အသစ်များ > အရပ်ဘက်လူ့အဖွဲ့အစည်းအမျိုးအစားများ

အရပ်ဘက်လူ့အဖွဲ့အစည်းအမျိုးအစားများ

2023-01-21

ရပ်ရွာအသိုင်းအဝိုင်းအခြေခံအဖွဲ့အစည်းများ

ရပ်ရွာအသိုင်းအဝိုင်းအခြေခံအဖွဲ့အစည်းများ(စီဘီအိုများ)သည် အောက်ခြေလူတန်းစားအဆင့်အရပ်ဘက်အ ဖွဲ့အစည်းများဖြစ်သည်။ အဆိုပါအစုအဖွဲ့အများစုသည် ကျေးလက်ဒေသများတွင် အခြေခံရှိကြသည်။ စီဘီအို များသည် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးဖူလုံမှုအစရှိသည့် နယ်ပယ်များတွင် အကျိုးပြုဝန်ဆောင်မှုများ ပေးရန် ရပ်ရွာအသိုင်းအဝိုင်းအဖွဲ့ဝင်များကို အတူတကွစည်းရုံးသည်။ အဆိုပါရပ်ရွာအသိုင်းအဝိုင်းအဖွဲ့ဝင် များတွင် အသေးစား-ချေးငွေအစုအဖွဲ့များ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများနှင့် ကျေးလက်ဆေးပေးခန်းများ ပါဝင်သည်။ စီဘီအိုအများအပြားသည် ယုံကြည်မှုစိတ်ဓာတ်အခြေခံဖြစ်ပြီး ၎င်းတို့၏လှုပ်ရှားဆောင်ရွက် ချက်အများစုကို ဒေသတွင်းရပ်ရွာအသိုင်းအဝိုင်းက ငွေကြေးပံ့ပိုးပေးသည်။

စီဘီအိုများ၏အကြီးမားဆုံးအားသာချက်များအနက်တစ်ခုမှာ ရပ်ရွာအသိုင်းအဝိုင်းသည် ယင်းတို့၏စီမံကိန်း များကို စီစဉ်ရေးဆွဲပြီး အကောင်အထည်ဖော်ရာတွင် တိုက်ရိုက်ပါဝင်ပတ်သက်ကြခြင်းပင်ဖြစ်သည်။ စီဘီအို အဖွဲ့ဝင်များသည် ယင်းတို့ကိုယ်ပိုင်ရပ်ရွာအသိုင်းအဝိုင်းများအတွင်းရှိ အခြေအနေကို ပိုမိုသိနားလည်ဖွယ်ရာရှိ သည်။ ယခုလိုဒေသတွင်းအခြေအနေသိရှိနားလည်မှုဟူသောအဓိပ္ပာယ်မှာ စီဘီအိုများ၏လှုပ်ရှားဆောင်ရွက် ချက်များသည် အခြားဆောင်ရွက်ကြသူအဖွဲ့များထက် ရပ်ရွာအသိုင်းအဝိုင်း၏အလေးထားချက်များနှင့် လို အပ်ချက်များကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပေးတတ်ကြသည်ဟု ဆိုလိုသည်။ အခြားတစ်ဖက်တွင်မူ ငွေကြေးပံ့ပိုးပေးမှုနှင့် ကျွမ်းကျင်ပညာရှင်မရှိပါက စီအက်စ်အိုများတွင် ရှိနိုင်သည့် သက်ရောက်ချက်မျိုးအ တိုင်းမဟုတ်ဘဲ အကန့်အသတ်သက်ရောက်မှုသာရှိနိုင်သည်။

အစိုးရမဟုတ်သောအဖွဲ့အစည်းများ

အန်ဂျီအိုဆိုသည်မှာ အဘယ်နည်း

အစိုးရမဟုတ်သောအဖွဲ့အစည်းများ(အန်ဂျီအိုများ)ဆိုသည်မှာ အစိုးရများနှင့် အမှီအခိုကင်းလွတ်လပ်စွာ ပြုမူ ဆောင်ရွက်ကြသည့် အကျိုးအမြတ်မဖက်သောအဖွဲ့အစည်းများဖြစ်သည်။အန်ဂျီအိုများသည် ဒေသန္တရ၊ နိုင်ငံ တွင်း သို့မဟုတ် နိုင်ငံတကာအဆင့်တွင် လှုပ်ရှားဆောင်ရွက်မှုရှိနိုင်သည်။ အန်ဂျီအိုများသည် ပြည်သူ့ကျန်းမာ ရေး၊ သဘာ၀ပတ်ဝန်းကျင်၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့သော ပြည်သူ့အကျိုးစီးပွားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ကြသည်။

အန်ဂျီအိုအများအပြားသည် အစိုးရက လုံလောက်စွာပေးနိုင်စွမ်းမရှိသည့် အကျိုးပြုဝန်ဆောင်မှုများကို ပေး သည်။ ဥပမာပြရလျှင် အစိုးရတစ်ရပ်တွင် ကျေးလက်ဒေသများထံ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် အရင်းအမြစ်များ သို့မဟုတ် ပေးနိုင်စွမ်းရည်မရှိဖြစ်နေလျှင် အဆိုပါအကျိုးပြုဝန်ဆောင်မှုကို အန်ဂျီအိုတစ်ဖွဲ့ က ပေးနိုင်သည်။ အန်ဂျီအိုများသည် အစိုးရစီမံဆောင်ရွက်ပေးမှုမရှိသော နယ်မြေဒေသများကို အဓိကအာရုံ ထားကြသဖြင့် အစိုးရမူဝါဒများကို ၎င်းတို့က ဝေဖန်ထောက်ပြတတ်သည်။ ဤအချက်က အန်ဂျီအိုများ၏လှုပ် ရှားဆောင်ရွက်ချက်များသည် အတန်အသင့် နိုင်ငံရေးဆန်နိုင်သည်ဟု ဆိုလိုသည်။

ဒေသခံအန်ဂျီအိုအဖွဲ့အများအပြားသည် အခြားနိုင်ငံရေးဆောင်ရွက်ကြသူများ မရောက်ရှိနိုင်သည့် အများ ပြည်သူများ နှင့်/သို့ နယ်မြေဒေသများသို့ လက်လှမ်းမီရောက်ရှိနိုင်သည်။ ဤသို့သော အန်ဂျီအိုများတွင် အစိုး ရလှုပ်ရှားသူအဖွဲ့များထက် ပိုမိုကောင်းမွန်သော ဒေသန္တရအသိပညာဗဟုသုတနှင့် ကွန်ရက်များရှိတတ်သည်။ ဤအချက်က အစိုးရ အလုပ်မလုပ်နိုင် သို့မဟုတ် အလုပ်ဖြစ်မည်မဟုတ်သော နယ်မြေဒေသများတွင် ကုန်ပ စ္စည်းများနှင့် ဝန်ဆောင်မှုများကို ပေးနိုင်ရန် အန်ဂျီအိုများကို ကူညီပံ့ပိုးပေးသည်။ အထက်ပါနယ်မြေဒေသ များတွင် အစိုးရလုပ်သားများ ဝင်ရောက်ရန်ခက်ခဲသော သို့မဟုတ် ဝင်ရောက်မလုပ်ကိုင်ချင်သော သီးခြားဖြစ် သည့် စစ်ဒဏ်ခံနယ်မြေများလည်း ပါဝင်သည်။

အန်ဂျီအိုများ၏လှုပ်ရှားဆောင်ရွက်ချက်များ

အကျိုးပြုဝန်ဆောင်မှု(သို့ ကွင်းဆင်းလုပ်ဆောင်သော)အန်ဂျီအိုများသည် အရေးပေါ်ကယ်ဆယ်ရေး၊ ဖွံ့ဖြိုး ရေးအကူအညီ၊ အကျိုးပြုဝန်ဆောင်မှုကို လိုအပ်နေသည့် ပြည်သူများအတွက် ဆေးဘက်ဆိုင်ရာအကူအညီ သို့မဟုတ် စားနပ်ရိက္ခာတို့ကဲ့သို့သော အကျိုးပြုဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးခြင်းဖြင့် အကျိုးခံစားရသူ များနှင့် တိုက်ရိုက်အလုပ်လုပ်သည်။ အထက်ပါအန်ဂျီအိုများနှင့်ပတ်သက်သောသာဓကများတွင် မေတ္တာဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့လည်း ပါဝင်လိမ့်မည်။

မီဒီယာ၊ ပညာရေးတို့အပြင် နိုင်ငံရေးပါဝင်ဆောင်ရွက်ကြသူများနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ခြင်းမှတစ် ဆင့် ဆော်ဩလှုံ့ဆော်ရေး အန်ဂျီအိုစည်းရုံးရေးများသည် လူမှုရေးအပြောင်းအလဲဖြစ်ရန် တောင်းဆိုသည်။ အ ဆိုပါအန်ဂျီအိုစည်းရုံးရေးများသည် လူ့အခွင့်အရေး၊ လူမှုရေးတရားမျှတမှု သို့မဟုတ် သဘာ၀ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးကဲ့သို့သော အရေးကိစ္စရပ်များအပေါ် အလေးထားသည်။ ဥပမာအနေဖြင့် ရခိုင် ကမ်းရိုးတန်းဒေသ ထိန်းသိမ်းရေးအဖွဲ့၊ ကရင်သဘာ၀ပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ရက်နှင့် ကမ္ဘာမြေ အခွင့်အရေးနိုင်ငံတကာအဖွဲ့တို့ပါဝင်သည်။

အန်ဂျီအိုအဖွဲ့တချို့သည် ကွင်းဆင်းဆောင်ရွက်မှုကဏ္ဍနှင့်၊ ဆော်ဩစည်းရုံးရေးကဏ္ဍနှစ်ရပ်စလုံးကို ပေါင်း စပ်လှုပ်ရှားသည်။ ဥပမာ နိုင်ငံတကာအန်ဂျီအိုဖြစ်သော Oxfam သည် သောက်သုံးရေသန့်ရှင်းရေး၊ ဒုက္ခသည် ပြည်သူများအတွက် တကိုယ်ရည်ကျန်းမာသန့်ရှင်းရေးတို့ကဲ့သို့သော အကျိုးပြုဝန်ဆောင်မှုများကို ဖြည့် ဆည်းပေးရုံတင်မက၊ ဆင်းရဲနွမ်းပါးမှုနှင့် အမျိုးသမီးအခွင့်အရေးတို့ကဲ့သို့သော လူမှုအသိုင်းအဝိုင်းများအပေါ် ရိုက်ခတ်နေသည့်အရေးကိစ္စရပ်များနှင့်စပ်လျဉ်းပြီး စည်းရုံးလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်သည်။

အန်ဂျီအိုအများစု၏ထောက်ပံ့ငွေသည် ပုဂ္ဂလအလှူရှင်များမှရတတ်ပြီး ယင်းတို့ကိုယ်ပိုင်ရန်ပုံငွေရှာရေးစည်း ရုံးရေးဆင်းခြင်းများ(တစ်သီးပုဂ္ဂလလှူဒါန်းမှုများ)မှအပြင်တစ်ခါတစ်ရံ(ပိုကြီးမားသောအန်ဂျီအိုများအတွက်)အစိုးရအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးဘဏ်များ (ဥပမာ ကမ္ဘာ့ဘဏ် သို့မဟုတ် အာရှဖွံ့ဖြိုးရေးဘဏ်) သို့မဟုတ် ကုလသမဂ္ဂအဖွဲ့တို့မှလည်း ရတတ်သည်။

သို့ရာတွင် အစိုးရ သို့မဟုတ် နိုင်ငံတကာငွေကြေးထောက်ပံ့မှုသည် တစ်ခါတစ်ရံ အန်ဂျီအိုတချို့၏ အမှီအခို ကင်းလွတ်လပ်မှုနှင့်“အစိုးရမဟုတ်သော”ဟူသည့်သဘောသဘာ၀အေပါ်မေးခွန်းများထုတ်စရာဖြစ်ရပါသည်။ ဤသို့ဖြစ်ရခြင်းမှာ အခြားနိုင်ငံရေးဆောင်ရွက်ကြသူများမှ ငွေကြေးပံ့ပိုးမှုကို မှီခိုရသည့် အန်ဂျီအိုများသည် သီးခြားလွတ်လပ်မှုပိုင်းတွင်အားနည်းတတ်ခြင်းကြောင့်ဖြစ်သည်။ငွေကြေးပံ့ပိုးပေးသည့်အစိုးရများ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများသည် အန်ဂျီအိုများအပေါ် လွှမ်းမိုးနိုင်သလို အန်ဂျီအိုများအလေးထားသည့် ပြည် သူနှင့် အရေးကိစ္စရပ်များကိုလည်း စီစဉ်ဆုံးဖြတ်ပေးနိုင်သည်။

လူမှုရေးလှုပ်ရှားမှုများ

စီအက်စ်အိုများကဲ့သို့ပင် လူမှုရေးလှုပ်ရှားမှုများသည် လူမှုရေးပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းရန် လူမှု ရေးဆောင်ရွက်ချက်ထဲ အတူတကွ ပေါင်းစည်းပါဝင်လာကြသည့် လူအစုအဖွဲ့များပင်ဖြစ်သည်။ သို့ရာတွင် လူ မှုရေးလှုပ်ရှားမှုများနှင့် စီအက်စ်အိုများကြား အရေးပါသောကွဲပြားချက်တချို့ရှိပါသည်။ ပထမတစ်ချက်မှာ လူ မှုရေးလှုပ်ရှားမှုများသည် တစ်သီးပုဂ္ဂလဖြစ်သော စီဘီအိုများ သို့မဟုတ် အန်ဂျီအိုများထက် ပိုမိုကြီးမားတတ် သည်။ အများအားဖြင့် လူမှုရေးလှုပ်ရှားမှုများသည် သဘာ၀ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ အမျိုးသမီးအခွင့် အရေး သို့မဟုတ် မြေယာအခွင့်အရေးကဲ့သို့သော ကြီးမားကျယ်ပြန့်သည့်လူမှုရေးကိစ္စရပ်များကို အဓိကအာရုံ ထားကြသည်။ လူမှုရေးလှုပ်ရှားမှုများသည် မတူသောအဖွဲ့အစည်းအသီးသီးအပေါ် ဆွဲဆောင်နိုင်စွမ်းရှိသည်။  အကြောင်းမူ လူမှုရေးလှုပ်ရှားမှုများသည် လူ့အဖွဲ့အစည်း၏ကြီးမားကျယ်ပြန့်သောအပိုင်းအကန့်များအပေါ် သက်ရောက်နေသည့် အရေးကိစ္စရပ်တို့ကို အာရုံထားသည့်အတွက်ကြောင့်ဖြစ်သည်။

ဒုတိယတစ်ချက်မှာ လူမှုရေးလှုပ်ရှားမှုများသည် စီအက်စ်အိုအများစုထက် စုဖွဲ့မှုပိုင်း လျော့နည်းသည်။ ယင်း တို့၏အရွယ်အစားနှင့် ကွဲပြားခြားနားမှုကြောင့် လူမှုရေးလှုပ်ရှားမှုများသည် အဖွဲ့အစည်းထက် မဟာမိတ်ပုံစံ မျိုးနှင့်ပိုတူသည်။ လူမှုရေးလှုပ်ရှားမှုများတွင် အများအားဖြင့် ခေါင်းဆောင်မှုပိုင်း ရှင်းလင်းစွာမရှိ၊ အဓိကရုံး ဌာနများလည်းမရှိ သို့မဟုတ် အခြားအန်ဂျီအိုများ၏သွင်ပြင်လက္ခဏာမျိုးများလည်း မရှိတတ်ပါ။

ဘေယုယျအားဖြင့် လူမှုရေးလှုပ်ရှားမှုများသည် အကျိုးပြုဝန်ဆောင်မှုများဖြည့်ဆည်းပေးခြင်းထက် စည်းရုံး ဆော်ဩမှုကို ပိုအရေးထားသည်။ လူမှုရေးလှုပ်ရှားမှုများသည် လှုပ်ရှားမှု၏အရေးကိစ္စရပ်များနှင့် အလေးထား ချက်များကို ကိုယ်တွယ်ဖြေရှင်းပေးမည့် ဥပဒေများပြဋ္ဌာန်းရန် သို့မဟုတ် မူဝါဒများချမှတ်ရန် အစိုးရအပေါ် ဩဇာလွှမ်းမိုးနိုင်အောင် ကြိုးပမ်းတတ်သည်။ ဆော်ဩစည်းရုံးရေးအန်ဂျီအိုအများအပြားကဲ့သို့ပင် လူမှုရေး လှုပ်ရှာ မှုများသည်လည်း လူမှုရေးတက်ကြွလှုပ်ရှားရေးဝါဒအမြင်နှင့် နီးနီးကပ်ကပ် ဆက်စပ်မှုရှိသည်။

လူမှုရေးလှုပ်ရှားမှုအများအပြားသည် အစိုးရအပေါ် ဩဇာလွှမ်းမိုးနိုင်ရုံလောက်အပြင် ပိုပြီးအလုပ်လုပ်ချင်ကြ သည်။ ၎င်းတို့သည်လူမှုရေးအပြောင်းအလဲဖြစ်ပေါ်ရန် အောက်ခြေလူတန်းစားအဆင့်ထောက်ခံမှုနှင့် အောက် မှအပေါ်သို့အဆင့်ဆင့်သွားသောအာဏာပုံစံမျိုးအပေါ် မှီခိုအားထားသည်။ လူမှုရေးလှုပ်ရှားမှုများသည် အရပ် သားအာဏာဖီဆန်ရေးနှင့် လူမှုရေးတရားမျှတမှုအမြင်တို့နှင့်လည်းဆက်နွှယ်နေတတ်သည်။ လူမှုရေးလှုပ်ရှား မှုများသည်ဆန္ဒပြထုတ်ဖော်မှုများနှင့် အလုပ်အကိုင်ရရှိရေးအစရှိသည့် တိုက်ရိုက်လှုပ်ရှားဆောင်ရွက်ချက် မဟာဗျူဟာများကို အသုံးချတတ်သည်။

မတူကွဲပြားသော လူမှုရေးလှုပ်ရှားမှုအမျိုးအစားများ

လူမှုရေးလှုပ်ရှားမှုနှင့်ဆိုင်ရာအဓိကအမျိုးအစားနှစ်ရပ်ရှိသည်။ သီးခြားကိစ္စရပ်အထူးပြုသော လှုပ်ရှားမှုများ နှင့် အထွေထွေလှုပ်ရှားမှုများဟူ၍ဖြစ်သည်။

သီးခြားကိစ္စအထူးပြုလှုပ်ရှားမှုများ

လူမှုရေးလှုပ်ရှားမှုများ အုံကြွမြင့်မားပေါ်ပေါက်လာစေနိုင်သည်အထိ လူအများ အလွန်အမင်းထောက်ခံ သို့မ ဟုတ် ဒေါသပုန်ထခြင်းကို ဖြစ်စေနိုင်သော အဖြစ်အပျက်များ သို့မဟုတ် အရေးကိစ္စများ သေချာစွာရှိသည်။ အိန္ဒိယနိုင်ငံတွင် နာမာဒါ ဘာချာအို အန်ဒိုလန် သည် အထက်ပါလှုပ်ရှားမှုအမျိုးအစားအတွက် ဥပမာ ကောင်း တစ်ရပ်ဖြစ်သည်။ နာမာဒါမြစ်တွင် ဆဒါး ဆာရိုဗာ ရေကာတာတည်ဆောက်ရေးဟူသောသီးခြားအရေးကိစ္စ နှင့်စပ်လျဉ်း၍ လှုပ်ရှားမှု စတင်ပေါ်ပေါက်ခဲ့သည်။ လှုပ်ရှားမှု၏ဦးတည်ချက်က ယင်းနေရာတွင် နေထိုင်ကြ သူများကို ကာကွယ်စောင့်ရှောက်ရန် ရေကာတာတည်ဆောက်မှုကို ရပ်တန့်ရေးဖြစ်သည်။ လှုပ်ရှားမှုသည် ပိုမိုကြီးထွားလာပြီး ရေကာတာတည်ဆောက်ရေးထောက်ခံသည့် အစိုးရ၏ အခြားရေကာတာစီမံကိန်းကြီး များနှင့် မူဝါဒများကိုပင် ဆန့်ကျင်ကန့်ကွက်လာတော့သည်။ အထက်ပါလှုပ်ရှားမှုမျိုးသည် အများအားဖြင့် ခေါင်းဆောင်မှုပိုင်း တိကျရှင်းလင်းစွာရှိသလို၊ စုဖွဲ့မှုအဆင့်မြင့်မားသည်၊ သို့သော် လှုပ်ရှားမှုသည် အချိန်အ လွန်ကြာမြင့်စွာဖြစ်မနေတတ်ပါ။

အထွေထွေလှုပ်ရှားမှုများ

အရေးကိစ္စတစ်ခုတည်းအခြေခံလှုပ်ရှားမှုများနှင့် နှိုင်းယှဉ်လျှင် အထွေထွေလှုပ်ရှားမှုများသည် ဘေယုယျ အားဖြင့် အချိန်ပိုကြာတတ်ပြီး ပိုမိုကျယ်ပြန့်သောအရေးကိစ္စများအပေါ် အာရုံထားသည်။ သဘာ၀ပတ်ဝန်း ကျင်ဆိုင်ရာလှုပ်ရှားမှုနှင့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုများသည် အထွေထွေလှုပ်ရှားမှုများ၏သာဓက  များပင်ဖြစ်သည်။ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုများသည် ရေရှည်မတည်တံ့နိုင်သောမူဝါဒများနှင့် လှုပ်ရှားဆောင်ရွက်ချက်မျိုးများစွာကို ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်သည်။ အလားတူပင် အမျိုးသမီးအခွင့်အ ရေးလှုပ်ရှားမှုများသည် အမျိုးသမီးများ ရင်ဆိုင်ရသည့် အမျိုးမျိုးသောအရေးကိစ္စများကို ကိုင်တွယ်ဖြေ ရှင်းပေးသည့် မူဝါဒများကို ပေါ်ပေါက်စေရန် သို့မဟုတ် ပြောင်းလဲပစ်ရန် အစိုးရအပေါ် ဖိအားပေးကြသည်။

အထွေထွေလှုပ်ရှားမှုများသည် ရည်မှန်းချက်ချင်းတူညီ၊ တန်ဖိုးထားရာချင်းတူညီသော မတူကွဲပြားသောပါဝင် ဆောင်ရွက်ကြသူအများအပြားကို ကိုယ်စားပြုသည်။ ဥပမာ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုသည် တစ်သီးပုဂ္ဂလများ၊ စီအက်စ်အိုများနှင့် သီးခြားအရေးကိစ္စအထူးပြုလှုပ်ရှားမှုများပါဝင်နေသည့် ကြီးမားကျယ် ပြန့်သောအင်အားအရေအတွက်ကို ပေးထားသည့် ခေါင်းစဉ်တစ်ခုပင်ဖြစ်သည်။ အဆိုပါအရာများအားလုံး တွင် သီးခြားအဖွဲ့အစည်းများ၊ အမှီအခိုကင်းလွတ်လပ်သောခေါင်းဆောင်မှုရှိကြသလို၊ ၎င်းတို့ လိုချင်သော လူ မှုရေးအပြောင်းအလဲမျိုးနှင့်ဆိုင်ရာ ကွဲပြားသောအမြင်အသီးသီးလည်း ရှိနေတတ်သည်။