အသစ်များ > မိတ်ဆက်

မိတ်ဆက်

2022-08-29

အစိုးရစနစ်များ

အစိုးရစနစ်တစ်ရပ်ဆိုသည်မှာ တိုင်းပြည်တစ်ပြည်တွင် နိုင်ငံရေးကို အကျိုးရှိရှိလည်ပတ်စေနိုင်မည့် အခြေခံ စည်းမျဉ်းများနှင့် တန်ဖိုးများကို ဆိုလိုသည်။ ထိုစည်းမျဉ်းများနှင့် တန်ဖိုးများသည် အောက်ပါမေးခွန်းများနှင့် ဆက်စပ်နေသည်။

  • လူ့အဖွဲ့အစည်းတွင် မည်သူက အာဏာကို လက်ဝယ်ရရှိသင့်သနည်း။
  • အာဏာကို မည်ရွေ့မည်မျှအထိ မျှမျှတတ ခွဲဝေထားသနည်း။
  • ထိုအာဏာကို မည်သို့အသုံးချသင့် သနည်း။
  • ခေါင်းဆောင်များ၏အာဏာကို မည်သို့ ကန့်သတ်မည်နည်း ဟူ၍ ဖြစ်သည်။

အစိုးရစနစ်ဟုဆိုရာတွင် အခြေခံအကျဆုံး ကွဲပြားနေသည့်စနစ်နှစ်ရပ်မှာ ဒီမိုကရေစီနှင့် အာဏာရှင်စနစ်ပင် ဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီစနစ် စစ်စစဟူ၍မရှိသကဲ့သို့ ဒီမိုကရေစီစရိုက်သွင်ပြင်ကင်းမဲ့သော အာ ဏာရှင်စနစ်အနည်းအကျဉ်းရှိသည်။ အဆိုပါစနစ်နှစ်ရပ်ကို ဖော်ပြရသည့်အကြောင်းရင်းမှာ ယင်းစနစ်များရှိ အစွန်းတရားများကို ကွဲပြားစွာသိရှိစေရန်ဖြစ်သည်။ နိုင်ငံအများစုတွင် ဒီမိုကရေစီသွင်ပြင်လက္ခဏာများရှိသ လို အာဏာရှင်သွင်ပြင်လက္ခဏာများလည်းရှိတတ်ပြီး အဆိုပါအစွန်းတရားသွင်ပြင်နှစ်ခုစပ်ကြားရောက်နေ သောနိုင်ငံများလည်းရှိသည်။