သည်။  သာမန်ကြည့်ရှုသူ သို့မဟုတ် နား ထောင်သူ၏အမြင်တွင် ပါတီ၏အထင်ကြီးစရာပုံရိပ်က မည်သို့ဖြစ်မည်ကို ပြန်ပြောင်းစဉ်းစားသင့် သည်။ ပါတီ၏အမှားများကို လျစ်လျူမရှုသင့် သို့မဟုတ် မငြင်းပယ်သင့်ပါ။ အတိတ်ကအမှားများနှင့် စပ်လျဉ်း၍ ပွင့်လင်းမှုရှိခြင်းသည် ရိုးသားပြီးတာဝန်ယူတတ်ခြင်းဖြစ်သည်ဟု လူအများက ထင်မြင် လေးစားသည်။

5.  ရိုးရိုးရှင်းရှင်းဖြင့် တိုက်ရိုက် တုံ့ပြန်ပါ၊ ကိုယ့်မူအတိုင်းနေပါ၊ မေးမြန်းခံရသူများသည် ရိုးရိုးရှင်းရှင်း၊ တိုက်ရိုက်ပြောခြင်းဖြင့် သုံးသည့်ဘာသာစကားကို ချွေတာသင့်သည်။ တွေ့ဆုံမေးမြန်းခန်းတစ်ခုအ တွက် အကောင်းဆုံးပြင်ဆင်နည်းမှာ ဖော်ပြရန်အတွက် အရေးကြီးဆုံးဖြစ်သည့် အဓိကလိုရင်းနှစ်ချက် သို့ သုံးချက်ကို ထုတ်နှုတ်သတ်မှတ်ထားခြင်းဖြစ်သည်။ တွေ့ဆုံမေးမြန်းခန်းမစခင် အဆိုပါ ထုတ်နှုတ် ချက်များကို အချက်အလက်များ၊ သာဓကဖြစ်ရပ်များနှင့်အတူတွဲ၍ စာရွက်ပေါ် ချရေးထားသင့်သည်။ မေးမြန်းခံရသူသည် အတွေးအမြင်တစ်ရပ်၏အနှစ်သာရကို အရောင်အသွေးစုံအင်ပြည့်အားပြည့် ခိုင်ခိုင် မာမာ ကိုးကားဖော်ပြချက်များကို ဖန်တီးပြပြီး တွေးစရာအချို့ကို ပေးသင့်ပါသည်။ တကယ်တမ်း တွင် တွေ့ဆုံမေးမြန်းခန်းတစ်ရပ်၌  ပြောချင်သည့်အကြောင်းအရာအာဘော်က အဓိကကျသည်။ မေးမြန်း ခံရသူက ‘ငါပေးချင်တဲ့ အကြောင်းအရာက ဘာလဲ’၊ ဘယ်အကြောင်းအရာကို ငါက ဖော်ပြချင်တာလဲ၊ တွေ့ဆုံမေးမြန်းခန်းကနေ နားထောင်သူ သို့မဟုတ် ကြည့်ရှုသူက ဘာကို ယူသွားသင့်တာလဲ၊ ဘယ်လိုခေါင်းစီးအကြောင်းအရာမျိုးကို ငါက ရည်ရွယ်ပြောမလဲအစရှိသည့် မေးခွန်းများကို အမြဲမေး သင့်သည်။ တွေ့ဆုံမေးမြန်းခန်းပြုလုပ်နေချိန်အတွင်း ပရိသတ်ကို စိတ်ထဲထည့်ထားရန် အရေးကြီး သည်။ တစ်နည်းအားဖြင့် ရှင်းလင်းသောဘာသာစကား၊ ရိုးရှင်းသောသာဓကများသုံး၍ ဖြေကြားခြင်း က ပိုကောင်းသည်။ နိုင်ငံရေး သို့မဟုတ် ပညာရပ်အသုံးအနှုန်းကို ရှောင်ရှားသင့်သည်။

6. ကျစ်လျစ်ပြီးလိုရင်းတိုရှင်းပြောပါ၊ ရှုပ်ထွေးသောကိစ္စရပ်တိုင်းသည် အမြဲတစေ တစ်ခုတည်းသော အနှစ်ချုပ်အကြောင်အရာတစ်ရပ်အဖြစ် လျှော့ချဖော်ပြ၍ရနိုင်သည်။ မေးမြန်းခံရသူများသည် မိမိတို့ ၏ အဓိကဆိုလိုရင်းအချက်များကို ရှင်းရှင်းလင်းလင်း၊ ကျစ်ကျစ်လျစ်လျစ်ဖြင့် လိုတိုရှင်းဖော်ပြရေးကို အလေးထားသင့်ပြီး အဆိုပါလိုတိုရှင်းဆိုလိုရင်းအချက်များကို လက်တွေ့အချက်အလက်၊ ကိန်းဂဏန်း များ သို့မဟုတ် သာဓကများဖြင့် ပံ့ပိုးပြင်ဆင်ထားသင့်သည်။ သတင်းထောက်၏မေးခွန်းများက ပါ တီ သို့မဟုတ် ကိုယ်စားလှယ်ဆိုလိုချက်နှင့် မကိုက်ဖြစ်နေလျှင် မေးမြန်းခံရသူက ဦးဆောင်ပြီး  သတင်း ထောက်၏မေးခွန်းကို မိမိ၏ဆိုလိုရင်းအချက်နှင့် ချိတ်ဆက်ပေးသည့်တံတားတစ်စင်းသဖွယ် ဆောင် ရွက်သင့်ပါသည်။

7. ထုတ်ပြောပြနိုင်သည့်အရာနှင့်ပတ်သက်ပြီး အကန့်အသတ်ရှိသည်ကို သတိပြုပါ၊ မေးမြန်းခံရသူ သည် ထုတ်ပြော၍ရနိုင်သည့်အရာ၊ လုံး၀ပြောမရနိုင်သည့်အရာနှင့်စပ်လျဉ်း၍ ကြိုတင်သိအောင် လုပ် ထားသင့်သည်။ ပါတီဖွဲ့စည်းပုံ၏ထိပ်ပိုင်းတွင်ရှိသူမဟုတ်ပါကမေးမြန်းခံရသူသည် မိမိ၏လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းရှိထားရမည်။ လုပ်ပိုင်ခွင့်က မရှင်းလင်းလျှင် တွေ့ဆုံမေးမြန်းခန်းကို အာမခံမပေးထားပါက ဉာဏ်ရှိရာကျပါလိမ့်မည်။ မေးမြန်းခံရသူအတွက် မေးမြန်းခန်းစတင်ချိန်တွင် မိမိ တို့အကြောင်း၊ ပါတီအကြောင်း သို့မဟုတ် မဲဆွယ်ရေးအကြောင်း ပြောမည်၊မပြောမည်ကို ရှင်းလင်း အောင်ပြင်ဆင်ထားရန် အရေးကြီးသည်။

8.  သွေးထိုးလှုံ့ဆော်ခြင်း သို့မဟုတ် လှည့်စားခြင်းမျိုး မလုပ်ပါနှင့်၊ သတင်းစာဆရာကို ဒေါသထွက် ခြင်းသည် အဓိပ္ပာယ်မရှိပါ။ မေးမြန်းခံရသူက ရန်လိုစိတ်ကြီးနေလျှင် သတင်းစာဆရာက လူအားလုံး ၏စာနာသနားမှုကို ရရှိသွားလိမ့်မည်။

9.   မေးမြန်းခန်းတွင် ဟာပေါက်များကို မဖြည့်ပါနှင့်၊ မေးမြန်းနေချိန်အတွင်း မေးမြန်းသူက စကားရပ် သွားပုံရလျှင် ဖြေကြားသူအနေဖြင့် ဟာပေါက်တစ်ခုခုဖြစ်သွား၍ လိုက်ဖြည့်ပြောနေရသည်ဟု ထင် မြင်သွားနိုင်သည်။ ထိုသို့ဖြစ်ခြင်းကို ရှောင်သင့်သည်။ မေးမြန်းခံရသူကို ၎င်းတို့ ဆန္ဒရှိသည်ထက် ပို၍ ပြောခိုင်းခြင်းက မေးမြန်းခန်း၏နည်းပရိယာတစ်ခုဖြစ်သည်။

10.   ‘ဝန်ပိလေးလံသော’မေးခွန်းများလာမည်ကို သတိပြုပါ၊ သတင်းစာဆရာက မေးမြန်းခံရသူကို ရုတ် တရက် အမှုမဲ့အမှတ်မဲ့ သဘောတူခိုင်းသည့်အယူအဆတစ်ခုပါဝင်သော မေးခွန်းမျိုးကို မေးတတ်ပါ သည်။ ဥပမာ “ခင်ဗျားပါတီက အလုပ်လုပ်ပုံမဟုတ်ဘူး။ အဲဒီအတွက် ခင်ဗျား ဘာများ စီစဉ်ထား သလဲ”ဟူသောမေးခွန်းမျိုးဖြစ်သည်။ မေးမြန်းခန်းလုပ်ချိန်တွင် ထိုကဲ့သို့မေးမြန်းပုံနည်းပရိယာယ်ကို သတိပြုမိရန် အရေးကြီးသည်။ သတင်းစာဆရာ၏ယူဆချက်များကို လျစ်လျူလည်းမရှုသင့်၊ မငြင်း လည်းမငြင်းပယ်သင့်ပါ။

11. မေးမြန်းခန်းအဆုံးသတ်ကို သတိရှိနေပါ၊ မေးမြန်းခံရသူ သို့မဟုတ် သတင်းစာဆရာက တံခါးပေါက် မှ ထွက်မသွားမချင်း မေးမြန်းခန်း ဘယ်သောအခါမှ မပြီးဆုံးသေးပါ။ သတင်းစာဆရာများသည်  မေးမြန်းခန်းအဆုံးသတ်ပြီးနောက် သတင်းဖြစ်ထိုက်သောထုတ်ပြောချက်များကို ရယူချင်တတ်ကြ သည်။ ဥပမာ သတင်းစာဆရာသည် အသံဖမ်းစက်ကို ပိတ်လိုက်ပြီး အင်္ကျီအိတ်ကပ်ထဲထည်လိုက် ပြီးနောက် တံခါး၀ရောက်ကာမှ သူ သို့မဟုတ် သူမက ရပ်ပြီး ‘ပါတီခေါင်းဆောင်နဲ့ပတ်သက်ပြီး ခင် ား တကယ်တမ်း ဘယ်လိုထင်သလဲ” ဟု မေးတတ်သည်။

12.   မေးမြန်းသူ၏မေးခွန်းများကို အဖြေများတွင် ထည့်သွင်းပါ၊ တွေ့ဆုံမေးမြန်းခန်းများနှင့်ရင်ဆိုင်ရာ တွင် ပိုမိုကောင်းမွန်ပြီး မိမိ၏ဇာတ်လမ်းအကြောင်းအရာ ထည့်သွင်းဖော်ပြခံ(အထူးသဖြင့် ရုပ်သံအ တွက်)ရနိုင်ခြေကို မြှင့်တင်ပေးနိုင်သည့် နောက်ထပ်နည်းပရိယာယ်မှာ သင်ပေးလိုက်သော အဖြေထဲ မေးမြန်းခန်း၏မေးခွန်းကို ထည့်ထားရန်ဖြစ်သည်။ ဥပမာပြရလျှင် သဘာ၀ပတ်ဝန်းကျင်က အ ဘယ်ကြောင့် အရေးကြီးသနည်းဟု မေးခံရလျှင် ‘သဘာ၀ပတ်ဝန်းကျင်ဟာ ကျုပ်အတွက်တော့ အ ရေးကြီးတယ်၊ အကြောင်းက ကျုပ်တို့အားလုံး ‘သဘာ၀ပတ်ဝန်းကျင်အပေါ်မှီခိုနေရတဲ့အတွက်ကြောင့် ’ လို့ သုံးမည့်အစား‘ကျုပ်တို့အားလုံးက သဘာ၀ပတ်ဝန်းကျင်ပေါ်မှီခိုနေသူတွေဖြစ်တဲ့အတွက်ကြောင့်’ ဟု ဖြေခြင်းက ပိုကောင်းပါသည်။

စိတ်ဝင်စားဖွယ်ဖြစ်အောင်လုပ်ပါ

ကြောင်းကျိုးအချက်အလက်မပါသည့်အကြောင်းအရာထက် ကွက်ကွက်ကွင်းကွင်းပီပြင်သော အကြောင်းအရာ များက လူပိုစိတ်ဝင်စားစရာဖြစ်သည်ကို သတိရပါ။ “ကြောင်းကျိုးအချက်အလက်ပြနိုင်မျှ သတင်းအ​ကြောင်း အရာမည်သည်”ဟူသောဆိုရိုးရှိသည်။ ဖြစ်နိုင်လျှင် မည်သည့်နေရာတွင်မဆို မေးမြန်းခံရသူများသည် ကြောင်း ကျိုးခိုင်လုံသောသာဓကများဖြင့် မိမိတို့၏ရှုထောင့်အမြင်များကို ဖော်ပြရန်ကြိုးစားသင့်သည်။ စာရင်းကိန်း ဂဏန်းအချက်အလက်များအကြောင်းမဟုတ်ဘဲ ပါတီက အလေးထားသည့် လူများအကြောင်း အမြဲ ပြောပါ။ထို့ ကြောင့်မေးမြန်းခံရသူများသည်“အငြိမ်းစားယူသွားတဲ့လူဦးရေရဲ့၅၀ရာခိုင်နှုန်းဟာ အထီးကျန်စိတ်တွေနဲ့ ရုန်းကန် နေရတယ်”ဟူသောစကားကို မပြောသင့်၊ သို့သော် ထိုစကားအစား “ဒီနေ့ကျုပ် အာရုဏ်သစ် ဘိုးဘွားဂေဟာက လူကြီးတွေနဲ့စကားပြောခဲ့တယ်၊ အဲဒီမှာ ဟေအွမ်ဝိုင်းက လာတဲ့မစ္စတာစမစ်သ်က သူ့ဆီကို ဘယ်သူကမှ ဘယ် တုန်းကမှ လာမကြည့်ကြဘူးလို့ ကျုပ်ကို ပြောတယ်။ မစ္စတာစမစ်သ် တစ်ယောက်တည်းလည်း မဟုတ်ဘူး။ ကျုပ်တို့နိုင်ငံက အငြိမ်းစားယူသွားသူလူဦးရေရဲ့၅၀ရာခိုင်နှုန်းဟာ အထီးကျန်စိတ်နဲ့ ရုန်းကန်နေရတယ်”ဟူသော စကားကို ပြောသင့်သည်။

နိုင်ငံအများအပြားတွင် အခမဲ့လူသိအောင်လုပ်ခြင်းသည် နိုင်ငံရေးပါတီများအတွက် အထူးအရေးပါသည်၊ အ ကြောင်းမူ မဲဆွယ်စည်းရုံးရေးဘက်ဂျက်ငွေက အခကြေးငွေပေး၍ကြော်ငြာရန်အတွက် ရန်ပုံငွေကို အကန့်အ သတ်ဖြင့် သုံးစွဲခွင့်ပြုထားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသမာများသည် မီဒီယာတွင် ဖော်ပြခံရရေး အတွက် ကြိုးစားကြခြင်းဖြစ်သည်။ ပါတီများသည် မိမိတို့၏ခေါင်းဆောင်အတွက် အကောင်းဆုံးပလက်ဖောင်း ကို မည်သည့် ရုပ်သံအစီအစဉ်များနှင့် မဂ္ဂဇင်းများက ပေးနိုင်သည်၊ ခေါင်းဆောင်၏ရွေးကောက်ပွဲဆွဲဆောင်မှုအ ပေါ်မူတည်ကာ မည်သည့်မီဒီယာပလက်ဖောင်းကို ရှောင်သင့်သည်တို့ကိုသိရှိရန် သုတေသနပြုကြသည်။

ကိုယ်ဟန်အမူအရာပြဘာသာစကား

ရုပ်သံမေးမြန်းခန်းများတွင် ပရိသတ်၏အမြင်၌ အထင်ကြီးလေးစားမှုဖြစ်ရသည့်အကြောင်းရင်းတွင် ၇၀ရာခိုင် နှုန်းက မေးမြန်းခံရသူ၏မျက်နှာအမူအရာ၊ ၂၀ရာခိုင်နှုန်းက စကားပြောပုံဆိုပေါက်နှင့် ၁၀ရာခိုင်နှုန်းကသာ စင် စစ်ပြောသည့်အကြောင်းအရာအပေါ်မူတည်ကာ ဖြစ်နေသည်ဟု ဆိုသည်။ ထို့ကြောင့် မေးမြန်းခံရသူသည် ကင် မရာပေါ်တွင် အမြင်တင့်တယ်အောင်ပြင်ဆင်ရန် အရေးကြီးသည်။ မေးမြန်းခံရသူသည် လက်ဝှေ့ယမ်းမပြသင့်၊ အောက်စိုက်မကြည့်သင့် သို့မဟုတ် မျက်မှောင်ကြုတ်မကြည့်သင့် (နိုင်ငံရေးသမားများ ပြုမူတတ်သည့် အရာ)ပါ။ ဆွဲဆောင်မှုမရှိသော သို့မဟုတ် မယဉ်ကျေးသောအမူအကျင့်(ဥပမာနှာခေါင်းပွတ်ခြင်း) မှန်သမျှတိုင်းကို အောင့် အည်းမြိုသိပ်ထားရန်နှင့် မေးမြန်းခံရသူသည် ဘယ်သောအခါမှ ကင်မရာကို တည့်တည့်ကြည့်မနေသင့်ပါ။

သတင်းစာရှင်းလင်းပွဲ

သတင်းစာရှင်းလင်းပွဲများသည် တစ်သီးပုဂ္ဂလ သို့မဟုတ် အုပ်စုတစ်စုက အရေးပါသောထုတ်ပြန်ချက်တစ်ရပ် ကို ကြေညာရန်နှင့် မေးခွန်းများကို ဖြေကြားရန်အတွက် အမျိုးမျိုးသော မီဒီယာအဖွဲ့အစည်းများမှလာသော သတင်းစာဆရာများစွာနှင့် တွေ့ဆုံကြသည့် အစည်းအဝေးများဖြစ်ပါသည်။

စည်းမျဉ်းတစ်ခုအနေဖြင့် လိုက်နာရမည်က နိုင်ငံရေးပါတီများသည် အလွန်အရေးပါသော သတင်းကို ထုတ် ပြန်ချင်လျှင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်လိုက်ရုံသာဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတစ်ရပ် စီစဉ်ပြုလုပ် သည့်အခါ အသေးစိတ်အချက်များကို အာရုံစိုက်ရန် အရေးကြီးသည်၊ ဖိတ်ကြာစာများပို့ခြင်းမှသည် သတင်း တက်ယူသူသတင်းထောက်စာရင်း ပြည့်စုံပြီး သတင်းကိုဦးစားပေးထုတ်လွှင့်ပေးနိုင်စေရန်အထိ ဆောင်ရွက်ရ ခြင်းဖြစ်သည်။ အောက်ပါစစ်ဆေးကြည့်နိုင်စရာစာရင်းက အထောက်အကူဖြစ်နိုင်ပါသည်။

သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အလွန်သတင်းဖြစ်ထိုက်သောအရေးကိစ္စများ သို့မဟုတ် ပါတီတစ်ဖွဲ့က အသစ် ဖြစ်သော သို့မဟုတ် ပိုမိုနားလည်ရလွယ်ကူသောအစီအစဉ်တစ်ရပ်ကို တင်ပြချင်သောအခါ၌သာ စီစဉ်ပြုလုပ်သင့် သည်။ သတင်းစာရှင်းလင်းပွဲကို အောက်ပါအချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ကောင်းစွာ ပြင်ဆင်ပါ။

  • ပေးမည့်အကြောင်းအရာအာဘော်၊ ပြောခွင့်ရပုဂ္ဂိုလ်သည် ကိုယ်ပြောမည့်အရာကို ရှင်းလင်းအောင်လုပ် ပါ။ စာရွက်ပေါ်ချရေးပါ။ မေးလာနိုင်သည့်မေးခွန်းများပါစာရင်းတစ်ခုနှင့် အဖြေများ ပြုစုထားခြင်းက လည်း ဉာဏ်အမြော်အမြင်ရှိရာကျပါလိမ့်မည်။
  • ဖိတ်ကြားစာများ၊ သတင်းစာရှင်းလင်းပွဲမတိုင်ခင် ဖိတ်ကြားစာများ ပေးပို့ပါ။
  • အချိန်သတ်မှတ်ခြင်း၊ ဒေသတွင်းသတင်းစာဆရာများ၏အလုပ်လုပ်ချိန်နှင့် အဆင်ပြေမည့်အချိန်တစ်ခု ကိုသတ်မှတ်ပါ။
  • နေရာ၊ စိတ်ဝင်စားဖွယ်ရာဓာတ်ပုံများရိုက်ယူနိုင်စေမည့် နေရာကို ရွေးပါ၊ ပါတီရုံးခန်းကို အသုံးမပြုပါနှင့်။ ဖန်တီးနိုင်မှုရှိရှိ စဉ်းစားပါ။
  • အကောင်အထည်ဖော်ခြင်း၊ အစီအစဉ်တင်ပြခြင်းသည် ၁၅မိနစ်ပိုကြာ၍မရပါ။
  • အစီအစဉ်တင်ပြပြီးနောက် သတင်းစာဆရာများကို မေးခွန်းမေးရန်နှင့် ဓာတ်ပုံရိုက်ယူရန် အချိန်ပေးပါ။ သတင်းစာဆရာများအတွက် လိုအပ်သည့်အရာများကို ပြင်ဆင်ပေးထားပါ၊ ရေးထားသောမှတ်ချက်များ ကို ပေးပါ၊ သတင်းစာဆရာများ လုပ်ရကိုင်ရပိုအဆင်ပြေအောင် ဆောင်ရွက်ပါ။
  • ထို့နောက်ပိုင်း၊ သတင်းစာရှင်းလင်းပွဲသို့ မလာနိုင်သောမီဒီယာထံ ဖုန်းဆက်ပြီး လိုအပ်သည့်စာရွက်စာ တမ်းများကို ပေးပို့ပါ။

ကောင်းမွန်သောမီဒီယာဆက်ဆံရေးကို ထိန်းသိမ်းခြင်း

အောက်ပါအချက်များသည် သတင်းထောက်များနှင့် ထိရောက်စွာဆက်ဆံရေးအတွက် အကြံပေးချက်အချို့ဖြစ် သည် -

  • သတင်းထောက်များနှင့် ပရော်ဖက်ရှင်နယ်ဆန်ဆန်ဆက်ဆံပါ၊ ယဉ်ကျေးစွာဆက်ဆံပါ၊ ထိုသို့ဆက်ဆံ ခြင်းက သတင်းထောက်များကိုလည်း အလားတူပြုမူလာရန် အားပေးသည်။
  • သတင်းထောက်များနှင့်စပ်လျဉ်း၍ ပွင့်လင်းစိတ်ထားပါ။ မီဒီယာအပေါ် မကောင်းမြင်စိတ်ရှိလျှင် မီဒီယာ ကလည်း အလားတူပြန်တုံ့ပြန်လိမ့်မည်။
  • ပါးနပ်ပြီး ထိုးထွင်းသိမြင်ကာ ရယ်စရာပါသောထုတ်ပြန်ချက်များကို ပြင်ဆင်ပါ။ သို့သော် အနှစ်ချုပ်ရေး ပါ။ ပြောသူသည် ၁၀မိနစ်ကြာပြောလျှင် သတင်းထောက်က ကိုးကားချက်အဖြစ် ရေးမှတ်သည်။ သတင်း ထောက်က ၁၀စက္ကန့်ကြာပြောလျှင် ပြောသူက ကိုးကားချက်အဖြစ် ရေးမှတ်သည်။
  • သတင်းကိုလိုသည်ထက်အရောင်းမလွန်ပါနှင့်။ သတင်းဖြစ်ထိုက်သောအကြောင်းအရာကို ထုတ်ပြန်ပေး မည်မဟုတ်သော ပွဲတစ်ပွဲသို့ သတင်းထောက်ကို တက်ရောက်လာအောင် စည်းရုံးခြင်းသည် ပါတီ၏ဂုဏ် သိက္ခာကို ထိခိုက်စေသည်၊ သတင်းထောက်ကို ဒေါသဖြစ်စေပြီး နောက်တစ်ကြိမ် သတင်းလာယူရန်ကို ပင် ပိုခက်ခဲသွားစေသည်။

မကောင်းထုတ်လွှင့်ချက်ကို ကိုင်တွယ်စီမံခြင်း

သတင်းထောက်များနှင့် ဆက်ဆံရာတွင် ထိရောက်မှုရှိ၊မရှိဟူသောကိစ္စကို မီဒီယာ၏လေးစားမှုကို ရယူနိုင်မှုရှိခြင်း အပြင် ရိုးသားမှုနှင့် မျှတမှု အရည်အသွေးတို့ကို မီးမောင်းထိုးပြနိုင်ခြင်းတို့ဖြင့် တိုင်းတာပါသည်။ အဆိုပါရည်မှန်း ချက်များကို ပြီးမြောက်အောင်မြင်ခြင်းသည် ကောင်းမွန်သော ထုတ်လွှင့်မှုကို ဖြစ်စေနိုင်သည်။ သတင်းထောက် တစ်ဦးသည် ပါတီ သို့မဟုတ် ပါတီ၏ကိုယ်စားလှယ်ကို ဘက်လိုက်မှုရှိပုံရလျှင် ထိုသတင်းထောက်ကို ပထမဆုံးအ ကြိမ် အလျင်စလို မခေါ်ပါနှင့်။ သက်သေအထောက်အထားကို စုပါ၊ ပြီးလျှင် ထိုသတင်းထောက်နှင့် လူချင်းတွေ့ ဆုံကာ ဆွေးနွေးရန် တောင်းဆိုပါ။ ဤသို့ကြိုးစားပြီးနောက်မှသာ ပါတီမှတစ်စုံတစ်ဦးအနေဖြင့် သတင်းထောက် နှင့် အယ်ဒီတာတို့ကို ကြီးကြပ်သူထံ သွားရောက်၍ စစ်ဆေးသင့်သည်။

ယူဆချက်လွဲနေသည်များကို အမှန်ပြင်ရန်အတွက် စီမံခန့်ခွဲသူအယ်ဒီတာ သို့မဟုတ် သတင်းအယ်ဒီတာတို့ထံ လို ရင်းတိုရှင်း ရေးသားပြီး ပေးစာပို့ပါ၊ ပေးစာတွင် သတင်းအကြောင်းအရာနှင့်ပတ်သက်ပြီး အချက်အလက်အမှန် များကို အတိုချုပ်ရှင်းပြကာ ​ရေးထားသောအကြောင်းအရာ၏မတိကျမှုကို ထောက်ပြသင့်သည်။

ဘေယုယျအားဖြင့် ပါတီတစ်ခုအပေါ် မပျက်တမ်း မကောင်းသဘော ထုတ်လွှင့်တင်ဆက်နေသည့် သတင်း ထောက်၊ အယ်ဒီတာ သို့မဟုတ် မီဒီယာလုပ်ငန်းတစ်ရပ်ကို လျစ်လျူရှုထားခြင်းက မကောင်းပါ။ ၎င်းတို့နှင့် အ ဆက်အသွယ်မပြတ် ဆွေးနွေးပြောဆိုရန် အရေးကြီးသည်။ ဤသို့လုပ်ဆောင်ပါက အချိန်မီ နားလည်မှုကောင်း ကောင်း ရရှိနိုင်သည်။

လူမှုကွန်ရက်ချိတ်ဆက်ကိရိယာများကို အသုံးချခြင်း

လူမှုမီဒီယာဟူသည် ဝက်ဘ်အခြေခံနှင့် မိုဘိုင်းလ်နည်းပညာများ/လုပ်ငန်းသုံးပရိုဂရမ်များ(အက်ပလီကေးရှင်း) ကို အသုံးပြုကာ ဆက်သွယ်ရေးလုပ်ငန်းကို အပြန်အလှန်ဖလှယ်တွေ့ဆုံစကားပြောခြင်းရပ်ဝန်းအဖြစ် ပြောင်းလဲ လိုက်ခြင်းအား ရည်ညွန်းပါသည်။

မဲဆွယ်စည်းရုံးရေးအတွက် ရွေးချယ်ထားသည့် လူမှုကွန်ရက်ချိတ်ဆက်ဝန်ဆောင်မှုများသည် အခြားကွန်ရက်ကိရိ ယာများနှင့် ဆက်သွယ်ချိတ်ဆက်နိုင်ရမည်၊ သို့မှသာ ‘ပလက်ဖောင်း’တစ်ခု(ဖေ့ဘွတ်၊ အီမေးလ်အစရှိသဖြင့် လူမှု ကွန်ရက်ချိတ်ဆက်စနစ်မျိုး)မှ နောက်ဆုံးအခြေအနေကို သိရှိနိုင်မည်ဖြစ်ပြီး အခြားကွန်ရက်ကိရိယာများအားလုံး တွင်လည်း အလိုအလျောက်ဖြန့်ဝေ  ဖော်ပြခံရနိုင်သည်။ ပါတီများသည် မဲဆွယ်အစီအစဉ်ရေးဆွဲနေချိန်အတွင်း ချ မှတ်ထားသည့် ပန်းတိုင်များဆီ ဆိုက်ရောက်နိုင်ရေးအတွက် အကူအညီဖြစ်စေမည့် လူမှုမီဒီယာကိရိယာများကို ရွေးချယ်သင့်သည်။ သုံးစွဲနိုင်မည့် ပလက်ဖောင်းများ၏ကန့်သတ်ချက်များနှင့် အခွင့်အလမ်းများအား ထည့်စဉ်း စားကာ အဆိုပါပန်းတိုင်များကို လူမှုကွန်ရက်ချိတ်ဆက်ကိရိယားများမှတစ်ဆင့် မည်သို့ဆိုက်ရောက်နိုင်မည်ကို စဉ်းစားဆုံးဖြတ်ပါ။

လူမှုကွန်ရက်ချိတ်ဆက်ဝန်ဆောင်မှုအမျိုးမျိုးသည် မတူသောအခန်းကဏ္ဍအသီးသီးမှ နေရာယူလာကြပြီဖြစ်ရာ ထိရောက်သောမဲဆွယ်စည်းရုံးရေးတစ်ရပ်အနေဖြင့် ကိရိယာများကို ပေါင်းစပ်အသုံးပြုရန် လိုအပ်ပါလိမ့်မည်။ အင်တာနက်ချိတ်ဆက်မှု အားနည်းသည့် လူအများအတွက် အကျိုးရှိရှိ အလုပ်ဖြစ်နိုင်မည့် လူမှုကွန်ရက်ချိတ် ဆက် ပလက်ဖောင်းတစ်ခုကို ရွေးချယ်ရန် အရေးကြီးသည်။

အောက်တွင် အထူးသီးခြားကိရိယာနှင့်စပ်လျဉ်း၍ ဖော်ပြချက်များကို တင်ပြထားသည်။

အီးမေးလ်

အီးမေးလ်မှတစ်ဆင့် ပါတီများသည် လူပုဂ္ဂိုလ်တစ်ချင်းစီတိုင်း သို့မဟုတ် လက်ခံရရှိသူ အရေအတွက် များများထံ တစ်ပြိုင်နက်တည်းမှာပင် မက်ဆေ့ဂျ်များကို ပေးပို့နိုင်သည်။ လူထုပရိသတ်နှင့် ဆက်သွယ်ရန် အီးမေးလ်ကို အ သုံးပြုရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းတိုင်း၏အီးမေးလ်လိပ်စာကို သိထားရန်လိုအပ်ပြီး မက်ဆေ့ဂျ်ပို့နိုင်ရန်အ တွက် ဖွင့်ပေးထားရမည်ဖြစ်သည်။

မိုဘိုင်းလ်ဖုန်း

မိုဘိုင်းလ်ဖုန်းသည် လူအများ ၎င်းတို့အချင်းချင်း ဆက်စပ်၊ လုပ်ကိုင်၊ စုဖွဲ့နိုင်ပုံလမ်းကြောင်းကို ပြောင်းလဲပေး လိုက်သော အထင်ကြီးလောက်စရာကိရိယာတစ်ခု ဖြစ်သည်။ စာသားမက်ဆေ့ဂျ်တိုလေးများ အသုံးပြုကာ မဲ ဆွယ်စည်းရုံးရေးဆောင်ရွက်နေသော လူအများထံ အကျယ်အပြန့် ရောက်ရှိနိုင်သည်။

စာသားမက်ဆေ့ဂျ်ပို့ခြင်း

ပါတီသည် ထောက်ခံသူများ၏မိုဘိုင်းလ်ဖုန်းနံပတ်များကို စာရင်းပြုထားလျှင် ၎င်းတို့ကို အစည်းအဝေးများသို့ ဖိတ်ကြားရန် သို့မဟုတ် မဲလာပေးရေး နှိုးဆော်ရန် စာသားမက်ဆေ့ဂျ်ပို့ခြင်းကို အသုံးပြုနိုင်သည်။

ဝက်ဘ်ဆိုက်

ပါတီဝက်ဘ်ဆိုက်သည် အများအားဖြင့် ပါတီအကြောင်း အခြေခံအချက်အလက် ပါဝင်သည်။ ယင်းဝက်ဘ်ဆိုက် တွင် ပါတီ၏ဖွဲ့စည်းပုံဥပဒေ၊ လမ်းစဉ် သို့မဟုတ် ကြေညာစာတမ်းနှင့် ပါတီ၏လှုပ်ရှားဆောင်ရွက်ချက်နှင့် ရည် မှန်းချက်တို့အပေါ် ခြုံငုံသုံးသပ်ချက်တို့လည်း ပါဝင်သည်။ သီးခြားမဲဆွယ်စည်းရုံးရေးများအတွက် ဝက်ဘ်ဆိုက် များကိုလည်း အသုံးပြုနိုင်သည်။ ထိုဝက်ဘ်ဆိုက်များသည် အများအားဖြင့် ပါတီ သို့မဟုတ်ကိုယ်စားလှယ်က လှုပ် ရှားလုပ်ကိုင်နေသည့် အရေးကိစ္စရပ်နှင့် ပါတီက ဖန်တီးရန်ကြိုးစားနေ(ဥပမာ သုတေသနစာတမ်းများ၊ ဆောင်း ပါးများနှင့် ဘလော့ဂ်များ) သောအပြောင်းအလဲတို့နှင့် စပ်လျဉ်း၍ အချက်အလက်ပေးသော အကြောင်းအရာမာ တိကာအပေါ် အခြေခံသည်။

ပါတီများ သို့မဟုတ် ကိုယ်စားလှယ်များသည် Wordpress နှင့် Blogspot တို့ကဲ့သို့ ဘလော့ဂ်တင်သည့်ဝန် ဆောင်မှုများကိုလည်း အသုံးပြုနိုင်သည်။ ဘလော့ဂ်တစ်ခုသည် ဝက်ဘ်ဆိုက်အမျိုးအစားတစ်ခု သို့မဟုတ် အခမ်း အနားဖြစ်ရပ်များ သို့မဟုတ် ဂရပ်ဖစ် သို့ ဗွီဒီယိုကဲ့သို့ အခြားရုပ်၀တ္ထုပိုင်းကိရိယာများနှင့်ပတ်သက်ပြီး သုံးသပ် ချက်ပေးခြင်း၊ ရှင်းလင်းဖော်ပြခြင်းအစရှိသည့် ပုံမှန်အကြောင်းအရာများ ပါဝင်ကာ လူတစ်ဦးတစ်ယောက်က အ များအားဖြင့်တာဝန်ယူထိန်းသိမ်းလုပ်ဆောင်သော ဝက်ဘ်ဆိုက်အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ ဘလော့ဂ်အများ စုသည် ကြည့်သူပရိသတ်များအတွက် မှတ်ချက်ချန်ထားခွင့်ပြုသည်။ အစဦးတွင် ဘလော့ဂ်များကို လူများက ၎င်း တို့၏ အွန်လိုင်းဂျာနယ်များကို ထုတ်ဝေဖြန့်ချိရန်အတွက် အသုံးပြုလာကြခြင်းဖြစ်သည်။ ဘလော့ဂ်များသည် မ တူကွဲပြားသောအကြောင်းအရာရပ်များကို ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် အရေးပါသော နေရာလပ်များအဖြစ် အရှိန်အဟုန်မြင့်စွာ ဖြစ်ပေါ်လာနေသည်။

ဘလော့ဂ်များ

ဘလော့ဂ်များသည် မဲဆွယ်စည်းရုံးရေးအတွက် အဓိက ဝက်ဘ်ဆိုက်ဖြစ်နိုင်သည်။ မဲဆွယ်ရေးအစီအစဉ်အ ကြောင်းအရာရပ်အားလုံးကို အတူတကွစုစည်းတင်ပြရန် ဘလော့ဂ်များကို အသုံးပြုနိုင်သည်။ ဘလော့ဂ်များ သည် မဲဆွယ်ရေးနှင့်ပတ်သက်သော သတင်းအချက်အလက်အားလုံးကို ထောက်ခံသူများ ရရှိနိုင်ရာ နေရာလပ် ဖြစ်သည်။ မဲဆွယ်ရေးဘလော့ဂ်ကို စတင်မပြုလုပ်ခင် အောက်ပါအချက်တို့ကို ထည့်စဉ်းစားရန် အရေးကြီးသည်။

  • ဘလော့ဂ်၏နာမည် - မဲဆွယ်ရေး၏နာမည်အပေါ် အခြေခံပေးသင့်သည်။ ဘလော့ဂ်၏ဝက်ဘ်ဆိုက်လိပ် စာနှင့် တွဲဖက်ရမည်ဖြစ်၍ နာမည်သည် တိုတိုဖြစ်သင့်သည်။
  • ကြည့်ကောင်းအောင်ပြင်ဆင်ခြင်း - ပါတီတွင် အမှတ်တံဆိပ်ရှိလျှင် ဘလော့ဂ်အရောင်သည် အဆိုပါ တံဆိပ်ကို ထင်ဟပ်သင့်သည်။
  • အကြောင်းအရာ - ဘလော့ဂ်ကဏ္ဍများ၊ ဓာတ်ပုံများ၊ ဗွီဒီယိုများနှင့် အသံပိုင်းပစ္စည်းများ ထည့်နိုင်သည်။
  • စည်းမျဉ်းများ -
  • ဘလော့ဂ်ပေါ်တွင် မည်သူကို တာဝန်ခံကာ ထုတ်ဝေဖြန့်ချိခွင့်ပြုမည်နည်း။ ဖြန့်ချိခွင့်ရသူသည် မဲဆွယ် ရေးအဖွဲ့လည်းဖြစ်နိုင်သလို ထောက်ခံသူအားလုံးလည်း ဖြစ်နိုင်သည်။
  • ဘလော့ဂ်အတွက် မည်သည့်အဓိကစကားလုံးများကို အသုံးပြုမည်နည်း။ မဲဆွယ်ရေးကို အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ပေးမည့် စကားလုံးများ ဖြစ်ရန်လိုသည်။       
  • မဲဆွယ်စည်းရုံးရေးအဆိုအမိန့်များကို ပံ့ပိုးထောက်ခံရန် မတူသောအကြောင်းအရာအမျိုးအစားများကို လိုအပ်သည်။ အဆိုပါအကြောင်းအရာများတွင် ဓာတ်ပုံများ၊ အသံဖိုင်များ၊ ရုပ်ပုံဒီဇိုင်းများ(ပိုစတာများ၊ အမှတ်တံဆိပ်များအစရှိသဖြင့်)နှင့် ဗွီဒီယိုများ ပါဝင်သည်။ ဗွီဒီယိုဖိုင်အတွက် Youtube သို့မဟုတ် ဓာတ် ပုံများအတွက် Flickr သို့ Picasa ကဲ့သို့ သီးခြားအကြောင်းအရာမျိုးပါဝင်သည့် လူမှုကွန်ရက်ချိတ်ဆက် ဝန်ဆောင်မှုများကို ရွေးချယ်သင့်သည်။

အရေးကိစ္စရပ်များကို နားလည်ရန် ပါတီနှင့်နှီးနွှယ်ပတ်သက်သူများနှင့် ပစ်မှတ်ထားထောက်ခံသူများကို အဓိကမဲ ဆွယ်ရေးဝက်ဘ်ဆိုက်ထဲ ရေးထည့်ထားရန်လိုအပ်သည်။ မဲဆွယ်ရေးအကြောင်း ပိုသိချင်လာအောင် ဆွဲဆောင်နိုင် မည့် မက်ဆေ့ဂျ်တိုများကို ၎င်းတို့ထံပေးပို့ခြင်းဖြင့် ထိုသို့ လုပ်ဆောင်နိုင်သည်။ ဤအတွက် ဖေ့ဘွတ်ကဲ့သို့ ဝန် ဆောင်မှုများက အသုံးဝင်သည်။ အဆိုပါဝန်ဆောင်မှုများမှတစ်ဆင့် ပါတီဝင်များသည် ဝက်ဘ်ဆိုက်ထံ သို့မဟုတ် အချက်အလက်ပိုရှာဖွေရန် အားပေးနေမည့် အဓိကဝက်ဘ်ဆိုက်ပါ သီးခြားအစိတ်အပိုင်းများထံ လင့်ခ်များကို ပေး ပို့နိုင်သည်။ မက်ဆေ့ဂျ်သည် အခြားကွန်ရက်များထံ ပြန့်နှံ့ရန် လွယ်ကူလာသည်။

ဖေ့ဘွတ်

ယနေ့ခေတ်တွင် ဖေ့ဘွတ်သည် လူကြိုက်အများဆုံးလူမှုကွန်ရက်ချိတ်ဆက်ကိရိယာများအနက် တစ်ခုဖြစ်နေ သည်။ စာရင်းကိန်းဂဏန်းများအရ ဖေ့ဘွတ်အသုံးပြုသူ ၁.၅ဘီလျံရှိသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အ ကျိုးအမြတ်မယူသောအဖွဲ့အစည်းများသည် မတူကွဲပြားသော  အရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသိပညာမြှင့် တင်ပေးရန်နည်းလမ်းတစ်ရပ်အဖြစ် ဖေ့ဘွတ်ကို သုံးစွဲလာကြသည်။ ဖေ့ဘွတ်သည် အောက်ပါတို့ကို ပြုလုပ်ရန် သင့်တော်သည့်အရာဖြစ်နိုင်သည်။

  • ဖေ့ဘွတ်လူမှုအသိုင်းအဝိုင်းမှ ထောက်ခံသူများကို စုဆောင်းရန်။
  • ထောက်ခံသူများကို မိမိတို့၏မဲဆွယ်ရေးလှုပ်ရှားဆောင်ရွက်ချက်များနှင့် အရေးကိစ္စရပ်များအကြောင်း အချိန်နှင့်တစ်ပြေးညီသိစေရန်။
  • ဖေ့ဘွတ်အသုံးပြုသူများကို အဓိကဝက်ဘ်ဆိုက်သို့ ဆွဲခေါ်ယူရန်။

ဖေ့ဘွတ်အုပ်စု၊ စာမျက်နှာ သို့မဟုတ် အကြောင်းကိစ္စတစ်ခုကို ပထမဆုံး စတင်ဖွင့်လိုက်သောအခါ ပေ့ချ်အတွက် ပါဝင်မည့်အကြောင်းအရာကို ပြင်ဆင်နှင့်ပြီးသားဖြစ်သင့်သည်။ ပါတီ၏မဟာမိတ်အဖွဲ့များထံ ဖိတ်ကြားစာများပို့ ရေးပစ်မှတ်ထားပါ။ ဖေ့ဘွတ်အုပ်စု၊ သို့မဟုတ် စာမျက်နှာ သို့မဟုတ် အကြောင်းကိစ္စတစ်ခုတွင် ပူးပေါင်းပါဝင် လာသောလူများကို မက်ဆေ့ဂျ်ရှင်းရှင်းလင်းလင်းပို့ရန်နှင့် ၎င်းတို့၏မိတ်ဆွေများကိုပါ ဖိတ်ခေါ်ရန် အရေးကြီး သည်။ မဲဆွယ်စည်းရုံးရေးအကြောင်း မက်ဆေ့ဂျ်ကို ပို့ပါ၊ သို့မှသာ ဖိတ်ခေါ်ခံရသူများသည် မည်သည့်အကြောင်း ဖြစ်သည်ကို သိမည်ဖြစ်သည်။