အသစ်များ > တရားစီရင်ရေးမဏ္ဍိုင်(အစိုးရမဏ္ဍိုင်သုံးရပ်)

တရားစီရင်ရေးမဏ္ဍိုင်(အစိုးရမဏ္ဍိုင်သုံးရပ်)

2022-09-03

တရားစီရင်ရေးမဏ္ဍိုင်သည် ဥပဒေများကို ပြဋ္ဌာန်းသက်ရောက်ရန်တာဝန်ရှိသည်။(ဒီမိုကရေစီနည်းကျ)တရားစီရင် ရေးမဏ္ဍိုင်၏အဓိကတာဝန်သည် နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးရန်ဖြစ်သည်။ ပဋိပက္ခများကို မျှတစွာ ဖြေရှင်းပေးရန်လည်း တာဝန်ရှိသည်။ ထိုပဋိပက္ခများသည် နိုင်ငံသားများအချင်းချင်းကြား(ဥပမာ ကွာရှင်းပြတ်စဲခြင်း)၊ နိုင်ငံသားများနှင့် နိုင်ငံတော်ကြား(ဥပမာ လယ်မြေသိမ်းယူခြင်း)ပဋိပက္ခဖြစ်ခြင်းများဖြစ်နိုင်သည်။ ရာဇဝတ်မှုကို စီရင် ပေးရန်လည်း တာဝန်ရှိပြန်သေး၏။

သို့ရာတွင် တရားသူကြီးအဖွဲ့သည် အစိုးရအဖွဲ့တွင်း အလွန်အရေးပါသောအခန်းကဏ္ဍမှလည်း ပါဝင်နေသည်။ အ ကြောင်းမူ အစိုးရတစ်ရပ် မည်သို့အလုပ်လုပ်ရမည်ဟု စီစဉ်ချမှတ်ပေးထားသည့် အရေးကြီးဆုံးဥပဒေများကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားသည့်အတွက်ဖြစ်သည်။ ထိုဥပဒေများ ရှင်းရှင်းလင်းလင်းမရှိ(သို့မဟုတ်) ပဋိ ပက္ခဖြစ်နေကြချိန်တွင် ၎င်းဥပဒေများ၏အဓိံပ္ပာယ်နှင့်ဆိုလိုရင်းကို ဖွင့်ဆိုရှင်းလင်းပြရန် တရားစီရင်ရေးအဖွဲ့တွင်တာ ဝန်ရှိသည်။ ဥပဒေများသည် အဓိပ္ပာယ်တွင် ရှင်းလင်းမှုမရှိ(သို့မဟုတ်) ပဋိပက္ခဖြစ်နေပါက အစိုးရအဖွဲ့တွင်း ပြင်းထန် သောပြဿနာရပ်များကို ဖြစ်ပွားစေနိုင်သဖြင့် အထက်ပါဖွင့်ဆိုပြရန်တာဝန်သည် နိုင်ငံရေးတွင် အလွန်အရေးကြီး သောအရာဖြစ်နိုင်သည်။ တရားစီရင်ရေးမဏ္ဍိုင်သည် အထက်ပါအငြင်းအခုံများကို သမာသမတ်ကျကျ ဖြေရှင်းပေး သည့် သီးခြားလွတ်လပ်သောတရားသူကြီးတစ်ဦးသဖွယ် ပြုမူဆောင်ရွက်ပါသည်။

တရားစီရင်ရေးမဏ္ဍိုင်နှင့်စပ်လျဉ်း၍ အရေးပါသောအချက်တစ်ချက်မှာ တရားရေးမဏ္ဍိုင်ကြောင့် ပြည်သူလူထုသည် အောက်တရားရုံးအဆင့်တွင် ချမှတ်လိုက်သောဆုံးဖြတ်ချက်များသည် မှားယွင်းသည်ဟု ယူဆသည့်အခါ အထက်တ ရားရုံးသို့ အယူခံဝင်ရန်အခွင့်အလမ်းကို ရရှိလိုက်ခြင်းပင်ဖြစ်သည်။ အောက်တရားရုံးများသည် နိုင်ငံရေးဖိအားဒဏ် (သို့မဟုတ်) အကျင့်ပျက်ခြစားမှုဒဏ်ကို ခုခံနိုင်စွမ်းပိုလျော့နည်းနိုင်သဖြင့် အယူခံဝင်ခွင့်သည် တရားဥပဒေစိုးမိုးရေး ၏အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ တရားစီရင်ရေးမဏ္ဍိုင်တွင် သီးခြားလွတ်လပ်မှုရှိခြင်းသည် ဒီမိုကရေစီ နည်းကျတရားဝင်မှု၏အရေးပါသော မူလအကြောင်းရင်းတစ်ရပ်ဖြစ်သည်။ တရားစီရင်ရေးမဏ္ဍိုင်သည် အမှီအခိုကင်း လွတ်လပ်မှုရှိပါက ပြည်သူလူထုအနေဖြင့် အငြင်းအခုံများကို ဖြေရှင်းရန်နှင့် တရားမျှတမှုကို ရှာဖွေရန် တရားရုံးများ အပေါ်ကိုသာ ပိုမိုယုံကြည်ကာအသုံးပြုလိမ့်မည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးများ

အာဏာခွဲဝေကျင့်သုံးမှုကို အခြေခံသော အစိုးရရှိနေခြင်းဟူသည် မတူသောမဏ္ဍိုင်အသီးသီးများ၏တာဝန်၀တ္တရားများ ကြားတစ်ခါတရံ ထိပ်တိုက်တိုးပဋိပက္ခဖြစ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်ချခွင့်(ဖွဲ့စည်းပုံအခြေခံဥပ ဒေအပေါ်နားလည်ပုံကိုအခြေခံ၍)သည် မိမိတို့တွင် ရှိသည်ဟု တစ်ခါတရံ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်နှစ်ရပ် စလုံးက တွေးကြသည်။ ထိုဖြစ်ရပ်များတွင် ပဋိပက္ခကို မျှတစွာဖြေရှင်းရန် တတိယအုပ်စုကို လိုအပ်သည်။

တရားစီရင်ရေးမဏ္ဍိုင်၏အထက်ပါပြဿနာကိုဖြေရှင်းရန် တာဝန်ရှိသော အဓိကအဖွဲ့အစည်းဌာနကို ‘ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာခုံရုံး’ (သို့မဟုတ်) ‘တရားလွှတ်တော်ချုပ်’ဟု ခေါ်သည်။ အစိုးရကပြဋ္ဌာန်းသောဥပဒေများသည် ဖွဲ့စည်း ပုံအခြေခံဥပဒေပါအခြေခံဥပဒေများနှင့် ငြိစွန်းမှုရှိ၊မရှိကို စစ်ဆေးရန် တရားလွှတ်တော်ချုပ်တွင် တာဝန်ရှိသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏အခန်းကဏ္ဍများမှာ

  • ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖွင့်ဆိုရှင်းလင်းပေးရန်
  • တရားရေးရာစိစစ်သုံးသပ်ချက်အာဏာကို ကျင့်သုံးရန်၊ ဆိုလိုသည်မှာ ထိုအာဏာရှိ၍ ဥပဒေပြုရေးမဏ္ဍိုင် (သို့) အုပ်ချုပ်ရေးမဏ္ဍိုင်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသော ဥပဒေတစ်ရပ် (သို့)ဆောင်ရွက်ချက်ကို တရားမဝင်ကြောင်း ထုတ်ပြန်နိုင်သည်
  • အစိုးရမဏ္ဍိုင်အသီးသီးကြား အငြင်းအခုံဖြစ်မှုကို ဖြေရှင်းရန်
  • အာဏာအလွဲသုံးစားမှုကို စစ်ဆေး(စောင့်ကြည့် သို့ ထိန်းချုပ်)ရန်
  • မိမိတို့၏ဖွဲ့စည်းပုံအခြေခံဥပဒေပါရပိုင်ခွင့်များကို အလွဲသုံးစားလုပ်ခံရသည်ဟုတစ်သီးပုဂ္ဂလများက တိုင်တန်း သည့် အမှုများကို ဆုံးဖြတ်ပေးရန်

အထက်ပါတရားရုံးများသည် အခြားသောအစိုးရဌာနခွဲများနှင့် သီးခြားလွတ်လပ်မှုရှိရန် အလွန်အရေးကြီးသည်။ အုပ် ချုပ်ရေးမဏ္ဍိုင်မှ တရားစီရင်ရေးမဏ္ဍိုင်အပေါ် ဖိအားပေးမှုတိုင်း (သို့မဟုတ်) တရားသူကြီးများနှင့် နိုင်ငံရေးသမား များကြား နီးကပ်စွာဆက်ဆံရေးမှန်သမျှတိုင်းသည် တရားစီရင်ရေး၏သီးခြားလွတ်လပ်မှုကို အားနည်းစေပါလိမ့်မည်။ ထို့အကြောင်းကြောင့် တရားသူကြီးများကို အများအားဖြင့် အလွန်ဂရုတစိုက်ထား ရွေးချယ်ကြခြင်းဖြစ်ပြီး နှစ်ကာလ ကြာမြင့်စွာ ထိုရာထူးများတွင် တာဝန်ထမ်းရသည်(တစ်ခါတစ်ခါ ၎င်းတို့၏လက်ကျန်ဘ၀သက်တမ်းတစ်လျှောက်)

ဤအချက်သည် အကြောင်းရင်းပေါင်းများစွာဖြင့် ပြဿနာများကို ဖြစ်ပွားစေသည်။ ပထမတစ်ချက်မှာ တရားသူကြီး များကို ဒီမိုကရေစီနည်းကျရွေးချယ်မထားခြင်းဖြစ်သည်။ ထိုသို့ ရွေးကောက်မထားသဖြင့် ရွေးချယ်လိုက်ပြီးနောက် ၎င်းတို့ကို ဖယ်ရှားရန်နည်းလမ်းမရှိဖြစ်နေတတ်သည်။ ဒုတိယတစ်ချက်မှာ တရားသူကြီးများသည် ဆုံးဖြတ်ချက်များချ သည့်အခါ နိုင်ငံရေးအရသမာသမတ်ကျစွာ ချရသည်။ သို့ရာတွင် တရားသူကြီးတိုင်းတွင် နိုင်ငံရေးခံယူချက်အမြင်များ ရှိနေ၍ ဤအချက်က စောဒကတက်စရာဖြစ်နိုင်သည်။ တစ်နည်းအားဖြင့် တရားသူကြီးကို ရွေးချယ်ခြင်းသည် အလွန် နိုင်ငံရေးဆန်သောဆုံးဖြတ်ချက်တစ်ရပ်ဖြစ်နိုင်သည်ဟု ဆိုလိုရင်းဖြစ်သည်။(McLaughlin 2013: 84-85)