အသစ်များ > မိတ်ဆက်

မိတ်ဆက်

2022-08-29

အရေးကြီးဆုံးနိုင်ငံရေးအတွေးအမြင်တချို့ကို ပြီးခဲ့သောအခန်းနှစ်ခန်းတွင် လေ့လာပြီးဖြစ်သည်။ အယူဝါဒဟူ သည် အတွေးအမြင်များ၊ လက်တွေ့ကမ္ဘာလောကတွင်းနိုင်ငံရေးနှင့် ၎င်းအတွေးအမြင်တို့ ဆက်စပ်နေပုံနှင့် စပ်လျဉ်းသော ယုံကြည်ချက်အစုအဝေးတစ်ရပ်ပင်ဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းများတွင် နိုင်ငံရေး သဘောထားအမြင်တူကြသူချင်းသည် နိုင်ငံရေးပါတီများအဖြစ်ဖွဲ့စည်းကာ ၎င်းတို့၏အတွေးအမြင်များနှင့်သ ဘောထားအမြင်များကို အတူတကွ စုဖွဲ့ကာဖော်ပြကြသည်။ ထိုသို့စုဖွဲ့ဖော်ပြရာတွင် သဘောထားချင်းတိုက် ဆိုင်၍ ချမှတ်ထားသောမူဝါဒများပါဝင်သည့် အစီအစဉ်များကို ရေးဆွဲခြင်းလည်း ပါဝင်သည်။ နိုင်ငံရေးသ ဘောထားတူကြသူချင်း ပြဿနာရပ်များနှင့်ရင်ဆိုင်ရပါက အတွေးအခါ်ချင်း ထပ်တူညီအောင် စုဖွဲ့ကာ အတူ တကွ ပူးပေါင်းဖြေရှင်းနိုင်လာစေရန် အယူဝါဒများက ပံ့ပိုးပေးသည်။ အယူဝါဒများက အဖြေထုတ်ပေးသည့် အခြေခံမေးခွန်းတချို့မှာ -

  • မိမိလူ့အဖွဲ့အစည်းအတွင်း အရေးအကြီးဆုံးတန်ဖိုးစံများမှာ မည်သည့်အရာများဖြစ်သနည်း။
  • တရားမျှတမှုဟူသည် အဘယ်နည်း။
  • ပို၍အရေးကြီးသည်ဆိုသောအရာသည် မည်သည့်အရာနည်း။ စီးပွားရေးဖွံ့ဖြိုးမှု၊ လုံခြုံမှု (သို့မ ဟုတ်)တန်းတူညီမျှမှု အနက်မည်သည့်အရာဖြစ်သနည်း။
  • ပြည်သူအတွက် ပူးပေါင်းဆောင်ရွက်ရန်(သို့မဟုတ်) ယှဉ်ပြိုင်ရန်တွင် မည်သည်က ပိုသဘာ၀ကျသ နည်း။
  • အပြောင်းအလဲသည် ကောင်းသောအရာလား(သို့မဟုတ်) ဆိုးသောအရာလား။
  • လူ့အဖွဲ့အစည်းတွင် အစိုးရ၌ မည်သို့အခန်းကဏ္ဍမျိုးရှိသနည်း။

အယူဝါဒတစ်ရပ်တွင် အပိုင်းသုံးပိုင်းရှိသည်။ ၎င်းတို့မှာ -

() လက်ရှိနိုင်ငံရေးအခြေအနေကို ရှင်းလင်းတင်ပြချက်

() နိုင်ငံရေးသည် မည်သို့မည်ပုံဖြစ်သင့်သည်ဟူသော ယုံကြည်ချက်အစုအဝေးတစ်ရပ်

() အဆိုပါယုံကြည်ချက်များကို လက်ရှိနိုင်ငံရေးအခြေအနေက ထင်ဟပ်မှုရှိစေရန်လိုအပ်သော လက်တွေ့ ဆောင်ရွက်ချက်အစီအစဉ်တစ်ရပ်။ ယင်းလက်တွေ့ဆောင်ရွက်ချက်အစီအစဉ်ဟူသည် မူဝါဒများ၊ အစီအမံ များနှင့် ကြေညာချက်ပုံစံများဖြင့် ဖော်ဆောင်မှုများကို ဆိုလိုသည်။

အယူဝါဒပေါင်းများစွာရှိသော်လည်း အခြေခံအကျဆုံးအယူဝါဒဟု ဆိုကြသော အယူဝါဒသုံးရပ်အကြောင်းကို ယခုအခန်းတွင် တင်ပြပါမည်။ ယင်းတို့မှာ လစ်ဘရယ်ဝါဒ၊ ကွန်ဆာဗေးတစ်ဝါဒ1နှင့် ဆိုရှယ်လစ်ဝါဒတို့ဖြစ်သည်
 

 1 လစ်ဘရယ်ဝါဒ (Liberalism) ကို လိုက်လျောမျှတရေးဝါဒဟူသုံးနှုန်းကြသည်၊ ကွန်ဆာဗေးတစ်ဝါဒ(Conservatism) ဟူသည်မှာ (အထူးသဖြင့် နိုင်ငံရေးကဏ္ဍတွင်) ကြီးကြီးမားမား(သို့ မဟုတ်) ရုတ်ချည်းပြောင်းလဲရေးကို မလိုလားဘဲ ရှိရင်းစွဲအခြေအနေကိုသာ ထိန်းသိမ်းထားလိုသောဆန္ဒကို ခေါ်သည်။ ရှေးရိုးစွဲဝါဒဟုလည်းခေါ်ကြ သည်။