အစိုးရတစ်ရပ်ကို ၎င်း၏ရုပ်၀တ္ထုပိုင်းစွမ်းဆောင်ရည်ကိုကြည့်ကာ အကဲဖြတ်နိုင်သည်၊ အကဲဖြတ်သင့်သည်ဟူ သောအမြင်သည် သာမန်မြင်တွေ့နေကျဖြစ်သည်။ အုပ်ချုပ်ဆဲအာဏာရပါတီများကို ချမ်းသာကြွယ်၀ခြင်းနှင့် ဥစ္စာဓနတိုးပွားခြင်းဟူသောအချိန်ကာလများတွင် ပြန်လည်ရွေးကောက်တင်မြှောက်တတ်ကြသည်။ ထိုနည်း တူစွာ ရွေးကောက်ပွဲပြန်ကျင်းပချိန် အာဏာရပါတီများရှုံးသွားခြင်းသည် စီးပွားရေးကျဆင်းမှုနှင့် စီးပွားရေး အကျပ်အတည်းများဆိုက်ကပ်နေချိန်တွင် ဖြစ်နေတတ်ပြန်သည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် စီးပွားရေးတိုး တက်မှုအဆင့်နိမ့်ကျခြင်းနှင့် ဆင်းရဲနွမ်းပါးမှုတိုးပွားခြင်းသည် လူမှုရေးနှင့် လူမျိုးစုဆိုင်ရာတင်းမာမှုများကို ပိုနက်ရှိုင်းစွာဖြစ်စေသည်၊ အဂတိလိုက်စားမှုကို အားပေးသည်၊ ကောင်းမွန်သောအုပ်ချုပ်ရေးကို ကန့်သတ်သ လိုဖြစ်စေသည်။ အခြားတစ်ဖက်တွင်မူ စက်မှုတိုးတက်ဖွံ့ဖြိုးသောတိုင်းပြည်များသည် နိုင်ငံရေးတည်ငြိမ်မှုအ ဆင့် အမြင့်ဆုံးထိရောက်ရှိနေပြီး ကမ္ဘာ့အလယ်တွင် နေထိုင်မှုအဆင့်အတန်းအမြင့်မားဆုံးကိုလည်း ခံစားရရှိ နေကြသည်။
ဥစ္စာဓနတိုးပွားခြင်းနှင့် ရုပ်၀တ္ထုချမ်းသာကြွယ်၀မှုကို ရရှိစေနိုင်မည့် ယုံကြည်အားကိုးထိုက်ဆုံးသောနည်း လမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများလည်း အတော်အတန်ပင်ရှိသည်။ တချို့အမြင်အရ ယင်းသို့ဆွေးနွေး ခြင်းသည် အရင်းရှင်စနစ်နှင့် ဆိုရှယ်လစ်စနစ်ဟူသော အစဉ်အဆက်ကွဲပြားလာသည့် အတွေးအခေါ်ဝါဒနှစ် ရပ်ကို ထင်ဟပ်နေသည်ဟု ဆိုသည်။ သို့သော် စစ်အေးကာလပြီးဆုံးသွားချိန်မှစ၍ ‘အရင်းရှင်စနစ်လော သို့ ဆိုရှယ်လစ်စနစ်လော’ဟူသော အငြင်းအခုံသည် ‘မည်သို့သောအရင်းရှင်စနစ်မျိုးဖြစ်သနည်း’ဟူသောအငြင်း အခုံတစ်ရပ်အဖြစ် တိုးတက်ဖြစ်ထွန်းလာသည်။
ဤကိစ္စသည် ဥစ္စာဓနတိုးပွားမှုကို မည်သို့ဆောင်ရွက်နိုင်မည်ဆိုသောကိစ္စတင်မက၊ ဥစ္စာဓနကို မည်သို့ခွဲဝေ ဖြန့်ဖြူးမည်ဟူသောကိစ္စရပ်လည်း ဖြစ်နေပြန်သည်။ ဤကိစ္စသည် စျေးကွက်နှင့် နိုင်ငံတော်ကြား ဟန်ချက် ညီမှုနှင့် နီးစပ်စွာချိတ်ဆက်နေသည်၊ ထို့အပြင် အစိုးရသည် လူမှုဖူလုံရေးနှင့် ပြန်လည်ခွဲဝေပေးခြင်းစနစ်တစ် ရပ်ကိုသုံးပြီး စျေးကွက်ကို မည်သို့သောအတိုင်းအတာအထိ ပြင်ဆင်နိုင်၊ ပြင်ဆင်သင့်သနည်းဆိုသောကိစ္စနှင့် လည်း ချိတ်ဆက်မှုရှိသည်။
ရုပ်၀တ္ထုပိုင်းချမ်းသာကြွယ်၀ခြင်းစံကို သုံးပြီး အစိုးရစွမ်းဆောင်ရည်ကို အကဲဖြတ်သည့်အခါ ရင်ဆိုင်ရသောအ ကျပ်အတည်းက စီးပွားရေးတိုးတက်ခြင်း(စျေးကွက်အရွယ်အစား)နှင့် လူမှုရေးတရားမျှတမှု(ကိတ်မုန့်ကို ညီ တူညီမျှ မည်သို့လှီးမည်နည်း)ကြား ဟန်ချက်ညီရေးနှင့်ဆိုင်ပါသည်။
ဤကိစ္စရပ်နှင့်စပ်လျဉ်းသော အပြိုင်အဆိုင်နိုင်ငံရေးသဘောထားအမြင်နှစ်ရပ်ရှိသည်။ လွတ်လပ်စျေးကွက်အ မြင်နှင့် ဆိုရှယ်ဒီမိုကရက်အမြင်ပင်ဖြစ်သည်။
လွတ်လပ်စျေးကွက်အမြင်
ဟေးယက်နှင့် ဖရိုင်းမန်တို့ကဲ့သို့သော သီအိုရီပညာရှင်များ ထုတ်ပြခဲ့သည့် လွတ်လပ်စျေးကွက်အမြင်အရ အ ထွေထွေချမ်းသာကြွယ်၀ခြင်းကို စည်းမျဉ်းဥပဒေနှင့်ထိန်းကျောင်းမထားသောအရင်းရှင်စနစ်ကို ကျင့်သုံးမှအ ကောင်းဆုံးရရှိနိုင်သည်ဟု ဆိုသည်။ဤရှုထောင့်အမြင်မှကြည့်လျှင် စီးပွားရေးတိုးတက်မှုကို အလုပ်ကြိုးစား ခြင်းနှင့် ကုန်ထုတ်စွမ်းအားဖြစ်ထွန်းမှုကို အားပေးသည့် မူဝါဒများကို ကျင့်သုံးမှအကောင်းဆုံးရရှိမည်ဟု ယူ ဆနိုင်သည်။
ထို့ကြောင့် လူမှုဖူလုံရေးစနစ်သည် တစ်သီးပုဂ္ဂလလူသားကို အလုံးစုံဆင်းရဲနွမ်းပါးခြင်း(ဥပမာ အိမ်ခြေယာမဲ့ ဖြစ်ခြင်းနှင့် အစာရေစာငတ်ပြတ်ခြင်း)မှ ကာကွယ်ပေးနိုင်မည့် လုံခြုံရေးကွန်ရက်တစ်ခုအဖြစ်သာ လည်ပတ် နေသင့်သည်။
ဤစနစ်သည် လူမှုရေး တန်းတူညီမျှမဖြစ်ခြင်း(ဥပမာ လူမှုရေးအကျိုးခံစားခွင့်များနှင့် အစိုးရဝန်ဆောင်မှုများ ရယူခံစားခွင့်မှတစ်ဆင့်)ကို တိုက်ရိုက် လျှော့ချပေးရန် ရည်ရွယ်မထားသော်လည်း စနစ်ကိုထောက်ခံကြသူ များကမူ ယင်းစနစ်သည် ဆင်းရဲသားများကို အကျိုးရှိစေကြောင်း၊ အကြောင်းမူ ကြီးမားလှသောကိတ်မုန့်ကြီး (၎င်းတို့အပြောအရ သေးငယ်သောကိတ်မုန့်မှ ကြီးမားသောအပိုင်းတစ်ပိုင်းထက်ပင် ပိုကြီးမားသေးဟုဆို)မှ သေးငယ်သောအပိုင်းတစ်ပိုင်းကို ၎င်းတို့ရရှိစေခြင်းကြောင့်ဖြစ်သည်ဟု ပြောကြသည်။ လွတ်လပ်စျေးကွက်စီး ပွားရေးစနစ်ကို ထောက်ခံသူများသည် ယခုတင်ပြသောသဘောတရားကို ‘လူချမ်းသာမှလူဆင်းရဲသို့ ငွေကြေး ဥစ္စာပျံ့နှံ့သွားခြင်း’သက်ရောက်ချက်အဖြစ် ရည်ညွှန်းဖော်ပြကြသည်။
ဤအမြင်ကို ထောက်ခံကြသူများက လူမှုရေးဘတ်ဂျက်ငွေကြီးမားလျှင် အခွန်အခပိုမြင့်မားလေဖြစ်ပြီး စီးပွား ရေးတိုးတက်မှုကို အကန့်အသတ်ဖြစ်စေသည်ဟု ဆိုသည်။ အခွန်မြင့်မားခြင်းသည် အောက်ပါ အကြောင်း အချက်များကြောင့် စီးပွားရေးတိုးတက်မှုကို ကန့်သတ်သလိုဖြစ်စေသည်ဟု ၎င်းတို့က ထောက်ပြသည်။
- အလုပ်သမားများ ဝင်ငွေပိုရအောင် ကြိုးစားမလာရန် တားဆီးထားသည်(ဝင်ငွေပိုရလာပါက အခွန်ပို ဆောင်ရမည်ဖြစ်သဖြင့်)
- အလုပ်သမားများ စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင် (သို့) လုပ်ငန်းချဲ့ထွင်မလာအောင် တားဆီး ထားသည်(ကုန်ကျစရိတ်ပိုကြီးမားမည်ဖြစ်သဖြင့်)
- ကုမ္ပဏီများကို တိုင်းပြည်မှထွက်သွားစေသည်( အခွန်နည်းသည့်တိုင်းပြည်များဆီ ပြောင်းရွှေ့ချင်မည် ဖြစ်သဖြင့်)
ဆိုရှယ်ဒီမိုကရက်တစ်အမြင်
အထက်ကအမြင်နှင့်ပြိုင်ဘက်ဖြစ်သော ဆိုရှယ်ဒီမိုကရက်တစ်အမြင်ကမူ တန်းတူညီမျှရေးမှ ရရှိမည့် ကိုယ် ကျင့်တရားနှင့် စီးပွားရေးဆိုင်ရာအကျိုးအမြတ်များကို အဓိကထားသည်။ ဆိုရှယ်ဒီမိုကရက်များက ကန့်သတ် မထားသောစီးပွားရေးလွတ်လပ်မှုသည် အနည်းငယ်သောလူတစ်စု၏လက်ထဲ ဓနဥစ္စာကို စုပြုံပေးထားခြင်း ဖြင့် မညီမျှမှုကို ကြီးမားစေနိုင်သည်ဟု ဆိုသည်။ ဤအချက်သည် အပြန်အလှန်အားဖြင့် လူ့အဖွဲ့အစည်းကို နှစ်ခြမ်းကွဲသွားစေပြီး ပိုင်ရှင်နှင့် အလုပ်သမား၊ ချမ်းသာသူနှင့် ဆင်းရဲသူ၊ မြို့ပြနေလူထုနှင့် ကျေးလက်နေလူ ထုကြား ပဋိပက္ခများ ဖြစ်ပွားစေနိုင်သည်ဟု ၎င်းတို့က ယူဆသည်။
လူမှုရေးတရားမျှတမှုကို မြှင့်တင်ပေးမည့် မူဝါဒများ၏တန်ဖိုးဟူသည်မှာ ယင်းမူဝါဒများကြောင့် နိုင်ငံသား အားလုံးတွင် လူ့အဖွဲ့အစည်းအတွင်း အကျိုးရှိရာနေရာတစ်ခုစီ(နိုင်ငံသားများသည် နိုင်ငံရေးစနစ်မှ အကျိုးအ မြတ်ရနိုင်၍ ထိုစနစ်ကို အားပေးကြသည်) ပိုင်ဆိုင်ထားနိုင်ခြင်းဖြစ်သည်ဟု ဆိုလိုသည်။ ဤအမြင်ကိုထောက် ခံကြသူများက လွတ်လပ်စျေးကွက်မူဝါဒများသည် လူမှုရေးဖယ်ကြဉ်မှုအန္တရာယ်အစွန်းတစ်ဖက်ကို မြှင့်တင် ပေးနေသည်ဟု ပြောသည်။လူမှုရေးဖယ်ကြဉ်ခြင်းသည် ရာဇဝတ်မှုနှင့် လူမှုရေးအုံကြွမှုတို့ ပိုဖြစ်နိုင်စရာအခြေ အနေများသော အောက်အလွှာလူတန်းစားတစ်ရပ်ကို ကြီးထွားလာစေနိုင်သည်ဟု ၎င်းတို့က ဆိုသည်။
ထို့ကြောင့် ချမ်းသာကြွယ်၀ခြင်းကို ရေရှည် တည်တံ့အောင်ထိန်းထားနိုင်ရန် မျှမျှတတခွဲဝေမှုနှင့် ထိရောက် သောလူမှုဖူလုံရေးစနစ်တစ်ရပ်ကို လိုအပ်သည်။
ဆိုရှယ်ဒီမိုကရက်တို့သည် အောက်ပါအချက်များမှတစ်ဆင့် တန်းတူညီမျှပိုရှိလာရေးကို ကြိုးစားကြသည်။
- အခွန်ကောက်ခြင်း၊ အခွန်ကောက်သဖြင့် လူမှုရေးအသုံးစရိတ်မြင့်မားစေနိုင်ပြီး ချမ်းသာသူထံမှ ဓနဥ စ္စာကို ဆင်းရဲသူထံ ပြန်လည်ခွဲဝေပေးနိုင်မည်။
- ကုန်သွယ်ခြင်း၊ ကုန်သွယ်ရေးကို မြှင့်တင်ရမည်ဖြစ်သော်လည်း တည်ရှိဆဲပြည်တွင်းလုပ်ငန်းနှင့်အ လုပ်အကိုင်များနှင့် ဟန်ချက်ညီအောင်ထားရမည်။
- အစိုးရစည်းမျဉ်းဥပဒေနှင့် စီးပွားရေးပိုင်းအရေးကြီးကဏ္ဍများကို ပိုင်ဆိုင်ထားခြင်း။ လွတ်လပ်စျေး ကွက် ထောက်ခံကြသူများက ဆိုရှယ်ဒီမိုကရေစီစနစ်များသည် စီးပွားရေးတိုးတက်မှုကို ကန့်သတ်သ လိုဖြစ်ခြင်းကြောင့် ယင်းစနစ်များကို ဝေဖန်သည်။
လူမှုဖူလုံရေးစနစ်သည် ကုန်ကျစရိတ်မြင့်မားသ ဖြင့် စီးပွားရေးတိုးတက်မှုကို ကန့်သတ်ထားပြီးပုဂ္ဂလပိုင်လုပ်ငန်းကို ဟန့်တားသလိုဖြစ်စေသည်ဟု ၎င်းတို့က ထောက်ပြသည်။ ထို့အပြင် ၎င်းတို့က ပြည်သူ့ကဏ္ဍသည် ကြီးမားပြီး ရှုပ်ထွေးသောဗြူရိုက ရေစီယန္တရားများ လိုအပ်သဖြင့် အကျိုးမရှိကြောင်း၊ ဗြူရိုကရေစီယန္တရားများသည် ယှဉ်ပြိုင်ဘက် များ(လွတ်လပ်စျေးကွက်မှာရှိသလိုမျိုး)ကို အသာယူရန် မက်လုံးနည်းပါးသည်ဟုဆိုကြသည်။
ဇယား ၁။ ရုပ်၀တ္ထုပိုင်းစွမ်းဆောင်ရည်နှင့်စပ်လျဉ်း၍ လွတ်လပ်စျေးကွက်နှင့် ဆိုရှယ်ဒီမိုကရက်အမြင်များ