အစိုးရတစ်ရပ်သည် တရားဝင်မှုရှိသည်ဟု နိုင်ငံသားများက မြင်ပါက တစ်တိုင်းပြည်လုံး၏ကောင်းကျိုးကိုလို လားဆောင်ရွက်နေသော အစိုးရအဖြစ်ပါ လူထုက လက်ခံပေးထားမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားများ သည် မိမိနှင့် တစ်ပါးသူများ၏လိုအပ်ချက်များကြား ထိပ်တိုက်တိုးလာလျှင် ညှိနှိုင်းပေးရန် စိတ်ရှိကြသည်။ အကြောင်းမူ အစိုးရသည် တစ်တိုင်းပြည်လုံး၏ကောင်းကျိုးကို လိုလားကြံဆောင်နေသည်ဟု ယုံကြည်ကြ၍ နိုင်ငံသားများဘက်က ကိုယ်ကျိုးစွန့်ရန်ဝန်မလေးသည့်သဘောပင်ဖြစ်သည်။ ထို့အပြင် တရားဝင်သောအစိုး ရတစ်ရပ်သည် နိုင်ငံသားအချင်းချင်း ပဋိပက္ခဖြစ်ပွားသည့်အခါ မျှမျှတတဖြေရှင်းပေးတတ်သည်။ ထို့ကြောင့် တရားဝင်မှုရှိသောအစိုးရသည်သာ လူမှုရေးပဋိပက္ခများကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းပေးတတ်ကြပြီး ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်သာယာမှုတို့ကို ပိုဆောင်ကြဉ်းပေးနိုင်သည်။
ဆန့်ကျင်ဘက်အားဖြင့် တရားဝင်မှုမရှိသောအစိုးရသည် ပဋိပက္ခဖြစ်လာလျှင် ညှိနှိုင်းဖြေရှင်းရန် ပြည်သူ အပေါ် အားမကိုး၍မရတော့ပေ။အစိုးရသည် ၎င်း၏အကျိုးစီးပွားကိုသာကြည့်သည်ဟု နိုင်ငံသားများက မြင်လာ လျှင် ပဋိပက္ခအတွက်အဖြေရှာမှုတွင် ပြည်သူက ပူးပေါင်းဆောင်ရွက်ပေးတော့မည်မဟုတ်ပါ။ တရားဝင်မ ဟုတ်သောအစိုးရမျိုးသည် ပွင့်လင်းမြင်သာပြီးမျှတသော ပဋိပက္ခဖြေရှင်းနည်းကိုလည်း မလုပ်တတ်ကြပါ။ တရားဝင်မှုရှိသောအစိုးရသည် ပဋိပက္ခဖြေရှင်းရေး စည်းကမ်းများကို လိုက်နာတတ်ကြချိန် တွင်တရားဝင်မဟုတ်သောအစိုးရကမူ ပဋိပက္ခပြေလည်မည်ဆိုပါက အင်အားသုံး၍ဖြစ်စေ၊ အဓမ္မအတင်း အကျပ်လုပ်၍ ဖြစ်စေ နည်းလမ်းအသီးသီးကို အသုံးချတတ်ကြသည်။ တရားဝင်မဟုတ်သောအစိုးရမျိုးက စည်းကမ်းများကို မလိုက်နာတတ်၊ ပြည်သူကလည်း၎င်းတို့၏စည်းကမ်းများကို တရားမဝင်ဟုလည်း ပြန်မြင် တတ်သည်။ ဤသို့ဖြင့် ပြည်သူလူထုသည် တရားမဝင်သောအစိုးရကို လျစ်လျူရှုတတ်သလို၊ တက်ကြွစွာ ဆန့်ကျင်တတ်ကြသည်။ ပြည်သူကိုယ်တိုင် အတိုက်အခံလုပ် ဆန့်ကျင်လာပါကမည်သည့်အစိုးရမဆို အာဏာ တည်မြဲမှုမရှိနိုင်ပါ။ အစိုးရမတည်မငြိမ်ဖြစ်လာပါကအုပ်စုဖွဲ့ရာဇဝတ်မှုသော်လည်းကောင်း၊ပြည်တွင်းစစ်သော်လည်းကောင်း အစ ရှိသည့်ပြင်းထန်သောလူမှုရေးပြဿနာရပ်များ ပေါ်ပေါက်လာတတ်သည်။
နိုင်ငံရေးပါတီများ၊ တရားဝင်မှုနှင့် တည်ငြိမ်ရေး
နိုင်ငံရေးပါတီများသည် ပြည်သူလူထုနှင့် အစိုးရကြား ပေါင်းကူးတံတားတစ်စင်းသဖွယ်ဆောင်ရွက်ပေးသော ကြောင့် နိုင်ငံသားများ၏အကျိုးစီးပွား၊ လိုအပ်ချက်နှင့် ပြဿနာများကို တည်ငြိမ်ပြီးတရားဝင်သော အင်စတီ ကျူးရှင်းများမှတစ်ဆင့် ဖော်ထုတ်ပေးကြသည်။ မိမိတို့၏အကျိုးစီးပွားများ တိုးတက်လာရေးအတွက် နိုင်ငံ ရေးပါတီများကို အားကိုးမရသည့်အခါ နိုင်ငံသားများသည် ဆန္ဒပြမှုများ၊ အလုပ်သမားသပိတ်တိုက်ပွဲများ (သို့ မဟုတ်) အကြမ်းဖက်ဆူပူမှုအဆင့်ထိတိုင်အောင် ၎င်းတို့၏သဘောထားကို ထုတ်ဖော်ပြတတ်ကြသည်။ ထို့ ကြောင့် ဖြစ်ပေါ်လာသောလူထုသပိတ်တိုက်ပွဲများ၊ ပဋိပက္ခများသည် နိုင်ငံရေးစနစ်၏တည်ငြိမ်မှုကို ပျက်ပြား စေမည့်အဆင့်ထိမရောက်အောင် စနစ်တကျစည်းရုံးဆောင်ရွက်နိုင်သော နိုင်ငံရေးပါတီများက ထိန်းသိမ်းပေး ရန်လိုအပ်သည်။
ထို့အပြင် ဒီမိုကရေစီတိုင်းပြည်တစ်ပြည်တွင် နိုင်ငံသားများသည် မိမိတို့၏အကျိုးစီးပွားအတွက် ကိုယ်စား ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးခေါင်းဆောင်များကို မဲပေးရွေးချယ်ကြသည်။ ထို့ကြောင့် ခက်ခဲပြီးအငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်များကို ချမှတ်ရန်လိုအပ်သောအခါ နိုင်ငံသားများက ပါတီများကို ဆုံး ဖြတ်ချက်ချနိုင်သောလုပ်ပိုင်ခွင့်ပေးရေးအတွက် အသင့်ပြင်ထားရန်လိုသည်။ အုပ်ချုပ်ရေးမဏ္ဍိုင် (သို့မဟုတ်) လွှတ်တော်တွင်းအမတ်အများအပြားသည် ရွေးကောက်ပွဲမှတစ်ဆင့် အာဏာရလာသောနိုင်ငံရေးပါတီများမှ ဖြစ်နေပါက ၎င်းပါတီဝင်များတွင် ဦးဆောင်အုပ်ချုပ်နိုင်သောလုပ်ပိုင်ခွင့် ရှင်းရှင်းလင်းလင်းရှိထားပြီးဖြစ် သည်။ တစ်နိုင်ငံလုံးအကျပ်အတည်းဆိုက်ချိန်တွင် အထက်ပါလုပ်ပိုင်ခွင့်ရှိထားပါက တိုင်းပြည်၏တည်ငြိမ် ရေးကို ဆက်ထိန်းထားနိုင်သလို ဆုံးဖြတ်ချက်များကိုလည်း ပြတ်သားစွာ ချမှတ်လုပ်ဆောင်နိုင်မည်ဖြစ်သည်။