အသစ်များ > နိုင်ငံရေးပါတီများနှင့်အပြိုင်ရှိနေသောအရေးကိစ္စများ

နိုင်ငံရေးပါတီများနှင့်အပြိုင်ရှိနေသောအရေးကိစ္စများ

2023-01-20

ကမ္ဘာကြီး၏နေရာဒေသအကြီးအမားတွင် နိုင်ငံရေးပါတီများနှင့်အတူ ပြင်းထန်သောပြဿနာများရှိကြသည်။ ကိစ္စရပ်အများအပြားတွင် ပါတီများသည် နိုင်ငံရေးတွင် ၎င်းတို့ပါဝင်နေသည့် လုပ်ငန်းဆောင်တာများနှင့်အ ခန်းကဏ္ဍများကို ဖြည့်ဆည်းဆောင်ရွက်နိုင်စွမ်းမရှိကြပါ။ နိုင်ငံအများအပြားတွင် နိုင်ငံရေးပါတီများသည် နိုင်ငံသားများ၏ အကျယ်အပြန့်သံသယဖြစ်မှုများ ၊မယုံကြည်မှုများနှင့် ရင်ဆိုင်ရသည်။ ကမ္ဘာလုံးဆိုင်ရာအဂ တိလိုက်စားမှုစောင့်ကြည့်ရေး အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့၏လေ့လာချက်အရ နိုင်ငံရေးပါတီ များနှင့် လွှတ်တော်များကို အဂတိလိုက်စားမှုအရှိဆုံးဌာနအဖွဲ့အစည်းများအဖြစ် ရှုမြင်တတ်ကြသည်။ နိုင်ငံ ရေးပါတီများနှင့်ပတ်သက်ပြီး အကြီးမားဆုံးပြဿနာများအနက်တချို့တွင် အောက်ပါတို့ပါဝင်သည်။

တပည့်မွေးစနစ်

တပည့်မွေးနိုင်ငံရေး(မိတ်ဆွေများ၊ မဟာမိတ်များနှင့် မိသားစုအစရှိသည့် တရားမဝင်မဟုတ်သောပါဝါကွန် ရက်များကို အခြေခံသည့်နိုင်ငံရေး) ကြောင့် “အတိုက်အခံ”ပါတီများ၏အခန်းကဏ္ဍသည် လစ်ဘရယ်ဒီမိုက ရေစီနိုင်ငံများတွင် တည်ဆောက်ထားသည့် ယင်းတို့၏အခန်းကဏ္ဍနှင့် မတူ အဆမတန်ကွဲပြားခြားနားသွားရ သည်။ နိုင်ငံရေးသမားတိုင်းသည် သူ/သူမ၏မဲဆန္ဒရှင်ပြည်သူထံ အပြန်အလှန်အားဖြင့် ထောက်ခံမှုရရှိရန်အ တွက် လက်ဆုပ်လက်ကိုင်ပြနိုင်သောတစ်စုံတစ်ရာကို ပေးပို့ရသည်။ သို့ရာတွင် အတိုက်အခံပါတီများနှင့် နိုင်ငံ ရေးသမားများမှာမူ အာဏာအကျိုးစီးပွားရရှိရန် အခွင့်အလမ်း အလွန်ပင်နည်းပါးသည့်အခါ  အတိုက်အခံ သည် ပါတီဥက္ကဌ၏ လူမှုရေးအဆင့်နှင့် ငွေကြေးတတ်နိုင်စွမ်းအားတို့ကို ကျော်လွန်ကာ ယင်း၏တရားဝင်မှုကို ဖြန့်ကျက်နိုင်စေခြင်းငှာ မစွမ်းသာပါ၊ ပေးပို့နိုင်ခြင်းလည်းမရှိပါ။

ပုဂ္ဂလအကျိုးစီးပွားနှင့် လူမှုရေးအခြေခံကင်းမဲ့ခြင်း

ဖွံ့ဖြိုးဆဲတိုင်းပြည်အများအပြားတွင် နိုင်ငံရေးပါတီများကို ကန့်ကွက်ရသောအခြားအကြောင်းရင်းတစ်ချက် မှာ နိုင်ငံရေးပါတီများအတွက် လူမှုရေးအခြေခံအားနည်းခြင်းနှင့် ပါတီများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း ကြား စစ်မှန်သောချိတ်ဆက်မှုများ နည်းပါးခြင်းတို့ပင်ဖြစ်သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းအားနည်းခြင်းနှင့် အကျိုးစီးပွားတူအဖွဲ့အစည်းများ မရှိခြင်းကလည်း  နိုင်ငံရေးပါတီများတွင် ဖွဲ့စည်းပုံပိုင်းအားနည်းမှုများကို ဖြစ်ပေါ်စေသည်။

ပြည်သူလူထုသည် တရားဝင်ဖြစ်သော အကျိုးစီးပွားတူအဖွဲ့အစည်းများနှင့် ရင်းနှီးအသားကျမှုရှိချင်မှရှိနိုင် သည်၊ ထို့အပြင် ၎င်းတို့အတွက် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ထောက်ခံစရာ၊ တည့်မတ်ပေးစရာ၊ တောင်းဆိုချက်များ ဖော်ထုတ်ပြစရာ အဖွဲ့အစည်းများမရှိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ပါတီများနှင့် သမဂ္ဂများ၊ စီးပွားရေးအသင်းအပင်းများနှင့် ဘုရားကျောင်းများကဲ့သို့ ဒုတိယတန်းစားအဖွဲ့အစည်းများကြား ပူးပေါင်းညှိနှိုင်းတတ်သောဆက်ဆံရေးများ မရှိ သို့မဟုတ် နည်းပါးနေခြင်းလည်း ဖြစ်နိုင်သည်။

ခိုင်မာသောလူမှုရေးအခြေခံမရှိခြင်းသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းဥပဒေများကြောင့် သို့မဟုတ် ထိုအရာများတိုးတက်လာခြင်းကြောင့်ပင်ဖြစ်သည်။ ဥပမာ ကိုယ်စား ပြုခွင့်အတွက် အမြင့်ဆုံးထောက်ခံမဲသတ်မှတ်ချက်၊ “တစ်သီးပုဂ္ဂလ”ကိုယ်စားလှယ်များအတွက် အနိမ့်ဆုံး ထောက်ခံမဲသတ်မှတ်ချက်နှင့် ဗဟုမဲပေးခြင်းစနစ်များသည် ကိုယ်စားလှယ်တစ်ဦးချင်းစီအား ပါတီအဖွဲ့အ စည်းများကို ထိခိုက်နာစေအောင် အားပေးသလိုဖြစ်နေလိမ့်မည်။ သို့သော် ခိုင်မာသောလူမှုရေးအခြေခံမရှိ ခြင်းကလည်း နိုင်ငံရေးပါတီများကိုယ်နှိုက်၏ရွေးချယ်မှုလည်း ဖြစ်နေနိုင်သည်။ ပါတီခေါင်းဆောင်များသည် ရသမျှအမိဖမ်းပါတီပုံစံအတိုင်း  သီးခြားအကျိုးစီးပွားတူအစုအဖွဲ့များထက် “ပြည်သူအကုန်”အားလုံးကို ဟူ သောကိုယ်စားပြုရေးဘက် ဆန္ဒပိုရှိနေနိုင်သည်။

စုဖွဲ့လှုပ်ရှားမှုနှင့် ပါတီတွင်းဒီမိုကရေစီမရှိခြင်း

အချို့သောပါတီများသည် ဖွဲ့စည်းတည်ဆောက်မှုပိုင်းတွင် အားနည်းသည်။ ပါတီအများအပြားတွင် အဖွဲ့ဝင် နည်းပါးပြီး ပထဝီနယ်မြေအလိုက်ပါတီဌာနခွဲများ သို့မဟုတ် ကွင်းဆင်းလုပ်ကိုင်မည့်အဖွဲ့အစည်းများ(ဥပမာ လူငယ်အဖွဲ့ သို့ အမျိုးသမီးအဖွဲ့များ) နည်းပါးပြီး တရားဝင်လုပ်ထုံးလုပ်နည်းများ သို့ စည်းမျဉ်းများ သို့ ဥပဒေ များကို တိုးတက်ပြင်ဆင်ထားမှုပိုင်းတွင် လျော့နည်းသည်။ ရွေးကောက်ပွဲချိန်ကျမှ လူထုရှေ့ပေါ်လာပြီး မဲ ပေးပြီးနောက် ပျောက်ကွယ်သွားသော နိုင်ငံရေးပါတီများနှင့်စပ်လျဉ်း၍သာဓကဖြစ်ရပ်များရှိပါသည်။

ပါတီဖွဲ့စည်းမှုပိုင်းအားနည်းခြင်းဆိုသည်မှာ ပါတီတွင်းကြောင်းကျိုးယုတ္တိတန်သောနိုင်ငံရေးလမ်းစဉ်မရှိ (သို့) ယုတ္တိမရှိသောလမ်းစဉ်များသာရှိနေခြင်း၊ ဝင်ငွေ ထွက်ငွေစာရင်းတင်ပြမှုပိုင်း အားနည်းခြင်း သို့ ကန့်သတ်ခံ ရခြင်းဟူ၍ အဓိပ္ပာယ်သက်ရောက်သည်။ ပါတီများသည် မဟာဗျူဟာရေးဆွဲစီမံမှုပိုင်းနှင့် လိုအပ်သောဆုံး ဖြတ်ချက်ချခြင်းတို့တွင် အားနည်းနေတတ်ကြသည်။

ပါတီတွင်းဒီမိုကရေစီစနစ်သည်လည်း နိုင်ငံရေးပါတီအများအပြားအတွက် ပြဿနာတစ်ရပ် ဖြစ်နေနိုင်ပါ သည်၊ အထူးသဖြင့် ပါတီသစ်များနှင့် ရှိဆဲပါတီများသည် အထူးသီးခြားတစ်သီးပုဂ္ဂလများ၏ ကိုယ်စားလှယ် လောင်းဖြစ်နိုင်ခြေကို မြှင့်တင်ပေးရန် စီစဉ်ချမှတ်ထားချိန်မျိုးတွင်ဖြစ်သည်။ ထိုအချိန်တွင် အဖွဲ့ဝင်လက်ခံမှု ကို မပေးတော့ဘဲပိတ်ထားနိုင်သည်။ ပွင့်လင်းမြင်သာမှု မရှိခြင်းလည်း ဖြစ်နိုင်သည်၊ ခေါင်းဆောင်များကို ကြုံသလိုရွေးပြီးတင်မြှောက်ထားကောင်းထားနိုင်သည်။ ပါတီများတွင် အငြင်းအခုံများနှင့် ပဋိပက္ခများကို ငြိမ်းချမ်းစွာပြေလည်ဖြေရှင်းပေးနိုင်မည့် အတွင်းပိုင်းယန္တရားများမရှိခြင်းမျိုး ဖြစ်နေနိုင်သည်၊ အချေအတင် ဆွေးနွေးခြင်း၊ ရွေးကောက်ပွဲများနှင့် ခေါင်းဆောင်ရွေးချယ်မှုများအတွက် အတွင်းပိုင်းစည်းမျဉ်းဥပဒေများမ ရှိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ ခေါင်းဆောင်နေရာများကို အလှည့်ကျတာဝန်ထမ်းဆောင်စေခြင်းသို့ အချိန်ကန့်သတ်ချက်ထားခြင်းမျိုး မရှိခြင်းလည်း ဖြစ်နိုင်သည်။

နိုင်ငံရေးပါတီတချို့သည် “ကျုပ်တို့ နှင့် သူတို့”ဟူသောအပြောအဆိုမျိုးကို သုံးပြီး လူမျိုးစုနှင့် ဘာသာရေးအ မုန်းတရားများကို စည်းရုံးတတ်ကြသည်။ လူမျိုးစုသဘာ၀/တိုင်းရင်းသားဖြစ်ခြင်းသည် နိုင်ငံအများအပြား တွင် တပည့်မွေးစနစ်ထဲ သွင်းယူရေးအတွက် အထူးလွယ်ကူသောအရင်းအမြစ်တစ်ရပ်ဖြစ်သည်။ အကြမ်း ဖက်မှုကို ပါတီများက သွေးထိုးလှုံ့ဆော်ပေးသောသာဓကဖြစ်ရပ်များလည်း ရှိသည်။

အဂတိလိုက်စားမှုနှင့် အလွဲသုံးစားပြုခြင်း

ငွေကြေးပံ့ပိုးထည့်ဝင်မှုပိုင်းတွင် ပုံမှန်၊ ဥပဒေနှင့်အညီ၊ ရေရှည်ဆောင်ရွက်ခြင်းမျိုးမရှိပါက နိုင်ငံရေးပါတီများ သည် တရားမဝင်သောအရင်းအမြစ်များမှ ဝင်ငွေရရှိရေး ကြိုးပမ်းလာတတ်သည်။ နိုင်ငံရေးမျက်နှာသာပေးခံ ရရေး နှင့် /သို့ အစိုးရနှင့်ဆိုင်သောစာချုပ်စာတမ်းများ ချုပ်ဆိုခွင့်ရရှိရေးအတွက် နိုင်ငံရေးပါတီများသည် ပုဂ္ဂ လိကစီးပွားရေးလုပ်ငန်းများမှ ငွေကြေးယူသည်၊ ထို့အပြင် အစိုးရရာထူးရရှိရေး နိုင်ငံရေးစွန့်ဦးစီးပွားရေးသ မားများထံမှလည်း ငွေကြေးယူကြသည်၊ ယူကြပုံအတိုင်းအတာသည် အမျိုးမျိုးရှိသည်။ တစ်ခါတစ်ရံ နိုင်ငံ ရေးပါတီများသည် အစိုးရဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကုမ္ပဏီများကြား အဂတိငွေအလွှဲအပြောင်းများတွင် ကြားခံဆောင်ရွက်ပေးသူဖြစ်နေတတ်သလို၊ တစ်ခါတစ်ရံတွင် ပါတီများသည် အစိုးရရန်ပုံငွေများကို လိမ် လည်မှု၊ အလွဲသုံးစားမှုနှင့် ဖြုန်းတီးပစ်မှုတို့တွင်လည်း ရှေ့ဆောင်ရှေ့ရပ်အဖြစ် အလွန်တက်ကြွစွာ ပါဝင်နေ တတ်ပြန်သေးသည်။

နိုင်ငံရေးပါတီများ ပါဝင်ပတ်သက်မှုရှိသည့် အဂတိလိုက်စားမှုပုံစံများအနက် အနည်းနှင့်အများဆိုသလို စေတ နာ့လုပ်အားပံ့ပိုးပေးမှုများနှင့် ကုမ္ပဏီများနှင့် ပုဂ္ဂလိကလူတစ်ဦးချင်းမှ ရရှိသော “ငွေကြေးကို ကာကွယ် ခြင်း”၊ လွှတ်တော်အမတ်နေရာများနှင့် အစိုးရရာထူးခန့်အပ်မှုများကို ရောင်းစားခြင်း၊ အဆောင်အယောင် များနှင့် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်မြှောက်စားခြင်း၊ အတွင်းသတင်းအချက်အလက်ရောင်းဝယ်ခြင်းတို့လည်း ရှိသေးသည်။ ထို့အပြင် ဘဏ္ဍာရေးစည်းမျဉ်းများကို ချိုးဖောက်မှုများ၊ ချိုးဖောက်လိုက်သည့်လိုအပ်ချက်များ ကို ထုတ်ဖော်ခြင်း၊ လွှတ်တော်မဲများ အရောင်းအဝယ်လုပ်ခြင်း၊ ရွေးကောက်ပွဲအကွက်ဆင်မှုနှင့် ရွေးကောက် ပွဲအရာရှိများအား လာဘ်ထိုးခြင်းတို့လည်း ပါဝင်သည်။

နိုင်ငံရေးပါတီများသည် မှောင်ခိုသွင်းခြင်းနှင့် မူးယစ်ဆေးဝါးကုန်သွယ်ခြင်းအစရှိသည့် အုပ်စုဖွဲ့ရာဇဝတ်မှုများ တွင် ပါဝင်နေကြသည်

နောက်ဆုံးမှဆိုရသော်လည်း အရေးတကြီးထားပြောရမည့်တစ်ချက်က နိုင်ငံရေးပါတီများသည် လက်ဆောင် ပဏ္ဏာအမျိုးမျိုးနှင့် ငွေအသပြာများ ပုံအော၍ မဲများကို ဝယ်ယူရခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးဘဏ္ဍာ ငွေစည်းမျဉ်းများ အားနည်းပြီး အလေးထားမခံရပါက နိုင်ငံရေးပါတီများသည် အမှန်စင်စစ် နိုင်ငံရေးအဂတိ လိုက်စားမှုကို အဓိကမောင်းနှင်နေသူများဖြစ်သွားနိုင်ပါသည်။ တပည့်မွေးပါတီများသည် အထူးဖြင့် အဂတိ လိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိကြပါ၊ အကြောင်းမူ ယင်းပါတီများသည် ပုဂ္ဂိုလ်ချင်းခင်၍တရားမင်သောဆက် ဆံရေးမျိုး၊ အချင်းချင်း ဖေးမမျက်နှာသာပေးခြင်းအပြုအမူတို့အပေါ် အခြေခံထား၍ဖြစ်သည်။  ထို့အပြင် အာဏာရပါတီများလည်း အဂတိလိုက်စားမှုရှိနိုင်ပါသည်။ အကြောင်းမူ အာဏာရပါတီများသည် (အစိုးရအ ရင်းအမြစ်များကို အသုံးချနိုင်သောအခွင့်အလမ်းရှိနေခြင်းမှတစ်ဆင့်) ပိုမိုရောင်းစားစရာရှိသလို၊ (အစိုးရအ ရင်းအမြစ်များကို သုံးစွဲနိုင်သည့် ၎င်းတို့၏အခွင့်အလမ်းကို) ပိုမိုကာကွယ်စောင့်ရှောက်စရာလည်းရှိနေခြင်း ကြောင့်ဖြစသ်ည်။

ငွေကြေထောက်ပံ့မှုအခြေခံအားနည်းခြင်း

ကမ္ဘာ့နေရာဒေသများတွင် နိုင်ငံရေးပါတီများ အားနည်းရသည့်အကြောင်းရင်းများ၌ နိုင်ငံ၏အမျိုးသားစီးပွား ရေးမဖြစ်ထွန်းခြင်းနှင့် ဆင်းရဲမွဲတေမှုတို့လည်း ပါဝင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားတွင် နိုင်ငံရေးပါတီ တစ်ခုအတွက် ဝင်ငွေရပေါက်အခြေခံသည် အာဏာရ၊မရအပေါ် အဓိကကျစွာ မူတည်နေသည်။ အာဏာရပါ တီများနှင့် ယင်းတို့၏ညွန့်ပေါင်းအဖွဲ့ပါတီများသည် ဥပဒေဘောင်ဝင်မှုဟူသောစည်းမျဉ်းနှင့် အညီဖြစ်စေ၊မညီ ဖြစ်စေ အမျိုးမျိုးသောနိုင်ငံတော်ရန်ပုံငွေများကို သုံးစွဲခွင့်ရလိမ့်မည်ဖြစ်သည်။ ဥပမာ ယင်းတို့၏လှုပ်ရှား ဆောင်ရွက်မှုများနှင့် မဲဆွယ်မှုများကို နိုင်ငံတော်ပိုင်မီဒီယာမှထုတ်လွှင့်ခြင်း၊ အစိုးရအစည်းအဝေးပွဲများကျင်း ပရာလိုအပ်သောပံ့ပိုးထောက်ကူပစ္စည်းများနှင့် အကူအညီများ၊ အစိုးရအဖွဲ့ခရီးသွားလာရေးနှင့် နေရာထိုင် ခင်းစီစဉ်မှုများအစရှိသည်တို့ကို သုံးစွဲနိုင်ခြင်းဖြစ်သည်။ အာဏာရပါတီများကို ဆရာ-တပည့်ဆက်ဆံရေးကွန် ရက်များနှင့် (၎င်းတို့၏)စီးပွားရေးလုပ်ငန်းများက ငွေကြေးထောက်ပံ့ပေးတတ်ကြသည်။

အတိုက်အခံပါတီများသည် ပါတီဥက္ကဋ္ဌ၏ ပုဂ္ဂလပိုင်ထောက်ပံ့ငွေများအပေါ် မှီခိုရတတ်သည်။ အတိုက်အခံပါ တီများသည် ယင်းတို့အဖွဲ့ဝင်များထံမှ ပံ့ပိုးကူညီမှုများကိုလည်း အတိုင်းအတာအမျိုးမျိုးထား၍ ယူကြသည်။ သို့သော် အဖွဲ့ဝင်များ၏ပံ့ပိုးကူညီငွေများသည် အများအားဖြင့် အကန့်အသတ်ဖြင့်ရှိသည်။ ထို့ကြောင့် အတိုက်အခံပါတီသည် အစိုးရအဖွဲ့အပြင်ဘက်ကဖြစ်၍ ထိုသို့ဖြစ်နေချိန်ကာလ စီးပွားရေးအရ ရေရှည်ရပ် တည်နိုင်သောအလားအလာရှိနိုင်မရှိနိုင်ဟူသောကိစ္စရပ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အသစ်ပေါ်ပေါက်လာ သောဒီမိုကရေစီနိုင်ငံများတွင် အရေးပါသောကိစ္စရပ်တစ်ခုဖြစ်လာသည်။