အသစ်များ > ပါတီတွင်းဒီမိုကရေစီ

ပါတီတွင်းဒီမိုကရေစီ

2023-01-21

ပါတီများသည် ယှဉ်ပြိုင်ပြီး ရွေးကောက်ပွဲအနိုင်ယူဖွယ်ရှိသည်၊ ကျယ်ပြန့်သောအကြောင်းအရာရပ်များနှင့် စပ် လျဉ်းသော မူဝါဒအတွေးအမြင်များကို ချမှတ်ဖော်ဆောင်နိုင်ဖွယ်ရှိသည်၊ မဲဆန္ဒရှင် ပြည်သူများနှင့်အတူ ထိ ရောက်စွာ ဆက်သွယ်နိုင်ဖွယ်ရှိသည်၊ ထောက်ခံမှုရရှိရန် လုံလောက်သော ရန်ပုံငွေရရှိနိုင်ဖွယ်ရှိသည်၊ ပြည်သူ လူထု၏မျှော်မှန်းချက်များကို စီမံဆောင်ရွက်ပေးနိုင်ဖွယ်ရှိသည်၊ ထို့နောက် အစိုးရအဖြစ်သော်လည်းကောင်း၊ သို့မဟုတ် အတိုက်အခံအဖြစ်သော်လည်းကောင်း ဥပဒေပြုရေးလုပ်ငန်းစဉ်တစ်ရပ်ကို လက်တွေ့အကောင်အ ထည်ဖော်နိုင်ဖွယ်ရှိသည်။

အထက်ပါနယ်ပယ်များတွင်အောင်မြင်မှုရရှိရန် နိုင်ငံရေးပါတီများသည် ကြီးပွားတိုးတက်မှု၊ ဖွံ့ဖြိုးမှုနှင့် အ သွင်ပြောင်းလဲရေးတို့ပေါ်ပေါက်ဖို့ရာ အခွင့်အလမ်းများကို လိုလားတုံ့ပြန်ဆောင်ရွက်ပေးရမည်ဖြစ်သည်။ သို့မ ဟုတ်လျှင် ပါတီများ၏ ပင်ကိုအစိတ်အပိုင်းတစ်ရပ်အဖြစ်ရှိနေသော အပြောင်းအလဲများသည် အလွယ်တကူ ပင် ပါတီများကို ကျောခိုင်းသွားကြပါလိမ့်မည်။ ပါတီတွင်းဒီမိုကရေစီကို မြှင့်တင်ပေးမည့် ဖွဲ့စည်းပုံအလွှာနှင့် ဖြစ်စဉ်များသည် နိုင်ငံရေးပါတီများအား ၎င်းတို့၏ပတ်ဝန်းကျင်အပေါ် ပိုမိုလိုလားတုံ့ပြန်ဆောင်ရွက်နိုင်ခွင့်ပြု လိုက်သည့်အပြင် အဖွဲ့ဝင်များနှင့် အပယ်ခံအုပ်စုများ၏အသံများကိုလည်း ပါတီသီးခြားစရိုက်လက္ခဏာနှင့် လမ်းစဉ်တစ်ရပ်အပေါ် ပိုမိုထင်ဟပ်ခွင့်ကို ပေးလိုက်သည်။

မည်သည့်အရာသည် နိုင်ငံရေးပါတီများကို ဒီမိုကရေစီနည်းကျဖြစ်စေသနည်း

ပါတီစုံဒီမိုကရေစီစနစ်အတွက် ပါတီများကိုယ်တိုင် အတွင်းပိုင်းဒီမိုကရေစီနည်းကျဖြစ်နေရန် လိုအပ်သည်။  ပါတီတွင်းဒီမိုကရေစီနည်းကျဖြစ်သည့် နိုင်ငံရေးပါတီများသည် လက်တွေ့ဆောင်ရွက်ရာ၌ ဒီမိုကရေစီတန်ဖိုး များအတိုင်း ပိုမိုလိုက်နာထင်ဟပ်မှုရှိလာနိုင်သလို၊ လုပ်ငန်းကိစ္စအ၀၀ကိုလည်း ပိုမိုကောင်းမွန်စွာ စီရင်ဆုံး ဖြတ်လုပ်ကိုင်နိုင်လာမည်ဖြစ်သည်။

ထို့အပြင် အရေးကြီးသည်က ပါတီတွင်းဒီမိုကရေစီနည်းကျဖြစ်သည့် ပါတီများသည် အချိန်နှင့်အမျှ အောင်မြင် မှုကို ပိုမိုရရှိနိုင်သလို၊ စိန်ခေါ်မှုသစ်များနှင့် ပြောင်းလဲနေသောနိုင်ငံရေးအခြေအနေများကို ရင်ဆိုင်လက်ခံကာ ပိုမိုကောင်းမွန်စွာ ကျင့်သုံးယူနိုင်ကြသည်။

အတွင်းပိုင်းဒီမိုကရေစီနည်းကျဖြစ်သည့် နိုင်ငံရေးပါတီများသည် အောက်ပါတို့ကို ခွင့်ပြုပေးသည်။

  • အဖွဲ့ဝင်များအား ၎င်းတို့၏သဘောထားအမြင်များကို လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်ပြုခြင်း
  • အဖွဲ့ဝင်အားလုံး ပါဝင်ဆောင်ရွက်ရေးကို အားပေးအားမြှောက်ပြုခြင်း
  • အမျိုးသမီးများ(နှင့် အခြားနိုင်ငံရေးအရဘေးဖယ်ထုတ်ခံအုပ်စုများ)၏အဖွဲ့ဝင်အဖြစ်ပါဝင်ရေးကို မြှင့် တင်ပေးခြင်း
  • ကွဲပြားခြားနားသောအမြင်များကို သဘောထားကြီးလက်ခံခြင်း
  • ဆုံးဖြတ်ချက်ချရေးအတွက် ဒီမိုကရေစီစည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းတို့အပြင်
  • ခေါင်းဆောင်များကို အဖွဲ့ဝင်များနှင့် ထောက်ခံသူများအတွက် တာဝန်ခံခိုင်းစေခြင်းတို့ ဖြစ်သည်။

ပါတီတွင်းဒီမိုကရေစီဟူသည် အဘယ်နည်း

ယေဘုယျအားဖြင့်ဆိုလျှင် အတွင်းပိုင်းဒီမိုကရေစီနည်းကျဖြစ်သော ပါတီတစ်ရပ်သည် အဖွဲ့ဝင်များအတွက် လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာရွေးချယ်ခွင့်တို့ကဲ့သို့သော ဒီမိုကရေစီတန်ဖိုးများကို ပွေ့ဖက်လက်ခံ ထားသည့်ပါတီတစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီကို သက်ဝင်ယုံကြည်သည့် မည်သည့်ပါတီမဆို မိမိတို့၏ရည်မှန်း ချက်များကို မြှင့်တင်ပြီး တာဝန်ကို လက်တွေ့ဖော်ဆောင်ရန် သင့်တော်သောဖွဲ့စည်းပုံအလွှာများနှင့် ဖြစ်စဉ် များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။

ပါတီဖွဲ့စည်းပုံအလွှာတစ်ရပ်အတွင်း ဒီမိုကရေစီအခြေခံမူများနှင့် ဖြစ်စဉ်များကို ကျင့်သုံးရာတွင် ပါတီတွင်းသ တင်းအချက်အလက်နှင့် ညှိနှိုင်းတိုင်ပင်ရေးဖြစ်စဉ်များ၊ ပါတီတွင်း(တရားဝင်ဖြစ်စေ၊ အလွတ်သဘောဖြစ်စေ) စည်းမျဉ်းများနှင့် ဥပဒေများ၊ ပါတီတွင်းအဖွဲ့အစည်းနှင့် ဆုံးဖြတ်ချက်ချခြင်းအလွှာ၊ အဆင့်အားလုံးတွင် ပါတီ ၏လုပ်ငန်းလည်ပတ်ပုံအတွင်း ပွင့်လင်းမြင်သာမှုရှိရေးတို့ ပါဝင်သည်။ ပါတီဝင်များသည် ခေါင်းဆောင်မှုရာ ထူးများအတွက် ပါတီတွင်းရွေးကောက်ပွဲများတွင် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် လာမည့်ရွေးကောက်ပွဲ များတွင် ဝင်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်း(များ)ကို ရွေးချယ်ရာတွင် ပါဝင်ခြင်းတို့ကဲ့သို့သောဆုံးဖြတ် ချက်ချသည့် တရားဝင်အခန်းကဏ္ဍများကို ပိုမိုဆောင်ရွက်ရနိုင်သည်။ ပါတီအများအပြားသည် ပါတီတွင်းအ စဉ်အဆက်ကိုယ်စားပြုမခံရသည့်အုပ်စုများ၏အခန်းကဏ္ဍကို တိုးမြှင့်ပေးရန်အတွက်လည်း တက်ကြွစွာ ဆောင်ရွက်ရပြန်သေးသည်။ ပါတီအဖွဲ့ဝင်ကဏ္ဍတွင် လူမှုလိင်ဟန်ချက်ညီမျှရေးနှင့် ပါတီ၏အဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးအလွှာများအတွင်း အမျိုးသမီးများ ပြည့်ပြည့်၀၀ ကိုယ်စားပြုနိုင်ရေးတို့ကိုကြည့်လျှင် ပါတီအခြေ ခံကိုယ်စားလှယ်စာရင်းများတွင် ထည့်သွင်းခံရသည့် အမျိုးသမီးများ၏အရည်အသွေးနှင့် အရေအတွက်ကို တွေ့မြင်ရနိုင်ပါသည်။

ပါတီတွင်းဒီမိုကရေစီသွင်ပြင်လက္ခဏာများ

နိုင်ငံရေးပါတီတစ်ရပ်သည် ရွေးကောက်ပွဲနိုင်ငံရေးဆိုင်ရာ ဒီမိုကရေစီနည်းကျအခြေခံမူများကို ပါတီတွင်း ကျင့်သုံးစေချင်သောဆန္ဒရှိလျှင် ပါတီတွင်းသတင်းအချက်အလက်နှင့် ညှိနှိုင်းတိုင်ပင်ရေးဖြစ်စဉ်များ၊ ပါတီ တွင်း(တရားဝင်ဖြစ်စေ၊ အလွတ်သဘောဖြစ်စေ) စည်းမျဉ်းများနှင့် ဥပဒေများ၊ ပါတီတွင်းအဖွဲ့အစည်းနှင့် ဆုံးဖြတ်ချက်ချခြင်းအလွှာ၊ အဆင့်အားလုံးတွင် ပါတီ၏လုပ်ငန်းလည်ပတ်ပုံအတွင်း ပွင့်လင်းမြင်သာမှုရှိရေး တို့ကဲ့သို့အလေ့အကျင့်များကို ထည့်သွင်းစဉ်းစားပေးရနိုင်သည်။ ပါတီဝင်များသည် ခေါင်းဆောင်မှုရာ ထူးများအတွက် ပါတီတွင်းရွေးကောက်ပွဲများတွင် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် လာမည့်ရွေးကောက်ပွဲ များတွင် ဝင်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်း(များ)ကို ရွေးချယ်ရာတွင် ပါဝင်ခြင်းတို့ကဲ့သို့သောဆုံးဖြတ် ချက်ချသည့် တရားဝင်အခန်းကဏ္ဍများကို ပိုမိုဆောင်ရွက်ရနိုင်သည်။ ပါတီအများအပြားသည် ပါတီတွင်းအ စဉ်အဆက်ကိုယ်စားပြုမခံရသည့်အုပ်စုများ၏အခန်းကဏ္ဍကို တိုးမြှင့်ပေးရန်အတွက်လည်း တက်ကြွစွာ ဆောင်ရွက်ရပြန်သေးသည်။

နိုင်ငံရေးပါတီများ၏ အတွင်းပိုင်းလုပ်ငန်းဆောင်ရွက်ပုံ

နိုင်ငံရေးပါတီများ၏ အတွင်းပိုင်းလုပ်ငန်းလည်ပတ်မှုသည် ဥပဒေရေးရာစည်းမျဉ်းများအပေါ် အတိုင်းအတာ တစ်ရပ်အထိ မှီတည်နေနိုင်သည်၊ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် နိုင်ငံရေးပါတီဥပဒေတို့ကဲ့သို့သော ဥပဒေများဖြစ်သည်။ သို့သော် ပါတီတွင်းလုပ်ငန်းလည်ပတ်မှုများကို အများအားဖြင့် ပိုမို လမ်းညွှန်ပေးနေ သည်က ပါတီတွင်းစည်းမျဉ်းဥပဒေများပင်ဖြစ်ပါသည်။ ပါတီတွင်းလုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသော ဥ ပဒေရေးရာစည်းမျဉ်းများတွင် ပါတီတွင်းခေါင်းဆောင်မှုရာထူးရွေးကောက်ပွဲစည်းမျဉ်းဥပဒေများ သို့မဟုတ် ပါတီခေါင်းဆောင်မှုပိုင်း အမျိုးသမီးများကိုယ်စားပြုနိုင်ရေးစည်းမျဉ်းဥပဒေများကဲ့သို့ ပါတီအတွင်းလွှာဒီမိုက ရေစီစံချိန်စံညွှန်းများ ပါဝင်နိုင်သည်။

ပါတီတွင်း ​ဆန္ဒအလျောက်ချမှတ်ထားသည့်စည်းမျဉ်းများသည် နိုင်ငံတချို့တွင် ကျင်းပသောကိုယ်စားလှယ်အ ကြိုရွေးကောက်ပွဲများ သို့မဟုတ် ဆန္ဒအလျောက်ပါတီကိုယ်စားလှယ်ခွဲတမ်း၊ ဥပမာ အမျိုးသမီးများ သို့မ ဟုတ် တိုင်းရင်းသားလူနည်းစုများအတွက် ခွဲတမ်းများကဲ့သို့သော ကိုယ်စားလှယ်ရွေးချယ်ရေးဖြစ်စဉ်များကို ပြဋ္ဌာန်းပေးထားသည်။ နိုင်ငံရေးပါတီမျးာသည် ရွေးကောက်ပွဲများအတွက် ကိုယ်စားလှယ်များကို ရွေးချယ်၊ အဆိုပြုသည်၊ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးတွင် ၎င်းကိုယ်စားလှယ်များကို ထောက်ခံပေးသည်၊ ကိုယ်စား လှယ်အဖြစ် စာရင်းဝင်နိုင်ရန် လိုအပ်သောအသုံးအဆောင်ပစ္စည်းပစ္စယအားလုံးကို ဖြည့်ဆည်းပံ့ပိုးပေးသည်။

ပါတီဖွဲ့စည်းတည်ဆောက်ပုံ၊ အရေးအသားဖြင့်ရှိသောစည်းမျဉ်းများနှင့် အဖွဲ့အစည်း

နိုင်ငံရေးပါတီများ၏ အတွင်းပိုင်းလုပ်ငန်းဆောင်ရွက်ပုံအကြောင်း လေ့လာရာတွင် အဓိကအခြေခံကျသည်မှာ ပါတီဖွဲ့စည်းတည်ဆောက်ပုံပင်ဖြစ်သည်။ ပါတီဖွဲ့စည်းတည်ဆောက်ပုံသည် ဆုံးဖြတ်ချက်ချရေးဖြစ်စဉ်တွင် မည်သူက ဩဇာလွှမ်းမိုးမှုရှိသည်၊ မည်ရွေ့မည်မျှအထိဩဇာလွှမ်းမိုးမှုရှိသည်ဟူသောအချက်တို့ကို သတ်မှတ် ဆုံးဖြတ်ထားသည်။

တရားဥပဒေစိုးမိုးရေးသည် ဒီမိုကရေစီလည်ပတ်နိုင်ရေးအတွက် အဓိကအခြေခံဖြစ်သည့်အတိုင်းပင် ပါတီ တစ်ရပ်အတွက် အဖွဲ့အစည်းနှင့် ဖြစ်စဉ်များတွင် စည်းမျဉ်းများရှိရန်လိုအပ်သည်။ ပါတီတွင်းဒီမိုကရေစီစနစ် ရှင်သန်အားကောင်းစေရန် ပါတီများသည် စည်းမျဉ်းများ(အများအားဖြင့် ပြဋ္ဌာန်းဥပဒေပုံစံမျိုး)ကို အရေးအ သားဖြင့် ရှိစေသင့်သည်၊ ထို့အပြင် တာဝန်ယူရမည့်အခန်းကဏ္ဍများနှင့် ၀တ္တရားများ ရှင်းရှင်းလင်းလင်းရှိမည့် အဖွဲ့အစည်းဆိုင်ရာဌာနများကိုလည်းသိထားသင့်သည်။

ပြဋ္ဌာန်းဥပဒေများသည် ပါတီ၏စည်းမျဉ်းများကို တည်ဆောက်ပေးသည်။ တစ်နည်းအားဖြင့် ပါတီတစ်ရပ် နေ့စဉ်မည်သို့ လုပ်ငန်းလည်ပတ်နေမည်၊ စွမ်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချခြင်းအတွက် စံချိန်စံညွှန်းများကို မည်သို့ သတ်မှတ်ထားမည်ဟူသောအချက်တို့ကို ဆုံးဖြတ်ပေးထားသည့် အတွင်းပိုင်းစည်းမျဉ်းဥပဒေများကို ဆိုလိုသည်။ ပြဋ္ဌာန်းဥပဒေများသည် ပါတီ၏အခြေခံမူများနှင့် တန်ဖိုးများအပေါ် အခြေခံထားသည့် ရှင်းလင်း တိကျသော လမ်းညွှန်ချက်များနှင့် ဖွဲ့စည်းတည်ဆောက်ပုံများပါဝင်သောအစုအဝေးတစ်ရပ်ကို တည်ဆောက် ပေးသည်။

နိုင်ငံရေးပါတီအများစုတွင် ပါတီဖွဲ့စည်းပုံဥပဒေ သို့မဟုတ် ပါတီတွင်း အမြင့်မားဆုံးဖြစ်သော ဆုံးဖြတ်ချက်ချ ခြင်းအဖွဲ့က သဘောတူလက်ခံသည့် အလားတူစာတမ်းမျိုး ရှိကြသည်။ ပါတီအများအပြားတွင် အတွင်းပိုင်း စည်းကမ်းစာအုပ်တစ်အုပ် သို့မဟုတ် ပါတီအတွက် အတွင်းပိုင်းချမှတ်ထားပြီး ဆုံးဖြတ်ချက်များနှင့် လုပ်ထုံး လုပ်နည်းများကို လမ်းညွှန်ပေးနေသည့် စည်းမျဉ်းဥပဒေများ(ဥပဒေစည်းမျဉ်းများ)ပါဝင်သည့်အစုအဝေးတစ် ခုလည်း ရှိသည်။ အထက်ပါပါတီတွင်းဆန္ဒအလျောက်ချမှတ်ထားသည့် စည်းမျဉ်းဥပဒေများတွင် အောက်ပါတို့ ကို အရေးပေးထည့်သွင်းထားနိုင်သည်။

  • ပါတီဖွဲ့စည်းတည်ဆောက်ပုံ၊ အထူးသဖြင့် ဒေသန္တရပါတီရုံးခွဲများနှင့် အရန်အုပ်စုများ၏ သက်ဆိုင်ရာ အမှီအခိုကင်းလွတ်လပ်မှု
  • ဆုံးဖြတ်ချက်ချခြင်းလုပ်ထုံးလုပ်နည်းများ
  • အဖွဲ့ဝင်လက်ခံမှု
  • ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ရွေးကောက်ခြင်း သို့မဟုတ် ရွေးချယ်ခြင်း
  • ပါတီတွင်း ပဋိပက္ခဖြေရှင်းရေးယန္တရားများ
  • ပါတီဝင်များနှင့် ဝန်ထမ်းတို့လိုက်နာရမည့် ပြုမူကျင့်ကြံမှုဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ
  • အဆင့်အားလုံးတွင် အမျိုးသမီးများနှင့် လူနည်းစုများကို ထည့်သွင်းရေး

ခေါင်းဆောင်မှု/ကိုယ်စားလှယ်ရွေးချယ်ခြင်း

ဒီမိုကရေစီလူ့အဖွဲ့အစည်းများတွင် နိုင်ငံရေးပါတီအများအပြားသည် ယင်းတို့၏အဖွဲ့ဝင်များအား ဒေသန္တရနှင့် အမျိုးသားဗဟိုအဆင့်ပါတီခေါင်းဆောင်များနှင့် ရွေးကောက်ခံအမတ်နေရာများအတွက် ကိုယ်စားလှယ်များ ကို ရွေးချယ်သောဖြစ်စဉ်တွင် အခန်းကဏ္ဍတစ်ရပ်ကို ပေးထားခြင်းဖြင့် အဖွဲ့ဝင်အားလုံးပါဝင်နိုင်စေရန်ကြိုး စားကြသည်။

ခေါင်းဆောင်များကို ရွေးချယ်ခြင်း

ခေါင်းဆောင်များကို ပါတီက ရွေးချယ်သောကိစ္စရပ်အတွက် အဓိကကျသည့် အယူအဆသုံးရပ်ရှိသည်။ ပထမ တစ်ခုမှာ ဗဟိုချုပ်ကိုင်မှုထားရှိခြင်းဖြစ်သည်။ ပါတီတွင်းမည်သည့်အဆင့်တိုင်းတွင်မဆို၊ ဒေသန္တရ၊ တိုင်းဒေ သ သို့မဟုတ် အမျိုးသားအဆင့်ပင်ဖြစ်စေ ကိုယ်စားလှယ်ရွေးချယ်မှုကို ထိန်းချုပ်ထားသောအရာကို ဆိုလို သည်။ ဒုတိယတစ်ခုမှာ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သာမန်အဖွဲ့ဝင်ဖြစ်စေ၊ ထိပ်ပိုင်းခေါင်း ဆောင်မှုကဖြစ်စေ မည်သူသည် ဆုံးဖြတ်ချက်ရာအဆင့်ကဖြစ်စဉ်ကို ထိန်းချုပ်ထားသည်ဟူသော အဓိပ္ပာယ် ဖြစ်ပါသည်။ တတိယတစ်ခုကမူ စေ့စပ်ဖျန်ဖြေခြင်းဖြစ်သည်။ အဆိုပါစေ့စပ်ရေးယန္တရားမှတစ်ဆင့် ပါတီတွင်း စုဖွဲ့နေသောအကျိုးစီးပွားတို့ ဩဇာလွှမ်းမိုးမှုရရှိနိုင်ခြင်းဖြစ်သည်။

ဗဟိုချုပ်ကိုင်ခြင်း

ဗဟိုချုပ်ကိုင်မှု အစွန်းရောက်လွန်းသောစနစ်တွင် အမျိုးသားအဆင့်ပါတီကိုယ်စားအဖွဲ့တစ်ဖွဲ့သည် ပါတီ၏ ဒေသန္တရရုံးခွဲများမှ မည်သည့်ပါဝင်စွက်ဖက်မှု မရှိစေဘဲ ခေါင်းဆောင်ပိုင်းရွေးချယ်မှုကို ဆုံးဖြတ်လုပ်ကိုင်မည် ဖြစ်သည်။ ယင်းနှင့်အစွန်းတစ်ဖက်ရှိစနစ်မှာမူ ပါတီ၏ဒေသန္တရရုံးခွဲအများစုက အမျိုးသားဗဟိုအဆင့်မှ အ တည်ပြုပေးခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း မရှိစေဘဲ ယင်းတို့၏ခေါင်းဆောင်များနှင့် အမျိုးသား ဗဟိုအဆင့်ခေါင်းဆောင်ပိုင်းအဖွဲ့များအပေါ် ကိုယ်စားပြုသူများကိုပင် ဆုံးဖြတ်ပေးနိုင်မည့်စနစ်ဖြစ်ပါလိမ့် မည်။ အများအားဖြင့် စင်စစ်လက်တွေ့ကျင့်သုံးဆောင်ရွက်မှုသည် အဆိုပါအစွန်းဖက်စနစ်နှစ်ခုကြားတစ်နေ ရာရာတွင် ရှိနေသည်။

နိုင်ငံရေးပါတီအများစုတွင် ဒေသန္တရရွေးချယ်မှုဖြစ်စဉ်များသည် အထွေထွေရွေးကောက်ပွဲများအတွက် ဒေသန္တ ရကိုယ်စားလှယ်များနှင့် အများဆုံး ဆက်ဆံရေးပြုလုပ်ကြသည်၊ ထိုချိန်တွင် အမျိုးသားဗဟိုအဆင့်ခေါင်း ဆောင်မှုပိုင်းကိုမူ အမျိုးသားအဆင့်ကိုအခြေခံ၍ ရွေးချယ်ခြင်းဖြစ်သည်။ ကိစ္စရပ်နှစ်ခုစလုံးတွင် ပါတီသည် အမျိုးသားအဆင့်မဟာဗျူဟာများနှင့် ဒေသန္တရတွင်းအထိအခိုက်မခံနိုင်သည့်အဆင့်များကြား ဟန်ချက်ညီမျှ မှုကို ခက်ခက်ခဲခဲရှာနိုင်ရန် ကြိုးစားရသည်၊ တစ်ဖက်တွင်လည်း အဆင့်အားလုံးရှိ နိုင်ငံရေးဖြစ်စဉ်များတွင် ပါတီ၏အဘက်ဘက်ကပါဝင်နေသော အလုံးစုံအခန်းကဏ္ဍကို ထည့်စဉ်းစားပေးနေရသည်။

ပါဝင်ဆောင်ရွက်ခြင်း

ပါဝင်ဆောင်ရွက်မှု နိမ့်ကျလွန်းသောအခြေအနေတစ်ရပ်ဖြစ်ရခြင်းမှာ ပါတီခေါင်းဆောင်တစ်ဦးတည်းက သူ သို့မဟုတ် သူမ၏ခေါင်းဆောင်မှုအဖွဲ့ကိုယ်စား ဆုံးဖြတ်နေ၍ဖြစ်လိမ့်မည်။ အခြားအစွန်းတစ်ဖက်အခြေအနေ ကမူ လက်ရှိပါတီခေါင်းဆောင်များ၏ ကန့်သတ်ခံ သို့မဟုတ် စင်စစ်မတည်ရှိသော ပါဝင်ဆောင်မှုဖြင့် သာမန် ပါတီဝင်များက ဆုံးဖြတ်နေ၍ဖြစ်လိမ့်မည်။

မတူသောနိုင်ငံအသီးသီးရှိ ပါတီများသည် ရွေးချယ်ရေးဖြစ်စဉ်တွင် ပါတီကပြုလုပ်သည့် ကိုယ်စားလှယ်အကြို ရွေးကောက်ပွဲများမှသည် အမျိုးသားကွန်ဂရက်ထံ ကိုယ်စားလှယ်များကို ပါတီရုံးခွဲများက စေလွှတ်ပေးရာ တစ်ဆင့်ခံရွေးကောက်ပွဲများအထိ အဖွဲ့ဝင်ပါဝင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အဆင့်အမျိုးမျိုးထားကာရွေး ချယ်ကြသည်။

ကြားဝင်ဖျန်ဖြေခြင်း

ကြားဝင်ဖျန်ဖြေမှုဟူသည် နိုင်ငံရေးပါတီနှင့် ယင်းပါတီတွင်းအဖွဲ့အစည်းများရှိ မတူသောအကျိုးစီးပွားများကို အသိအမှတ်ပြုလက်ခံပေးရေးပြဿနာနှင့် ကြားဝင်ဖျန်ဖြေပေးခြင်းဖြစ်စဉ်ကို ရည်ညွှန်းသည်။ နိုင်ငံရေးပါတီ အများစုတွင် မတူသောပါတီရေးရာအဖွဲ့များ၊ ဌာနခွဲများ သို့မဟုတ် သီးခြားအုပ်စုများ ပါဝင်ကြသည်။ အဆိုပါ အစုအဖွဲ့မျးာသည် ပါတီခေါင်းဆောင်ပိုင်းအပြင် ပါတီခေါင်းဆောင်များ ရွေးချယ်ရေးဖြစ်စဉ်အပေါ်ကိုလည်း လွှမ်းမိုးနိုင်ရန် အစဉ်ကြိုးပမ်းကြသည်။ မတူသောအကျိုးစီးပွားများကြား ထိထိရောက်ရောက် ကြားဝင်ဖျန် ဖြေပေးခြင်းသည် ခေါင်းဆောင်ပိုင်းရွေးချယ်ခြင်းတွင် ပါဝင်နေသော ထင်ရှားသည့်အုပ်စုအားလုံး၏ မျှမျှတတ ကိုယ်စားပြုခြင်းနှင့် ပါဝင်ဆောင်ရွက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်၊ အကျိုးရလဒ်တစ်ရပ်အနေဖြင့် ခေါင်း ဆောင်မှုကော်မတီတွင်း အုပ်စုများ၏ ကိုယ်စားပြုခြင်းနှင့် ပါဝင်ဆောင်ရွက်ခြင်းတို့ကိုပါ ဖြစ်ပေါ်စေနိုင်သည်။

လုပ်ထုံးကျင့်ဝတ်များ

ပါတီတွင်းဒီမိုကရေစီကို မြှင့်တင်ရန်အထိရောက်ဆုံးနည်းလမ်းများအနက်တစ်ခုမှာ လုပ်ထုံးကျင့်ဝတ်တစ်ရပ် ထားရှိခြင်းမှတစ်ဆင့်ပင်ဖြစ်သည်။ လုပ်ထုံးကျင့်ဝတ်ဟူသည် အများအားဖြင့် ပါတီက ၎င်း၏အဖွဲ့ဝင်များ သို့ မဟုတ် ခေါင်းဆောင်များ၏အမူအကျင့်အတွက် ပဓာနကျသည်ဟုယူဆသည့် တန်ဖိုးများကို ဖော်ပြထားသော စာရွက်စာတမ်းတိုလေးများဖြစ်ပါသည်။ ပါတီတချို့က ပါတီတွင်းခေါင်းဆောင်များအားလုပ်ထုံးကျင့်ဝတ်များ ကို လက်မှတ်ခိုင်းတတ်ကြပြီး တချို့ပါတီများတွင်မူ အဖွဲ့ဝင်အားလုံးပါ လက်မှတ်ထိုးရန်လိုအပ်သည်။ လုပ် ထုံးကျင့်ဝတ်များကို အသုံးပြုခြင်းသည် ပါတီဝင်များအပေါ် ပါတီ၏မျှော်မှန်းချက်နှင့် ခေါင်းဆောင်များအပေါ် ပါတီဝင်များ၏မျှော်မှန်းချက်များကို ပွင့်လင်းစွာ မောင်းထုတ်ကြေညာလိုက်ခြင်းပင်ဖြစ်သည်။

လုပ်ထုံးကျင့်ဝတ်တစ်ရပ်ကို ဖန်တီးရာတွင် ပါတီတချို့က ပါတီရှိအဆင့်အားလုံးမှ ဝိုင်းဝန်းအကြံပြုပံ့ပိုးပေး သည်ကို လိုလားတောင်းဆိုကြသည်။ ဤနည်းဗျူဟာသည် ကွဲပြားပြန့်နှံ့စွာ သူ့အပိုင်းနှင့်သူရှိနေသည့် ပါတီ ဝင်များမှ တစ်စုံတစ်ရာကို ဖန်တီးပြီး သဘောတူညီလိုက်ကြချိန်တွင် လုပ်ထုံးကျင့်ဝတ်တစ်ရပ်အပေါ် တရား ဝင်မှုကို ပေးအပ်လိုက်နိုင်သည်။

လုပ်ထုံးကျင့်ဝတ်တစ်ရပ်သည် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုကာလအတွင်း ပါတီ ထောက်ခံကြသူများအတွက် အမူအကျင့်ဆိုင်ရာစည်းမျဉ်းများအပေါ် စိတ်ဆန္ဒအလျောက်သ ဘောတူညီကြ ခြင်းတစ်ရပ်ကိုလည်းရည်ညွှန်းနိုင်ပါသေးသည်။ အထူးသဖြင့် တရားဥပဒေစိုးမိုးမှု မဖွံ့ဖြိုးသေးဘဲ မယုံကြည် ရသေးသော အကူးအပြောင်းတိုင်းပြည်များတွင် လုပ်ထုံးကျင့်ဝတ်တစ်ရပ်ကို ချမှတ်ရေးပန်းတိုင်သည် နိုင်ငံ ရေးပါတီများမှ လက်ခံပြီးသားကစားပွဲစည်းမျဉ်းများအပေါ် သဘောတူညီမှုပေးလာစေရန် ပံ့ပိုးကူညီနိုင်သ လို၊ ရွေးကောက်ပွဲဖြစ်စဉ်အပေါ် ယုံကြည်မှုကိုလည်း တိုးမြင့်စေနိုင်သည်။

ပါတီပွင့်လင်းမြင်သာမှုကို တိုးတက်ကောင်းမွန်စေခြင်း

အဂတိလိုက်စားမှု၊ အဂတိလိုက်စားမှုအသိအမြင်ဟူ၍ပြောလိုက်သည့်တိုင် ယင်းအချက်တွင် ပါတီများ၏ ငွေ ကြေးနှင့် ဆန္ဒမဲတို့ကို ဆုံးရှုံးရသည်ဟု ယူဆနိုင်သည်။ ရန်ပုံငွေများ ပါတီနှင့်ဝေးရာသို့ သွေဖည်ဦးတည် သွားပြီး ယင်းအစား လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆီ ရောက်သွားချိန် သို့မဟုတ် တရားမဝင်သောအပြုအမူ ကို ခွင့်ပြုလိုက်ခြင်းအတွက် တင်းကြပ်သောဒဏ်ငွေများကြောင့်ဖြစ်စေ ငွေကြေးကို ဆုံးရှုံးရသည်။ မဲဆန္ဒရှင် များက ၎င်းတို့၏ယုံကြည်ကိုးစားမှုနှင့် မထိုက်တန်သော သို့မဟုတ် ကိုယ်နှင့်ခင်ရာမိတ်ဆွေများကိုသာ အနီး ခေါ်ထားတတ်သော ကိုယ်စားလှယ်များကို မလိုချင်တော့ဟု ဆုံးဖြတ်လိုက်ချိန်တွင် ဆန္ဒမဲများကို ဆုံးရှုံးရ သည်။

အဂတိလိုက်စားမှုအန္တရာယ်မှ မိမိတို့ကိုယ်ကို ကာကွယ်ချင်လိုသော နိုင်ငံရေးပါတီများအနေဖြင့် ပါတီအဖွဲ့ တွင်းရှိသမျှလူအားလုံးအတွက် ဖြစ်ရမည့် ရှင်းလင်းတိကျသော၊ အရေးအသားဖြင့်ရှိသော အလုပ်သတ်မှတ် ချက်များနှင့် အလုပ်စည်းကမ်းများကဲ့သို့ ပါတီတွင်း ဒီမိုကရေစီနည်းကျသောစနစ်များရှိထားရမည်ဖြစ်သည်။ တာဝန်ခံမှုယန္တရားများအပြင် စည်းကမ်းများအတိုင်း မလိုက်နာဘဲချိုးဖောက်သော ပါတီဖွဲ့ဝင်များကို မြန်မြန် ဆန်ဆန် စုံစမ်းစစ်ဆေးပြီး အရေးယူအပြစ်ပေးနိုင်သည့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များလည်း ရှိထားရမည် ဖြစ်သည်။

ပွင့်လင်းမြင်သာမှု၏အကျိုးကျေးဇူးများ

ပွင့်လင်းမြင်သာမှုသည် ပါတီများကို ထားရှိသောတန်ဖိုးများနှင့်အညီ ထင်ဟပ်ပြုမူနေထိုင်ခွင့်ကို ပေးသည်၊ အဆိုပါတန်ဖိုးများ သို့မဟုတ် တာဝန်များနှင့်အညီ ယုံယုံကြည်ကြည်ဖြင့် ပြုမူဆောင်ရွက်သော ပါတီခေါင်း ဆောင်များနှင့် အဖွဲ့ဝင်များ၏ အရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။ ပွင့်လင်းမြင်သာမှု သည် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းစွာချမှတ်ကျင့်သုံးခြင်း၊ ကျင့်ဝတ်ချိုးဖောက်သော သို့မဟုတ် အဂ တိလိုက်စားသောအမူအကျင့်တို့ကို ပိတ်ပင်ဒဏ်ခတ်ပေးမည့် စည်းကမ်းထိန်းသိမ်းရေးယန္တရားများကို ချမှတ် ထားခြင်းအားဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် ပံ့ပိုးပေးသည်။ပွင့်လင်းမြင်သာမှုသည်ပါတီများအပေါ် လူထု၏ယုံကြည်မှု၊ ပါတီများနှင့်ပတ်သက်ပြီး လူထုသဘောထားအမြင်တို့ကိုပါ တိုးတက်မြင့်မားစေသည်။

ပြည်သူလူထုအပေါ် မည်သည့်အဖွဲ့အစည်းတိုင်းကမဆို ပွင့်လင်းစွာပြုမူဆက်ဆံရေးသည် ဝေဖန်စရာကိစ္စရပ် တစ်ခုဖြစ်နေပါသည်ဟူ၍ စောဒကတက်စရာမရှိပါ။ ပွင့်လင်းမြင်သာမှုစီမံဆောင်ရွက်ချက်များကို တင်သွင်းအ စပျိုးထားခြင်းသည် ပါတီတစ်ရပ်က လုပ်ဆောင်နိုင်သည့် စိန်ခေါ်မှုအရှိဆုံးအကြောင်းကိစ္စများအနက်တစ်ခု ပင်ဖြစ်သည်။

တာဝန်ခံမှုကို မြှင့်တင်ရန် အဖွဲ့အစည်းဆိုင်ရာမက်လုံးများနှင့် အဟန့်အတားများ

ဘဏ္ဍာရေးပိုင်းတာဝန်ခံမှု

ဝင်ငွေ၊ အသုံးစရိတ်နှင့် ပိုင်ဆိုင်မှုပစ္စည်းတန်ဖိုးများကို အစီရင်ခံတင်ပြခြင်းသည် ပုဂ္ဂလအခန်းကဏ္ဍတွင် စံချိန်စံညွှန်းပြည့်မီသောအမူအကျင့်ဖြစ်သည်၊ ပုဂ္ဂလအခန်းကဏ္ဍတွင် စည်းကမ်းကြပ်မတ်ပေးသော အဖွဲ့ အစည်းများရှိပြီး ပြည်သူလူထုအပေါ်ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိစေရန်ကူညီပေးသည်။ သို့ရာတွင် နိုင်ငံ ရေးတွင်မူ ယခုပြောသောဘဏ္ဍာရေးပိုင်း ပွင့်လင်းစွာချပြမှုမျိုးကို အမြဲတစေလိုအပ်နေသည်တော့မဟုတ်ပါ။ ပါတီဘဏ္ဍာရေးအတွက် စနစ်တကျချမှတ်ထားသောစံသတ်မှတ်ချက်များမရှိခြင်းသည် အဂတိလိုက်စားမှု တိုးမြင့်လာရန် ခွင့်ပြုပေးလိုက်ရုံသာမက၊ နိုင်ငံရေးပါတီများအပေါ် မဲဆန္ဒရှင်၏ယုံကြည်မှုကင်းမဲ့ခြင်းကိုပါ ဖြစ်ပေါ်စေနိုင်သည်။ ပါတီဘဏ္ဍာရေးဥပဒေများသည် အကျိုးထိရောက်သောဒီမိုကရေစီနိုင်ငံများအတွက် အခြေခံဖြစ်ပါသည်။ ပါတီဘဏ္ဍာရေးကို စည်းကမ်းတကျဖြစ်စေရန် အစိုးရများ အသုံးပြုလေ့အရှိဆုံးသော တိုင်းတာချက်များမှာ ပြည်သူ့ဘဏ္ဍာရေး၊ ပါတီဘဏ္ဍာရေးဆိုင်ရာစာရွက်စာတမ်းများကို လူထုက သိရှိနိုင်ခွင့်၊ စည်းရုံးရေးအသုံးစရိတ်ကန့်သတ်ချက်များနှင့် လိုအပ်ချက်များကို အစီရင်ခံတင်ပြခြင်းတို့ ဖြစ်သည်။

ပါတီဘဏ္ဍာရေးဥပဒေများမရှိပါက နိုင်ငံရေးပါတီများအနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် ယုံကြည်ကိုးစားမှုကို တည်ဆောက်နိုင်ရန်၊ ဒီမိုကရေစီတန်ဖိုးဖြစ်သောပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန် ဘဏ္ဍာရေးပိုင်းပွင့်လင်းစွာ ချပြမှုရှိစေရေးအတွက် စံသတ်မှတ်ချက်များကို လူသိရှင်ကြား ကျင့်သုံးသင့်သည်။ ပွင့်လင်းမြင်သာမှုနှင့်စပ် လျဉ်း၍ပထမဆုံးနှင့် အကောင်းဆုံးအမူအကျင့်မှာ ပါတီက ဘဏ္ဍာရေးပံ့ပိုးကူညီမှုများ၊ အသုံးစရိတ်များ၊ ပိုင်ဆိုင်မှုပစ္စည်းတန်ဖိုးနှင့် ထောက်ပံ့ငွေရရှိသောအရင်းအမြစ်တို့ကို ပါတီအဖွဲ့ဝင်များနှင့် ပြည်သူလူထုထံ အစီရင်ခံတင်ပြခြင်းဖြစ်သည်။ ဥပမာ နီပေါလ်ယူနိုက်တက်မာ့က်စ်-လီနင် ကွန်မြူနစ်ပါတီ၏ လုပ်ထုံးကျင့် ဝတ်အရ ပါတီ၏အဆင့်အားလုံးရှိ အမှုဆောင်ရာထူးကို ယူထားသူ အဖွဲ့ဝင်မှန်သမျှထံမှ ပိုင်ဆိုင်မှုပစ္စည်းတန် ဖိုးနှင့်  စပ်လျဉ်း၍ ဘဏ္ဍာရေးပိုင်း ပွင့်လင်းစွာချပြပေးရန်လိုအပ်သည်ဟု ဖော်ပြပါရှိသည်။ လွှတ်တော်အ မတ်များသည် ယင်းတို့ပိုင်ပစ္စည်းတန်ဖိုးများကို ထုတ်ပြန်ပေးရမည်ဖြစ်ပြီး ယင်းတို့၏အစီရင်ခံတင်ပြမှုများကို ခွင့်ပြုမိန့်ဖြင့်သုံးသောပစ္စည်းများအဖြစ် အချိန်နှင့်တစ်ပြေးညီဖော်ပြရမည်၊ ဤသို့ဖော်ပြရာတွင် အမတ်များ သည် လွှတ်တော်  သို့မဟုတ် အစိုးရရာထူးများမှ ထုတ်ပယ်ခံရသည့်ဖြစ်စေ၊ ရာထူးတိုးခံရသည်ဖြစ်စေ မည် သည့်အချိန်တွင်မဆို ထုတ်ပြန်ပေးရမည်ဟု ပါဝင်သည်။ မည်သည့်ပါတီဝင်တိုင်းမဆို အဂတိလိုက်စားသည် ဟု စွပ်စွဲခံရပါက ပါတီစည်းကမ်းရေးရာကော်မတီက စုံစမ်းစစ်ဆေးကာ အရေးယူနိုင်ရန်အတွက် ဗဟိုကော်မ တီထံ စုံစမ်းတွေ့ရှိချက်များကို အစီရင်ခံတင်ပြပေးရမည်ဖြစ်သည်။ အောက်တွင် ပါတီများအသုံးပြုသည့် တာ ဝန်ခံမှုယန္တရားတချို့ကို ဖော်ပြပေးထားသည်။

  • ပါတီဘဏ္ဍာရေးမှတ်တမ်းများကို လူထုရှေ့အပြည့်အ၀ပွင့်လင်းစွာချပြရေး၊ ဝင်ငွေအားလုံးနှင့် အသုံး စရိတ်များ၊ အလှူရှင်၏အမည်များ(ဥပမာ ထိုင်ဝမ်ပြည်သူ့ရှေ့ဦးဆောင်ပါတီနှင့် ဒီမိုကရေစီတိုးတက် ရေးပါတီတို့သည် ယင်းတို့၏ငွေစာရင်းများကို ပြည်သူလူထုထံ စိတ်လိုလက်ရ ပွင့်လင်းစွာချပြကြ သည်။ သို့ရာတွင် ပီအက်ဖ်ပီကသာ အလှူရှင်များ၏ခွင့်ပြုချက်ဖြင့် ၎င်းတို့၏အမည်များကို ဖွင့်ချပြ သည်)
  • အစိုးရ သို့မဟုတ် ပါတီ ရန်ပုံငွေရှားရေးလမ်းညွှန်ချက်များနှင့် စည်းမျဉ်းဥပဒေများကို လိုက်နာခြင်း
  • ပြည်သူဘဏ္ဍာရေးလည်ပတ်မှုစည်းမျဉ်းဥပဒေများနှင့်အညီဆောင်ရွက်ခြင်း

ပြည်သူထံ တာဝန်ခံမှုရှိစေခြင်း

စာဖြင့်ချရေးထားသောစည်းမျဉ်းများသည် နိုင်ငံရေးပါတီများကို ရေရာသောတန်ဖိုးများ တည်ဆောက်နိုင်ရန် ကူညီပေးနိုင်သည်။ သို့သော် ပါတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသည် စာဖြင့်ရေးထားသောစည်းမျဉ်းများ ကို လိုက်နာရမည်၊ ပါတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသည် ယင်းတို့၏လုပ်ကိုင်ဆောင်ရွက်မှုများအတွက် တာဝန်ခံမှုရှိရမည်။ ပါတီများသည် မဲဆန္ဒရှင်ပြည်သူများနှင့် လူ့အဖွဲ့အစည်းထံ တာဝန်ခံမှုရှိနိုင်စေမည့် လူထု စောင့်ကြည့်ရေးမဟာဗျူဟာများကို တိုးတက်အောင်ပြုလုပ်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်သည်။

အခြားတာဝန်ခံမှုယန္တရားတချို့တွင် အောက်ပါတို့ပါဝင်သည်

  • အလုပ်စွမ်းဆောင်ရည် သတ်မှတ်စံနှုန်းနှင့် အကဲဖြတ်ချက်လမ်းညွှန်များ။ ပါတီကိုယ်စားလှယ်များ၏ နှစ်စဉ်စွှမ်းဆောင်ရည်စိစစ်သုံးသပ်ချက်များ။
  • ပါတီအရာရှိများနှင့် ကိုယ်စားလှယ်များအတွက် အကျိုးစီးပွားချင်းသဘောတူညီချက်များနှင့်ဆိုင်ရာ ပဋိပက္ခ။
  • ရန်ပုံငွေရှာရေးလမ်းညွှန်များနှင့် စည်းမျဉ်းစည်းကမ်းများ။
  • ကျင့်ဝတ်ရှိရေးနှင့် စွမ်းဆောင်ရည်မျှော်မှန်းချက်များကို ဖော်ပြထားသောကတိကဝတ်စာချုပ်များ။ ပါတီမှ အစိုးရအရာရှိများသည် ကတိကဝတ်ကို ချိုးဖောက်လျှင် အစိုးရရာထူးမှ ဆန္ဒအလျောက် နှုတ် ထွက်ပေးရန် သဘောတူရသည်။
  • ပါတီကိုယ်စားလှယ်များအတွက် မဲဝယ်ခြင်း၊ အဂတိလိုက်စားခြင်းတို့နှင့်ဆိုင်ရာသင်တန်းပေးခြင်းနှင့် ပို့ချချက်များ၊ ပို့ချရာတွင် လူရိုသေရှင်ရိုသေလူမှုအသိုက်အဝန်း သို့မဟုတ် ဘာသာရေးခေါင်းဆောင် များကို အသုံးပြုသည်။
  • အဂတိလိုက်စားမှုနှင့် ကောင်းမွန်သောအမူအကျင့်တို့အကြောင်း လစဉ်ပုံမှန်အစည်းအဝေးထိုင်ခြင်း။

ဒေါင်လိုက်တာဝန်ခံမှု

အဂတိလိုက်စားမှုနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ပြုလုပ်မိနိုင်ရန် အမြင့်မားဆုံးအခွင့်အလမ်းများကို ပေး တတ်ကြသည့်အရာမှာ ကိုယ်စားလှယ်နှင့် ခေါင်းဆောင်ပိုင်းရွေးချယ်မှုပင် ဖြစ်သည်။ ရွေးချယ်မှုဖြစ်စဉ်တွင် အဂတိလိုက်စားမှုဖြစ်လာရန်အတွက် ပြဿနာရပ်များ သို့မဟုတ် အခွင့်အလမ်းများထဲတွင် မဲဝယ်ခြင်း၊ လာဘ်ထိုးခြင်းနှင့် ဆွေမျိုးကောင်းစားရေးလုပ်ဆောင်ချက်တို့ ပါဝင်သည်။ ရွေးချယ်မှုဖြစ်စဉ်တွင် အဂတိ လိုက်စားခြင်းသည် ပါတီဖွဲ့စည်းပုံများ၏ အလယ်အလယ် သို့မဟုတ် အောက်ခြေအဆင့်များတွင် ဖြစ်ပွား တတ်သည်။ ထိုအဆင့်နေရာများသည် လူထုနှင့် မီဒီယာစောင့်ကြည့်မှုလျော့နည်းသည်၊ သို့မဟုတ် အောက် တွင် လေ့လာဆန်းစစ်မည့် အလျားလိုက်တာဝန်ခံမှုမျိုး လျော့နည်းသည်။

ပါတီများအသုံးပြုကြသည့် ဖြေရှင်းနည်းတချို့ရှိပါသည်။

  • အဖွဲ့ဝင်များအတွက် ပါတီကိုယ်စားလှယ်အဆိုပြုခြင်းနှင့် ပါတီတွင်းရွေးကောက်ပွဲဖြစ်စဉ်များအတွင်း အဂတိလိုက်စားခြင်းအပြုအမူရှိပါက ထုတ်ဖော်တင်ပြရန် အဂတိလိုက်စားမှုရေးရာတိုင်ကြားရန်အ ရေးပေါ်ဖုန်းလိုင်းများထားရှိခြင်း
  • ဝင်ငွေနှင့် အသုံးစရိတ်အားလုံးအပြင် အလှူရှင်များ၏နာမည်များအပါအဝင် ပါတီဘဏ္ဍာရေးမှတ် တမ်းများကို အပြည့်အ၀လူထုရှေ့ပွင့်လင်းစွာချပြခြင်း။
  • ပါတီတွင်းစည်းရုံးရေးဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန်နှင့် မဲဝယ်မှုကို ဖော်ထုတ်ရန် ပါတီတွင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သီးခြားလွတ်လပ်သော ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များ ထားရှိခြင်း။
  • ပွင့်လင်းသော ပါတီတွင်းကိုယ်စားလှယ်အကြိုရွေးကောက်ပွဲများကျင်းပပြီး ပါတီဝင်အားလုံးကို ရာ ထူးတာဝန်ထမ်းဆောင်မည့် ပါတီ၏ကိုယ်စားလှယ်များအား ရွေးချယ်ခွင့်ပြုခြင်း။ ပါတီများသည် ရွေး ချယ်ခြင်းဖြစ်စဉ်ကို ဒီမိုကရေစီနည်းကျလုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်သဖြင့် ကိုယ်စားလှယ် များမှ ပါတီရာထူးနေရာများနှင့် အဆိုပြုခံရမှုများကို ဝယ်ယူရသည့်ဖြစ်ရပ်မျိုး ရှားပါးလာသည်ဟု အစီရင်ခံတင်ပြသည်။ လျှို့ဝှက်ပြီး မျှတသောမဲပေးခြင်းဖြစ်စဉ်မှတစ်ဆင့် ပါတီအဖွဲ့ဝင်အင်အားစု တစ်ရပ်လုံးက တာဝန်ယူမည့်အရာရှိများနှင့် ကိုယ်စားလှယ်များကို ရွေးချယ်ဆုံးဖြတ်လိုက်သောအခါ တပည့်လက်သပ်မွေးခြင်းမျိုးနှင့် နီးစပ်ရာလူဆွဲထည့်ခြင်းမျိုးတို့မှာ ပါတီခေါင်းဆောင်းပိုင်နှင့် ကိုယ် စားပြုမှုအပေါ် ဆုံးဖြတ်လွှမ်းမိုးနိုင်မှုမရှိတော့ပေ။ ပါတီတစ်ရပ်သည် ကိုယ်စားလှယ်များကို ရွေးချယ် ရန် ပါတီဝင်အားလုံးနှင့် ပြည်သူ့သဘောထားအမြင်စစ်တမ်းများကို ထည့်သွင်းပေါင်းစပ်ကာ ပါတီ တွင်းကိုယ်စားလှယ်အကြိုရွေးကောက်ပွဲများကို ကျင်းပသည်။

အလျားလိုက်တာဝန်ခံမှု

ပါတီများသည် ဥပဒေပြုလွှတ်တော်တွင်း စည်းမျဉ်းစည်းကမ်းများနှင့် အမူအကျင့်များအပြင် နိုင်ငံ့ဥပဒေများ အတွင်း စည်းမျဉ်းစည်းကမ်းများနှင့် အမူအကျင့်များကိုပါ မြှင့်တင်ပေးခြင်းဖြင့် ပါတီပြင်ပ ပွင့်လင်းမြင်သာမှု နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးပြဿနာရပ်များကိုပါ ပပျောက်သွားစေရန်ကိုလည်း ဆုံးဖြတ်ချက်ချထား နိုင်သည်။

ပါတီများသည် ဥပဒေရေးရာ သို့မဟုတ် ဥပဒေပြုခြင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးများကို မြှင့်တင်ရန် ညွန့် ပေါင်းအဖွဲ့တွင်း ဥပဒေပြုလွှတ်တာ်တွင်းရှိ အခြားသောပါတီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။ ပွင့်လင်း မြင်သာမှုပြုပြင်ပြောင်းလဲရေးများတွင် သတင်းအချက်အလက်လွတ်လပ်ခွင့်ဆိုင်ရာဥပဒေများ၊ ဥပဒေပြုလွှတ် တော်တွင်း ကျင့်ဝတ်စည်းကမ်းရေးရာရုံးဌာနများ သို့မဟုတ် စုံစမ်းစစ်ဆေးရေးအရာရှိဌာနများကို ထူထောင် ခြင်းတို့ ပါဝင်နိုင်သည်။

ပါတီတချို့သည် ပါတီတွင်းရွေးကောက်ပွဲများကို စောင့်ကြည့်ရာတွင် ပံ့ပိုးကူညီမှုရရှိစေရန် အရပ်ဘက်လူ့အဖွဲ့ အစည်းများကို အားကိုးယူကြသည်။ ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ရန်ပုံငွေကို လူသိရှင်ကြားထုတ်ပြန်စေ ရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သောအခြားပါတီများလည်းရှိသည်။  ဤအချက်က နိုင်ငံရေးပါတီများကို မဲဆန္ဒရှင်ပြည်သူများထံ ၎င်းတို့၏ပွင့်လင်းမြင်သာမှုကြိုးပမ်းချက်များအား ပိုမိုလူသိရှင် ကြားထုတ်ပြန်စေရာတွင်ပံ့ပိုးကူညီပေးသလို၊ စောင့်ကြည့်မှုသည် သီးခြားလွတ်လပ်သည်ဟု အထင်အမြင်ခံ ရရန်အတွက်လည်း ပါတီကို ကူညီပေးနိုင်သည်။

အလျားလိုက်တာဝန်ခံမှုယန္တရားများနှင့်သက်ဆိုင်သောသာဓကဖြစ်ရပ်တို့တွင် အောက်ပါတို့ပါဝင်သည်

  • အရပ်သားအုပ်စုများ၊ ပညာတတ်များ၊ နိုင်ငံသားများနှင့် ဆွေးနွေးဖလှယ်ပွဲများကျင်းပပြီး ဥပဒေပြု ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဆွေးနွေးခြင်း။ မီဒီယာ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ပညာရှင် လောကတို့သည် အစိုးရအင်စတီကျူးရှင်းများ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများကို စစ်ဆေး ကြည့်ရှုခြင်းဖြင့် မရှိမဖြစ်အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်နေသည့်အပြင် ၎င်းတို့မှာ ပြုပြင်ပြောင်းလဲရေး အတွက် ထောက်ခံမည့်လူထုတစ်ရပ်ကို ရယူဖန်တီးရာတွင်လည်း အသုံးဝင်နိုင်သည်။
  • ပါတီအကြံပေးအဖွဲ့များနှင့် သုတေသနဌာနများကို ထူထောင်ပြီး နိုင်ငံရေးအဂတိလိုက်စားမှုအတွက် ဖြေရှင်းနည်းများကို အဆိုပြုခြင်း။ ပါတီတချို့သည် ပါတီသုတေသနဌာနများကို ဖွဲ့စည်းပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးမူဝါဒကို လေ့လာဆန်းစစ်ကာ တိုးတက်ဖော်ဆောင်ကြသည်။
  • အမျိုးသမီးများ၊ လူငယ်ထုကဲ့သို့သော ကဏ္ဍသစ်များမှ အလားအလာရှိခေါင်းဆောင်များကို အား ဖြည့်ယူပြီး အစဉ်အလာအာဏာအရှိန်အဝါကိုအသုံးချလည်ပတ်သော ခေါင်းဆောင်ပိုင်းကွန်ရက်များ အား မှေးမှိန်ပျောက်ကွယ်အောင်လုပ်ခြင်း။
  • ပါတီတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့များထားရှိခြင်း။ ပါတီတချို့သည် ပါတီတွင်းအဖွဲ့အ စည်းများကို ထူထောင်ကာ ပါတီလုပ်ငန်းကိစ္စလည်ပတ်မှုများနှင့် ဘဏ္ဍာငွေများကို စောင့်ကြည့်စစ် ဆေးသည်။ “ပါတီထိန်းသိမ်းရေးကော်မရှင်များ”သည် ပါတီ၏အထက်အောက်ဖွဲ့စည်းပုံအလွှာရှိအ ဆင့်အားလုံးတွင် လည်ပတ်လုပ်ဆောင်သည်။
  • ပြင်ပစာရင်းစစ်စနစ်များ။ ပါတီတချို့သည် ဘဏ္ဍာရေးမှတ်တမ်းအားလုံးနှင့်စပ်လျဉ်း၍ နှစ်စဉ်သီး ခြားလွတ်လပ်သောစာရင်းစစ်အဖွဲ့များကို လိုအပ်သည်။