အသစ်များ > အစိုးရ

အစိုးရ

2022-08-29

အစိုးရဟူသည့်ဝေါဟာရကို အရိုးရှင်းဆုံးဖွင့်ဆိုရမည်ဆိုပါက နိုင်ငံတော်၏ခေါင်းဆောင်ဖြစ်သည်ဟု ဆိုရပါမည်။ အစိုး ရသည် ပြည်သူ့ရေးရာမူဝါဒများနှင့်စပ်လျဉ်းသောဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပြီး အကောင်အထည်ဖော်နိုင်သော လုပ်ပိုင်ခွင့်အာဏာရှိသည့် ယန္တရားအဖွဲ့အစည်းများပါဝင်သောအုပ်စုတစ်စုဖြစ်သည်။

ထိုဆုံးဖြတ်ချက်များသည် ပြည်သူ့ရေးရာအရင်းအမြစ်များနှင့် အခွင့်အလမ်းများကို ခွဲဝေဖြန့်ဖြူးပေးခြင်းနှင့် အများ အားဖြင့် ဆက်စပ်နေသည်။ ပြည်သူ့ရေးရာအရင်းအမြစ်များတွင် အခွန်များ၊ သဘာ၀သယံဇာတအရင်းအမြစ်များနှင့် အခြားသောပြည်သူ့အကျိုးပြုလုပ်ငန်းများမှ အစိုးရက ရရှိသော ဝင်ငွေအားလုံးပါဝင်သည်။ ပြည်သူ့ရေးရာအခွင့်အ လမ်းများတွင် ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်နှင့် အခြားသောလူမှုအကျိုးပြုဝန်ဆောင်မှုများ ပါဝင်သည်။

ယခုလိုဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းမှဖြစ်ပေါ်လာသော ပဋိပက္ခများကို စီမံဖြေရှင်းရန်နှင့် လူ့အဖွဲ့အစည်းတွင် ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းထားရန်မှာ အစိုးရများတွင် တာဝန်ရှိသည်။