အသစ်များ > မိတ်ဆက်

မိတ်ဆက်

2022-08-29

ဒီမိုကရေစီ

တိုက်ရိုက်ဒီမိုကရေစီနှင့် ကိုယ်စားပြုဒီမိုကရေစီ

ဒီမိုကရေစီဟူသောစကားလုံးသည် ဂရိဘာသာစကား demos (ပြည်သူ) နှင့် Kratos (အုပ်ချုပ်ရေး)တို့မှ ဆင်းသက်လာ ခြင်းဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီဟူသည် ‘ပြည်သူလူထု၏အုပ်ချုပ်ရေး’ ဟုအဓိပ္ပာယ်ရသည်။

တိုက်ရိုက်ဒီမိုကရေစီစနစ်တွင် ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာလူ့အသိုက်အဝန်းဝင်အားလုံးက ဆုံးဖြတ်ကြသည်။ သို့သော်တိုက်ရိုက်ဒီမိုကရေစီသည် လူဦးရေသန်းပေါင်းများစွာရှိသောလူ့အသိုက်အဝန်းများ (နိုင်ငံတစ်နိုင်ကဲ့သို့)တွင်မူ လက်တွေ့မကျတော့ပေ။ ဤသို့ဖြစ်ရခြင်းသည် -

၁။ ခေတ်သစ်ဒီမိုကရေစီနိုင်ငံများတွင် လူဦးရေ အဆမတန်များပြားမှုကြောင့် ဆုံးဖြတ်ချက်များကို အားလုံးပါ ဝင်ကာချမှတ်ရန်မှာ မဖြစ်နိုင်၍ဖြစ်သည်။

၂။ နိုင်ငံသားအများစုတွင် လူ့အသိုက်အဝန်းတစ်ခုအတွင်း ချမှတ်သည့်ဆုံးဖြတ်ချက်တိုင်းတွင် ပါဝင်ရန်အချိန်၊ စိတ်ဆန္ဒ(သို့မဟုတ်) အသိပညာမရှိကြ၍ဖြစ်သည်။

ဤအကြောင်းများကြောင့် တစ်ဆင့်ခံဒီမိုကရေစီ(သို့မဟုတ်) ကိုယ်စားပြုဒီမိုကရေစီသည် အတွေ့ရအများဆုံး သော အစိုးရပုံစံတစ်ရပ်ဖြစ်လာသည်။