အသစ်များ > ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း-မိတ်ဆက်

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း-မိတ်ဆက်

2022-09-05

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဆိုသည်မှာ ဗဟိုအစိုးရထံမှ အစိုးရလုပ်ပိုင်ခွင့်နှင့်အာဏာကို အခြားအစိုးရအ ဆင့်များသို့ ပြန်လည်ခွဲဝေပေးခြင်းကို ဆိုလိုသည်။ အခြားအစိုးရအဆင့်များဟုဆိုရာတွင် တိုင်းဒေသ၊ ပြည်နယ် (သို့) ဒေသန္တရအဆင့်များဖြစ်နိုင်သည်။ နိုင်ငံရေးဆောင်ရွက်ကြသူများသည် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းကို အထူးသဖြင့် ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းအခြေအနေမျိုးကိုရင်ဆိုင်ရသော နိုင်ငံအများ အပြား၏ပြဿနာရပ်များအတွက် ဖြေရှင်းနည်းတစ်ခုအဖြစ် စဉ်းစားကြသည်။

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းတွင် အောက်ပါလုပ်ငန်းစဉ်နှစ်ရပ်ပါဝင်နိုင်သည်။

၁။ အစိုးရခွဲအောက်ခြေအဆင့်အဖွဲ့များထံ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အပ်နှင်းထားခြင်း။

ဤသို့အပ် နှင်းရာတွင် အစိုးရခွဲအောက်ခြေအဆင့်အဖွဲ့များထံ ၎င်းတို့စိတ်တိုင်းကျ လုပ်ငန်းဆောင်တာများ (သို့) ဝန်ဆောင်မှုများကို စည်းမျဉ်းတကျလုပ်ဆောင်ရန် နှင့် /သို့ ဆောင်ရွက်ရန် အခွင့်အာဏာ ကို ပေးသည်(ဥပမာ ကျန်းမာရေးစောင့်ရှောက်မှု၊ မူလတန်းပညာရေး အစရှိသဖြင့်)

၂။ အမျိုးသားအဆင့်ဆုံးဖြတ်ချက်ချခြင်းတွင် အစိုးရခွဲအောက်ခြေအဆင့်အဖွဲ့ကို ပါဝင်စေခြင်းဖြင့် ‘ပူးတွဲခွဲဝေအုပ်ချုပ်ရေး’စနစ်တစ်ရပ်ကို ထူထောင်ခြင်း။

ဤသို့ထူထောင်မှုကို အမျိုးသားဥပဒေ ပြုလွှတ်တော်ရှိဒုတိယလွှတ်တော်မှတစ်ဆင့်ဖြစ်စေ၊ အစိုးရအဆင့်အသီးသီးကို သီးခြားနယ်ပယ် တစ်ရပ်အပေါ် စည်းမျဉ်းဥပဒေနှင့်အညီဆောင်ရွက်ခွင့်ရှိစေမည့် ‘တစ်ပြေးညီအာဏာများ’ပါဝင် သည့်စာရင်းတစ်ရပ် ပေးထားပြီး ဆောင်ရွက်သည်။