အသစ်များ > တောင်အာရှရှိ ခေါင်းဆောင်ပိုင်းရွေးချယ်ခြင်း

တောင်အာရှရှိ ခေါင်းဆောင်ပိုင်းရွေးချယ်ခြင်း

2023-03-14

တောင်အာရှတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်ကို သာမန်အားဖြင့် ယှဉ်ပြိုင်မှုထက် အထွေထွေသဘောတူညီမှုဖြင့်  ရွေးချယ်ကြသည်။ ပါတီအများစုတွင် ဥက္ကဋ္ဌ၊ သဘာပတိ သို့မဟုတ် အထွေထွေအတွင်းရေးမှူးဟုခေါ် သည့် ထိပ်ပိုင်းခေါင်းဆောင်သည် ပါတီကို တည်ထောင်ခြင်း သို့မဟုတ် လူကြိုက်များခြင်း၊ နာမည်ကြီးခြင်း၊ ပုံ ရိပ်ကောင်းခြင်းနှင့် မဲဆန္ဒရှင်ပြည်သူတို့ကြားဆွဲဆောင်နိုင်စွမ်းရှိခြင်းဟူသည် သူ သိုမဟုတ် သူမ၏အခန်းက ဏ္ဍကြောင့်ပင် ခေါင်းဆောင်ရာထူးနှင့် သင့်တော်သည်ဟု ယူဆကြခြင်းဖြစ်သည်။

ဤသည်မှာ “ပင်ကိုရွေးချယ်မှု’အမျိုးအစားတစ်ရပ်ဖြစ်သည်။ ခေါင်းဆောင်ပိုင်းရာထူးအတွက် မလွဲမသွေခန့် အပ်ရမည့်သူဟူ၍ ရှိခဲလှပါလိမ့်မည်။ လစ်ဘရယ်နှင့် ဆိုရှယ်ဒီမိုကရက်ပါတီအများစုတွင် ပါတီအကြီးအကဲကို  ပုံမှန်ဆိုသလို အမျိုးသားပါတီညီလာခံများ သို့မဟုတ် စုံညီအစည်းအဝေးများပြုလုပ်ကာ ပြန်လည်ရွေး ကောက်ကြသည်။ ထိပ်ပိုင်း သို့မဟုတ် အဓိပတိခေါင်းဆောင်ကို ရွေးချယ်ရာတွင် ပါတီဝင်များ၊ အလုပ်သမား များနှင့် ခေါင်းဆောင်များကြားအစရှိသဖြင့် ပါတီတွင်း အထွေထွေသဘောတူညီချက်တစ်ရပ် ရှိရသည်။  ပါတီ အကြီးအကဲသည် အကြောင်းအမျိုးမျိုးကြောင့် ပါတီရာထူးကို တာဝန်ယူချင်စိတ်မရှိလျှင် သူ သို့မဟုတ် သူမ အဆိုပြုသူက ရာထူးကို (အိန္ဒိယတွင် ရှိဗ်ဆမ်နာ ပါတီ သို့မဟုတ် ပါကစ္စတန်တွင် ပါကစ္စတန်ပြည်သူ့ပါတီတို့ တွင်ဖြစ်ခဲ့သလိုအတိုင်း) တာဝန်ယူရလိမ့်မည်ဖြစ်သင်္ည။ ပါတီအာဏာရလာချိန်တွင် ပါတီအကြီးအကဲရာထူး နှင့် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံတော်အကြီးအကဲရာထူးတို့ကို ပူးတွဲယူတတ်သည့်အလေ့အထရှိ သည်။

ပါတီအကြီးအဲများကို ရွေးချယ်ပုံနည်းလမ်းနှစ်မျိုးရှိသည်

  • ပါတီအကြီးအကဲကို ပါတီစည်းမျဉ်းဥပဒေများတွင် ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့်အညီ သို့မ ဟုတ် အထွေထွေသဘောတူညီချက်နှင့်အညီ ပါတီညီလာခံများနှင့် စုံညီအစည်းအဝေးများပြုလုပ် ကာ ရွေးကောက်တင်မြှောက်သည်။ သာမန်အားဖြင့် ပါတီအကြီးအကဲရာထူးအတွက် တစ်ဦးတည်း  သာအဆိုပြုထားလျှင် ယှဉ်ပြိုင်စရာရှိမည်မဟုတ်ပါ။ ဥပမာပြရလျှင် ပါကစ္စတန်မူစလင်အဖွဲ့ချုပ် ပီပီ ပီ၊ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ၊ အဝါမီ အဖွဲ့ချုပ်၊ သီရိလင်္ကာလွတ်လပ်ရေးပါတီ၊ ကုလသမဂ္ဂပါ တီ၊ နီပေါကွန်ဂရက်၊ အိန္ဒိယအမျိုးသားကွန်ဂရက်၊ အိန္ဒိယပြည်သူ့ပါတီ နှင့် ဘာဟူဂျင်ဆာမာ့ ပါတီ တို့ဖြစ်သည်။
  • ပါတီညီလာခံများ သို့မဟုတ် ကွန်ဂရက်များသည် အမြင့်ဆုံး ဆုံးဖြတ်ချက်ချရေးအဖွဲ့ကို ရွေးကောက် သည်၊ အပြန်အလှန်အားဖြင့် ဤအဖွဲ့သည် ပါတီအကြီးအကဲကို ရွေးချယ်သည်။ ယခုလိုရွေးချယ် သောပုံစံကို အဓိကအားဖြင့် ကွန်မြူနစ်ပါတီများက လိုက်နာကျင့်သုံးသည်၊ ဥပမာ အိန္ဒိယကွန်မြူနစ် ပါတီ၊ ဘင်္ဂလားဒေ့ရှ်ကွန်မြူနစ်ပါတီနှင့် နီပေါ မာ့က်စ်နှင့် လီနင်ဝါဒီတို့၏ကွန်မြူနစ်ပါတီတို့ပင်ဖြစ် သည်။

ကိုးကား၊ Political parties in South Asia – the challenge of change