ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူတစ်ရပ်က အစိုးရအာဏာ ကိုင်စွဲရရှိမည့်တစ်သီးပုဂ္ဂလတစ်ဦးဦးကို တရားဝင်ရွေးချယ်ယူရသော ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ၁၇ရာစုမှစ၍ ရွေးကောက်ပွဲများ သည် ခေတ်သစ်ကိုယ်စားပြုဒီမိုကရေစီစနစ်ကို လည်ပတ်ပေးနေကျယန္တရားဖြစ်လာနေကြပါပြီ။ ရွေးကောက် ပွဲများသည် ဥပဒေပြုလွှတ်တော်တွင်း ရာထူးဌာနများကို ဖြည့်ဆည်းပေးနိုင်သည်၊ တစ်ခါတစ်ရံ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တွင်း ရာထူးဌာနများကို ဖြည့်ဆည်းပေးနိုင်သလို ပြည်နယ်အစိုးရနှင့်ဒေသန္တ ရအစိုးရတို့အတွက်လည်း ဖြည့်ပေးနိုင်သည်။ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများ၏အခြေခံလုပ်ငန်းဆောင်တာမှာ နိုင်ငံရေးကိုယ်စားပြုမှုကို ရွေးချယ်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲများသည်၊ လူ့အဖွဲ့အစည်းအတွင်း တင်းမာမှုကို ငြိမ်းချမ်းစွာဖြေရှင်းနည်းတစ်ရပ်ဖြစ်သည်။ ရွေးကောက်ပွဲများမှတစ်ဆင့် မဲဆန္ဒရှင်ပြည်သူများကို တိကျရေရာသောတန်ဖိုးများ၊ တောင်းဆိုချက် သို့မဟုတ် ပန်းတိုင်များကိုယ်စား ဆော်ဩစည်းရုံးနိုင်သည်။
ရွေးကောက်ပွဲများနှင့်ဆိုင်ရာအစိတ်အပိုင်းလေးရပ်၊
- အရွယ်ရောက်သူတိုင်းမဲပေးခြင်း၊လူတိုင်းတွင်မဲပေးပိုင်ခွင့်ရှိသည်။
- တန်းတူမဲပေးခြင်း၊လူတစ်ယောက်စီတိုင်း၏မဲတွင် တူညီသောတန်ဖိုးရှိသည်။
- လျှို့ဝှက်မဲပေးခြင်း၊လူပုဂ္ဂိုလ်တစ်ဦးကမဲထည့်လိုက်သည့် သူ သို့မဟုတ် အရာကို သိရန်မဖြစ်နိုင်ပါ။
- တိုက်ရိုက်မဲပေးခြင်း၊မဲဆန္ဒရှင်သည် ယင်း၏ကိုယ်စားလှယ်များကို ရွေးချယ်ပေးသည်။
ရွေးကောက်ပွဲဆိုင်ရာပြုပြင်ပြောင်းလဲမှုဟူသည် ရွေးကောက်ပွဲများ မျှတမှုမရှိသောနေရာတွင် မျှတသောရွေး ကောက်ပွဲစနစ်များ တင်သွင်းကျင့်သုံးရေး သို့မဟုတ် တည်ဆဲစနစ်များ၏မျှတမှု သို့မဟုတ် အကျိုးရှိမှုကို မြှင့် တင်ရေး ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်ကို ဆိုလိုသည်။
မဲဆန္ဒပေးပိုင်ခွင့်
မည်သူသည် မဲပေးနိုင်သနည်းဟူသောမေးခွန်းသည် ရွေးကောက်ပွဲများတွင် ကြုံတွေ့နေကျ အဓိကပြဿနာ တစ်ရပ်ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူဟုဆိုလျှင် ယေဘုယျအားဖြင့် လူထူတစ်ရပ်လုံးမပါဝင်ပါ၊ ဥပမာပြောရ လျှင် နိုင်ငံအများအပြားသည် မဲပေးရန်စိတ်ပိုင်းဆိုင်ရာအရ အဆင့်မမှီသူများအဖြစ်သတ်မှတ်ခံရသူများကို မဲ ပေးခြင်းမှ ပိတ်ပင်ထားသည်၊ ထို့အပြင် တရားစီရင်ခွင့်ဥပဒေအားလုံးအရ မဲပေးရန်အတွက် အနိမ့်ဆုံးအသက် အရွယ်သတ်မှတ်ချက်တစ်ရပ်ကို လိုအပ်သည်။
ရွေးကောက်ပွဲသမိုင်းအများအပြားကိုကြည့်လျှင် ဖယ်ကြဉ်ခံအစုအဖွဲ့များအတွက် မဲဆန္ဒပေးပိုင်ခွင့်ရှိရေး မြှင့် တင်ပေးရန် ကြိုးပမ်းအားထုတ်မှုကို တွေ့နိုင်သည်။ အမျိုးသမီးများ၏မဲဆန္ဒပေးပိုင်ခွင့်ရရှိရေး လှုပ်ရှားမှု ကြောင့် နိုင်ငံအများအပြားရှိ အမျိုးသမီးများ မဲပေးပိုင်ခွင့်ကိုရရှိခဲ့သည်၊ ထို့အပြင် လွတ်လပ်စွာမဲပေးခွင့်ကို ကာကွယ်မှုပေးရေးသည်လည်း အမေရိကန်နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု၏ အဓိကရည်မှန်းချက်တစ်ရပ် ဖြစ်ခဲ့သည်။ဖယ်ကြဉ်ခံအစုအဖွဲ့များ(စီရင်ချက်ချခံရသောရာဇဝတ်သားများ၊ လူနည်းစုဝင်များ၊ စီးပွားရေးချို့ တဲ့အားနည်းသူများကဲ့သို့) အထိ မဲပေးခွင့်ရရှိရေးမှာလည်း မဲပေးခွင့်စည်းရုံးလှုပ်ရှားမှုများ၏ ရည်မှန်းချက် တစ်ရပ်ဖြစ်နေဆဲပင်။
အကန့်အသတ်များရှိနိုင်သော်လည်း မဲဆန္ဒပေးပိုင်ခွင့်သည် သာမန်အားဖြင့် နိုင်ငံတစ်နိုင်ငံ၏နိုင်ငံသားများအ တွက်သာ ဖြစ်သည်။ သို့ရာတွင် ဥရောပသမဂ္ဂတွင်မူ လူတစ်ဦးသည် မြူနီစီပယ်နယ်မြေထဲနေထိုင်သူဖြစ်ပြီး သမဂ္ဂအဖွဲ့ဝင်နိုင်ငံသားတစ်ဦးဖြစ်ပါက မြူနီစီပယ်ရွေးကောက်ပွဲများတွင် မဲပေးနိုင်သည်၊ မည်သည့်တိုင်းပြည် တွင်နေထိုင်သူဖြစ်ကြောင်း နိုင်ငံသားအထောက်အထားပြရန်မလိုအပ်ပါ။
ရွေးကောက်ပွဲစနစ်များ ရွေးကောက်ပွဲစနစ်ဟူသည် ယေဘုယျအားဖြင့် နိုင်ငံရေးပါတီတစ်ရပ် သို့မဟုတ် ကိုယ်စားလှယ်လောင်းများ ရရှိထားသည့် မဲများကို ကိုယ်စားပြုအဖွဲ့အစည်းတစ်ရပ်တွင်း ကိုယ်စားလှယ်များ(အမတ်နေရာများ)အဖြစ် မည်သို့ ကူးပြောင်းလဲမည်ဆိုသည်နှင့် အဆိုပါမဲများနှင့် ပါတီအပြုအမူကြား အပြန်အလှန်အကျိုးပြုဆက်ဆံ ရေးကို ထိန်းချုပ်ပေးထားသည့် စည်းမျဉ်းများအဖြစ် နားလည်ထားကြသည်။ ရွေးကောက်ပွဲစနစ်တစ်ရပ်၏ဖြစ်နိုင်ဖွယ်ရာဦးတည်ချက်များမှာ အဘယ်နည်း။ ရွေးကောက်ပွဲစနစ်တွင် ကြိုတင်ခန့်မှန်းမရနိုင်သောသက်ရောက်ချက်များ တစ်စိတ်တစ်ပိုင်းရှိနေသည်။ ယင်း သို့ရှိနေရခြင်းအတွက် အကြောင်းရင်းများမှာ မည်သည့်ရွေးကောက်ပွဲစနစ်တိုင်းမဆို တစ်ခုနှင့်တစ်ခုလိုက် ဖက်ညီမနေသော လူမှု-နိုင်ငံရေးဆိုင်ရာဦးတည်ချက်များကို အကောင်အထည်ဖော်ရရှိနိုင်ရန် ကြိုးပမ်းရာတွင် အပေးအယူလုပ်ကာညှိနှိုင်းစေ့စပ်မှု အစုစုတို့ကို ဆောင်ရွက်နေရခြင်းကြောင့်ဖြစ်သည်။ ရွေးကောက်ပွဲစနစ် တစ်ရပ်အတွက် ဖြစ်နိုင်ခြေရှိသောဦးတည်ချက်တစ်ချို့မှာ အောက်ပါတို့ဖြစ်နိုင်သည်။
အထက်ပါရည်မှန်းချက်အများအပြားကြား တစ်ခုနှင့်တစ်ခုပဋိပက္ခဖြစ်နိုင်စရာရှိသည်ဟု ထင်ရသည်၊ မည် သည့်ဦးတည်ချက်က နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်းဖွံ့ဖြိုးရေးအဆင့်တွင် မည်သည့်နိုင်ငံများအတွက်အရေး ကြီးဆုံးဖြစ်၊မဖြစ်ကိုမူ ဆုံးဖြတ်ချက်ချရပါလိမ့်မည်။ ဤအချက်နှင့်စပ်လျဉ်း၍ သဘောတူညီမှုမရှိဖြစ်တတ် သည်။ တစ်နည်းအားဖြင့် အမျိုးမျိုးသောနိုင်ငံရေးပါတီများနှင့် အခြား နိုင်ငံရေးနှင့် လူမှုရေးအကျိုးအမြတ်အ စုအဖွဲ့များသည် မည်သည့်ဦးတည်ချက်ကို ပိုမိုဦးစားပေးရမည်ဆိုသည်နှင့်ပတ်သက်လျှင် သဘောထားအမြင် များအမျိုးမျိုးကွဲပြားဖွယ်ရာရှိသည်။ ဖြစ်နိုင်ဖွယ်ရာပဋိပက္ခတချို့မှာ-
အထက်ပါဦးတည်ချက်များကို ရောနှော၍ပေါင်းစပ်ကာရရှိနိုင်ရေးကြိုးပမ်းရာတွင် မည်သည့်ရွေးကောက်ပွဲစ နစ်တွင်မဆို သမာသမတ်ကျကျ ကြားနေရေးဟူသောတန်ဖိုး မရှိနိုင်တော့ပါ။ မည်သို့သောရွေးချယ်မှုကိုပင် ချမှတ်ချမှတ် အသိအမှတ်ပြုရေးစဉ်းစားကာ မည်သည့်တန်ဖိုးများကအရေးကြီးဆုံးဖြစ်သည်နှင့်စပ်လျဉ်း၍ ရွေးချယ်ချက်တစ်ခုကိုတော့ ချရမည်ဖြစ်သည်။ ချမှတ်လိုက်သောရွေးချယ်ချက်တိုင်းသည် အမျိုးမျိုးသောနိုင် ငံရေးအင်အားစုများဘက်ကို ဦးစားပေးထားခြင်းမျိုးရှိနိုင်သလို၊တချို့အင်အားစုများအတွက် အကျိုးမရှိရာ လည်းရောက်နိုင်ပါသည်။ |
လျှို့ဝှက်မဲပေးစနစ်
ပွင့်လင်းမှုနှင့် တာဝန်ခံမှုတို့သည် အများအားဖြင့် ဒီမိုကရေစီစနစ်တစ်ရပ်၏ ထောက်တိုင်များဖြစ်ကြသည်ဟု စဉ်းစားကြသည့်အခါမဲပေးခြင်းအပြုအမူနှင့မဲဆန္ဒရှင်၏လျှို့ဝှက်မဲထည့်ရခြင်းအကြောင်းအရာသည်အများအားဖြင့်အရေးပါသောချွင်းချက်တစ်ရပ်ဖြစ်လာတော့သည်။လျှို့ဝှက်မဲပေးခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတစ်ရပ်ဖြစ်သော်လည်းယနေ့ချိန်တွင်လွတ်လပ်ပြီးတရားမျှတမှုအရှိဆုံးရွေးကောက်ပွဲများအတွက် အရေးကြီးသည်ဟု ယူဆကြသည်။ထို့ကြောင့်လျှို့ဝှက်မဲပေးခြင်းသည် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၏ ထိရောက်နိုင်စွမ်းကို ကန့်သတ်ပေးနိုင်ပါသည်။
အချိန်ဇယားရေးဆွဲခြင်း
ဒီမိုကရေစီ၏သဘောသဘာ၀သည် ရွေးကောက်ခံအရာရှိများက ပြည်သူလူထုအပေါ် တာဝန်ခံမှုရှိခြင်းပင်ဖြစ် သည်။ ရွေးကောက်ခံအရာရှိများသည် သတ်မှတ်ထားရာအချိန်တစ်ခုခြား၍ ယင်းတို့၏ သက်ဆိုင်ရာဌာနတွင်းလုပ်ပိုင်ခွင့်အာဏာကို ဆက်ထိန်းထားနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများဆီ ဦးလှည့်ရမည်ဖြစ်သည်။ အဆို ပါအကြောင်းရင်းကြောင့် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအများစုတွင်ရွေးကောက်ပွဲများကိုသတ်မှတ်ထား ရာအချိန်တစ်ခုခြားကာ ပုံမှန်ကျင်းပရမည်ဟု ပြဋ္ဌာန်းပေးထားသည်။ အမေရိကန်ပြည်ထောင်စုတွင် ရွေး ကောက်ပွဲများကို ပြည်နယ်အများစု၌ သုံးနှစ်နှင့် ခြောက်နှစ်ကြားတစ်ခါကျင်းပသည်၊ ချွင်းချက်အနေဖြင့် အ မေရိကန်အောက်လွှတ်တော်ရွေးကောက်ပွဲကိုမူ ၂ နှစ်တစ်ကြိမ်ကျင်းပသည်။ ဥပမာ သမ္မတများအတွက်ရွေးကောက်ပွဲများကျင်းပချိန်အမျိုးမျိုးရှိသည်၊ အိုင်ယာလန်သမ္မတကိုမူ ခုနှစ်တစ်ကြိမ်ရွေးကောက်သည်၊ ရုရှားသ မ္မတနှင့် ဖင်လန်သမ္မတကိုမူ ခြောက်နှစ်တစ်ကြိမ်၊ ပြင်သစ်သမ္မတကိုငါးနှစ်တစ်ကြိမ်၊ အမေရိကန်သမ္မတကို လေးနှစ်တစ်ကြိမ် ရွေးကောက်သည်။
ရွေးကောက်ပွဲများ မျှတမှုရှိရေးနှင့် ကြိုတင်ခန့်မှန်းနိုင်ခြေရှိခြင်းဟူသော အားသာချက်မျိုးသည် ကြိုတင် သတ်မှတ်ထားသော သို့မဟုတ် ပုံသေချမှတ်ထားသောရွေးကောက်ပွဲကျင်းပရက်များတွင် ရှိသည်။ သို့ရာတွင် ရွေးကောက်ပွဲကျင်းပရက်များသည် မဲဆွယ်စည်းရုံးရေးများကို အချိန်ကာလရှည်ကြာစေနိုင်တတ်သည်၊ (ဥပမာစစ်ဖြစ်ပွားချိန်) နိုင်ငံမတည်မငြိမ်ဖြစ်ကာ အဆင်မပြေဖြစ်ချိန်တွင် ရွေးကောက်ပွဲရက် အထမမြောက်သင့် ဘဲဖြစ်လာလျှင် ဥပဒေပြုလွှတ်တော်(ပါလီမန်စနစ်)ဖျက်သိမ်းရေးကိုပါ ပိုမိုပြဿနာဖြစ်စေတတ်သည်။ အချို့ သောနိုင်ငံများ(ဥပမာ ယူနိုက်တက်ကမ်းဒမ်း) အစိုးရအာဏာယူထားနိုင်သည့်အများဆုံးသက်မှတ်ချိန်ကာလကိုချမှတ်ထားပြီး အုပ်ချုပ်ရေးအဖွဲ့က အဆိုပါကန့်သတ်ချက်အတွင်း မည်သည့်အချိန်တွင် ရွေးကောက်ပွဲ ကျင်းပရမည်ကို အတိအကျဆုံးဖြတ်သည်။ လက်တွေ့တွင်မူ အစိုးရသည် (အယုံအကြည်မရှိအဆိုတင်သွင်း ခြင်းကဲ့သို့ ထူးခြားသောအကြောင်းကိစ္စမရှိပါက) သက်တမ်းကုန်သည်အထိအပြည့်အ၀ အာဏာဆက်ယူထား နိုင်ကာ ယင်းအတွက်အကျိုးအရှိဆုံးဖြစ်မည့် ရွေးကောက်ပွဲအချိန်ကို တွက်ချက်ကာ ရွေးချယ်ယူနိုင်သည့်အ ဓိပ္ပာယ်ပင်ဖြစ်သည်။အဆိုပါတွက်ချက်မှုသည် ပြည်သူလူထု၏အမြင်ကို စူးစမ်းလေ့လာချက်များနှင့် လူများစု ဆန္ဒသဘောထားအရွယ်အစားကို သိအောင်လုပ်ခြင်းကဲ့သို့သော ပုံသေမဟုတ်သည့်ဆောင်ရွက်ချက်များစွာအ ပေါ် မူတည်သည်။
ရွေးကောက်ပွဲများကို အများအားဖြင့် တစ်ရက်တည်းတွင် ကျင်းပကြသည်။ ကြိုတင်မဲပေးခြင်းနှင့် အကြောင်း အမျိုးမျိုးကြောင့် မဲပေးရန်ပျက်ကွယ်သွားသူများအတွက် ပြန်စီစဉ်ပေးသောမဲများအတွက်မူ ပို၍ပြုလွယ်ပြင်လွယ်ရှိသော အချိန်ဇယားတစ်ရပ်ကို ထားရှိသည်။
ကိုးကား။ Engineering Electoral Systems: Possibilities and Pitfalls