အသစ်များ > မီဒီယာစီမံခန့်ခွဲမှု

မီဒီယာစီမံခန့်ခွဲမှု

2023-01-21

မီဒီယာတွင် အာဏာမြင့်မားလာခြင်းအတွက် နောက်ထပ်အကျိုးရလဒ်မှာ “မီဒီယာစီမံခန့်ခွဲမှု”ဟူသောအ တွေးအမြင်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤအတွေးအမြင်သည် အစိုးရက မီဒီယာကိုအသုံးချ၍ ယင်း၏ရည် မှန်းချက်များကို မည်သို့အကောင်အထည်ဖော်မည်ဟူသောအချက်နှင့် ဆက်စပ်မှုရှိသည်။ သတင်းလွတ်လပ် ခွင့်ကန့်သတ်ခံထားရသည့်နိုင်ငံများတွင် အစိုးရများသည် သာမန်ဝါဒဖြန့်ချိရေးနှင့် ဆင်ဆာဖြတ်တောက် ရေးတို့လောက်ဖြင့် မီဒီယာကို စီမံခန့်ခွဲနိုင်သည်။ သို့ရာတွင် မီဒီယာကို အစိုးရက တိုက်ရိုက်ထိန်းချုပ်မထား နိုင်သည့် နိုင်ငံများတွင်မူ မီဒီယာနှင့် အစိုးရကြား၊ မီဒီယာနှင့် နိုင်ငံရေးပါတီများကြား ရှုပ်ထွေးသောဆက်ဆံ ရေးတစ်ရပ်ပေါ်ထွက်လာတော့သည်။

အာဏာရှိရေးသည် နိုင်ငံရေးသမားတစ်ဦး၊ ပါတီတစ်ဖွဲ့ သို့မဟုတ် အစိုးရတစ်ရပ်အတွက် လွန်စွာမှအရေးကြီး သည်။ အာဏာရရှိရေးအတွက် ကောင်းမွန်သောမီဒီယာပုံရိပ်တစ်ခုကို လိုအပ်သည်။ ထို့ကြောင့် မီဒီယာ၏ ထောက်ခံမှုသည် အလွန်အရေးကြီးသည်။ မီဒီယာစီမံခန့်ခွဲမှု၏ရည်ရွယ်ချက်မှာ အောက်ပါတို့ကို ရရှိစေရန် ဖြစ်သည်။

  • ပြည်သူများထံ ပိုမိုခင်းကျင်းပြသနိုင်ရန် သတင်းကောင်းများကို အလွန်ကျယ်လောင်စွာ၊ ရှင်းလင်းပီ သစွာ တင်ပြနိုင်ရေး။
  • သတင်းကောင်းပုံစံပေါက်စေမည့်နည်းလမ်းဖြင့် သာမန်သတင်းများကို တင်ဆက်နိုင်ရေး။
  • မကောင်းသတင်းများကို အလွန်တိတ်ဆိတ်စွာ တင်ဆက်နိုင်ရေး၊ တင်ဆက်ရာတွင် သာမန်သတင်း ပုံစံပေါက်စေမည့်နည်းလမ်းဖြင့် တင်ဆက်ရမည်။


အကွက်ဆင်ခြင်း

သတင်းများကို ကြိုးကိုယ်ခြယ်လှယ်ခြင်းအလေ့အကျင့်အား အကွက်ဆင်ခြင်းဟု ခေါ်တတ်ကြသည်။ အ ကွက်ဆင်မှုသည် ဒီမိုကရေစီနိုင်ငံအများစုရှိ နိုင်ငံရေး၏အလွန်အရေးပါသောအစိတ်အပိုင်းတစ်ရပ်ဖြစ်လာ သည်။ နိုင်ငံရေးပါတီများသည် ထောင်နှင့်ချီသောဝန်ထမ်းအင်အားကို အသုံးချကာ မီဒီယာထက်တွင် ပါတီ အားအမြင့်တင့်တယ်စေရန်အတွက် သတင်းသစ်များကို အကွက်ဆင်ရန်ကြိုးစားကြသည်။ “အကွက်ဆင်ပါ ရဂူများ”အတွက် အရေးကြီးဆုံးမဟာဗျူဟာများအနက်တချို့မှာ

  • သတင်းမီဒီယာဆီ မပေးခင် သတင်းအချက်အလက်ကို စစ်ဆေးခြင်း၊ အစိုးရအား ကြည့်ရမဆိုးစေရန် အတွက် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်သည်။
  • ပါတီတွင်း နိုင်ငံရေးသမားအားလုံးသည် မီဒီယာကို တစ်ပြေးညီတူညီသောအသိပေးစကားကိုပင် ပြောဆိုစေခြင်း။
  • ပေါက်ကြားမှု။ “ပေါက်ကြားမှု”ဟူသည်မှာ နိုင်ငံရေးဆောင်ရွက်ကြသူများက မီဒီယာထံ လျှို့ဝှက်သ တင်းအချက်အလက်ကိုပေးလိုက်ချိန်ကို ဆိုလိုသည်။ အဆိုပါသတင်းအချက်အလက်သည် အများ အားဖြင့် အတိုက်အခံများကို ကြည့်ရဆိုးစေသည့်အချက်အလက်များဖြစ်သည်။ ထို့ကြောင့် “ပေါက် ကြားစေခြင်း”၏ရည်ရွယ်ချက်မှာ အတိုက်အခံကို လူထုအကြိုက်နည်းစေခြင်းဖြင့် မိမိကိုယ်ကို လူ ထုအကြိုက်ပိုများလာစေရန်ပင်ဖြစ်သည်။
  • အစိုးရ/သင့်ပါတီနှင့် ရင်းနှီးမှုရှိသော မီဒီယာအဖွဲ့အစည်းများထံ သတင်းအချက်အလက်ကိုသာ ပေး ခြင်း။
  • အခြားအရေးကြီးဖြစ်ရပ်များစွာ ပေါ်ပေါက်နေချိန်တွင် မီဒီယာထံ “မကောင်းသော”သတင်းများကို ထုတ်လွှင့်စေခြင်း။ ဆိုလိုသည်မှာ လူအများသည် အခြားသတင်းများကို အာရုံစိုက်နေကြ၍ မ ကောင်းသတင်းများအပေါ် စိတ်ဝင်စားမှုများများစားစားမရှိခြင်းကို ရည်ရွယ်သည်။
  • အစိုးရအကြောင်း အကောင်းရေးသည့် သတင်းသမားများကို ဆုချီးမြှင့်ခြင်း(ဥပမာ အခြားသတင်းသ မားများမသိခင် သတင်းအချက်အလက်ကို အကောင်းရေးသည့်သတင်းသမားများထံပေးခြင်းဖြင့်) နှင့် အစိုးရအကြောင်းမကောင်းရေးသူသတင်းသမားများကို အရေးယူခြင်း(ဥပမာ သတင်းစာရှင်း လင်းပွဲသို့ ထိုသတင်းသမားများကို မဖိတ်ဘဲထားခြင်းဖြင့်)