အသစ်များ > ရွေးကောက်ပွဲစနစ်များ

ရွေးကောက်ပွဲစနစ်များ

2022-10-01

ရွေးကောက်ပွဲစနစ်များဟူသည်မှာ ဆန္ဒမဲများကို နိုင်ငံရေးဆုံးဖြတ်ချက်များအဖြစ် ကူးပြောင်းပေးသည့် အ သေးစိတ်စီမံထားသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံများနှင့် မဲပေးခြင်းစနစ်များပင်ဖြစ်သည်။ ပထ မဆုံးအဆင့်မှာ ဆန္ဒမဲများကို ရေတွက်ရန်ဖြစ်သည်၊ ထိုသို့ရေတွက်ရာတွင် အမျိုးမျိုးသော မဲရေတွက်ခြင်းစ နစ်များနှင့် လျှို့ဝှက်မဲအမျိုးအစားများကို အသုံးပြုသည်။

ရွေးကောက်ပွဲစနစ်များနှင့်စပ်လျဉ်း၍ အဓိကအမျိုးအစားသုံးမျိုးရှိသည်။

ဗဟု/အများစုကိုယ်စားပြုခြင်း

အ ချိုးကျကိုယ်စားပြုခြင်းနှင့်

စနစ်ရောများဟူ၍ဖြစ်သည်။

ပုံ ၁။ ရွေးကောက်ပွဲစနစ်၏မျိုးနွယ်ပုံစံ

  • Electoral System Families -ရွေးကောက်ပွဲစနစ်၏မျိုးနွယ်များ
  • Plurality/Majority -ဗဟု/အများစုကိုယ်စားပြုခြင်း
  • Mixed - ရောထားသောစနစ်များ
  • Proportional Representation (PR)-အချိုးကျကိုယ်စားပြုခြင်း
  • First past the post - အနိုင်ရသူအကုန်ယူစနစ်
  • Two-round system - နှစ်ကျော့ပြန်စနစ်
  • Alternative vote - ကြိုက်နှစ်သက်မှုဦးစားပေး ဗဟု/အများစုစနစ်
  • Block voteကိုယ်စားလှယ်ဗဟိုပြု ဗဟု/အများစုစနစ်
  • Party block vote - ပါတီဗဟိုပြု ဗဟု/အများစုစနစ်
  • Parallel - ပူးတွဲစင်ပြိုင်စနစ်
  • Multi-member disctrict plurality-ကိုယ်စားလှယ်တစ်ဦးထက်ပို၍ရွေးချယ်မည့်ဆန္ဒမဲခရိုင်
  • List PR - စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်
  • Single-transferable vote - လွှဲပြောင်း၍ရသောတစ်မဲတည်းပေးစနစ်