ဥပဒေပြုရေးမဏ္ဍိုင်ဆိုသည်မှာ မတူကွဲပြားသောလူထုအသိုင်းအဝိုင်းများမှ ရွေးကောက်ထားသည့်ကိုယ်စားလှယ် များသည် ဆုံးဖြတ်ချက်များကို အတူတကွချမှတ်ရန် စုဖွဲ့လာသော ဌာနအဖွဲ့အစည်းများပင်ဖြစ်သည်။ ဥပဒေပြုလွှတ်တော် အမတ်များသည် ၎င်းတို့ကို ရွေးကောက်လိုက်သော(မဲဆန္ဒရှင်ပြည်သူများ) လူအများ၏အကျိုးစီးပွားနှင့်လိုလားချက် များကို ကိုယ်စားပြုသည်။ မတူသောကွန်မြူနတီအသီးသီး1တွင် အကျိုးစီးပွားပိုင်း၌ ကွဲပြားနေမည်ဖြစ်၍ ဥပဒေပြု လွှတ်တော်အနေဖြင့် ထိုထိုသောမတူကွဲပြားသည့်ကွန်မြူနတီများ၏လိုအပ်ချက်နှင့်လိုလားချက်များကို တတ်နိုင်သ ရွေ့မျှမျှတတဖြင့် ဟန်ချက်ညီညီဖြစ်စေမည့်ဥပဒေများကို ချမှတ်ရန်လိုအပ်သည်။ ဤသို့ချမှတ်နိုင်ရန် ဥပဒေပြုလွှတ် တော်သည် တိုင်းပြည်အတွက်(မူကြမ်းဥပဒေများ) အလားအလာရှိဖွယ်ရာဥပဒေများကို လေ့လာကာဆွေးနွေးငြင်းခုံရ သည်။ သို့သော် တိုင်းပြည်တစ်ပြည်တွင် လိုအပ်ချက်ဟူသည် အမျိုးမျိုးခြားနား များပြားနေရာ အထက်ပါ ဆွေးနွေး ငြင်းခုံမှုများသည်လည်း ကာလကြာမြင့်၍အဖြေရှာရခက်ခဲနိုင်ပါသည်။
ဥပဒေပြုလွှတ်တော်အမတ်တိုင်းတွင် ၎င်းတို့၏မဲဆန္ဒရှင်ပြည်သူများ၏လိုအပ်ချက်အတွက် ဆွေးနွေးငြင်းခုံရန်အခွင့်အ ရေးရှိပါသည်။ ၎င်းတို့ကိုယ်စားပြုသောကွန်မြူနတီအပေါ် ဥပဒေတစ်ရပ်က မည်သို့သက်ရောက်မှုရှိနေမည်ဆိုကာ အသိပညာပေးမြှင့်တင်ရန်နှင့် အခြားအမတ်များကိုလည်း ထိုဥပဒေတစ်ရပ်အား ထောက်ခံမဲ(သို့)ကန့်ကွက်မဲပေးလာ စေရေး စည်းရုံးရန်အခွင့်အရေးတစ်ရပ်လည်း လွှတ်တော်အမတ်များတွင် ရှိထားသည်။ ဥပဒေပြုလွှတ်တော်သည် မူ ကြမ်းဥပဒေတစ်ရပ်ကို လွှတ်တော်အစည်းအဝေးတွင် အမတ်အများစု၏ထောက်ခံမှုရလာသည်အထိ ဆွေးနွေးပြီး ပြင် ဆင်နိုင်သည်။ ဤအဆင့်တွင် မူကြမ်းဥပဒေကို လက်ခံ(သို့မဟုတ်)အတည်ပြုပြီးဖြစ်သည်။ မူကြမ်းဥပဒေကို အုပ် ချုပ်ရေးမဏ္ဍိုင်(သို့မဟုတ်)တရားစီရင်ရေးမဏ္ဍိုင်မှ ကန့်ကွက်ခြင်းမရှိလျှင် ထိုမူကြမ်းသည် ဥပဒေတစ်ရပ်ဖြစ်လာ တော့သည်။
လွှတ်တော်တစ်ရပ်နှင့် လွှတ်တော်နှစ်ရပ်ထားရှိသောဥပဒေပြုရေးမဏ္ဍိုင်
ဥပဒေပြုရေးမဏ္ဍိုင်နှင့်စပ်လျဉ်း၍ အဓိကစနစ်နှစ်မျိုးရှိသည်။ လွှတ်တော်တစ်ရပ်စနစ်နှင့် လွှတ်တော်နှစ်ရပ်စနစ်ဟူ၍ ဖြစ်သည်။ လွှတ်တော်တစ်ရပ်စနစ်2တွင် ‘လွှတ်တော်’(သို့ အမတ်အုပ်စု)တစ်ရပ်တည်းရှိသော ဥပဒေပြုလွှတ်တော်ရှိပါ သည်။ ကမ္ဘာ့နိုင်ငံတစ်ဝက်ခန့်တွင် လွှတ်တော်တစ်ရပ်စနစ်ကိုကျင့်သုံးကြသည်။ တရုတ်၊ နီပေါလ်နှင့် လာအိုနိုင်ငံတို့ လည်းပါဝင်သည်။
လွှတ်တော်နှစ်ရပ်စနစ်တွင်မူ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍လွှတ်တော်နှစ်ရပ်ပါဝင်သည်။ အထက် လွှတ်တော်အမတ်များကို ၎င်းတို့၏နောက်ခံရာဇဝင်၊ အတွေ့အကြုံ(သို့)အရည်အချင်းများအရ ကာလရှည်ကြာ ရွေး ကောက်တင်မြှောက်(မြန်မာနိုင်ငံတွင်မဟုတ်)ထားတတ်ကြသည်။ အောက်လွှတ်တော်အမတ်များကို ပြည်သူလူထုက အချိန်ခဏတာကြာ တိုက်ရိုက်ရွေးချယ်သည်။ ထို့ကြောင့် အောက်လွှတ်တော်သည် ပြည်သူလုထု၏လက်ငင်းဆန္ဒသ ဘောထားများကို တိုက်ရိုက်ကိုယ်စားပြုသည်။ ထိုဆန္ဒသဘောထားများသည် အန္တရာယ်ကြီးမားလွန်းနေခြင်းမျိုး (ဥပ မာ အခွင့်အရေးများကိုထိပါးစော်ကားခြင်း သို့ အကြမ်းဖက်ပဋိပက္ခကိုဖြစ်စေသည်မျိုး) မဟုတ်ကြောင်းသေချာမှုရှိရန် အထက်လွှတ်တော်က လုပ်ဆောင်ရသည်။ ထို့ကြောင့် အထက်လွှတ်တော်တွင် အောက်လွှတ်တော်၏ဆုံးဖြတ်ချက် များကို ပြောင်းလဲခွင့်(သို့မဟုတ်) ဗီတိုအာဏာသုံးပယ်ဖျက်ခွင့်ရှိရခြင်းဖြစ်သည်။
အောက်လွှတ်တော်နှင့်မတူသည့် အထက်လွှတ်တော်အမတ်များကို အမြဲတစေရွေးကောက်ပွဲများကျင်းပ၍ရွေးချယ်သည်တော့မဟုတ်ပါ။ အထက်လွှတ်တော်အမတ်များကို တိုက်ရိုက်ရွေးကောက်သည်မဟုတ်ဘဲ အုပ်ချုပ်ရေးမဏ္ဍိုင် (သို့) တခြားနည်းလမ်း တစ်ခုခုဖြင့် ခန့်အပ်သည်။ အများအားဖြင့်ဤနည်းကိုသုံးရသည်မှာ ရွေးကောက်ပွဲတွင် ရွေးချယ်မခံရသော ပညာရှင် များ(သို့) လူရိုသေရှင်ရိုသေနိုင်ငံသားများဖြင့်ဖွဲ့ထားသောလွှတ်တော်တစ်ရပ်မျိုး ပေါ်ပေါက်လာရန်ရည်ရွယ်သည်။ ဥပ မာ ဗြိတိန်နိုင်ငံတွင် အထက်လွှတ်တော်အမတ်များကို ‘တစ်သက်တာသူကောင်းပြုခံရသူများ’( အကျင့်စရိုက်၊ တိုင်း ပြည်အပေါ်အလုပ်အကျွေးပြုခြင်း(သို့)အတွေ့အကြုံတို့ကိုကြည့်၍ ဝန်ကြီးချုပ်ကရွေးချယ်လိုက်သောနိုင်ငံသားများ) အဖြစ် သိမြင်ကြသည်။ မလေးရှားနိုင်ငံတွင် အထက်လွှတ်တော်အမတ်အယောက် ၇၀ လုံး သုံးနှစ်သက်တမ်း အတွက် တာဝန်ထမ်းရသည်။ ၂၆ဦးကို ပြည်နယ် ၁၃ခု၏ လွှတ်တော်ညီလာခံများမှ ရွေးကောက်ပြီး ကျန်ရှိသော ၄၄ ဦးကို ဝန် ကြီးချုပ်၏ထောက်ခံချက်ဖြင့် နိုင်ငံတော်အကြီးအကဲက ခန့်အပ်သည်။
နယ်မြေဒေသများကို ပိုမိုကိုယ်စားပြုနိုင်ရန်အတွက်မူ အောက်လွှတ်တော်ထက် အထက်လွှတ်တော်က ပိုအားသာ သည်။ ဥပမာ ဩစတြေးလျ၊ မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံများတွင် အထက်လွှတ်တော်၌ လူဦးရေကို မကြည့်ဘဲ ပြည်နယ်တစ်ခုစီမှ ရွေးကောက်ခံအမတ်အရေအတွက်ကို ပုံစံသေချမှတ်ထားသည်။ ဤအချက်ကြောင့် အောက်လွှတ်တော်တွင် လူများစုတစ်ရပ်က လူနည်းစုများ၏အခွင့်အရေးများနှင့် အကျိုးစီးပွားများကို လျစ်လျူရှု၍မရ နိုင်အောင်အထောက်အကူပြုနိုင်သည်။ (McLaughlin 2013:78-79)
ဇယား ၂၊ လွှတ်တော်တစ်ရပ်စနစ်နှင့် နှစ်ရပ်စနစ်ရှိဥပဒေပြုရေးမဏ္ဍိုင်၏အားသာချက်များ
နိုင်ငံရေးပါတီများနှင့် ဥပဒေပြုရေးမဏ္ဍိုင်
အတိုက်အခံ၏အခန်းကဏ္ဍ
ပါလီမန်စနစ်တွင် အစိုးရအဖွဲ့ရှိ ပါတီ(သို့မဟုတ်) ပါတီများသည် ဥပဒေပြုလွှတ်တော်၏အချိန်အများစုကို ထိန်း ချုပ်ထားပြီး ပြည်သူ့မူဝါဒကို ဆုံးဖြတ်ပြဋ္ဌာန်းကြသည်။ ထိုအစိုးရအဖွဲ့တွင်းပါဝင်သော ပါတီများမှမဟုတ်သည့်အဖွဲ့ဝင် များကို ဖော်ပြရန် ‘အတိုက်အခံ’ဟူသောစကားလုံးကို သုံးစွဲသည်။အမေရိကန်ပြည်ထောင်စုမှာကဲ့သို့သော သမ္မတစနစ် တွင် သမ္မတ၏အတိုက်အခံဘက်တွင် ပါတီဝင်အများစုပါဝင်နေနိုင်သည်။ အတိုက်အခံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ မှပေးအပ်ထားသောအခန်းကဏ္ဍမှာ အစိုးရကို ပုံမှန်တာဝန်ယူဖြေရှင်းခိုင်းရန်၊ စုံစမ်းစစ်ဆေးရန်နှင့် မေးခွန်းထုတ်ရန် ပင်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံရေးတွင် အဆိုပါလုပ်ငန်းဆောင်တာသည် အလွန်ပင်အရေးကြီး၏။ အတိုက်အခံဘက်က ဝေဖန်မှုသည် ဆွေးနွေးငြင်းခုံတင်ပြခြင်းအား(သို့မဟုတ်) ပြည်သူ့သဘောထားအမြင်ဖိအားတို့ကိုသုံး၍ အစိုးရမူဝါဒ အပေါ် ဩဇာညောင်းနိုင်ရန် တစ်စိတ်တစ်ပိုင်းရည်ရွယ်သည်။ ကျန်တစ်ပိုင်းကမူ နောက်တစ်ကြိမ်ကျင်းပမည့် ရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူ၏ထောက်ခံမှုကိုရရှိရန်ဟု မျှော်တွေးကာ အတိုက်အခံဘက်ကဝေဖန်ခြင်းဖြစ်သည်။
ဗြိတိန်တွင် ‘စင်ပြိုင်ဝန်ကြီးအဖွဲ့’ဟုခေါ်သောအုပ်စုတစ်စုရှိရာ အတိုက်အခံခေါင်းဆောင်နှင့် လွှတ်တော်နှစ်ရပ်စလုံးမှ ထိုခေါင်းဆောင်၏ မူအရလုပ်ဖော်ကိုင်ဖက်များသည် အဖွဲ့တွင် ပါဝင်သည်။ ထိုအဖွဲ့ဝင်တစ်ဦးချင်းစီသည် အစိုးရ၏ မူဝါဒများနှင့် စီမံအုပ်ချုပ်မှုအပေါ် နှံ့နှံ့စပ်စပ်ဝေဖန်နိုင်ရန်နှင့် မတူခြားနားသောမူဝါဒများကို စနစ်တကျအဆိုပြုတင်ပြ နိုင်ရန် ဝန်ကြီး(သို့) ဌာနတစ်ရပ်၏အလုပ်လုပ်ပုံအတိုင်း အရိပ်ပမာလိုက်ပါလုပ်ဆောင်သည်။ အတိုက်အခံသည် အချိန် မရွေးအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်လောက်သည်အထိ ပြုမူဆောင်ရွက်ပုံရသည်၊ ထို့ကြောင့် မမှန်ကတိကဝတ်များပေး ခြင်း၊ သို့မဟုတ် ပါလီမန်၏အလုပ်ကို ပိတ်ပင်ခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်းမျိုးကို အတိုက်အခံဘက်က မပြုမူသင့် ပါ။ (Ghai and Cottrell 2008:211)
နိုင်ငံရေးပါတီများ၊ လွှတ်တော်တွင်း ပါတီစုံတွေ့ဆုံဆွေးနွေးရေးအတွက်နေရာလပ်များ
ဒီမိုကရေစီနိုင်ငံအများစုတွင် ဥပဒေပြုလွှတ်တော်များသည် အမျိုးသားအဆင့်၊ တိုင်းဒေသအဆင့်နှင့် (တချို့တိုင်းပြည် များတွင်) ပြည်နယ်အဆင့်ရှိ နိုင်ငံရေးရာကိစ္စရပ်များကို လူထုရှေ့မှောက်ဆွေးနွေးငြင်းခုံရန်အတွက် အခြေခံနေရာလပ် ဖြစ်သည်။ ဥပဒေပြုလွှတ်တော်များသည် နိုင်ငံတစ်နိုင်ငံ၏နိုင်ငံသားများထံ ၎င်းတို့ပါတီကိုယ်စားလှယ်များက ကြီး ကြပ်မှုတာဝန်၊ ကိုယ်စားပြုခြင်းနှင့် ဥပဒေပြုခြင်းဆိုင်ရာအခန်းကဏ္ဍများကို မည်သို့ ဆောင်ရွက်နေကြသည်ကို လေ့ လာစူးစမ်းရန်အခွင့်အလမ်းတစ်ရပ်ကို ပေးအပ်လိုက်သည်။
လွှတ်တော်ရေးရာကိစ္စရပ်အများစုကို ကော်မတီများတွင် တေ့တေ့ဆိုင်ဆိုင် ညှိနှိုင်းကြရာတွင် လွှတ်တော်ရေးရာ ကော် မတီများသည် ပါတီစုံဖွဲ့စည်းပုံကိုထောက်ရှု၍ ပါတီစုံတွေ့ဆုံဆွေးနွေးရေးအတွက် ကောင်းမွန်သောလမ်းကြောင်းများ ကို တင်ပြနိုင်သည်။ တချို့နိုင်ငံများတွင်၊ အထူးသဖြင့် ကင်ညာကဲ့သို့နိုင်ငံမျိုးတွင် လွှတ်တော်ဥက္ကဋ္ဌသည် အများသ ဘောညီဆန္ဒ ရရှိရန်လိုအပ်သော လွှတ်တော်တွင်း အချေအတင်ဆွေးနွေးမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထူးဆွေး နွေးပွဲများကိုလည်း ကျင်းပပေးနိုင်သည်။ ယခုလို အလွတ်တမ်းအစည်းအဝေးများပြုလုပ်နေချိန်တွင် အဖွဲ့ဝင်များ သည် လွှတ်တော်တွင်း အမှန်စင်စစ်ဆွေးနွေးငြင်းခုံမှုမလုပ်ခင် အငြင်းပွားဖွယ်ရာကိစ္စရပ်များအပေါ် အများအားဖြင့် အ များသဘောညီဆန္ဒပေါ်ပေါက်အောင် ဆွေးနွေးကြသည်။
ဤသို့ဖြင့် ပါတီများ/ပါတီခေါင်းဆောင်များသည် အငြင်းပွားစရာပြဿနာရပ်များကို လူထု၏အမြင်အောက်မှ ရှောင်ခွာ ကာ ဆွေးနွေးရန် (သို့မဟုတ်) ခက်ခဲသော ပေါင်းစည်းရေးစေ့စပ်ဆွေးနွေးပွဲများအတွက် ပြင်ဆင်ရန် အခွင့်အလမ်းကို ရရှိသွားနိုင်သည်။ ဥပမာ ၂၀၁၄ခုနှစ် တူနီးရှားနိုင်ငံတွင် ဆန့်ကျင်ဘက်ပါတီနှစ်ရပ်သည် လွှတ်တော်တွင်း နေရာအ များစုကို ခိုင်မာစွာရရှိရန် ညွန့်ပေါင်းအစိုးရမဖြစ်မနေဖွဲ့ရန်လိုအပ်မည်ကို ရွေးကောက်ပွဲမတိုင်ခင်က သိထားခဲ့ကြပြီး ဖြစ်သည်။ ထို့အကြောင်းကြောင့် ပါတီနှစ်ရပ်မှခေါင်းဆောင်နှစ်ဦးသည် ညွန့်ပေါင်းဖွဲ့ရန် ဖြစ်နိုင်ခြေအလားအလာများ ကို ကြိုးပမ်းရှာဖွေရန် လူထုစောင့်ကြည့်လေ့လာမခံရအောင် ပါရီတွင် ကော်ဖီသောက်ရင်း အချိန်အနည်းငယ်ယူကာ လျှို့ ဝှက်တွေ့ဆုံခဲ့ကြသည်။
သို့ရာတွင် တချို့သောအခြေအနေများတွင် နိုင်ငံရေးပါတီတွေ့ဆုံဆွေးနွေးရေး တည်ဆောက်မှုလမ်းစဉ်သည် လွှတ် တော်တွင်းမှာပင် မဖြစ်ပွားနိုင်ပါ။ တွေ့ဆုံဆွေးနွေးရေးအခွင့်အလမ်းများ တည်ရှိနေသည့်တိုင် လွှတ်တော်သည် မိမိတို့ ကို ပွင့်လင်းပြီး အဓိပ္ပာယ်ပြည့်၀သော ပါတီချင်းတွေ့ဆုံဆွေးနွေးရေးတွင် ပါဝင်လာရန် စွမ်းဆောင်မပေးနိုင်ဟု နိုင်ငံ ရေးပါတီများက ယူဆကောင်းယူဆနိုင်ကြသည်။ ဥပမာ နိုင်ငံရေးပါတီများသည် ဝန်ကြီးအဖွဲ့များအနေထက် နိုင်ငံရေး ရာအဖွဲ့အစည်းဌာနအနေဖြင့်သာ ပြဿနာရပ်များကို ဆွေးနွေးလိုစိတ်ရှိနိုင်သည်။ အဓိကနိုင်ငံရေးယှဉ်ပြိုင်ဘက်ပါတီ များကြား ဆက်ဆံရေးများသည် လူထုရှေ့အဓိပ္ပာယ်ရှိသောတွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ရန် ရပ်တည်ချက်နှစ်ခြမ်းကွဲ အောင်ဖန်တီးခံထားရနိုင်သည်။
လွှတ်တော်တွင်း ပါတီ၏အာဏာဆက်ဆံရေးများ
လွှတ်တော်အမတ်နေရာများကို ခွဲခြားထားခြင်းနှင့် အာဏာဟန်ချက်ညီရေးသည် လွှတ်တော်တွင်း ပါတီအချင်းချင်း ဆက်ဆံရေးများအပေါ် အခိုင်အမာလွှမ်းမိုးထားနိုင်သည်။ အထူးသဖြင့် လွှတ်တော်ရေးရာဆုံးဖြတ်ချက်များကို မဲပေး ဆုံးဖြတ်ကြသည့်အခါမျိုးတွင်ဖြစ်သည်။ ဥပမာ ပါတီတစ်ရပ်သည် အင်အားကြီးနေသည့်အခြေအနေမျိုး(သို့မဟုတ် တည်ငြိမ်သောလူများစုဆန္ဒမဲအခြေပြုညွန့်ပေါင်းပါတီတစ်ရပ်) တွင် လွှတ်တော်၌ဥပဒေမူကြမ်းများကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် အတိုက်အခံ၏သဘောတူညီမှုကို မလိုအပ်ပေ။ ထို့သို့ဖြစ်လာလျှင် အာဏာရပါတီ(သို့မဟုတ်) အာဏာရ ညွန့်ပေါင်း ပါတီသည် အတိုက်အခံများ၏တင်ပြသံများကို လျစ်လျူရှုသွားမည့် အခြေအနေတစ်ရပ်ကို ပေါ်ပေါက် စေနိုင်သည်။ ချဲ့ကား၍ဆိုရင်လျှင် ပါတီသည် ၎င်းတို့ကိုယ်စားပြုသောလူ့အဖွဲ့အစည်းဝင်များ၏ထင်မြင်ချက်များကိုပါ ဥပက္ခာပြု သွားနိုင်သည်။
ဆန့်ကျင်ဘက်အားဖြင့် နိုင်ငံရေးအရ တိတိပပ အများစုဆန္ဒမဲရှိမထားသောအခြေအနေမျိုးတွင်မူ လွှတ်တော်တွင်း တွေ့ဆုံဆွေးနွေးရန်နှင့် ညှိနှိုင်းစေ့စပ်မှုလုပ်ရန်လိုအပ်ချက်သည် ပို၍အရေးတကြီးဖြစ်လာသည်။ ပါတီချင်းညွန့်ပေါင်း ဖွဲ့ခြင်းများနှင့် လက်တွဲဆောင်ရွက်ခြင်းများသည် အကျိုးရှိသောဆုံးဖြတ်ချက်ချခြင်းအတွက် လိုအပ်သည်။ ထိုအခြေ အနေမျိုးတွင် ပါတီ(အချို့)သည် ကော်မရှင်များတွင်ဖြစ်စေ၊ လူသွားစင်္ကြန်ပေါ်တွင်ဖြစ်စေ ဘုံတူညီသောကိစ္စရပ်များ ကို တွေ့ဆုံဆွေးနွေးဖွယ်ရှိမည်၊ ထို့နောက် ပါတီတစ်ဖွဲ့နှင့်တစ်ဖွဲ့၏ရပ်တည်ချက်များကို ပို၍လေ့လာစူးစမ်းဖွယ်ရှိလိမ့် မည်၊ ညှိနှိုင်းရန်နှင့် စေ့စပ်တိုင်ပင်နိုင်ရန်အလားအလာရှိသောနေရာလပ်များကို ဖော်ထုတ်ကြဖွယ်ရှိမည်ဖြစ်သည်။
ပါတီများနှင့် လွှတ်တော်ကြား အားနည်းသောချိတ်ဆက်မှု
နိုင်ငံအများအပြားတွင် လွှတ်တော်အမတ်များသည် မဲဆန္ဒရှင်ပြည်သူ၏အဓိကကိုယ်စားလှယ်များဖြစ်သည်၊ ၎င်းတို့ကို လူထုနှစ်သက်သောရွေးကောက်ပွဲများမှတစ်ဆင့် ရွေးချယ်ကြသည်။ လွှတ်တော်အမတ်များ(အထူးသဖြင့် လွှတ်တော် အမတ်တစ်ဦးတည်းရှိသောခရိုင်နယ်မြေများရှိသည့် လွှတ်တော်စနစ်များတွင်ရှိသော အမတ်များ)သည် ၎င်းတို့ပါတီနှင့် မဲဆန္ဒနယ်မှပြည်သူများအပေါ် တာဝန်ယူရမည်။ ထို့ကြောင့် အမတ်များသည် တစ်ခါတစ်ရံ ပါတီအကျိုးစီးပွားများကို လျစ်လျူရှုမိကောင်းရှုမိနိုင်သည်။ လွှတ်တော်အမတ်များကို ပါတီမှတစ်ဆင့် ရွေးကောက်သည်။ ထိုအမတ်သည် မဲဆန္ဒ နယ်မြေတစ်ရပ်ကို အပြန်အလှန်အားဖြင့်ကိုယ်စားပြုနေသော ပါတီတစ်ရပ်ကို ကိုယ်စားပြုထားပြန်သည်။ ဆိုလိုသည် မှာ ပါတီနှင့် ၎င်းတို့၏အမတ်များကြား ခိုင်မာသောဆက်သွယ်ချက်ကို မပျောက်ပျက်အောင်ထိန်းသိမ်းရန်အရေးကြီး သည့်အဓိပ္ပာယ်ပင်ဖြစ်သည်။
တချို့ကိစ္စရပ်များတွင် ပါတီတွင်းစည်းမျဉ်းစည်းကမ်းမရှိခြင်း(ဥပမာ အမတ်တစ်ဦးသည် တရားဝင်ပါတီမူကို ဗြောင် ကျကျလျစ်လျူရှု(သို့) ကန့်ကွက်နေချိန်မျိုးတွင်) (သို့မဟုတ်) ပါတီတစ်ရပ်တွင်း အကွဲအပြဲများကြောင့် အထက်ပါအ ချက်ကို လွယ်ကူစွာဖြစ်သွားစေနိုင်သည်။ တစ်ခါတစ်ရံ အမတ်နှင့် ပါတီကြားဆက်ဆံရေးမူသည် မသဲကွဲဘဲ ရှင်းလင်းမှု နည်းသည်လည်းရှိတတ်၏။ လွှတ်တော်အမတ်များသည် ၎င်းတို့၏ပါတီထံ မည်သည့်အချိန်တွင်ဆက်သွယ်ရမည်၊မည် သို့ဆက်သွယ်ရမည်ဆိုသည်ကို မသိသည်လည်းရှိနိုင်၏။ ပါတီဘက်ကလည်း အမတ်ကို ဆီလျော်အပ်စပ်မှုရှိမည့်ပါတီ တွင်းနေရာများ၊ ကျောထောက်နောက်ခံပေးခြင်းနှင့် သုတေသနပြုပေးခြင်းတို့ကို မလုပ်ဆောင်ပေးနိုင်သည်လည်းရှိ တတ်သည်။ ထိုပြဿနာကို ဖြေရှင်းရာတွင် ပါတီတွင်းဆက်ဆံရေးစနစ်ပုံစံများကို ချမှတ်ဖော်ဆောင်ရန် ပါတီများအ တွက် အရေးကြီးပါသည်။ (IDEA,NIMD and The Olso Center 2003:29)
ဥပဒေပြုရေးမဏ္ဍိုင်ကို ပိုမိုထိရောက်အောင်လုပ်ခြင်း
ကမ္ဘာ့နေရာအများအပြားတွင် ဥပဒေပြုရေးမဏ္ဍိုင်၏အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ရန် အဆိုပြုချက်များ စွာ ရှိထားပြီးဖြစ်သည်။ ထိုအဆိုပြုချက်များတွင် အောက်ပါတို့ပါဝင်သည်။
ကိုးကား၊ Creating the New Constitution: A Guide for Nepali Citizens |
1ကွန်မြူနတီဟူသည် သာမန်အဓိပ္ပာယ်အရ ရပ်ကွက်(သို့မဟုတ်)လူမှုအသိုက်အဝန်းတစ်ရပ်ကို ဆိုလိုသည်။ နိုင်ငံရေးအဓိပ္ပာယ်အရပြောရလျှင် ကွန်မြူနတီသည် လေးနက်မှုရှိသည်။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ အကျိုးစီးပွားချင်းတူညီသောမိသားစုသဖွယ် လူ့အဖွဲ့အစည်းကိုဆိုလိုသည်။
2 ကမ္ဘာ့နိုင်ငံအများစုတွင် လွှတ်တော်နှစ်ရပ်စနစ်ကိုကျင့်သုံးလျက်ရှိသော်လည်း နိုင်ငံငယ်အချို့သည် လွှတ်တော်တစ်ရပ်စနစ်ကိုကျင့်သုံးနေကြသည်။ ဥပမာ ဖင်လန်၊ ဂရိ၊ နော်ဝေတို့ပင်။ နိုင်ငံကြီးမားသော်လည်း လွှတ်တော်တစ်ရပ်စနစ်ကျင့်သုံးနေသောနိုင်ငံမှာ ဘင်္ဂလာဒေ့ရှ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင်မူ ပြည်နယ်ပေါင်း၅၀အနက် နီဘရာစကားပြည်နယ်တစ်ခု တွင်သာ လွှတ်တော်တစ်ရပ်စနစ်ကိုကျင့်သုံးသည်။