အသစ်များ > လူများစုအုပ်ချုပ်ရေးနှင့် လူနည်းစုအခွင့်အရေးများ
လူများစုအုပ်ချုပ်ရေးနှင့် လူနည်းစုအခွင့်အရေးများ
2022-10-01
ခေတ်သစ်ဖွဲ့စည်းပုံအခြေခံဥပဒေအစိုးရတွင် လူများစုအုပ်ချုပ်ရေးနှင့် လူနည်းစုအခွင့်အရေးသည် အလွန်အ ရေးပါသောအတွေးအမြင်များဖြစ်ကြသည်။ ဤအတွေးအမြင်များသည် အစိုးရ၏ဆုံးဖြတ်ချက်များကို ပြည်သူ လူထု၏အကျိုးစီးပွားများနှင့် လိုလားချက်များအပေါ် အခြေခံခွင့်ပြုလိုက်ပြီး တစ်ချိန်တည်းမှာပင် လူနည်းစု အခွင့်အရေးများ ထိပါးချိုးဖောက်ခံရခြင်း(လူများစုဆုံးဖြတ်ချက်များ၏အကျိုးရလဒ်အဖြစ်)မရှိအောင် ကာ ကွယ်ပေးရန် အာမခံပေးထားခြင်းကြောင့် အရေးကြီးလှသည်။
လူများစုအုပ်ချုပ်ရေး
တိုင်းပြည်ကို ထိရောက်စွာစီမံအုပ်ချုပ်ရန် အစိုးရများသည် ဆုံးဖြတ်ချက်များချရန်အတွက် လက်တွေ့နည်း လမ်းများကို လိုအပ်သည်။ ဆုံးဖြတ်ချက်များ ချရန်အတွက် တိုင်းပြည်တွင်း နိုင်ငံသားတိုင်း၏သဘောတူညီမှု ကို လိုအပ်လျှင် ဆုံးဖြတ်ချက်တိုင်းနီးပါးကို မချမှတ်နိုင်ပါ၊ အစိုးရလည်း လုပ်ငန်းလည်ပတ်နိုင်မည်မဟုတ် ပါ။ ဆိုလိုသည်မှာ ဆုံးဖြတ်ချက်ချရေးအတွက် အနည်းဆုံးသတ်မှတ်ချက်အဖြစ် တချို့လိုအပ်ချက်ကို(၁၀၀ ရာခိုင်နှုန်းပြည့်လိုအပ်ချက်ကို မဆိုလို)ကိုသာ ရွေးချယ်ရမည်ဖြစ်သည်။
ကိုယ်စားပြုခြင်းသည် ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များကို ပိုမိုအကျိုးများစေသည်။ (လွှတ်တော်များကဲ့ သို့) ပြည်သူ့ရေးရာဌာနအဖွဲ့အစည်းများတွင် ပြည်သူကို ကိုယ်စားပြုနိုင်မည့် သူများကို နိုင်ငံသားများကရွေး ချယ်လိုက်သဖြင့် ဆုံးဖြတ်ချက်ချသူအရေအတွက်သည် လုပ်ငန်းကိုပို၍အဆင်ပြေပြေစီမံဆောင်ရွက်နိုင် လောက်သောအရေအတွက်အထိ လျော့ကျသွားသည်။
သို့ရာတွင် လုပ်ငန်းထိရောက်စွာဆောင်ရွက်နိုင်ရန် ကိုယ်စားပြုဒီမိုကရေစီနိုင်ငံများတွင် ဥပဒေတစ်ရပ်ကိုအ တည်ပြုလက်ခံရန် မည်သည့်မဲဆန္ဒရာခိုင်နှုန်းကို လိုအပ်ပါသည်ဟူ၍ စည်းမျဉ်းစည်းကမ်းများ ရှိရန်လိုအပ် သည်။ ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံသားအားလုံး၌ မဲပေးပိုင်ခွင့်ရှိသဖြင့် လူများစုအခြေခံမူ(၅၀ရာခိုင်နှုန်းကျော်) ဟူသောရှုထောင့်တချို့သည် အစိုးရများအတွက် ဆုံးဖြတ်ချက်များ ချမှန်ရန် လက်တွေ့အကျဆုံးနည်းလမ်း ဖြစ်တတ်သည်။ လူများစုအုပ်ချုပ်ရေးဟူသောအဓိပ္ပာယ်သည် ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ရန် ဆုံးဖြတ် ချက်ချသူ ၅၀ရာခိုင်နှုန်းကျော်က မဲပေးမှုရှိလျှင် ယင်းဆုံးဖြတ်ချက်တစ်ရပ်ကို လက်ခံအတည်ပြုနိုင်သည်ဟု ဆိုလိုသည်။
သို့ရာတွင် လူများစုအုပ်ချုပ်ရေးတွင်လည်း ပြဿနာရပ်များရှိသည်။ ဥပမာပြရလျှင် ဆုံးဖြတ်ချက်တစ်ရပ်ကို လက်ခံအတည်ပြုရန် မဲဆန္ဒတစ်ဝက်ကျော်ကို လိုအပ်သည်ဟု စည်းမျဉ်းရှိပြီး မဲပေးသူ ၅၁ ရာခိုင်နှုန်းကျော်က ‘လက်ခံသည်’ဟု မဲပေးလျှင် ၄၉ ရာခိုင်နှုန်း(ပြည်သူတစ်ဝက်နီးပါး)သည် မဲရလဒ်အပေါ် စိတ်ချမ်းသာမှုရှိမည် မဟုတ်ပေ။ သို့ရာတွင် ဤမူထက်ကျော်၍ရှုမြင်ကြည့်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ဖြေရှင်းပေးရန်စီ မံဆောင်ရွက်ချက်များ ထည့်သွင်းပေးထားရသည်အထိ လူများစုအုပ်ချုပ်ရေးနှင့်ဆက်စပ်သော အခြားစွန့်စား ရမှုနှင့် အန္တရာယ်များရှိနေသေးသည်။
လူများစု-အုပ်ချုပ်မှုဒီမိုကရေစီ နှင့် အာဏာခွဲဝေခြင်း
ပဋိပက္ခဖြစ်ပွားပြီးတိုင်းပြည်တွင် အုပ်ချုပ်ရေးအာဏာ၏သဘောသဘာ၀သည် ရွေးကောက်ပွဲစနစ်အပေါ်ကြီး ကြီးမားမား မှီတည်နေသည်။ ဖော်ပြခဲ့သည့်အတိုင်း လူများစုအခြေခံဒီမိုကရေစီပုံစံတစ်ရပ်တွင် လူထုအများ သို့ လူများစုအခြေခံသော ရွေးကောက်ပွဲစနစ်မှ ပေါ်ပေါက်လာသည့် တစ်ခုတည်းသောပါတီအစိုးရတစ်ရပ်ရှိ ပြီး အာဏာခွဲဝေခြင်းစနစ်နှင့် ကွဲပြားမှုရှိနိုင်သည်။ အာဏာခွဲဝေခြင်းစနစ်မှာ အချိုးကျကိုယ်စားပြုခြင်းပုံသ ဏ္ဌာန်တချို့မှ ထွက်လာသောအကျိုးရလဒ်တစ်ရပ်ဖြစ်သည်။ သို့သော် အုပ်စုဂိုဏ်းဂဏ ကြီးမားစွဲကွဲနေပြီး စစ် ဘေးသင့်နေသောတိုင်းပြည်များအတွက် “အနိုင်ရသူအားလုံးယူစတမ်း”ဟု သွင်ပြင်လက္ခဏာရှိသည့် လူများစု အုပ်ချုပ်ရေးစနစ်ကို လိုလားတောင့်တာ၍မရနိုင်ဟူသောကိစ္စအပေါ်တွင် အကျယ်အပြန့်သဘောတူညီထား ကြသည်လည်းရှိသည်။ အပေါင်း-အနှုတ်ရလဒ်ဖြစ်နိုင်သည့်အလားအလာ၊ အာဏာဆုံးရှုံးသွားမည့်အကြောက် တရားတို့သည် ရွေးကောက်ပွဲယှဉ်ပြိုင်မှုကို ခက်ခဲစေနိုင်ဖွယ်ရှိပြီး လက်နက်ကိုင်ပဋိပက္ခအသစ်တစ်ဖန်ပေါ် ပေါက်လာမည်အန္တရာယ်ကိုလည်း မြင့်မားစေဖွယ်ရှိသည်။ သို့ရာတွင် မိုဇမ်ဘစ်၊ အယ်ဆာဗေးဒိုးနှင့် နိုင်ကာ ရာဂွာကဲ့သို့သော ပဋိပက္ခဖြစ်ပွားပြီးတိုင်းပြည်များ၏ကိစ္စများတွင်မူ လူများစုအုပ်ချုပ်ရေးသည် ထိရောက်မှုရှိ ကြောင်းသက်သေပြနိုင်ခဲ့သည်ကိုတော့ ဖော်ပြသင့်ပါသည်။ ထို့ကြောင့်လည်း ကိုယ်သန်ရာဂိုဏ်းအဖွဲ့အသီး သီးကြား တိုက်ခိုက်နေကြသော လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် လုပ်သည့်အမှုကိစ္စမျိုးအတွက်ထက် လယ်သမားပုန်ကန်မှုများ သို့ လူတန်းစားတိုက်ပွဲများဖြစ်ပွားပြီးနောက် ပ ဋိပက္ခလွန်ပြန်လည်ထူထောင်ရေးကို စီမံဆောင်ရွက်သည့်အမှုကိစ္စမျိုးအတွက် လူများစုအုပ်ချုပ်ရေးအခြေခံ ဒီမိုကရေစီက ပိုမိုလိုက်ဖက်သည်ဟု ဆိုလာကြသည်။ ကိုးကား။ Democracy and Political Party Assistance in Post Conflict Societies |
လူနည်းစုအခွင့်အရေးများ
တစ်သီးပုဂ္ဂလအခွင့်အရေးများ၊ အထူးသဖြင့် နိုင်ငံရေးအခွင့်အရေးများအပေါ် အလွန်အမင်းအရေးထားခြင်း သည် ‘အများစုပဓာနဝါဒ’1 ကို ဦးတည်မိနိုင်သည်။ ထိုဝါဒအရ လူများစုအသိုင်းအဝိုင်း၏ယဉ်ကျေးမှုနှင့် တန် ဖိုးများသည် လူ့အဖွဲ့အစည်းကို လွှမ်းမိုးကြီးစိုးထားသည်။ အများစုရှိရာလူ့အသိုက်အဝန်းကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများသည် ပိုမြင့်မားသောအစိုးရအဆင့်များတွင် အခြားသူများထက် အများကြီးပိုပါဝင်ဆောင် ရွက်မှုရသည့်အခြေအနေမျိုးကို လူများစုအခြေခံစနစ်များက ဦးတည်သည်။
လူများစုပဓာနဝါဒ၏ဘေးရန်ကို လျှော့ချရန် နိုင်ငံအများအပြားသည် တိုင်းရင်းသားလူမျိုး၊ ဘာသာရေး သို့ ဘာသာဗေဒဆိုင်ရာလူနည်းစုအသိုင်းအဝိုင်းများ၏ စုပေါင်းရရှိသောအခွင့်အရေးများကို အသိအမှတ်ပြုပေး လိုက်သည်။ အဆိုပါစုပေါင်းအခွင့်အရေးများတွင် ယဉ်ကျေးမှုအခွင့်အရေးနှင့် လူနည်းစုအသိုင်းအဝိုင်းများအ တွက် ကိုယ်ပိုင်-အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးပုံသဏ္ဌာန်တို့ ပါဝင်သည်။
“လူနည်းစုအခွင့်အရေးများ”ကြောင့် တိုင်းပြည်တစ်ပြည်၏လူများစုသည် လူနည်းစုတစ်ရပ်၏အခွင့်အရေး များကို ချိုးဖောက်ရာကျမည့် တစ်စုံတစ်ရာကို လုပ်ချင်တိုင်း လုပ်ခွင့်မရတော့ပေ။ လူနည်းစုအခွင့်အရေးများ ကြောင့် လူများစုသည် အောက်ပါတို့နှင့်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်မရနိုင်တော့ပါ။
- အနာဂတ်တွင် ပြင်ဆင်ပြောင်းလဲမရနိုင်ခြင်း(ဥပမာ အာဏာရှင်စနစ်ထူထောင်ခြင်း)
- ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များတွင် လူနည်းစု ပါဝင်ဆောင်ရွက်ပိုင်ခွင့်ကို ငြင်းခြင်း
- လူနည်းစုဝင်အစုအဖွဲ့များအပေါ် ခွဲခြားဆက်ဆံခြင်း သို့ လူ့အခွင့်အရေးများကို ထိပါးချိုးဖောက်ခြင်း ကို ဦးတည်လာခြင်း
အတိတ်တုန်းက ခွဲခြားဆက်ဆံမှုနှင့် ယနေ့ချိန်ထိ သီးခြားစရိုက်လက္ခဏာအရအမျိုးအစားခွဲခြားမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြင်ဆင်ပြောင်းလဲရေးကို တောင်းဆိုရာတွင် အရေးပါသောအခြေခံအကြောင်း ရင်းတစ်ချက်ဖြစ်ပါသည်။ လူနည်းစုဝင်အစုအဖွဲ့များ၏ အခွင့်အရေးတောင်းဆိုသံများကို ဖြေရှင်းပေးရေး သည် ကိစ္စရပ်အများအပြားတွင် ဖွဲ့စည်းပုံဥပဒေတည်ဆောက်ရေးအတွက် ဆုံချက်အကြောင်းရင်းတစ်ချက် ဖြစ်သလို သဘောထားတင်းမာမှုများ၏ အကြီးမားဆုံးအရင်းခံတစ်ရပ်ဖြစ်လာသည်။
- အင်ဒိုနီးရှားတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေးအတွက် ဆွေးနွေးငြင်းခုံကြရာတွင် ဗဟုယဉ်ကျေးမှုများနှင့် ဌာနေအာ့ချ်လူမျိုးများနှင့် အခြားပိုင်နယ်နယ်မြေများရှိ လူနည်းစုအခွင့်အ ရေးဟူသော အခြေမူငါးချက်ဆိုင်ရာအယူအဆက အမြဲရောယှက်ပါဝင်နေတတ်သည်။ (အခြေခံမူများ နှင့် အပြန်အလှန်ကူးလူးရောယှက်နေသည့်အကြောင်းအရာများနှင့်စပ်လျဉ်းသော ဤလမ်းညွှန်ချက် ၏အခန်း ၂ ကိုကြည့်ပါ)
- နီပေါတွင် ၂၀၀၆ခုနှစ် ဆယ်နှစ်ကြာလက်နက်ကိုင်ပဋိပက္ခအဆုံးသတ်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥ ပဒေရေးဆွဲရေးသည် အဓိကကျသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
- ရက်ထရီရယ်နှင့် အီသီယိုးပီးယားနိုင်ငံတို့တွင် ၁၉၉၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေလုပ်ငန်းစဉ်များ သည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်သူများဖြစ်ကြသည်ဟု ထင်ရှားသောတိုင်းရင်းသားလူမျိုးစုဆိုင် ရာအစုအဖွဲ့များက အသိအမှတ်ပြုပေးရန်တောင်းဆိုရာမှ ထွက်ပေါ်လာခဲ့သည်။
- တောင်အာဖရိကနိုင်ငံတွင် လူမျိုးအရလူနည်းစုနှင့် နှိုင်းယှဉ်လျှင် လူမျိုးအရလူများစုတို့၏အခွင့်အရေးများကြား သဘောထားတင်းမာမှုသည် ၁၉၉၀-၀၆ စေ့စပ်ညှိနှိုင်းရေးအတွက် အဓိကကျခဲ့သည်။ အဆိုပါစေ့စပ်ညှိနှိုင်းရေးမှ “လူမျိုးရေးအခြေမခံသော” ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၉၆) ပေါ်ထွက်လာခဲ့သည်။
လူနည်းစုအခွင့်အရေးများဟူသောအယူအဆသည် အခြင်းအရာနှစ်ရပ်ကို သွယ်ဝိုက်ရည်ညွှန်းနိုင်သည်။ ပထမ တစ်ခုမှာ သတ်သတ်မှတ်မှတ်ရှိသည့်လူနည်းစုဝင်အစုအဖွဲ့များထဲ တစ်သားတည်းပါဝင်နေသည့် တစ်သီးပုဂ္ဂ လတိုင်းသည် တခြားလူတိုင်းနှင့်(တစ်သီးပုဂ္ဂလအခွင့်အရေး) အတူတူဖြစ်သောအခွင့်အရေးများကို ခံစားခွင့်ရှိ သည်၊ ဒုတိယတစ်ခုမှာ လူနည်းစုဝင်အစုအဖွဲ့တစ်ရပ်သည် အထူးသီးခြားအခွင့်အရေးများ(စုပေါင်းအခွင့်အ ရေးများ)ကို တရားနည်းလမ်းတကျ ကိုယ်တိုင် တောင်းဆိုနိုင်သည်ဟူ၍ဖြစ်သည်။
ဤအခွင့်အရေးများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။
နယ်မြေကိုယ်ပိုင်စိုးမိုးရေး၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး သို့ အာဏာများကို ဒေါင်လိုက်ပုံစံခွဲဝေခြင်း
ဥပမာပြရလျှင် စပိန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၇၈) သည် သမိုင်းဝင်နိုင်ငံသားလူမျိုးစုသုံးစုအတွင်း ကိုယ်ပိုင်အစိုးရကို ဖန်တီးပေးရန်ကြိုးပမ်းခဲ့သည်။ တစ်ဖက်တွင် အဆိုပါအခြေခံမူကို တောင်းဆိုသည့် တခြား သောနယ်မြေဒေသအထိ ကျင့်သုံးနိုင်ရန် ချဲ့ထွင်ပေးသည်။
အာဏာခွဲဝေပေးရေးကိရိယာများ
ဥပမာပြရလျှင် လက်ဘနွန်နိုင်ငံတွင် သမ္မတရာထူးကို တိုင်းရင်းသားလူမျိုးစုအဖွဲ့တစ်ဖွဲ့ထံ အမြဲတစေ အပ် နှင်းထားသည်၊ တစ်ဖက်တွင် ဝန်ကြီးချုပ်ရာထူးကိုမူ တခြားလူမျိုး(လက်ဘနွန်)ထံ အမြဲအပ်နှင်းထားသည်။
ယဉ်ကျေးမှုအရကိုယ်ပိုင်လွတ်လပ်ခွင့်(သို့ ယဉ်ကျေးမှုဆိုင်ရာကွဲပြားခြားနားမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသိအမှတ်ပြုလက်ခံခြင်း)
ဥပမာပြရလျှင် အိန္ဒိယ၊ အစ္စရေးနှင့် လက်ဘနွန်နိုင်ငံတို့တွင် လက်ထပ်ထိမ်းမြားရေးကိစ္စရပ်များကို အမျိုးမျိုး သောဘာသာရေးအသိုင်းအဝိုင်းများက စီရင်ဆုံးဖြတ်ပေးနေဆဲဖြစ်သည်။
အာဏာခွဲဝေရေးကိုအခြေခံထားသည့် ရွေးကောက်ပွဲစနစ်
ဥပမာပြရလျှင် စင်္ကာပူနိုင်ငံတွင် လွှတ်တော်အမတ်အများစုကို ပြည်နယ်ခရိုင်ပေါင်းစုံမှ ရွေးကောက်သည်။ပါ တီများသည် ခရိုင်တစ်ခုချင်းစီမှ အမတ်လောင်း ၃ ဦးမှ ၆ ဦးကြားစာရင်းတစ်ခုကို တင်ပြပေးရမည်။ စာရင်း တစ်ခုစီတွင် အနည်းဆုံး မလေး၊ အိန္ဒိယ၊ သို့ တခြားလူနည်းစုအသိုင်းအဝိုင်းမှ အဖွဲ့ဝင်တစ်ဦးပါရမည်။
ကိုယ့်ကံကြမ္မာကိုယ်ပြဌာန်းစီရင်ပိုင်ခွင့်
ဥပမာပြရလျှင် အီသီယိုးပီးယားဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၉၄ခုနှစ် ဒီဇင်ဘာတွင် ကျင့်သုံးခဲ့ပြီး ယင်းဥပဒေ က အီသီယိုးပီးနိုင်ငံတွင်း တရားဝင်အသိအမှတ်ပြုလက်ခံထားသည့် တိုင်းရင်းသားလူမျိုးစုအစုအဖွဲ့တိုင်းအ တွက် ကိုယ့်ကံကြမ္မာကိုယ်ပြဌာန်းစီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုထားသည်(ပုဒ်မ ၃၉.၁)။
ခွဲခြားဆက်ဆံမှုပပျောက်ရေးနှင့် အားလုံးပါဝင်နိုင်ရေးနှင့်ဆက်စပ်သည့် ဥပဒေများ
ဥပမာပြရလျှင် နိုင်ဂျီးရီးယားနိုင်ငံတွင် နိုင်ငံရေးပါတီများအနေဖြင့် ယင်းတို့၏အုပ်ချုပ်ရေးကော်မတီများအ တွင်း “ဖက်ဒရယ်သဘောသဘာ၀”ကို ထင်ဟပ်နေစေရန် လိုအပ်သည်(လေးထောင့်ကွက်ပါ ဆန့်ကျင်သူစာ ကို ရှုပါ)။
အနှိမ်ခံရသူများကို ပြန်ကုစားပေးရေးစည်းမျဉ်းများနှင့် မူဝါဒများ
ဥပမာပြရလျှင် ကိုလံဘီယာ(‘လူမည်းအသိုင်းအဝိုင်းများ)၊ ခရိုအေးရှား(တိုင်းရင်းသားလူမျိုးစုလူနည်းစုများ)၊ အိန္ဒိယ(နောက်ဆက်တွဲလူမျိုးစုများနှင့် ဇာတ်နိမ့်သီးသန့်လူတန်းစားများ)၊ ဂျော်ဒန်(ခရစ်ယာန်များနှင့် ဆီ ကက်ရှန်ဌာနေတိုင်းရင်းသားများ) နိုင်ဂါ(တွာရက်များ) နှင့် ပါကစ္စတန် (အမျိုးသမီးများနှင့် မူဆလင်ဘာသာ ဝင်မဟုတ်သူများ)တို့တွင် ဥပဒေပြုလွှတ်တော်အတွင်း သီးခြားလူနည်းစုဝင်များ/အမျိုးသမီးများအတွက် ရေ ရာသော အမတ်နေရာများကို သီးသန့်ဖယ်ချန်ထားပေးသည်။
နိုင်ဂျီးရီးယားဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံရေးပါတီများဖွဲ့စည်းပုံနှင့်စပ်လျဉ်း၍ ကန့်သတ်ချက်များ
အမည်နာမ မည်သို့ပင် သတ်မှတ်ခေါ်ဝေစေကာမူ မည်သည့်အဖွဲ့အစည်းမှ အောက်ပါအခြေအနေအတိုင်းမရှိ လျှင် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် လုပ်ငန်းဆောင်ရွက်ခွင့်မရှိပါ။ (က) ပါတီ၏အမျိုးသားအဆင့်အရာရှိများ၏ နာမည်များနှင့် နေရပ်လိပ်စာများကို သီးခြားလွတ်လပ်သောရွေး ကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်သွားထားခြင်း (ခ) နိုင်ဂျီးရီးယားနိုင်ငံသားတိုင်းတွင် မွေးဖွာရာဇာတိ၊ ပတ်ဝန်းကျင်၊ လိင်၊ ဘာသာရေး သို့ တိုင်းရင်းလူမျိုးစု ဖြစ်ခြင်း တို့နှင့် မသက်ဆိုင်ဘဲ နှစ်သက်ရာ အသင်းအပင်းသို့ အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရှိခြင်း။ (ဂ) ပါတီဖွဲ့စည်းပုံမူ မိတ္တူတစ်ရွက်အား သီးခြားလွတ်လပ်သော အမျိုးသားရွေးကောက်ပွဲကောင်မရှင်မှညွှန်း ဆိုထားသည့်ပုံစံအတိုင်း သီးခြားလွတ်လပ်သောအမျိုးသားရွေးကောက်ပွဲကောက်မရှင်၏ ရုံးချုပ်ဌာနတွင် မှတ်ပုံတင်ရခြင်း (ဃ) မှတ်ပုံတင်ထားသည့်ဖွဲ့စည်းပုံမူတွင် ပြင်ဆင်ချက်ရှိပါက ပြင်ဆင်မှုပြုလုပ်သည့်နေ့မှ ရက်ပေါင်း ၃၀အ တွင်း သီးခြားလွတ်လပ်သော အမျိုးသားရွေးကောက်ပွဲကော်မရှင်၏ရုံးချုပ်ဌာနတွင် မှတ်ပုံပြန်တင်ရခြင်း။ (င) အသင်းအဖွဲ့၏အမည်၊ သင်္ကေတ သို့ အမှတ်တံဆိပ်တို့တွင် မည်သည့်တိုင်းရင်းသား သို့ ဘာသာရေးအား ညွှန်းဆိုခြင်း သို့ အသင်းအဖွဲ့၏လှုပ်ရှားဆောင်ရွက်ချက်များသည် နိုင်ဂျီးရီးယားနိုင်ငံ၏ပထဝီနယ်မြေဒေသ အစိတ်အပိုင်းတစ်ခုခုကိုသာ ဦးတည်ခြင်း မျိုးမရှိစေခြင်း။ (စ) အသင်းအဖွဲ့၏ဌာနချုပ်သည် ပြည်ထောင်စုမြို့တော်နယ်မြေဖြစ်သော အဘူဂျာတွင် တည်ရှိခြင်း။ ပုဒ်မ ၂၂၃၊ နိုင်ငံရေးပါတီများ၏ဖွဲ့စည်းပုံမူနှင့် စည်းမျဉ်းများ (၁) နိုင်ငံရေးပါတီတစ်ရပ် ဖွဲ့စည်းပုံမူနှင့်စည်းမျဉ်းများသည် (က) ပါတီ၏အလုပ်အမှုဆောင်ကော်မတီ သို့အခြားစီမံအုပ်ချုပ်ရေးအဖွဲ့များအတွက် ရုံးချုပ်အရာရှိများနှင့် အဖွဲ့ဝင် များကို ဒီမိုကရေစီနည်းကျ အချိန်မှန်ရွေးကောက်တင်မြှောက်ခြင်းကို ဆောင်ရွက်ရမည်။ (ခ) နိုင်ငံရေးပါတီ၏ အလုပ်အမှုဆောင်ကော်မတီ သို့ အခြားစီမံအုပ်ချုပ်ရေးအဖွဲ့များ၏အဖွဲ့ဝင်များသည် နိုင်ဂျီးရီးယားနိုင်ငံ၏ပြည်ထောင်စုစရိုက်လက္ခဏာနှင့်အညီ ရှိနေရမည်။ (၂) ဤအခန်း၏ရည်ရွယ်ချက်များမှာ (က) နိုင်ငံရေးပါတီ၏ အလုပ်အမှုဆောင်ကော်မတီအရာရှိများ သို့ ကော်မတီဝင်များကို ရွေးကောက်တင် မြှောက်ခြင်းသည် လေးနှစ်သက်တမ်းထက်ကျော်လွန်ခြင်းမရှိစေဘဲ ပုံမှန်ကြားကာလတွင် အချိန်မှန်ကျင်းပ နိုင်ရမည်၊ ထို့အပြင် (ခ) နိုင်ငံရေးပါတီ၏အလုပ်အမှုဆောင်ကော်မတီအရာရှိများ သို့ အခြားစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ပြည်ထောင်စုမြို့တော်အဘူဂျာနှင့် ပြည်ထောင်စုနယ်မြေများအားလုံး၏ ၃ပုံ၂ပုံထက် အရေအတွက်မနည်းစေဘဲ သက်ဆိုင်ရာပြည်နယ်အသီးသီးမှ အဖွဲ့ဝင်များဖြစ်မှသာ နိုင်ဂျီးရီးယားနိုင်ငံ၏ပြည်ထောင်စုစရိုက်လက္ခ ဏာနှင့်အညီဖြစ်ရမည်။ ကိုးကား။ Political Parties And Democracy in Theoretical And Practical Perspectives: Adoping Party Law |
ဖင်လန်နိုင်ငံရှိ ဘာသာစကားအခွင့်အရေးနှင့် အခြေအနေများကို လေ့လာခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖင်လန်နိုင်ငံတွင် ဘာသာစကားနှစ်မျိုးတန်းတူရှိသည်။ ဆွီဒင်ဘာသာစကားနှင့် ဖင်လန်ဘာသာစကားဟူ၍ဖြစ်သည်။ နှစ်မျိုးစလုံးမှာ ဥရောပသမဂ္ဂအဖွဲ့တွင်း ဖင်လန်၏တရားဝင်ရုံးသုံးဘာ သာစကားများဖြစ်ကြသည်။ ဖင်လန်နှင့် ဆွီဒင်ဘာသာစကားအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြားဘာ သာစကားအုပ်စုသုံးစုကိုလည်း ကောင်းမွန်စွာ ဖော်ပြပေးထားသည်၊ ယင်းတို့မှာ ဆာမီ၊ ရိုမာနှင့် ဆိုင်းဘာသာစကားသုံးစွဲကြသူများဖြစ်သည်။ ဖင်လန်နိုင်ငံတွင် ဖင်လန်နှင့် ဆွီဒင်ဘာသာစကားများအား သုံးစွဲသည်မှာ နှစ်ပေါင်း ၉၀၀ကျော်ကြာပြီဖြစ် သည်။ ဆွီဒင်ဘာသာစကားသည် အုပ်ချုပ်ရေးနှင့် ဥပဒေရေးရာတွင် သုံးသောဘာသာစကားဖြစ်နေသည်မှာ ကာလအတော်ကြာပြီဖြစ်သည်။ ၁၉၁၇ ခုနှစ် ဖင်လန်နိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဖင်လန်နှင့် ဆွီဒင်ဘာ သာစကားနှစ်မျိုးစလုံးကို နိုင်ငံ၏တန်းတူအမျိုးသားဘာသာစကားများအဖြစ် အတည်ပြုပေးခဲ့သည်။ ၂၀၁၁ ခုနှစ်ကုန်တွင် လူဦးရေ၏၉၀ရာခိုင်နှုန်းသည် ဖင်လန်စကားကို ပြောဆိုပြီး ၅.၄ရာခိုင်နှုန်းက ဆွီဒင်စ ကားကို ပြောသည်။ လူဦးရေ၏ ၄.၅ရာခိုင်နှုန်းသည် ယင်းတို့၏မိခင်ဘာသာအဖြစ် အခြားဘာသာစကားတ ချို့ကို ပြောကြသည်။ ထောင်နှင့်ချီသောဖင်လန်ပြည်သူများသည် ဘာသာစကားနှစ်မျိုးသုံးစွဲပြီး ဆွီဒင်စကား ပြောပြည်သူအများစုသည်လည်း ဖင်လန်စကားကိုပင် ပြောကြသည်။ ၁၉၉၀ပြည့်နှစ်အစမှစကာ ဖင်လန်နိုင်ငံ တွင်း ဘာသာစကားဝန်းကျင်သည် အလျှင်အမြန် ကွဲပြားခြားနားသွားသည်။ ဖင်လန်နိုင်ငံသည် ဘာသာစကားစုံ သုံးသောနိုင်ငံတစ်နိုင်ငံအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ သို့သော် ရွှေ့ပြောင်းဝင်လာကြသူ လူနည်းများစုများမှာ အသင့်အတင့်နည်းပါးသည်။ လွန်ခဲ့သောဆယ်နှစ်တာကာလအတွင်း ရုရှားနိုင်ငံသည် ဖင်လန်နိုင်ငံတွင် တတိယမြောက်အသုံးအများဆုံးဘာသာစကားကြီးအဖြစ် နေရာထူထောင်လာသည်၊ လူဦး ရေ၏ တစ်ရာခိုင်နှုန်းကျော်ကို ရုရှားဘာသာစကားက လွှမ်းခြုံထားသည်။ ဖင်လန်၏အမျိုးသားဘာသာစကားများကို ဖြေရှင်းပေးမည့် ဘာသာစကားအက်ဥပဒေသစ်သည် ၂၀၀၄ ခုနှစ် တွင် အသက်ဝင်လာခဲ့သည်။ ဥပဒေက အခြေခံဘာသာစကားသုံးစွဲပိုင်ခွင့်များကို ကာကွယ်ပေးသည်။ ယင်းဥ ပဒေအရ လူတိုင်းတွင်ဖင်လန်ဖြစ်စေ၊ ဆွီဒင်ဖြစ်စေ အစိုးရ၊ မြူနီစီပယ်အာဏာပိုင်များ၊ တရားရုံး၊ ပါလီမန်နှင့် မြို့တော်ကောင်စီများနှင့် ရင်ဆိုင်တွေ့ကြုံရသည့်အခါ မိမိတို့ကိုယ်ပိုင်ဘာသာစကားကို သုံးစွဲပိုင်ခွင့်ရှိသည်။ မြူနီစီပယ်အာဏာပိုင်သည် ဘာသာစကားနှစ်မျိုးသုံးသူဖြစ်နေလျှင် အမျိုးသာသာစကားတစ်ရပ်ရပ်ဖြင့် ဝန် ဆောင်မှုများကိုပေးရမည်။ တက္ကသိုလ် သို့မဟုတ် နည်းပညာကောလိပ်တွင် ဆွီဒင်ဘာသာစကားဖြင့် လေ့လာသင်ယူနိုင်သည်။ ဥပဒေ၏ ရည်ရွယ်ချက်မှာ ဖင်လန်နှင့် ဆွီဒင်စကားပြောသူများအနေဖြင့် မိမိတို့မိခင်ဘာသာစကားကိုသာ သုံးစွဲပြီး လူ့အဖွဲ့အစည်းအတွင်း လုပ်ငန်းကိစ္စဆောင်ရွက်နိုင်မှုရှိစေရန်အတွက် ဖြစ်သည်။ ဖင်လန်စကားကို နိုင်င့တွင်း နေရာအနှံ့လက်တွေ့ပြောဆိုကြသည်။ အများအားဖြင့် ဖင်လန်စကားပြောသူများ သည် အခြေအနေရပ်အားလုံးတွင် ယင်းဘာသာစကားကိုသာသုံးစွဲပြီး ဖင်လန်စကားဖြင့် ဝန်ဆောင်မှုကိုရယူ ရသည်ဟု ကိုယ်တွေ့ယူဆနိုင်သည်။ အေလန်းကျွန်းစုများအပါအဝင် မြို့တော်တွင်းနှင့် ပင်လယ်ကမ်းခြေဒေ သများတွင် အဓိကအားဖြင့် ဆွီဒင်စကားကို ပြောကြသည်။ လူဦးရေ၏မပြောပလောက်သောလူနည်းစုတစ် ရပ်က မိခင်ဘာသာစကားအဖြစ် ပြောကြ၍သာ ဆွီဒင်စကားသည် အန္တရာယ်ရှိသည်။ ဤသို့နှင့် ဆွီဒင်စကား သုံးစွဲမှုသည်ကျဆင်းလာပြီး အထူးသဖြင့် ရုံးနှင့် အစိုးရဌာနအတွင်းပင် ဖြစ်သည်။ ဖင်လန်နိုင်ငံ၏ ၃၃၆ မြူနီစီ ပယ် ၃၃၆ ခုအနက် ၃၀သည် ဘာသာစကားနှစ်မျိုးသုံးစွဲသည်။ မြူနီစီပယ် ၁၉ ခုမှာ ဆွီဒင်စကားသက်သက်ကိုသာ ပြောသည်။ ဆာမီလူမျိုးများသည် ဆာမီဒေသများရှိရုံးကိ စ္စအ၀၀တွင် ဆာမီဘာသာစကားကို သုံးခွင့်ရှိသည်။ အဆိုပါဒေသများသည် လက်ပ်လန်းခရိုင်၏တစ်စိတ်တစ် ဒေသအတွင်း တည်ရှိသည်။ ဖင်လန်နိုင်ငံတွင် ဆာမီလူမျိုး ၇၄၀၀ ထက်ပင်မရှိပေ။ဆာမီလူမျိုးအများစုသည် ဖင်လန်စကားပြောကြသူများဖြစ်သည်။ ဖင်လန်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆာမီဘာသာစကားအက်ဥပဒေ သည် ဆာမီလူမျိုးများတွင်ရှိသည့် ယင်းတို့၏ကိုယ်ပိုင်ဘာသာစကားနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်း၊ ဖွံ့ဖြိုး အောင် လုပ်ပိုင်ခွင့်များအား ကာကွယ်ပေးသည်။ ကိုးကား၊ Political Youth Organizatoins: Strengthening the Voice of Youth in Politics: The Finnish Experience |
ပဋိပက္ခဖြစ်ပွားပြီးအခြေအနေများတွင် အာဏာခွဲဝေခြင်း နယ်သာလန်တွင် မိမိတို့ သိထားပြီးဖြစ်သလို အများသဘောညီဆန္ဒဖြင့်အုပ်ချုပ်သောပါလီမန်ဒီမိုကရေစီစနစ် ဘက်က အထက်သန်ဆုံးခုခံကာကွယ်သူဖြစ်သူ အာရန် လင့်ဖာ့တ်က ကွဲပြားနေသည့်လူ့အဖွဲ့အစည်းများအ တွက် အုပ်စုအခြေခံ သို့ ညှိနှိုင်းဆောင်ရွက်မှုအခြေခံ2 အာဏာခွဲဝေခြင်းပုံသဏ္ဌာန်များကို ဦးစားပေး ထိုက် ကြောင်း၊ ထိုပုံသဏ္ဌာန်အတွင်း အမျိုးမျိုးကွဲပြားနေသောအစုအဖွဲ့များသည် ယင်းတို့ကိုယ်ပိုင်အတွင်းရေးရာ ကိစ္စရပ်များကို တိုက်ရိုက်စီမံဆောင်ရွက်ရန်အခွင့်အာဏာရှိနေကြောင်း၊ တစ်ဖက်တွင် ယင်းတို့၏ခေါင်း ဆောင်များတွင်လည်း အမျိုးသားဗဟိုအဆင့် အုပ်ချုပ်ရေး နှင့်/သို့မဟုတ် ဥပဒေပြုရေးအဆင့်များတွင်အချိုး ကျမှုကို အခြေခံကာ လူမျိုးအလိုက် သို့ တိုင်းရင်းသားလူမျိုးစုအလိုက် ကိုယ်စားပြုခွင့်ကို ခိုင်မာစွာ ရရှိနိုင် ကြောင်း တင်ပြသည်။ ဤလူများစုအခြေခံစနစ်သည် လက်ဘနွန်နှင့် ဘော့စနီးယားတို့ကဲ့သို့သော နိုင်ငံများ တွင် ပဋိပက္ခဖြစ်နေရာမှ ပဋိပက္ခဖြစ်ပွားပြီးအခြေအနေကို ကူးပြောင်းနိုင်ရေးအတွက် အောင်မြင်စွာပံ့ပိုးကူညီ ပေးထားနိုင်ပြီးဖြစ်သည်ကို သက်သေထင်ရှားတွေ့နိုင်သည်။ သို့ရာတွင် ယင်းစနစ်ကို လက်တွေ့အကောင်အ ထည်ဖော်ရေးသည် ဘာရန်ဒီကဲ့သို့သောနိုင်ငံအတွက်မူ ပြဿနာရှိကြောင်းကို ပြသပြီးဖြစ်သည်။ ထို့အပြင် ညှိနှိုင်းဆောင်ရွက်မှုအခြေခံအာဏာခွဲဝေခြင်းပုံသဏ္ဌာန်တစ်ရပ်သည် ပေါင်းစည်းညီညွတ် နေချိန် ကာလအတွက်ထက် အကူးအပြောင်းကာလအတွက် ပိုမိုသင့်တော်မှုရှိနိုင်ပါသည်။ လင့်ဖာ့တ်ပြောသလို အ တိုင်းဆိုရပါက ညှိနှိုင်းဆောင်ရွက်မှုအခြေခံအာဏာခွဲဝေမှုသည် တိုင်းရင်းသားလူမျိုးစု သို့ အခြားသောကွဲ ပြားနေသည့်အစုအဖွဲ့များသည် အကြမ်းဖျဉ်းအားဖြင့် တိုင်းတာနှိုင်းယှဉ်နိုင်သောအရွယ်အစားမျိုးအတိုင်း ရှိနေချိန်၊ ထို့အပြင် တစ်ဖက်နှင့်တစ်ဖက်ဆန့်ကျင်ဖီလာနေသည့်အစုအဖွဲ့နှစ်ဖွဲ့ထက်မက(နှင့် စေ့စပ်ညှိနှိုင်းမှု များနှင့် အပေးအယူဆွေးနွေးမှုများကို လိုအပ်)ရှိနေချိန်တွင် အကောင်းဆုံးအလုပ်ဖြစ်သည်ဟု ဆိုရမည်။ ထို့ နောက် (တိုင်းရင်းသားလူမျိုးစု)အပေါ်လွှာများသည် အမှန်စင်စင် ယင်းတို့အပေါ်ထောက်ခံကြသူများထက် ပို၍အစွန်းမရောက်ဖြစ်နေချိန်တွင် အထက်ပါစနစ်မျိုးသာ အလုပ်ဖြစ်သည်။ အုပ်စုအခြေခံအာဏာခွဲဝေမှုကို ဆန့်ကျင်သောအဓိကအဆိုများအနက်တစ်ခုမှာ စနစ်သည် (တိုင်းရင်းသားလူမျိုးစု)ကွဲပြားချက်များကို တည် မြဲစေပြီး ပြန်လည်သင့်မြတ်ရေးကို ပိုမိုခက်ခဲစေသည်ဟူ၍ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်မူ (တိုင်းရင်းသား လူမျိုးစု)ကွဲပြားချက်များသည် အမှန်တကယ်ရှိနေချိန်တွင် ယင်းတို့ကို စီမံဆောင်ရွက်ရန်တစ်ခုတည်းသော နည်းလမ်းမှာ အာဏာဖွဲ့စည်းတည်ဆောက်ပုံအတွင်း ယင်းကွဲပြားနေသူများကို အထိုက်အလျောက် နေရာစီ စဉ်ပေးလိုက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် ဘေယုယျအားဖြင့် နိုင်ငံ့အရေးလုပ်ဆောင်ကြသူအားလုံးသည် ယင်း တို့ကြားရှိနေသည့် ခြားနားကွဲပြားမှုများကို အသိအမှတ်ပြုရင်း ညှိနှိုင်းစေ့စပ်မှုများနှင့် အများသဘောညီဆန္ဒ ကို ရရှိရေးကြိုးပမ်းချိန်တွင် ဒီမိုကရေစီနှင့် အုပ်ချုပ်ရေးသာ ပိုမိုရေရှည်တည်တံ့နိုင်သောအရာများဖြစ်သည် ဟု ဆိုနိုင်သည်။ ကိုးကား၊ Democracy and Political Party Assistance in Post Conflict Societies |
နိုင်ငံရေးပါတီများရှိ လူနည်းစုကိုယ်စားပြုချက်
နိုင်ငံအများပြားသည် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ဥပဒေပြုလွှတ်တော် သို့ နိုင်ငံရေးပါတီများက ပုံစံဆင်ထား သည့် ခွဲတမ်းစနစ်များကို အသုံးချကြသည်။ နိုင်ငံရေးဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များတွင် ပြည်သူများ၏ အဓိကကိုယ်စားလှယ်များဖြစ်ကြသည့် ပါတီများသည် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားများကို(အတူတကွ) ထင်ဟပ်သင့်သည်။ အကျိုးစီးပွားများကို ထင်ဟပ်သင့်ခြင်းသည် အစိုးရအဖွဲ့အတွင်း ဆုံးဖြတ်ချက်ချသည့်အ ခါမျိုးတွင်လည်း ထင်ဟပ်သင့်ရုံသာမက၊ နိုင်ငံရေးအရဘေးဖယ်ထုတ်ခံအစုအဖွဲ့များအတွက် အမှတ်သညာပြု ပြောဆိုချိန်တွင် အစိုးရအဖွဲ့အတွင်းနှင့် လူ့အဖွဲ့အစည်းအတွင်း အဆိုပါအစုအဖွဲ့များ ပိုမိုကျယ်ပြန့်စွာပါဝင် လာစေခြင်းကို မြှင့်တင်ပေးသည့်အခါမျိုးတွင်လည်း ထင်ဟပ်သင့်ခြင်းဖြစ်သည်။
လူနည်းစုများ၏ကိုယ်စားပြုချက်ကို မြှင့်တင်ပေးရန် လူနည်းစုများနှင့် နိုင်ငံရေးပါတီများ လုပ်ဆောင်နိုင်သည့် ချဉ်းကပ်မှုလမ်းစဉ်များစွာရှိပါသည်။ ဥပမာပြရလျှင် လူနည်းစုအစုအဖွဲ့တစ်ရပ်သည် ကိုယ်ပိုင်နိုင်ငံရေးပါတီ ကို ဖွဲ့စည်းထူထောင်နိုင်သည်(ဥပမာ ဖိလစ်ပိုင်ရှိ အန်းလက်လက်ပါတီသည် လက်စဘီယံများ၊ ဂေးများ၊ ဒွိ လိင်များနှင့် လိင်ပြောင်းလဲထားသူဖိလစ်ပိုင်ပြည်သူများကို ကိုယ်စားပြုသည်)၊ သို့မဟုတ် မတူသောနိုင်ငံရေး ပါတီအသီးသီးမှတစ်ဆင့် ယင်းတို့ကိုယ်ကို ဖော်ပြနိုင်သည်(ဥပမာ နီပေါရှိ ဒါလစ်များ)။
သို့ရာတွင် နိုင်ငံရေးပါတီများအတွင်း လူနည်းစုပါတီများ သို့ လူနည်းစုများ တည်ရှိနေရုံဖြင့် နိုင်ငံရေးတွင် ယင်းတို့ အမြဲတမ်းကိုယ်စားပြုခွင့် ခိုင်မာစွာရရှိနေမည်ဟူ၍တော့ မဟုတ်ပါ။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအချို့တွင် အနည်းဆုံးအမျိုးသမီးအရေအတွက်တစ်ရပ်သည် ရွေးကောက်ပွဲများ၌ ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံယှဉ်ပြိုင်ရန်လိုအပ်သည်။ နိုင်ငံရေးပါတီများအား ယင်းတို့၏ရွေးကောက်ပွဲစာရင်းအောက်ခြေတွင် အမျိုးသမီးများကို နေရာပေးထားခြင်းမရှိစေရန် တားဆီးရေးနှင့်အမျိုးသမီးများ၏ရွေးကောက်ပွဲအခွင့်အရေး ကို ကန့်သတ်ခြင်းမျိုးမရှိစေရန် ကာကွယ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအများအပြားတွင် ထပ်မံလိုအပ် သည်က ပါတီစာရင်းအနှံ့ သို့ ပါတီစာရင်းတစ်ရပ်၏ထိပ်ပိုင်းတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းအချိုးအ စားတစ်ရပ် တိကျသေချာစွာ ပါဝင်စေရန်ပြဋ္ဌာန်းရေးပင်ဖြစ်သည်။
ယင်းသို့သောစနစ်တစ်ရပ် အာဂျင်တီးနားနိုင်ငံတွင် တည်ရှိသည်၊ ယင်းနိုင်ငံ၌ အမျိုးသမီးကိုယ်စားလှယ် လောင်းများ တန်းတူ ရွေးကောက်ယှဉ်ပြိုင်နိုင်ရန် အခွင့်အလမ်းကို အခိုင်အမာရရှိစေမည့် စီမံချက်တစ်ရပ်အ ပြင်၊ ပါတီများက အမျိုးသမီးကိုယ်စားလှယ်လောင်းများကို နေရာပေးလာစေမည့် ယန္တရားတစ်ရပ်ကို ချမှတ် ထားရန် လက်တွေ့စီမံချက်တစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းပေးထားသည်။ ယင်းသို့စီမံဆောင် ရွက်ချက်ကို အနှိမ်ခံရသူတို့အား ပြန်ကုစားပေးရေးဆောင်ရွက်ချက်အဖြစ် ဖွဲ့စည်းပုံဥပဒေက လုပ်ပိုင်ခွင့်တစ် ရပ်အနေဖြင့် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
အခြားကိစ္စရပ်များတွင်မူ နိုင်ငံတစ်နိုင်ငံ၏ပြဋ္ဌာန်းဥပဒေများသည် ပါတီများအပေါ် အခြားအစုအဖွဲ့များကို ဖယ် ထုတ်မထားရန် တားမြစ်ထားနိုင်သည်။ ဤဖြစ်ရပ်မျိုး ဘာရန်ဒီတွင် ဖြစ်ဖူးသည်။ ယင်းနိုင်ငံတွင် နိုင်ငံ ရေးပါတီများကို တစ်ခုတည်းသာဖြစ်သည့် တိုင်းရင်းလူမျိုးစုအုပ်စုတစ်ရပ်နှင့် ဆက်စပ်ပတ်သက်ခွင့် မပေး မထားပါ။ အခြားနိုင်ငံများတွင် တိုင်းရင်းသားလူမျိုးစုစည်းများကို အခြေခံ၍ တရားဝင်ပါတီပုံရိပ်ဖော်ထုတ် ခြင်းကို ခွင့်မပြုပါ (ဥပမာရဝမ်ဒါ)၊ သို့မဟုတ် ဘာသာရေးအခြေပြုပြီး ပါတီများကို ဖွဲ့စည်းရန် ခက်ခဲသည်။ (ဥပမာ တန်ဇန်နီးယား)
1 အင်္ဂလိပ်တွေးခေါ်ရှင် ဂျွန်လော့ခ်(၁၆၃၂-၁၇၀၄)ကဖွင့်ဆိုပြခဲ့သောသဘောတရားဖြစ်သည်။ လူ့အသိုက်အဝန်းတစ်ခုကို လူ့ခန္ဓာကိုယ်နှင့်ခိုင်းနှိုင်းပြီး ဂျွန်လော့ခ်ကတင်ပြ သည်။ခန္ဓာကိုယ်သည် များရာဆန္ဒရှိသည့်အတိုင်းလှုပ်ရှားဆောင်ရွက်သကဲ့သို့ လူ့အသိုက်အဝန်းတစ်ရပ်တွင်လည်း လူများစု၏ဆန္ဒအတိုင်းပြဌာန်းဆုံးဖြတ်ဆောင်ရွက်မှသာ သဘာ၀ကျသည်ဟုဆိုသည်။အများစုကို သတ်မှတ်ရာတွင်အသိုက်အဝန်းထဲမှပါဝင်ဆန္ဒပြုသူဦးရေ၏၅၀% + ၁ ဟူ၍သတ်မှတ်သည်။
2 ဒီမိုကရေစီနည်းကျအာဏာခွဲမှုပုံစံတစ်ရပ်ဖြစ်သည်။နိုင်ငံရေးသိပ္ပံပညာရှင်များက ညှိနှိုင်းဆွေးနွေးမှုအခြေခံသောနိုင်ငံဟူသည် တိုင်းရင်းသားလူမျိုးစု၊ ဘာသာရေးသို့ ဘာသာဗေဒအရကွဲပြားမှုရှိနေသော်လည်း တိုင်းပြည်၏အဓိကအလွှာအတန်းအစားများ၊အစုအဖွဲ့များကြား တိုင်ပင်ဆွေးနွေးခြင်းဖြင့် တည်ငြိမ်မှုရှိသောနိုင်ငံအဖြစ် သတ်မှတ် သည်။ ဥပမာပြရလျှင် ဆွစ်ဇာလန်နိုင်ငံဖြစ်သည်။ နိုင်ငံတွင်းကျယ်ပြန့်သောနိုင်ငံရေးဗဟုဝါဒလည်ပတ်မှုရှိသည်။ညှိနှိုင်းဆွေးနွေးမှုအခြေခံဒီမိုကရေစီကို ဖွဲ့စည်းတည် ဆောက်ထားပြီး အရေးကြီးဆုံးနိုင်ငံရေးပါတီများနှင့်အကျိုးစီးပွားအစုအဖွဲ့များကြားကိုယ်စားပြုခွင့်ရှိကာ၊ ညှိနှိုင်းစေ့စပ်ခြင်းနှင့်အပြန်အလှန်ပြင်ဆင်တိုင်ပင်မှုလုပ်ငန်းစဉ် များဖြင့်နိုင်ငံကို စီမံအုပ်ချုပ်ထားသည်။