အသစ်များ > ပါတီအမျိုးအစားများ

ပါတီအမျိုးအစားများ

2023-01-20

အဖွဲ့ဝင်အင်အားအခြေခံသောပါတီများ

ယင်းပါတီများသည် အများအားဖြင့် ထောက်ခံမှုအရေအတွက် ပိုနည်းပါးသည်။ ဤသို့ဖြစ်ရခြင်းမှာ ပါတီများ သည် ပါတီဝင်များ အတူလက်ခံထားရမည့် အတွေးအခေါ်ဝါဒများကို တင်းတင်းကျပ်ကျပ် ချထားတတ်ခြင်း ကြောင့်ဖြစ်သည်။ အကျိုးရလဒ်အားဖြင့် ယင်းပါတီများသည် အဖွဲ့ဝင်များထံမှ  အများကြီးမျှော်လင့်တတ်ကြ သလို ယေဘုယျအားဖြင့် အဖွဲ့ဝင်များနှင့် အလွန်နီးစပ်သောဆက်ဆံရေးမျိုးရှိကြသည်။ ပါတီများ၏ မူဝါဒ များသည် ပါတီ၏အတွေးအခေါ်ဝါဒနှင့် တန်ဖိုးများအပေါ် အခြေခံသည်။ ဤအချက်ကြောင့်လည်း ပါတီဝင် များ တစ်ဦးနှင့်တစ်ဦး သဘောထားတူညီနိုင်ရန် အလားအလာပိုများဖွယ်ရှိသည်၊ ထို့အပြင် ပါတီအဖွဲ့ဝင်ချင်း ခိုင်မာသောစည်းလုံးမှုကို မြှင့်တင်ပေးနိုင်ဖွယ်ရှိသည်။ အခြားတစ်ဖက်တွင်မူ ပါတီများသည် ပါတီဝင်မဟုတ် သူများမှ ထောက်ခံသိပ်မရရှိတတ်ပေ။ အကြောင်းမူ လူ့အဖွဲ့အစည်းရှိ လူတိုင်း ပါတီ၏သီးခြားအတွေးအခေါ် ဝါဒကို သဘောတူနိုင်ခြင်းမရှိ၍ဖြစ်သည်။ အဖွဲ့ဝင်ပါတီများနှင့်ပတ်သက်သောဥပမာများတွင် အမျိုးသားဝါဒီ ပါတီတချို့၊ ကွန်မြူနစ်ပါတီများနှင့် လူမျိုးစု သို့မဟုတ် နယ်မြေဒေသကို အခြေခံသောပါတီများ ပါဝင်သည်။

သာမန်လူထုလူတန်းစားအခြေပြုပါတီများ

လူထုအခြေပြုပါတီများသည် ထောက်ခံမှုကို တတ်နိုင်သမျှခပ်များများရရှိရန်ကြိုးပမ်းသည်။ ဤအကြောင်း ကြောင့် ပါတီမျးာသည် ပရော်ဖက်ရှင်နယ်မဟုတ်သောပါတီဝင်များထံမှ ပါဝင်ဆောင်ရွက်မှု အများအပြားကို ရရှိရန် မမျှော်လင့်ကြပါ။ လူထုအခြေပြုပါတီ၏ရည်မှန်းချက်မှာ တတ်နိုင်သမျှ မဲများများရရှိရေးပင်ဖြစ်သည်။   လူထုအခြေပြုပါတီများအတွက် ညွှန်းနေကျစကားလုံးမှာ “ရသမျှအကုန်ဆွဲ”ပါတီများဟူ၍ဖြစ်သည်။ အ ကြောင်းမူ ပါတီများသည် တတ်နိုင်သမျှထောက်ခံသူများများရအောင် “ဆွဲယူ”ရန်ကြိုးပမ်းသည့် မူဝါဒများကို တင်သွင်းလာသောကြောင့်ဖြစ်သည်။ အကျိုးရလဒ်အားဖြင့် လူထုအခြေပြုပါတီများတွင် တင်းကျပ်သောအ တွေးအခေါ်ဝါဒများ အများအားဖြင့်မရှိပါ။ အများအားဖြင့် ယင်းတို့၏အတွေးအခေါ်ဝါဒသည် အလယ်အလတ် ကျသည်။ ဆိုလိုသည်မှာ လစ်ဘရယ်မဆန်လွန်း၊ ဆိုရှယ်လစ်မဆန်လွန်း၊ ကွန်ဆာဗေးတစ်မဆန်လွန်းဟူ၍ ဖြစ်ပါသည်။ သို့ရာတွင် ပါတီများသည် မတူကွဲပြားသောအသံပေါင်းများစွာကို ကိုယ်စားပြုနိုင်ရန် ကြိုးစား သဖြင့် ပါတီဝင်များ အချင်းချင်း အမြဲတမ်း သဘောထားတူညီနေသည်ဟူ၍မရှိခြင်းဖြစ်သည်။ ဆိုလိုသည်မှာ  ယခုတင်ပြသောပါတီမျိုးသည် ယေဘုယျအားဖြင့် အယူဝါဒနှင့်တွဲဖက်နေသောပါတီများထက် စုစည်းညီညွတ် မှုပိုင်း လျော့နည်းသည်ဟု အဓိပ္ပာယ်သက်ရောက်ပါသည်။

သီးခြားအကျိုးအမြတ်အခြေခံသောပါတီများ

သီးခြားအကျိုးအမြတ်များကိုကြည့်သည့် ပါတီများသည် အလွန်ပင်တသီးတသန့်ဆန်သောအစုအဖွဲ့တစ်ရပ်  (လူမှုရေး၊ သက်မွေးဝမ်းပညာ သို နယ်မြေဒေသအစုအဖွဲ့တစ်ရပ်)၏အကျိုးစီးပွားများအတွက် တာဝန်ရှိသည် ဟု ခံယူထားသည်။ ထိုပါတီများသည် အများပြည်သူအစိတ်အပိုင်းအားလုံး တန်းတူညီမျှဝင်ဆံ့နိုင်ရေးအတွက် အရေးမဆိုပါ။ ဥပမာ ဒတ်ချ်လွတ်လပ်ရေးပါတီ (PVV) သည် မဲဆန္ဒရှင်အများစုက တစ်ဖက်စွန်းရောက်သည် ဟု ထင်မြင်သောသဘောထားအမြင်များကို လှုံဆော်သည်။ ဤအချက်က ပါတီကို လူအစုလိုက်အပြုံလိုက် ထောက်ခံမှုမရအောင် တားဆီးလိုက်သလိုဖြစ်သွားသည်။ သို့ရာတွင် လွတ်လပ်ရေးပါတီကို တည်ထောင်သူ နှင့် ခေါင်းဆောင်တို့က ပါတီအား အဖွဲ့ဝင်အခြေခံသောအဖွဲ့အစည်းတစ်ရပ်ဖြစ်လာရန် မလိုလားပေ။ ဤပါ တီမျိုးနှင့်စပ်လျဉ်း၍ ဥပမာတစ်ခုထပ်ပြရပါက နယ်သာလန်မှ တိရစာ္ဆန်များပါတီပင်ဖြစ်သည်။ ယင်းပါတီ သည် သဘာ၀ပတ်ဝန်းကျင်အရေးကိစ္စရပ်များနှင့် တိရစာ္ဆန်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေး ထားသည်။