အသစ်များ > စီရင်လုပ်ပိုင်ခွင့်၊ လုပ်ငန်းဆောင်တာများနှင့် အာဏာရပ်များ
စီရင်လုပ်ပိုင်ခွင့်၊ လုပ်ငန်းဆောင်တာများနှင့် အာဏာရပ်များ
2022-09-06
မေး။ ဖက်ဒရယ်အစိုးရတစ်ရပ်သည် မည်သည့် အထူးလုပ်ပိုင်ခွင့်အာဏာရပ်များနှင့် လုပ်ငန်းဆောင်တာများ ကို ကိုင်စွဲထားနိုင်သနည်း။
ဖြေ။ ဖက်ဒရယ်အစိုးရတစ်ရပ်သည် အောက်ပါနယ်ပယ်များနှင့်စပ်လျဉ်း၍ အထူးလုပ်ပိုင်ခွင့်အာဏာရပ်များ နှင့် လုပ်ငန်းဆောင်တာများကို ကိုင်စွဲထားနိုင်သည်၊ ယင်းတို့မှာ
က) အမျိုးသားလုံခြုံရေးနှင့် ပြည်ပရန်ကာကွယ်ရေး
ခ) နိုင်ငံခြားဆက်ဆံရေးများ
ဂ) ငွေကြေး/ငွေကြေးစနစ်များ
ဃ) ပြည်ပကုန်သွယ်ရေး/ကူးသန်းရောင်းဝယ်မှု
င) နိုင်ငံသားဖြစ်ခြင်း
စ) နိုင်ငံသားအခွင့်အရေး/နိုင်ငံရေးအခွင့်အရေးများ/ လူ့အခွင့်အရေးများ
ဆ) လူဝင်မှုကြီးကြပ်ရေး/ရွှေ့ပြောင်းအခြေချနေထိုင်မှု/ ပြစ်မှုကျူးလွန်ခဲ့ရာတိုင်းပြည်သို့ တရားခံလွှဲအပ်ခြင်း
ဇ) အမျိုးသားရွေးကောက်ပွဲများ
ဈ) ဗဟိုတရားရုံးချုပ်ဆုံးဖြတ်ချက်
ည) ဉာဏ်ပညာဖြင့်ဖန်တီးထားခြင်းအပေါ်မူပိုင်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအခွင့်အရေးများနှင့် မူပိုင်ခွင့်များကို ကာကွယ်ပေးခြင်း
မေး။ ဖက်ဒရယ်စနစ်တွင် ပြည်နယ်အစိုးရတစ်ရပ်၏အထူးတရားစီရင်ပိုင်ခွင့် ရှိနိုင်သောနယ်ပယ်များသည် မည်သည့်နယ်ပယ်များဖြစ်သနည်း။
ဖြေ။ ပြည်နယ်အစိုးရများတွင် အောက်ပါနယ်ပယ်များအပေါ် တရားစီရင်ပိုင်ခွင့်ရှိနိုင်သည်၊ ယင်းတို့မှာ
က) ပြည်နယ်/ဒေသန္တရရွေးကောက်ပွဲများ
ခ) ဒေသဆိုင်ရာတရားရုံးများ/မြို့တော်တရားရုံးများ
ဂ) ပြည်သူပိုင်ပစ္စည်းများ အသုံးပြုခွင့်လိုင်စင်ချပေးခြင်း
ဃ) ပြည်နယ်ဥပဒေများနှင့် အစီအစဉ်များကို စီမံအုပ်ချုပ်ခြင်းနှင့် ပြဋ္ဌာန်းဖော်ဆောင်ခြင်း
င) ပြည်နယ်လူမှု-စီးပွားရေးစီမံကိန်းချမှတ်ခြင်း
စ) ပြည်နယ်ဘဏ္ဍာရေး၊ အခွန်ကောက်ခြင်း၊ အကောက်ခွန်များ၊ ဘက်ဂျက်နှင့် စာရင်းစစ်ခြင်း
ဆ) ဒေသန္တရအစိုးရများကို ထောက်ပံ့ကြေးပေးခြင်း
ဇ) ရဲတပ်ဖွဲ့၊ အများပြည်သူဘေးကင်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှုရှိရေး
ဈ) ပြည်နယ်နှင့် ဒေသန္တရအခြေခံအဆောက်အဦ
မေး။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရများတွင် မည်သည့်လုပ်ငန်းဆောင်တာများနှင့် အာဏာရပ်များ၌ ပူးတွဲ(ခွဲ ဝေ)ကျင့်သုံးနိုင်သောစီရင်လုပ်ပိုင်ခွင့်ရှိသနည်း။
ဖြေ။ အောက်ပါနယ်ပယ်များရှိ လုပ်ငန်းဆောင်တာများနှင့် အာဏာရပ်များသည် ဖက်ဒရယ်ပြည်နယ်အစိုးရ များ၏ ပူးတွဲကျင့်သုံးနိုင်သောစီရင်လုပ်ပိုင်ခွင့်ဘောင်အတွင်း ရှိနိုင်သည်။
က) ကျန်းမာရေး
ခ) ပညာရေး
ဂ) လူမှုဖူလုံရေးစနစ်
ဃ) ယဉ်ကျေးမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
င) အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
စ) သဘာ၀ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး
ဆ) သဘာ၀စွမ်းအင်
ဇ) ခရီးသွားကဏ္ဍ
ဈ) လမ်းများနှင့် အဝေးပြေးလမ်းမများ
မေး။ ဖက်ဒရယ်စနစ်တွင် ပဋိပက္ခများနှင့် စီရင်လုပ်ပိုင်ခွင့်အပေါ်သံသယဖြစ်မှုများကို ဖြေရှင်ပေးရန်အတွက် မည်သည့်ယန္တရားရှိသနည်း။
ဖြေ။ ဖက်ဒရယ်နှင့် ပြည်နယ်/ဒေသန္တရအစိုးရများကြား ပဋိပက္ခများကို မည်သို့ဖြေရှင်းမည်ဟူ၍ ဆုံးဖြတ်ချက် ချရန်အာဏာကို အပ်နှင်းခံထားရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး သို့ ခုံရုံးတစ်ရပ်ကို ဖွဲ့စည်း တည်ထောင်နိုင်သည်။ ဆွစ်ဇာလန်နိုင်ငံတွင် အစိုးရအချင်းချင်း အတွင်းပိုင်းဖြစ်ပွားသောပဋိပက္ခများ သို့ အ ငြင်းပွားမှုများကို လူထုဆန္ဒခံယူပွဲပြုလုပ်၍ ဖြေရှင်းပေးတတ်သည်။