အသစ်များ > မီဒီယာနှင့် အစိုးရ

မီဒီယာနှင့် အစိုးရ

2023-01-21

ပုဂ္ဂလပိုင်မီဒီယာ နှင့် နိုင်ငံတော်ပိုင်မီဒီယာ

မီဒီယာအဖွဲ့အစည်းများကို သုံးမျိုးသုံးစားခွဲခြားထားသည်။ ပုဂ္ဂလပိုင်မီဒီယာ၊ နိုင်ငံတော်ပိုင်မီဒီယာနှင့် ပြည် သူပိုင်မီဒီယာဟူ၍ဖြစ်သည်။

နိုင်ငံတော်ပိုင်မီဒီယာအဖွဲ့အစည်းများသည် အစိုးရနှင်တစ်စိတ်တစ်ပိုင်းဆိုင်သည်။ အဆိုပါသတင်းစာတိုက် များ၊ ရုပ်မြင်သံကြားလိုင်းများနှင့် အသံလွှင့်ရုံဌာနများအားလုံးကို အစိုးရက ငွေကြေးထောက်ပံ့ပေးသည်၊ စီမံ ခန့်ခွဲသည်၊ ဝန်ထမ်းခန့်အပ်ထားသည်။ ပြည်သူ့မီဒီယာသည်လည်း (အနည်းဆုံးတစ်စိတ်တစ်ပိုင်းအားဖြင့်) အစိုးရကပင် ငွေကြေးထောက်ပံ့ပေးခံရသည်။ သို့သော် နိုင်ငံတော်ပိုင်မီဒီယာထက်စာလျှင် ပြည်သူ့မီဒီယာက အကြောင်းအရာတင်ပြမှုပိုင်းတွင် ပိုမိုလွတ်လပ်သည်။ အာဏာရှင်အစိုးရများလက်ထက်တွင်မူ အထက်ပါ သတင်းစာတိုက်၊ ရုပ်မြင်သံကြားလိုင်းများနှင့်အသံလွှင့်ရုံဌာနများသည်မီဒီယာအဖွဲ့အစည်းများသာဖြစ်သည်။ တချို့အစိုးရများလက်ထက်တွင် အထက်ပါအရာများသည် ပုဂ္ဂလပိုင်မီဒီယာနှင့် အပြိုင်တည်ရှိသည်။

ပုဂ္ဂလပိုင်မီဒီယာအဖွဲ့အစည်းများသည် နိုင်ငံသားများက ပိုင်ဆိုင်သောစီးပွားရေးလုပ်ငန်းများဖြစ်သည်။ အဆို ပါစီးပွားရေးလုပ်ငန်းများသည် အခြားသောစီးပွားရေးလုပ်ငန်းများ(အခွန်ဆောင်ခြင်း၊ ဥပဒေလိုက်နာခြင်းအစ ရှိသဖြင့်)လုပ်သည့်အတိုင်းပင် တာဝန်ခံမှုရှိရသည်။ လွတ်လပ်သောမီဒီယာတွင်မူ အထက်ပါစီးပွားရေးလုပ် ငန်းများသည် အစိုးရထိန်းချုပ်မှု သို့မဟုတ် လွှမ်းမိုးမှုမှ လွတ်ကင်းစွာ တည်ရှိသည်။

နိုင်ငံတော်ပိုင်မီဒီယာနှင့် ပြည်သူပိုင်မီဒီယာ

အားသာချက်များ

အစိုးရသည် မီဒီယာကို စည်းမျဉ်းတကျမထိန်းချုပ်နိုင်လျှင် မှားယွင်းသော သို့မဟုတ် ဘက်လိုက်သောသတင်း အချက်အလက်များကို ပို၍မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော်ပိုင်မီဒီယာကို ထောက်ခံကြသူများကဆို သည်။

အစိုးရအတွက် မီဒီယာကို တာဝန်ခံခိုင်းခြင်းသည် အန္တရာယ်ရှိသော သို့မဟုတ် လမ်းလွဲနေသော သတင်းအ ချက်အလက်များ ပြန့်နှံ့သွားမည့်အရေးကို တားဆီးနိုင်ကြောင်း ၎င်းတို့က တင်ပြသည်။ ဤအချက်ကြောင့် အ ကြမ်းဖက်ပဋိပက္ခကို ဖြစ်ပွားစေနိုင်သည့် သတင်းများကို ကန့်သတ်နိုင်သည်။

နိုင်ငံတော်ပိုင် နှင့်/သို့မဟုတ် ပြည်သူပိုင်မီဒီယာကို ထောက်ခံသည့်နောက်ထပ်တင်ပြချက်တစ်ခုမှာ အဆိုပါမီ ဒီယာသည် အရေးပါသောလူမှုရေးကိစ္စရပ်များ သို့မဟုတ် အရေးပါသော ပြည်သူ့ဆွေးနွေးပွဲများကို တာဝန်ယူ  ကိုင်တွယ်နိုင်သည်ဟူ၍ဖြစ်သည်။ အစိုးရသည် မီဒီယာကို အသုံးချကာ အသိပညာမြင့်မားအောင်ဆောင်ရွက် နိုင်သည်။ သို့မှသာ နိုင်ငံသားများသည် ဉာဏ်အမြော်အမြင်ပိုရှိသောဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ် သည်။

အားနည်းချက်များ

နိုင်ငံတော်ပိုင်မီဒီယာတစ်ရပ်၏ အဓိကအားနည်းချက်များမှာ ဆင်ဆာဖြတ်တောက်ခြင်းကို ပေါ်ပေါက်စေပြီး ပွင့်လင်းမြင်သာမှုကို လျော့ကျစေခြင်းပင်ဖြစ်သည်။

နိုင်ငံတော်ပိုင်မီဒီယာစနစ်များတွင် သတင်းသမားများနှင့် စာတည်းများသည် အစိုးရအတွက် အလုပ်လုပ်ရ သည်။ ဤအချက်ကြောင့် အစိုးရသည် နိုင်ငံသားများ မြင်ရ၊ ကြားရ သို့မဟုတ် တွေးရသည့်အရာအပေါ် အ များကြီး ပိုမိုထိန်းချုပ်နိုင်စွမ်းရှိလာရသည်။ ဤအချက်ကြောင့်ပင် အစိုးရအတွက် သတင်းများကို ဆင်ဆာ ဖြတ်တောက်ရန် သို့မဟုတ် ဝါဒဖြန့်ချိရေးများကို ပြုလုပ်ရန် ပိုမိုလွယ်ကူသွားတော့သည်။

အမှီအခိုကင်းလွတ်လပ်သော(ပြည်သူပိုင်)မီဒီယာတစ်ရပ်သည် နိုင်ငံရေးတွင် ပွင့်လင်းမြင်သာမှုကို ပိုမိုဆောင် ကြဉ်းပေးနိုင်နေချိန်တွင် တစ်ဖက်၌ နိုင်ငံတော်ပိုင်မီဒီယာကမူ ထို့သို လုပ်နိုင်စွမ်းမရှိဖြစ်နေနိုင်သည်။ မီဒီယာ ကို အစိုးရက ထိန်းချုပ်ထားလျှင် သတင်းသမားများအတွက် အစိုးရ၏ ဖြုန်းတီးမှု၊ အဂတိလိုက်စားမှု သို့မ ဟုတ် စွမ်းဆောင်ရည်မရှိမှုတို့ကို ဖော်ထုတ်ပြရန် အများကြီးပိုမိုခက်ခဲသွားသည်။

ပုဂ္ဂလပိုင်မီဒီယာ

အားသာချက်များ

ပုဂ္ဂလပိုင်မီဒီယာကို ထောက်ခံသည့်အရေးကြီးဆုံးတင်ပြချက်များအနက်တစ်ခုမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို အဆိုပါမီဒီယာက ကာကွယ်ပေးသည်ဟူ၍ဖြစ်သည်။ ခိုင်မာပြီးအမှီအခို ကင်းသောသတင်းမီဒီယာသည် ကျန်းမာသန်စွမ်းသောဒီမိုကရေစီ၏အရေးပါသောသွင်ပြင်လက္ခဏာတစ်ရပ် ဖြစ်သည်။ အကြောင်းမူ အမှီအခိုကင်းသတင်းမီဒီယာသည် အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုနှင့် အကျိုး မဖြစ်ထွန်းခြင်းတို့ကို ကန့်သတ်ပေး၍ဖြစ်သည်။

ပုဂ္ဂလပိုင်မီဒီယာကိုထောက်ခံကြသူများက လွတ်လပ်သောမီဒီယာစျေးကွက်တွင် မီဒီယာသည် ပြည်သူလူထု ၏အမြင်များကို ထင်ဟပ်ပြီး အစိုးရ၏အမြင်များကို မထင်ဟပ်ပါဟု ဆိုကြသည်။ ဤသို့ဖြစ်ရခြင်းမှာ စောင် ရေအများဆုံးရောင်းရသည့်သတင်းစာများသည် လူ့အဖွဲ့အစည်း၏အကြီးမားဆုံးသောအပိုင်းအကန့်၏သ ဘောထားအမြင်ကို ထင်ဟပ်မှုရှိလိမ့်မည်ဖြစ်ခြင်းကြောင့်ပင်။ ဤသို့ဆိုခြင်းမှာ လူအများသည် အစိုးရထက် သတင်းအတွက် အရေးကြီးလုပ်ငန်းစဉ်ကို ချမှတ်တတ်ကြသည်ဟု ဆိုလိုသည်။

အားနည်းချက်များ

မီဒီယာကိုပုဂ္ဂလပိုင်ပြုလုပ်ခြင်းသည် ဇာတ်လမ်းတစ်ပုဒ်အပေါ် လူကြိုက်များမှုရှိရေးသည် ထိုဇာတ်လမ်း၏လူ မှုရေးအရအရေးပါမှုထက် ပိုမိုတန်ဖိုးရှိသည်ဟုယူဆမိနိုင်သည့်အခြေအနေတစ်ရပ်ကိုပေါ်ပေါက်စေသည်။ ဝေ ဖန်သူများကမူ ပုဂ္ဂလပိုင်မီဒီယာသည် အကျိုးအမြတ်ရနိုင်သောသတင်းများ(အားကစား၊ ထင်ပေါ်ကျော်ကြာ သူများအကြောင်းအစရှိသဖြင့်)ကို အာရုံစိုက်ကြပြီး အရေးပါသော လူမှုရေး သို့မဟုတ် နိုင်ငံရေးကိစ္စရပ်များ ကိုမူ အာရုံမထားကြဟု တင်ပြကြသည်။ မီဒီယာသည် ပြည်သူကို ဖျော်ဖြေရေးအတွက်သာ စိတ်ဝင်စားပြီးအ သိပညာပေးရေးအတွက်မဟုတ်ကြောင်း ၎င်းတို့က ထောက်ပြသည်။

နိုင်ငံအများအပြားတွင် ပုဂ္ဂလပိုင်မီဒီယာအဖွဲ့အစည်းအများစုကို အနည်းငယ်သောအသင်းအဖွဲ့များကသာ ပိုင် ဆိုင်ထားသည်။ ဥပမာ အမေရိကန်တွင် အသင်းအဖွဲ့ပေါင်း ၅၀သည် ၁၉၈၃ ခုနှစ်တွင် သတင်းမီဒီယာအများစု ကို ပိုင်ဆိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင်မူ သတင်းမီဒီယာအများစုကို ပိုင်ဆိုင်သည့်အသင်းအဖွဲ့မှာ ခြောက်ဖွဲ့ လောက်ပင်ရှိသည်။ သတင်းအရင်းအမြစ်များစွာကို ထိန်းချုပ်ထားသည့် အသင်းအဖွဲ့များသည် အလွန်အာ ဏာကြီးပြီး ဩဇာအရှိန်အဝါကြီးမားသည်။