အသစ်များ > အဆိုအမိန့်ကိုပေါက်ကြားအောင်လုပ်ခြင်း

အဆိုအမိန့်ကိုပေါက်ကြားအောင်လုပ်ခြင်း

2023-01-21

မဲဆွယ်ရေးအဖွဲ့သည် မည်သူကို မိမိတို့ စကားပြောမည်(ပစ်မှတ်ထားခြင်း) နှင့် မည်သည့်အရာကို မိမိတို့ ပြောမည်(အဆိုအမိန့် စီစဉ်ချမှတ်ခြင်း)ဟူ၍ ဆုံးဖြတ်ပြီးသည်နှင့် လုပ်ရမည့်နောက်တစ်ဆင့်မှာ မိမိတို့ မည် သို့ ပြောမည်ဟူ၍ ဆုံးဖြတ်ရန်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် မိမိတို့အနေဖြင့် မဲဆွယ်ရေး၏အဆိုအ မိန့်ကို မဲဆန္ဒရှင်များထံ မည်သို့ပေါက်ကြားအောင် လုပ်မည်ဟူ၍ဖြစ်ပါသည်။

ပါတီများသည် ပြည်သူလူထုထံ တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ဖြစ်စေ လက်လှမ်းမီရောက်ရှိနိုင်သည်။ အရေးကြီး သောအရာက ပါတီများအနေဖြင့် မဲဆွယ်ရေးအတွင်း လူထုနှင့် အဆက်မပြတ်စေဘဲ စဉ်ဆက်မပြတ်ဆက် သွယ်မှုရှိနေရန်ဖြစ်သည်။

မဲဆန္ဒရှင်အများအပြားသည် မီဒီယာမှတစ်ဆင့် ပါတီအကြောင်း သိခွင့်ရနိုင်သည်၊ သို့သော် ဒေသန္တရအဆင့် တွင် ထိုသို့သိနိုင်ခွင့်ဆိုသည်မှာ အလွန်အကန့်အသတ်ရှိသောရွေးချယ်မှုတစ်ရပ်ဖြစ်တတ်သည်။ ပါတီတစ်ဖွဲ့ ၏ ကြီးထွားပြီး ထောက်ခံမှုကို စည်းရုံးနိုင်သောအားသာချက်နှင့် စွမ်းရည်သည် လူထုထံ မည်သို့ တက်တက် ကြွကြွနှင့် အောင်အောင်မြင်မြင် လက်လှမ်းမီသွားနိုင်ပြီး ယုံကြည်မှုနှင့် ထောက်ခံအားပေးမှုကို တည်ဆောက် နိုင်မည်နည်းဟူသောအချက်အပေါ် မူတည်ပါလိမ့်မည်။ ပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်သွယ်ခွင့်ရနိုင်စရာ နည်းလမ်းပေါင်းများစွာရှိသည်။ အိမ်တိုင်ရာရောက်မဲဆွယ်ခြင်း၊ လမ်းဘေးအစည်းအဝေးများ၊ ဖိုရမ်များ၊ စျေး ဆိုင်များ သို့မဟုတ် အခမ်းအနားများတွင် သတင်းအချက်အလက်စုဆောင်းရာစားပွဲဝိုင်းများထားရှိခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းသည် ဥပမာကောင်းတချို့ဖြစ်သည်။ မဲဆန္ဒရှင်အဆက်အသွယ်နှင့် ကမ်း လင့်ထောက်ကူရေးအစီအစဉ်များအတွက် အသုံးပြုနိုင်သော နည်းလမ်းအနည်းငယ်ကို အောက်တွင်ဖော်ပြ ထားသည်။

နှိုးဆော်စာချထားပေးခြင်း

မဲဆွယ်ရေးစေတနာ့ဝန်ထမ်းများက အိမ်ထောင်စုတစ်စုချင်းစီတွင် ကိုယ်စားလှယ်အကြောင်း ရေးထားသော စာရွက်တစ်ရွက်ကို အိမ်ပေါက်စေ့ လိုက်ချပေးထားခြင်းသည် နှိုးဆော်စာချခြင်းပင်ဖြစ်သည်။ ဝန်ထမ်းအရေ အတွက်များများရှိပါက ပြန့်နှံ့ရောက်ရှိမည့်နေရာ အလျှင်အမြန် ကျယ်ပြန့်မည်ဖြစ်သည်၊ ဝန်ထမ်းများ အာ ရုံထားရာနယ်မြေများအပြင် ဆုံးဖြတ်ချက်မပြတ်သားသေးသောမဲဆန္ဒရှင်များ သို့မဟုတ် အခြားပစ်မှတ်အုပ် စုများ အများအပြားရှိရာ နယ်မြေများအထိ ပစ်မှတ်ထားလုပ်ဆောင်နိုင်သည်။ စေတနာ့ဝန်ထမ်းများသည် မဲ ဆန္ဒရှင်နှင့် စကားပြောစရာမလိုပါ၊ ထို့ကြောင့် ထောက်ခံသူ မည်သူမည်ဝါဖြစ်သည်ဟု ယင်းတို့ကဖော်ထုတ် ပြရန်မလို၊ သို့သော် ရွေးကောက်ပွဲနေ့မတိုင်ခင်လေးမှာပင် ထောက်ခံသူများ၏အိမ်ရှေ့တွင် မဲလာထည့်ကြပါ ရန် နှိုးဆော်ချက်တစ်ခုကိုတော့ ချန်ထားရစ်နိုင်သည်( “မဲနိဗ္ဗာန်ဆော်”လှုပ်ရှားမှု)။

လက်ကမ်းစာဝေငှခြင်း

သင့်မဲဆွယ်ရေးသည် လူအများ အရေအတွက်အုံလိုက်ကျင်းလိုက်ဖြင့် မည်သည့်နေရာတွင် စုဝေးနေကြသည် အကြောင်း ရေးထားသောစာပေကို လက်ဆင့်ကမ်းဝေငှပေးနိုင်သည်။ ထိုနေရာများသည် စျေးများ၊ စက်ရုံဝင် ပေါက်များ၊ မီးရထားရုံများ၊ ဘတ်စကားမှတ်တိုင်များအစရှိသဖြင့် ဖြစ်နိုင်သည်။ မဲဆန္ဒရှင်များ၏ အိမ်ရှေ့နှိုး ဆော်စာချထားခြင်းထက် အများကြီး ပိုလွယ်ကူ သို့မဟုတ် လျှင်မြန်နိုင်သည်၊ သို့သော် မဲဆွယ်ရေးအဖွဲ့ဝင်အ နေဖြင့် မိမိတို့၏လက်ကမ်းစာကို ယူသွားသောသူများသည် (ဥပမာ မြို့နယ်မဲဆန္ဒနယ်မြေပေါင်းများစွာရှိသော မြို့တော် သို့မဟုတ် မြို့နယ်တစ်ခုတွင် လက်ကမ်းစာကို ဝေငှထားလျှင်) ခရိုင်နယ်မြေတွင် နေထိုင်သူဟုတ် မဟုတ်၊ သို့မဟုတ် မိမိကိုယ်စားလှယ်ကို မဲထည့်နိုင်သူဟုတ်၊မဟုတ်ကို မသေချာနိုင်၍ ပစ်မှတ်အရာတွင်အား နည်းမှုရှိသည်။

ယခုလို လှုပ်ရှားဆောင်ရွက်ပုံမျိုးကို အဆိုပါနယ်မြေတွင် စုဝေးနေထိုင်ကြသူများ အလေးထားကြမည့် သီး ခြားအရေးကိစ္စတစ်ရပ်နှင့်ဆက်စပ်၍ ပစ်မှတ်ထားလုပ်ဆောင်သည်။ ဥပမာ မဲဆွယ်ရေးအဖွဲ့ဝင်က စက်ရုံဝင် ပေါက်များတွင် စက်ရုံကို ကယ်ဆယ်ရေးအကြောင်း စာရွက်တစ်ရွက်ကို ဝေငှချင်ဝေငှနိုင်သည် သို့မဟုတ် ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် ဘတ်စ်ကားများ ပိုတိုးချဲ့ပြေးဆွဲပေးရေးအကြောင်း စာရွက်တစ်ရွက်ကို ဝေငှ ချင်ဝေငှနိုင်သည်။

ချောစာပို့ခြင်း

ချောစာမှတစ်ဆင့် မဲဆွယ်ရေးလှုံ့ဆော်မှုစာကိုမဲဆန္ဒရှင်များထံ ပို့ခြင်းကလည်း အဆိုအမိန့်ကို ပေးပို့ပြီး မိမိအ တွက် မဲထည့်ရန် စည်းရုံးရာတွင် အလွန်ထိရောက်မှုရှိနိုင်သည်။ မဲဆွယ်ရေးအဖွဲ့တွင် ရှိသည့် စာရင်းအမျိုးအ စားပေါ်မူတည်ကာ ပထဝီနယ်မြေအရဖြစ်စေ၊ လူဦးရေသန်းခေါင်စာရင်း(အသက်အရွယ်၊ ကျားမလိင်အစရှိသ ဖြင့်)အရဖြစ်စေ မဲဆန္ဒရှင်များကို ပစ်မှတ်ထားကောင်းထားနိုင်သည်။ ဥပမာ မဲဆွယ်ရေးအဖွဲ့က အရေးကိစ္စ ရပ်တစ်ခုအပေါ် မိမိတို့၏ရပ်တည်ချက်အကြောင်း အရိပ်အမြွတ် ရေးထားသည့် တစ်စုံတစ်ရာကို သက်ကြီးမဲ ဆန္ဒရှင်များထံပေးပို့နိုင်ပြီးအခြားမတူသောအရေးကိစ္စရပ်တစ်ခုအပေါ်မိမိတို့၏ရပ်တည်ချက်အကြောင်းအရိပ် အမြွတ်ရေးထားသည့် မတူသော တစ်စုံတစ်ရာကိုမူ သက်ငယ်မိန်းမများထံ ပေးပို့နိုင်သည်။ တိုက်ရိုက်ချော စာပို့ခြင်းကလည်း နည်းဗျူဟာတစ်ရပ်ဖြစ်နေပြန်သည်၊ ထိုဗျူဟာကြောင့် မိမိတို့၏မေးလ်ကိုရရှိသောသူများ သည် မိမိတို့ကိုယ်စားလှယ်၏မဲဆန္ဒနယ်မြေအတွင်းနေထိုင်သူဖြစ်ကြောင်း မဲဆွယ်ရေးအဖွဲ့က သေချာပေါက် သိနိုင်သည်။

အိမ်တိုင်ရာရောက်သွားခြင်း

နိုင်ငံရေးသမားများသည် “အားလုံးထူးမခြားနား”ဟူ၍ မဲဆန္ဒရှင်အများအပြားက ထင်မြင်ကြသည်။ ထိုအခါ မိမိတို့ မဲထည့်လိုက်ခြင်းဖြင့် တစ်စုံတစ်ရာကို ပြောင်းလဲနိုင်မည်ဟူသော မျှော်လင့်ချက်ကို မဲဆန္ဒရှင်များက စွန့်လွှတ်လိုက်ကြတော့သည်။ “နိုင်ငံရေးသမားများသည် မိမိတို့လိုအပ်ချက်ကို နားမထောင်” သို့မဟုတ် သင် မည်သူ့ကိုပင် မဲထည့်ထည့်အရေးမကြီးပါ၊ဘယ်အရာမှ ဘယ်လိုနည်းနှင့်မှပြောင်းလဲမလာ”ဟူ၍ မဲဆန္ဒရှင် များက ပြောကြသည်။ ဤအမြင်ကို ပြောင်းလဲပစ်ရာတွင် အစဉ်အလာမီဒီယာမဲဆွယ်ရေးများကလည်း ထိ ရောက်သောနည်းလမ်းတစ်ခုမဟုတ်ပေ၊ စင်စစ်တွင်မူ အဆိုပါမီဒီယာမဲဆွယ်ရေးများသည် အထက်ကမဲဆန္ဒ ရှင်များ၏ မယုံကြည်မှုကိုပင် တိုးပွားစေတတ်ပါသည်။ ထို့ကြောင့်ပင် မဲဆန္ဒရှင်များနှင့် တိုက်ရိုက်ဆက်သွယ်  ရေးကို မြှုပ်နှံလုပ်ဆောင်ရန် အရေးကြီးရခြင်းဖြစ်သည်။

မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲများကြားကာလတွင် မဲထည့်မည့်ပါတီကို ပြောင်းလဲတတ်ကြသည်။အရင်က တစ်ကြိမ် ပါတီတစ်ဖွဲ့ကို မဲထည့်ဖူးသော မဲဆန္ဒရှင်များသည် အဆိုပါပါတီကိုပင် ထပ်မံမဲထည့်မှုအလားအလာ ပိုများဖွယ်ရှိသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ပါတီများသည် တတ်နိုင်သမျှနေရာတိုင်းတွင် မဲ ဆန္ဒရှင်များနှင့် မိတ်မပျက်ရေးကို ကြိုးစားပမ်းစား အားကောင်းအောင် လုပ်ဆောင်ရသည်ဟုအဓိပ္ပာယ်ရ သည်။ ကိုယ်စားလှယ်တစ်ဦးသည် မဲဆန္ဒရှင်များနှင့် ထွက်တွေ့သည်ဆိုလျှင် ယင်းကိုယ်စားလှယ်၏မဲဆန္ဒရှင် များနှင့် ဆက်ဆံရေးသည် ခိုင်မာအားကောင်းသည်။ မိမိတို့နှင့် မိမိတို့ပါတီအပေါ် မဲဆန္ဒရှင်များ စိတ်ဝင်စား ရေးကို ကိုယ်စားလှယ်များက ပစ်မှတ်ထားနိုင်သည်ဆိုလျှင် နောက်တစ်ကြိမ်ရွေးကောက်ပွဲတွင် မိမိတို့ကို ပြည်သူများ မဲထည့်မည့်အခွင့်အရေးမှာ မြင့်မားလာနိုင်စရာရှိသည်။ ဤသည်ကို “နိုင်ငံရေးမဲဆွယ်ခြင်း”ဟု ခေါ်စမှတ်ပြုတတ်ကြသည်။

နိုင်ငံရေးမဲဆွယ်မှုကို ကိုယ်စားလှယ်များကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်၏မဲဆွယ်ရေးအတွက် လုပ်အားပေး နေသူစေတနာ့ဝန်ထမ်းများမှဖြစ်စေ လုပ်ဆောင်နိုင်သည်။ သို့သော် မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်တစ်ဦး က ဒုက္ခခံ၍ ၎င်းတို့ထံ လာရောက်တွေ့ဆုံသည်ကို အထင်ကြီးတတ်ကြသည်၊ ကိုယ်စားလှယ်များသည် ယင်း သို့ ကြိုးစားအားထုတ်ခြင်းဖြင့်သာ မဲဆန္ဒရှင်များ၏ထောက်ခံမှုကို ရနိုင်သည်၊ ထို့ကြောင့် နိုင်ငံရေးမဲဆွယ်ခြင်း သည် ကိုယ်စားလှယ်ကိုယ်တိုင်က လုပ်ဆောင်နိုင်လျှင် ပိုမိုသက်ရောက်မှုရှိသည်။ နိုင်ငံရေးမဲဆွယ်ခြင်း ကြောင့်လည်း ကိုယ်စားလှယ်သည် မဲဆန္ဒရှင်များ ရင်ဆိုင်ရသည့်ပြဿနာများကို ကြားခွင့်ရသည်၊ မိမိတို့၏ အဆိုအမိန့်ကို အဆိုပါမဲဆန္ဒရှင်တစ်ဦးချင်းစီ၏အရေးကိစ္စရပ်များနှင့် လိုက်လျောညီညွတ်မှုရှိအောင် ပြင်ဆင် ညှိယူခွင့်ရသည်၊ သီးခြားနယ်ပယ်ဒေသများမှ ကိုယ်စားလှယ် သို့မဟုတ် ပါတီက ရရှိထားသည့် ထောက်ခံမှု ရေချိန်ကိုလည်း သိရှိခွင့်ရသည်။

ဤအလုပ်သည် မဲဆန္ဒရှင်အဆက်အသွယ်၏အလုပ်လို အလွန်အချိန်ယူလုပ်ရသော နည်းလမ်းတစ်ခုဖြစ်နေ လိမ့်မည်မှာ သိသာပါသည်။အနီးအနားပတ်ဝန်းကျင်နေထိုင်သူများ၏ပုံစံအမျိုးအစားပေါ် မူတည်ကာ ကိုယ် စားလှယ်တစ်ဦး သို့မဟုတ် စည်းကမ်းလိုက်နာသော လုပ်အားပေးဝန်ထမ်းတစ်ဦးသည် တစ်ညလျှင် အနီးစပ် ဆုံး မဲဆန္ဒရှင်အယောက် ၅၀ သို့မဟုတ် တစ်ပတ်လျှင် မဲဆန္ဒရှင်အယောက် ၃၀၀ဝန်းကျင်နှင့် စကားပြောနိုင် သည်။ ကိုယ်စားလှယ်များသည် တစ်ညလျှင် သုံးနာရီခန့်အပြင် မဲဆန္ဒရှင်တစ်ဦးစီ (အိမ်တိုင်ရာရောက်မဲဆွယ် ၍ အချိန်အနည်းငယ်ယူရ)နှင့် သုံးမိနစ်ထက်ပိုမကြာစေဘဲ အချိန်ပေးကာ နိုင်ငံရေးမဲဆွယ်မှုပြုလုပ်နိုင်သည် ဟု ဆိုလိုပါသည်။ ဤအချက်ကြောင့် ကိုယ်စားလှယ်တစ်ဦးသည် မိမိတို့၏အဆိုအမိန့်ကို တစ်မိနစ်ပင်မကြာ စေဘဲ ပေးပို့နိုင်သင့်ခြင်းဖြစ်သည်။

မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်တစ်ဦး၏အဆိုအမိန့်ကို တစ်ကြိမ်ထက်မကကြားရလျှင် ပိုမှတ်ဖွယ်ရှိသည်၊ ထို့ကြောင့် ကိုယ်စားလှယ်တစ်ဦးသည် အိမ်တံခါးပေါက်ရှေ့ တစ်ကြိမ်မှ နှစ်ကြိမ်၊ သုံးကြိမ် သို့မဟုတ် လေး ကြိမ်သွားရောက်ပြီး မဲဆန္ဒရှင်နှင့်အဆက်အသွယ်ကို တိုးတက်အောင်လုပ်နိုင်လျှင် ထိုကိုယ်စားလှယ်အပေါ် ပိုမိုအထင်ကြီးလေးစားဖွယ်ရှိသည်။ ကိုယ်စားလှယ်က အနီးအနားရပ်ကွက်သို့လမ်းလျှောက်မသွားခင် တစ် ပတ်အလို ပစ်မှတ်မဲဆန္ဒရှင်၏အိမ်များသို့ မဲဆွယ်ရေးလှုံ့ဆော်စာကို အရင်ဆုံး ပို့ထားခြင်းဖြင့် အထက်ပါကိစ္စ ကိုလုပ်နိုင်သည်၊ ထိုလှုံ့ဆော်စာတွင် ဤနေရာသို့ ကိုယ်စားလှယ် လာရောက်လည်ပတ်လိမ့်မည်ဖြစ်ကြောင်း အသိပေးဖော်ပြထားရမည်။ ဤနည်းလမ်းကို မဲဆွယ်ရေးစေတနာ့ဝန်ထမ်းများက မေးလ်ပို့၍ဖြစ်စေ၊ အိမ်တံ ခါးရှေ့စာချထား၍ဖြစ်စေ လုပ်နိုင်ပြီး မဲဆွယ်ရေးအဆိုအမိန့်ကို ပို့သင့်သည်။ ထို့နောက် စင်စစ် ကိုယ်စားလှယ် လူထုရှေ့ပေါ်လာသောအခါ မဲဆန္ဒရှင်များအား ကိုယ်စားလှယ်က ပထမဆုံးလက်တွေ့ကတိတည်ပြလိုက် ခြင်းဖြစ်နေမည်ဖြစ်သည်။

ထို့နောက် အနီးအနားရပ်ကွက်သို့ ကိုယ်စားလှယ်က လမ်းလျှောက်သွားရောက်ပြီး နှုတ်အားဖြင့် အဆိုအမိန့် ကို ပေးပို့နိုင်သလို မဲဆန္ဒရှင်တွင် ကျန်ရှိမည့် မဲဆွယ်ရေးလှုံ့ဆော်စာမှတစ်ဆင့်လည်း ပေးပို့နိုင်သည်။ နောက် ဆုံးအားဖြင့်ဆိုရလျှင် မဲဆွယ်ရေးသည် ကိုယ်စားလှယ် စကားပြောဖြစ်သည့်သူ၊ ကိုယ်စားလှယ်မပြောဖြစ် လိုက်သည့်သူကို မျက်ခြည်မပြတ်စောင့်ကြည့်ထားနိုင်လျှင် တစ်ပတ်အကြာတွင် နောက်ဆက်တွဲလှုံ့ဆော် ကတ်တစ်ကတ်ကို ပေးပို့နိုင်လိမ့်မည်ဖြစ်သည်၊ ယင်းကတ်တွင် ကိုယ်စားလှယ်သည် မဲဆန္ဒရှင်ကို တွေ့ဖြစ်၍ ဝမ်းသာရကြောင်းဖြစ်စေ၊ မတွေ့ဖြစ်လိုက်၍ ဝမ်းနည်းရကြောင်းဖြစ်စေ ဖော်ပြထားရမည်ဖြစ်သည်။

နိုင်ငံရေးမဲဆွယ်ခြင်းကို စီစဉ်လျာထားသည့်အတိုင်း ဆောင်ရွက်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ကိုယ်စား လှယ်အနေဖြင့် အိမ်တိုင်ရာရောက်မဲဆွယ်သည့်အခါ ယုံကြည်ရမည့်တွဲဖက်သမားတစ်ဦး ရှိထားရန်ပင်ဖြစ် သည်။ ဤတွဲဖက်သမားသည် မဲဆွယ်ရေးလှုံ့ဆော်စာအားလုံးကို ပြင်ဆင်သယ်ယူရေး၊ အိမ်တံခါးများကို  လိုက်ခေါက်ရေးနှင့် တစ်စုံတစ်ဦး တံခါးလာဖွင့်ပေးသည့်အခါ ကိုယ်စားလှယ်ကို မိတ်ဆက်ပြောပြပေးရေးတို့ အတွက် တာဝန်ယူရသည်။ ထို့နောက် လုပ်အားပေးတွဲဖက်သည် ကိုယ်စားလှယ်က မဲဆန္ဒရှင်နှင့် စကားပြော နေချိန် နောက်တစ်အိမ်သို့ ကူးကာ တံခါးသွားခေါက်ရမည်၊ မည်သည့်အိမ်ကတော့ တံခါးဖွင့်ပေးသည်၊ မည် သည့်အိမ်ကတော့ ဖွင့်မပေးဟူ၍ မှတ်တမ်းသိမ်းဆည်းထားရမည်။ ကိုယ်စားလှယ်သည် စကားပြောချင်သော မဲဆန္ဒရှင်တစ်ဦးနှင့် စကားဖောင်ဖွဲ့ကာ မပြီးစီးနိုင်ဖြစ်လာလျှင် လုပ်အားပေးတွဲဖက်၏အလုပ်မှာ စကားဖောင် ဖွဲ့နေသော အဆိုပါအိမ်သို့ ပြန်သွားပြီး မိမိတို့ ရှေ့ဆက်သွားရဦးမည်ဖြစ်ကြောင်း ကိုယ်စားလှယ်နှင့် မဲဆန္ဒရှင် ကို ပြောပြရန်ဖြစ်သည်။ လိုအပ်လျှင် ဤနည်းအားဖြင့် လုပ်ရဖန်များ၍ အမြင်တွင် ရိုင်းပျနေသူမှာ လုပ်အား ပေးတွဲဖက်ဖြစ်နေတတ်သည်။

ဖုန်းဖြင့်ဆက်သွယ်ခြင်း

မဲဆွယ်ရေးဝန်ထမ်းသည် မိမိတို့ကိုယ်စားလှယ်ကိုမဲထည့်ပါရန် မဲဆန္ဒရှင်များအား စည်းရုံးရာတွင် တယ်လီ ဖုန်းကို အသုံးပြုနိုင်သည်၊ ထောက်ခံသူများကို သီးခြားသတ်မှတ်ဖော်ထုတ်နိုင်ပြီး မိမိတို့ကိုယ်စားလှယ်ကို မဲ လာထည့်ရန် အဆိုပါထောက်ခံသူများကို သတိပေးလှုံ့ဆော်နိုင်သည်။ ယင်းသို့လုပ်ဆောင်ရာတွင် သီးခြားဖုန်း ခေါ်ဆိုမှုတစ်ရပ်ကို ထားရှိသင့်သည်။ အများစုမှာ ထောက်ခံသူများကို သီးခြားရည်ရွယ်ပြီး မဲလာပေးရန် ဖုန်း ခေါ်တတ်ကြသည်။ ယင်းအပြုအမူနှစ်ရပ်စလုံးမှာ လိုရင်းတိုရှင်းပြောပြီးဖုန်းချလိုက်သော ခေါ်ဆိုမှုများဖြစ်နိုင် သည်။

ဖုန်းခေါ်မှုများကို မဲဆွယ်ရေးဝန်ထမ်း၏အိမ်မှဖြစ်စေ၊ သို့မဟုတ် ပိုကောင်းနိုင်သောအခင်းအကျင်းအဖြစ် ဖုန်း များစွာထားရှိသော ဗဟိုတည်နေရာတစ်ခုမှဖြစ်စေ ခေါ်ဆိုနိုင်ပါသည်။ အဆိုပါ ဗဟိုတည်နေရာများကို ဖုန်း ဘဏ်များဟု ခေါ်ကြသည်။ ယင်းတည်နေရာများသည် သီးခြားဖုန်းလိုင်းများစွာ နေသားတကျရှိထားနှင့်ပြီး သော စီးပွားရေးလုပ်ငန်းများ သို့မဟုတ် အဖွဲ့အစည်းများ ဖြစ်နိုင်သည်၊ ယင်းဗဟိုတည်နေရာများရှိလျှင် မဲ ဆန္ဒရှင်များကို နာရီပေါင်းများစွာအချိန်ယူကာ ဖုန်းခေါ်ခွင့် ရရှိမည်ဖြစ်သည်။ ဤရည်ရွယ်ချက်အတွက်ပင် ဌာနချုပ်များ၌ ဖုန်းလိုင်းအပိုများ ထားရှိခြင်းလည်း ဖြစ်နိုင်သည်။

မည်သို့ဖြစ်စေ ဖုန်းဘဏ်များတွင် မဲဆွယ်ရေးဝန်ထမ်းများအနေဖြင့် မိမိတို့အိမ်မှာ ဖုန်းခေါ်ဆိုနိုင်သော အကျိုး ကျေးဇူးများစွာရှိနေသည်။ ပထမဆုံးတစ်ချက်မှာ မဲဆွယ်ရေးသည် ဖုန်းဘဏ်တစ်ခုတွင် ဖုန်းခေါ်ဆိုမှုများကို ကြီးကြပ်နိုင်ပြီး ယင်းဖုန်းခေါ်မှုများသည် သဘောတူညီထားသောအဆိုအမိန့်ကို ထိထိရောက်ရောက်ပို့ဆောင် ရေးအတွက်သာ ဖြစ်စေရန်ကိုလည်း ထိန်းကျောင်းပေးနိုင်သည်။ ဒုတိယတစ်ချက်မှာ မဲဆွယ်ရေးလုပ်အားပေး ဝန်ထမ်းများအနေဖြင့် ဖုန်းခေါ်ဆိုရင်း အခြားလုပ်အားပေးသူများထံမှ ထောက်ခံမှုကို ရရှိခြင်းဖြစ်သည်။  နောက်ဆုံးကြိမ်ဖုန်းခေါ်ခြင်းဖြင့် အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ အတွေ့အကြုံများကို ဖလှယ်မျှဝေရန်အရေး ကြီးတတ်သည်။ နောက်ဆုံးတစ်ချက်မှာ မဲဆွယ်ရေးအနေဖြင့် ဖုန်းဆက်မဲဆွယ်ရေးဖြစ်စဉ်အပေါ် ချက်ချင်း လက်ငင်း ထိန်းချုပ်မှုရှိခြင်း၊ ပြဿနာများကို လက်ငင်းဖြေရှင်းပေးနိုင်ခြင်း၊ မေးခွန်းများကို ဖြေကြားနိုင်ခြင်း နှင့် ပုံမှန်တုံ့ပြန်ချက်သဘောထားကို လက်ခံရယူနိုင်ခြင်းတို့ပင် ဖြစ်သည်။ တစ်ခါတစ်ရံ မဲဆန္ဒရှင်များနှင့် မဲ ဆွယ်ရေးဝန်ထမ်းများ စကားပြောသည့်အခါ အသုံးပြုရမည့် အဓိကအကြောင်းအရာသည် အလုပ်မဖြစ်ဘဲရှိ တတ်ပြီး ထိုသို့မဖြစ်ရန် အဓိကအကြောင်းအရာကို ပြောင်းလဲပစ်ရမည်ဖြစ်သည်။ သို့မဟုတ် တစ်ခါတစ်ရံ မဲ ဆွယ်ရေးသည် မဲဆန္ဒနယ်မြေတစ်ခုမှ နောက်တစ်ခုသို့ အလျှင်အမြန် ဖုန်းပြောင်းခေါ်လိုခြင်းမျိုး ရှိနိုင်သည်။ ဤအချက်ကို ဖုန်းဘဏ်တစ်ခုတွင် ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်သည်။

ဖုန်းဘဏ်အပြင် အိမ်မှဖုန်းခေါ်မည့် မဲဆွယ်ရေးဝန်ထမ်းများ နှစ်ခုစလုံးရှိထားရာတွင် ဖုန်းခေါ်ရသည့်ရည်ရွယ် ချက်နှင့် မဲဆန္ဒရှင်များနှင့် ဖုန်းဖြင့် စကားပြောရာတွင် ပြောရမည့်အဓိကအကြောင်းအရာအတိုင်း အလွယ် တကူလိုက်နာခြင်းတို့ အပါအဝင် မဲဆွယ်ရေးဝန်ထမ်းများအတွက် ရှင်းလင်းတိကျသော ညွှန်ကြားချက်များ ကို ရေးသားထားရန် အရေးကြီးသည်။ မဲဆန္ဒရှင်များနှင့်ငြင်းခုံခြင်းကဲ့သို့သော ရှောင်ရန်ကိစ္စများကို ရှင်းပြ ထားရန်လည်း အရေးကြီးသည်၊ မဲဆွယ်ရေးလုပ်အားပေးဝန်ထမ်းများသည် တတ်နိုင်သမျှ ဖုန်းခေါ်ဆိုမှု အ ကြိမ်များများကို တတ်နိုင်သမျှ လျှင်လျှင်မြန်မြန် ဆောင်ရွက်ရန် အရေးကြီးပြီး မဲဆန္ဒရှင်များနှင့်ငြင်းခုံနေ ခြင်းသည် မဲဆွယ်ရေးကို နှောင့်နှေးစေမည့်အပြင် မဲဆန္ဒရှင်၏စိတ်ကို ပြောင်းလဲသွားစေနိုင်ဖွယ်မရှိကြောင်း သို့မဟုတ် မဲဆန္ဒရှင်များအနေဖြင့် မိမိတို့အတိုက်အခံများဆီ သွားရောက်မဲထည့်ရန် ပိုစဉ်းစား ဆုံးဖြတ်သွား နိုင်သည်အထိ အခြေအနေကို ဆိုးရွားသွားစေမည်ဖြစ်ကြောင်းတို့ကို နားလည်ထားသင့်သည်။

ထင်သာမြင်သာပြခြင်း

မဲဆွယ်ရေးအနေဖြင့် မဲဆန္ဒရှင်များ၏စိတ်အာရုံဝင်စားမှုကို ဖမ်းယူသမျှအရာရာတိုင်းသည် ထင်သာမြင်သာပြ ခြင်း ဖြစ်သည်။ ထင်သာမြင်သာပြခြင်းဟူသည် လမ်းမဘေးတစ်ဖက်တစ်ချက် ကြော်ငြာဆိုင်းဘုတ်များ၊ ထောက်ခံသူများ၏အိမ်ရှေ့ အမှတ်အသားများ၊ မဲရုံရှေ့ပိုစတာများ၊ ကားများရှိ စတစ်ကာများ၊ ယာဉ်အသွား အလာများကို လက်ဝှေ့ယမ်းပြနေသော မဲဆွယ်ရေးဝန်ထမ်းများ သို့မဟုတ်ကိုယ်စားလှယ်၊ အဓိကကျသော အနီးအနားရပ်ကွက်များသို့ အလှဆင်ယာဉ်တန်းများစီ၍ လှည့်လည်သွားခြင်း၊ တီရှပ်အင်္ကျီများပေါ် ကိုယ်စား လှယ်များ၏ နာမည်၊ သော့ကွင်းများအစရှိသည်တို့ ဖြစ်နိုင်ပါသည်။ ထင်သာမြင်သာပြခြင်းသည် မဲဆွယ် ရေးအပြင် ကိုယ်စားလှယ်အမည်အသိအမှတ်ပြုလာရေးနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ကို အသိပညာမြှင့်တင် ပေးနိုင်သော်လည်း မဲဆွယ်ရေးအဆိုအမိန့်ကိုသာ အားကောင်းစေနိုင်သည်။ မဲဆန္ဒရှင်များကို စည်းရုံးရေး ဆင်းရာတွင် အလွန်အားနည်းသောနည်းလမ်းတစ်ရပ်ဖြစ်သည်။ ပစ်မှတ်ပရိသတ်ထက် ပိုကျယ်ပြန့်သော လူထုပရိသတ်ထံတော့ ရောက်ရှိသည်။ မဲဆန္ဒနယ်မြေ သို့မဟုတ် တခြားနယ်မြေတစ်ခုခုအပြင်ဘက်တွင် နေထိုင်သော၊ သို့မဟုတ် ကိုယ်စားလှယ်ကို မဲမပေးနိုင် သို့မဟုတ် မဲထည့်မည်မဟုတ်သော  ပြည်သူများသည် အမှတ်အသားသင်္ကေတများကို တွေ့မြင်လိမ့်မည်။ နောက်ဆုံးအချက်မှာ မဲဆွယ်ရေးအနေဖြင့် မိမိတို့ကိုယ် စားလှယ်ကို​ ထောက်ခံနေသောသူမည်သူမည်ဝါဟူ၍ သီးခြားဖော်ထုတ်ပြရနိုင်စရာနည်းလမ်းမရှိပါ။ သို့ရာ တွင် ခိုင်မာသောထောက်ခံမှုနယ်မြေများရှိ မဲဆန္ဒရှင်များကိုမဲသွားထည့်ကြပါရန်အသိပေးနှိုးဆော်ရန်အတွက် ဤနည်းလမ်းကို အလွန် ထိရောက်မှုရှိစွာ အသုံးချနိုင်သည်။

အစည်းအဝေးများနှင့် အခမ်းအနားပွဲများ

လူထုစည်းဝေးပွဲ သို့မဟုတ် အခမ်းအနားများကို ကျင်းပရာတွင် မဲဆွယ်ရေးအဖွဲ့အနေဖြင့် မိမိတို့ပစ်မှတ်အုပ်စု ကို သီးခြားသတ်မှတ်ရန် ပထမဆုံးလိုအပ်သည်၊ ထို့နောက် မိမိတို့တွင် မည်သည့်ဘဏ္ဍာရေးအရင်းအမြစ်များ ရှိနေသည်ဆိုသောအချက်ကိုပါ စီစဉ်ရန်လိုအပ်သည်။ ဤအချက်နှစ်ချက်က မိမိတို့ စီစဉ်ပြုလုပ်လိုသော အ စည်းအဝေး သို့မဟုတ် အခမ်းအနားပုံစံမျိုးကို အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်သည်။

လူထုစည်းဝေးပွဲများ

နိုင်ငံရေးအခမ်းအနားများအနက် ကုန်ကျစရိတ်အများဆုံးနှင့် အကြီးမားဆုံးအခမ်းအနားမှာ လူထုစည်းဝေးပွဲ ဖြစ်သည်။ ပါတီအပေါ် ထောက်ခံမှု အခိုင်အမာရှိထားပြီးသူများကို စိတ်ဓာတ်လှုံ့ဆော်ရန် အဓိကရည်ရွယ်ကာ လူထုစည်းဝေးပွဲကို အသုံးပြုသင့်သည်။ လူထုစည်းဝေးပွဲများသည် လူမှုအသိုင်းအဝိုင်းကို အသိပေးရန်အ တွက်၊ သို့မဟုတ် အစီရင်ခံရန်အတွက် သို့မဟုတ် တိုင်ပင်ညှိနှိုင်းရန်အတွက်ဖြစ်စေ၊ သို့မဟုတ် ထောက်ခံမှုအ သစ်ရရှိရေး စည်းရုံးရန်အတွက်ဖြစ်စေ အလွန်အမင်းအသုံးတည့်လှသည်တော့ မဟုတ်ပါ။

ရပ်ရွာလူထုဖိုရမ်များ

ရပ်ရွာလူထုဖိုရမ်တစ်ခုတွင် ပါတီသည် လူအများကို မိမိတို့စိတ်ဝင်စားရာကိစ္စရပ်များအကြောင်း လာရောက် ပြောဆိုပေးရန် ဖိတ်ကြားသည်။ ပါတီ၏အဓိကတာဝန်မှာ နားထောင်ပေးရန်ဖြစ်သည်။ ကွန်မြူနတီဖိုရမ်များ သည် အခိုင်အမာပါတီထောက်ခံသူများအပြင်၊ ပါတီအပေါ် စိတ်ဝင်စားသော်လည်း လူထုစည်းဝေးပွဲများ သို့မ ဟုတ် တရားဝင်ကျင်းပသောအစည်းအဝေးများသို့ တက်ရောက်ပေးသည့်အထိ စိတ်ဝင်စားမှုမပြသော လူများ ကိုပါ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ကွန်မြူနတီဖိုရမ်တစ်ခုမှ ထောက်ခံသူအများစုကိုရရှိရန် အကောင်း ဆုံးနည်းမှာ ဖိုရမ်ကျင်းပချိန်တွင် သီးခြားအုပ်စုတစ်စုကို ပစ်မှတ်ထားရန်ဖြစ်သည်၊ ဥပမာပြရလျှင် သက်ကြီး ပင်စင်လစာပြဿနာများ သို့မဟုတ် ဆရာ/ဆရာမများနှင့် ပညာရေးမူဝါဒတို့ပင်ဖြစ်သည်။

သီးသန့်တွေ့ဆုံစည်းဝေးခြင်းများ

သီးသန့်တွေ့ဆုံပွဲများသည် အခိုင်အမာပါတီထောက်ခံသူမဟုတ်ကြသူ၊ သို့မဟုတ် ဆုံးဖြတ်ချက်မပြတ်သား သေးသူများကို ပစ်မှတ်ထားသည်။ ထိုတွေ့ဆုံပွဲများသည် သီးခြားနေရာဒေသတစ်ခု၊ လမ်းတစ်ခု၊ တည်းခို ဆောင်တစ်ခု၊ ကျေးရွာအစရှိသဖြင့် နေရာများရှိ ကျောင်းဆရာများ သို့မဟုတ် ဆုံးဖြတ်ချက်မချရသေးသော မဲဆန္ဒရှင်များကဲ့သို့သော သီးခြားအုပ်စုများကို ပစ်မှတ်ထားခြင်းဖြစ်သည်။

ယေဘုယျအားဖြင့် သီးသန့်တွေ့ဆုံပွဲများသည် တက်ရောက်သူ အယောက် ၂၀ နှင့် ၃၀ဝန်းကျင်ရှိပြီး အလွတ် သဘောတွေ့ဆုံခြင်းဖြစ်သည်။ ပစ်မှတ်အုပ်စုက သိသော လူပုဂ္ဂိုလ်တစ်ဦးဦး၏အိမ်တွင် ကျင်းပတတ်သည်။  ပြောဆိုကြသည်များမှာလည်း အတိုချုပ်ဖြစ်ပြီး အလေးအနက်သဘောမျိုးမဟုတ်ပါ။ ရည်ရွယ်ချက်မှာ ဆွေး နွေးပဲဖြစ်မြောက်ရန်ပင် ဖြစ်သည်။ တတ်နိုင်လျှင် ကောင်စီလူကြီးများ သို့မဟုတ် ဒေသတွင်းလွှတ်တော် အမတ်တို့ကို ဟောပြောသူများအဖြစ် အသုံးချပါ။

လူအများမြင်သာရာစားပွဲဝိုင်းများ

ဤစားပွဲဝိုင်းများကို စျေးများ သို့မဟုတ် လူအများ ဖြတ်သန်းသွားလာရာ အများမြင်သာရာနေရာများတွင် စီ စဉ်ခင်းကျင်းထားသည်။ ယင်းစားပွဲဝိုင်းများသည် လူများကို စကားပြောရန်အတွက်၊ အချက်အလက်လက် ကမ်းစာများ ဝေငှရန်အတွက် အဆက်အသွယ်ဆုံချက်များလည်း ဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ တတ်နိုင် သမျှ လူအများအပြားနှင့် စကားပြောရန်အတွက်ဖြစ်သော်လည်း ပါတီအတိုက်အခံများနှင့် မပြီးနိုင်မစီးနိုင် ငြင်းခုံဆွေးနွေးနေခြင်းမျိုးကိုတော့  မပြုလုပ်သင့်ပါ။ လွှတ်တော်အမတ်များနှင့် ကောင်စီလူကြီးများသည် ယင်းစားပွဲဝိုင်းများတွင် ပါဝင်ဆောင်ရွက်သင့်ပါသည်။

စက်ရုံဝင်ပေါက်များနှင့် သယ်ယူပို့ဆောင်ရေးစခန်းများ

မီးရထားဘူတာရုံများ၊ ဘတ်စ်ကားဂိတ်များနှင့် စက်ရုံဝင်ပေါက်များကဲ့သို့ လူအများအပြား အချိန်လုကာ ပျား ပန်းခတ်မျှ ဖြတ်သန်းသွားလာသောနေရာများတွင် မဲဆန္ဒရှင်များကို သင်တွေ့ဆုံနိုင်သည်။ ကြော်ငြာစာများ နှင့် လက်ကမ်းစာစောင်များ ဝေငှရန် အခွင့်အလမ်းကြီးမားသော နေရာများ ဖြစ်ကြသည်။ လူများစုသည် အ လောသုံးဆယ်ဖြင့် ဥဒဟိုသွားလာနေကြပြီး စကားပြောရန်အချိန်ရှိမည်မဟုတ်ပါ၊ သို့သော် ၎င်းတို့လက်ထဲ ထည့်ပေးလိုက်သည့် တစ်စုံတစ်ရာကိုတော့ လက်ခံယူကြလိမ့်မည်ဖြစ်သည်၊ ထိုအရာကို ဘတ်စ်ကားပေါ်တွင် ဖတ်နိုင်သည်၊ သို့မဟုတ် အိမ်သို့ယူကာဖတ်ရှုနိုင်သည်။

လူကြိုက်များသောအခမ်းအနားများ

ဂီတဖျော်ဖြေပွဲများနှင့် ဘောလုံးပွဲများကဲ့သို့ အားကစားပွဲတော်များသည် မဲဆန္ဒရှင်များကို တွေ့ကြုံရမည့် အခွင့်အလမ်းများဖြစ်ကြသည်။ လူအများမြင်သာရာစားပွဲဝိုင်းများကို ပြင်ဆင်ပြီး လွှတ်တော်အမတ်များ သို့မ ဟုတ် ကောင်စီဝင်လူကြီးများကို ကြိုတင်ခေါ်ထားခြင်းအပြင် လူထုနှင့်ဆက်သွယ်ရေးကြားဖြတ်အစီအစဉ် များကိုလည်း ထားရှိပါ။ ထိုကြားဖြတ်အစီအစဉ်များကာလတွင် မဲဆွယ်ရေးဝန်ထမ်းနှင့် လုပ်အားပေးဝန်ထမ်း များအတွက် ကြော်ငြာစာ သို့မဟုတ် လက်ကမ်းစာစောင်ကဲ့သို့သော တစ်စုံတစ်ခုခု လူထုထံပေးစရာရှိလျှင် တစ်ဦးတစ်ယောက်ထံ ချဉ်းကပ်ရလွယ်ကူတတ်သည်။

မဲဆန္ဒရှင်စည်းရုံးရေး

ကိုယ်စားလှယ်များသည် မိမိတို့ရပ်ရွာလူထုအသိုင်းအဝိုင်းတွင်း ဖြစ်ပျက်နေသည်အရာနှင့် အဆက်ပြတ်  တောက်နေ၍မရပါ။ ကိုယ့်ရပ်ရွာလူထုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို သက်ရောက်နေမည့် ဖိုရမ်များနှင့် အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်သင့်သည်။

ရပ်ရွာလူထုအသိုင်းအဝိုင်းအဖွဲ့ဝင်သစ်များကို စည်းရုံးရာ၌ အလွန်ထိရောက်နိုင်သော မဟာဗျူဟာများရှိပါ သည်။

  • အစည်းအဝေးများကို မပျက်မကွက်တက်ရောက်ပါ၊ ထင်သာမြင်သာဖြစ်အောင်နေပါ၊ စိတ်ဝင်စားမှု ကို ပြသပါ။
  • အခြားအဖွဲ့အစည်းများ၏ခေါင်းဆောင်များနှင့် တွေ့ပါ။ မဲဆွယ်ရေး၏ဆက်သွယ်ရမည့်စာရင်းစာရွက် ထဲပါသည့်လူတိုင်းကို ဆက်သွယ်တွေ့ဆုံပါ၊၎င်းတို့၏ပြဿနာများနှင့် အစီအမံများကို ဆွေးနွေးပါ။
  • သင့်ပါတီမှ လွှတ်တော်အမတ်များကို ရပ်ရွာလူထုအသိုင်းအဝိုင်းတွင်း ပြဿနာဖြစ်ရာနေရာများသို့ သွားရောက်လည်ပတ်စေပြီး အသိပညာမြှင့်တင်ပေးရေးကို လုပ်ဆောင်နိုင်ရန် စီစဉ်ပေးပါ။
  • ဒေသတွင်းအရေးကိစ္စများနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ကြားဝင်ဆောင်ရွက်ပါ။ ပါတီဌာနခွဲသည် ဒေသ တွင်း မဲဆွယ်ရေးများတွင် ပါဝင်ဆောင်ရွက်သင့်ပြီး ပြဿနာဖြေရှင်းရာတွင်လည်း ပါဝင်သင့်သည်။ ပါတီအတွက် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး လူထု၏ပြဿနာများကို ဖြေရှင်း ပေးရေးအတွက် အတူတကွလုပ်ဆောင်လျှင် အဆင်ပြေပါသည်။
  • လိုအပ်သည့်လှုပ်ရှားဆောင်ရွက်ချက်များနှင့် အကူအညီပေးကာ အခြားအဖွဲ့အစည်းများကို ထောက် ကူပါ။
  • ရပ်ရွာလူထုစည်းဝေးရာဒေါက်တိုင်နေရာများ၊ သီးခြားလူမှုဖူလုံရေးအဖွဲ့အစည်းများ သို့မဟုတ် အ ထက်တန်းကျောင်းများကဲ့သို့သော လူထုအသိုင်းအဝိုင်း၏ကဏ္ဍတစ်ခုကို ပစ်မှတ်ထားပါ။ ဆက်သွယ် ရမည့်ပုဂ္ဂိုလ်ကို ရှာဖွေပြီး ကိုယ်စားလှယ်ကို အုပ်စုထဲ ပါဝင်ဖြေရှင်းခွင့်ပြုခိုင်းပါ။ သို့မဟုတ် ယင်းအုပ် စုများထဲက ခေါင်းဆောင်များပါဝင်သောလူတစ်စုကို ပြဿနာများအတွက် အသေးစားဆွေးနွေးမှုပြု လုပ်ရန်အတွက် ဖိတ်ကြားပါ။

အဆိုအမိန့်ကို ပေါက်ကြားအောင်ပြုလုပ်ရေးအခြေခံစည်းမျဉ်းများ

မဲဆန္ဒရှင်များကို စည်းရုံးရေးအတွက်နည်းလမ်းအမျိုးမျိုးကို မလေ့လာခင် နည်းလမ်းအားလုံးကို တစ်ထိုင် တည်းအသုံးချနိုင်မည့်အရေးပါသောအချက်တချို့ရှိသည်။ ပထမတစ်ချက်က အရင်းအမြစ်များကို ကန့်သတ် ရေးစည်းမျဉ်းဖြစ်သည်။  စည်းမျဉ်း၏အဓိပ္ပာယ်အရ မဲဆွယ်ရေးအဖွဲ့အနေဖြင့် မဲဆွယ်ရေးနည်းလမ်းတစ်ခု ချင်းစီအတွက် အချိန်အား၊ ငွေအားနှင့် လူအား မည်မျှကုန်ကျမည်ဟူသောအချက်ကို တွက်ချက်ရမည် ဖြစ်ပါသည်။ ဒုတိယတစ်ချက်မှာ အရင်းအမြစ်များနှင့် အသုံးချနည်းလမ်းများကို “အပြန်အလှန် အလဲအလှယ် လုပ်သုံးနိုင်ရေး” ပင်ဖြစ်သည်။ ယင်းစည်းမျဉ်းအရ မဲဆွယ်ရေးအဖွဲ့သည် မတူသောအရင်းအမြစ်အမျိုးမျိုးကို သုံးစွဲကာ တူညီသောလုပ်ငန်းတာဝန်ကို ပြီးစီးအောင်ဆောင်ရွက်နိုင်သည်ဟူ၍ အဓိပ္ပာယ်ရသည်။နောက် ဆုံးတစ်ချက်မှာမူ မဲဆန္ဒရှင်များကို စည်းရုံးခြင်း၊ ထောက်ခံသူများကို ဖော်ထုတ်သတ်မှတ်ခြင်းနှင့် ထောက်ခံ သူများက ဆန္ဒမဲအမှန်စင်စစ်ပေးလာနိုင်အောင် ဆောင်ရွက်ခြင်းအစရှိသည့် နည်းလမ်းတစ်ခုစီတိုင်း ထိ​ ရောက်မှုရှိရေးပင်ဖြစ်သည်။ ရွေးကောက်ပွဲနေ့ မဲဆန္ဒရှင်များ မဲလာထည့်ရေးစည်းရုံးမှုအပါအဝင် မဲဆွယ်ရေး ၏ အဆင့်ကဏ္ဍတစ်ခုစီတိုင်းအတွက် ကြိုတင်ကာ အဆင်ပြေပြေစီစဉ်ထားရန် အရေးကြီးသည်။

အရင်းအမြစ်စီမံခန့်ခွဲခြင်း

နိုင်ငံရေးမဲဆွယ်ခြင်းသည် ဆက်သွယ်ပြောဆိုခြင်းဖြစ်စဉ်တစ်ခုဖြစ်ပြီး မဲဆွယ်ရေးများအားလုံး၌ အဆို ပါဆက်သွယ်ရေးပြောဆိုရာတွင် ရင်းနှီးရသော အချိန်အား၊ ငွေအားနှင့် လူအားတို့ကို ပြီးစီးအောင်ဆောင်ရွက် ရာတွင် ရနိုင်သောအခြေခံအရင်းအမြစ်သုံးခုရှိသည်။ ယင်းအရင်းအမြစ်များသည် ပေါင်းစပ်အသုံးပြုခံရပေါင်း များပြီး တပူးတွဲတွဲဖြစ်နိုင်သည်။ မဲဆွယ်ရေးအဖွဲ့များသည် တတ်နိုင်သမျှ အကောင်းဆုံးပေါင်းစပ်အသုံးပြု နိုင်မည့်နည်းကို ရွေးချယ်သင့်ပြီး အထိရောက်ဆုံးဆောင်ရွက်ချက်ဖြင့် အဆိုပါအရင်းအမြစ်သုံးခုကို အသုံးချ သင့်သည်။ မဲဆွယ်ရေးအဖွဲ့များသည် စေတနာ့လုပ်အားပေးအချိန်နာရီတိုင်း၊ သုံးစွဲသည့်ငွေပမာဏတိုင်းအ တွက် မဲဆန္ဒရှင်များအပေါ် အကြီးမားဆုံးသက်ရောက်မှုရှိအောင် ကြိုးစားဆောင်ရွက်သင့်ပါသည်။

မဲဆွယ်ရေးတစ်ရပ်၏ မဲဆန္ဒရှင်အဆက်အသွယ်ကို စီစဉ်ရာတွင် မဲဆွယ်ရေးတိုင်း၌ အရင်းအမြစ်များအကန့်အ သတ်ရှိထားရမည်ဟူသောအချက်ကို မမေ့ရန် အလွန်အရေးကြီးသည်။ တစ်ခုခုကို ပြုလုပ်ရန် ချမှတ်လိုက် သောဆုံးဖြတ်ချက်တိုင်းသည် အခြားတစ်စုံတစ်ခုခုကို မပြုလုပ်ရန် ချမှတ်လိုက်သော ဆုံးဖြတ်ချက်တစ်ရပ် ပင်ဖြစ်သည်။ မဲဆွယ်ရေးအဖွဲ့၌ စာအရေးအသားဝေငှမည့် လုပ်အားပေးဝန်ထမ်း အယောက်နှစ်ဆယ်ရှိသော အခါ ယင်းလုပ်အားပေးအယောက်နှစ်ဆယ်သည် တစ်ချိန်တည်း ဖုန်းဆက်ခြင်းများကို ပြုလုပ်၍မရနိုင်ပါ။ မဲ ဆွယ်ရေးက ရုပ်မြင်သံကြားအတွက် ငွေကြေးသုံးစွဲသည့်အခါ အဆိုပါငွေကို မေးလ်အတွက် အသုံးပြု၍မရပါ။ စျေးတွင် လူများကို  နှုတ်ဆက်စကားပြောရင်းသုံးလိုက်သော အချိန်သည် အိမ်တိုင်ရာရောက်သွား၍ယူရသော အချိန်ဖြစ်သည်။ အထက်ပါအရင်းအမြစ်သုံးခုဖြစ်သော အချိန်အား၊ ငွေအားနှင့် လူအားတို့ကို ဘက်ဂျက်ရေး ဆွဲသတ်မှတ်ရန် အရေးပါသည်၊ သို့မှသာ အရင်းအမြစ်သုံးခုစလုံးကို အကျိုးအရှိဆုံးဖြစ်အောင် အသုံးချနိုင် မည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ တတ်နိုင်သမျှ အဆိုပါအရင်းအမြစ်များကို အနည်းအကျဉ်းလောက် သုံးစွဲရင်း မဲဆန္ဒရှင်များအပေါ် အကြီးမားဆုံးသက်ရောက်မှုရှိစေရန်ပင်ဖြစ်သည်။

ကွဲပြားသောနည်းဗျူဟာများနှင့် နည်းလမ်းများ

မဲဆွယ်ရေးများသည် တူညီသောဦးတည်ချက်ကိုပင် ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ရာ၌ မတူသောအရင်း အမြစ်များနှင့် ကွဲပြားသောနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။ ဥပမာပြရလျှင် မဲဆွယ်ရေးအဖွဲ့တစ်ဖွဲ့က မိမိတို့ကိုယ်စားလှယ်ကို မဲပေးရန် မဲဆန္ဒရှင် ၁၀,၀၀၀ ကို စည်းရုံးရန်လိုအပ်သည်ဟု ဆုံးဖြတ်လိုက်သည်ဆိုပါ စို့။ ယုံကြည်ရသော လုပ်အားပေးဝန်ထမ်း တစ်ထောင်သည် မနက်ဖန်တွင် အိမ်တိုင်ရာရောက်သွား၍ မိမိတို့ ကိုယ်စားလှယ်(အချိန်အားမပါ၊ ငွေအားမပါသော်ငြား လူအင်အားများစွာပါ)ကို မဲထည့်ရန် မဲဆန္ဒရှင်၁၀ဦးကို စည်းရုံးနိုင်ပါသည်။ ကိုယ်စားလှယ်တစ်ဦးသည် တစ်နေ့လျှင် မဲဆန္ဒရှင်အယောက် ၁၀,၀၀၀ ၊ အယောက် ၅၀ ကို ပုဂ္ဂိုလ်ချင်းတွေ့ဆုံစကားပြောနိုင်သော်လည်း ရက်ပေါင်း ၂၀၀ (ငွေအား၊ လူအားမပါသော်ငြား အချိန်အင် အားများစွာပါ)ယူရလိမ့်မည်။ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးသည် ရုပ်မြင်သံကြား သို့မဟုတ် အသံလွှင့်ရုံမှ ကြော်ငြာခြင်းဖြင့် အကူအညီတစ်ခုမှ မယူဘဲ မနက်ဖန်တွင် မဲဆန္ဒရှင်အယောက် ၁၀,၀၀၀ လုံးကို ဆက်သွယ် နိုင်သည်။ ယခုတင်ပြသောသာဓကများသည် တစ်ဖတ်သတ်ကျသောသာဓကများဖြစ်သည်။ သို့သော် ယင်း သာဓကများသည် အရင်းအမြစ်များနှင့် နည်းလမ်းများကို မည်သို့မည်ပုံ အပြန်အလှန်အလဲအလှယ်လုပ်၍ရ နိုင်ကြောင်းကို ဖော်ပြနေသည်။ မဲဆွယ်ရေးအဖွဲ့သည် ကနဦးအနေဖြင့် မိမိတို့ ပြီးစီးအောင်ဆောင်ရွက်ချင် သောအရာကို ဖော်ထုတ်သတ်မှတ်ရန်လိုအပ်လိမ့်မည်၊ ထို့နောက်မှ မိမိတို့ ဦးတည်ချက်အတိုင်း ဖြစ်မြောက် အောင်ဆောင်ရွက်ရာတွင် မည်သည့်နည်းလမ်းများက အကောင်းဆုံးဖြစ်မည်ဟူသည်ကို စဉ်းစားချမှတ်ရမည် ဖြစ်သည်။ နည်းလမ်းတစ်ခုမှာ အကောင်းဆုံးဖြစ်နိုင်ပုံမရပါက အခြားနည်းလမ်းကို အသုံးပြုနိုင်သည်။ ထို့ ကြောင့်ပင် အစီအစဉ်ရေးဆွဲခြင်းသည် လုံးလုံးလိုအပ်ရခြင်းဖြစ်သည်။ မဲဆွယ်ရေးသည် စနစ်တကျရေးဆွဲ ထားသောအစီအစဉ်မရှိလျှင် လိုအပ်သော ငွေကို ရှာနိုင်ခြင်းမရှိသည်ကို တွေ့မြင်ရတတ်သည်၊ မဲဆွယ်ရေး သည် လိုအပ်သော လုပ်အားပေးဝန်ထမ်းမရှိဘဲဖြစ်လျှင် အချိန်ကို အချည်းနှီးကုန်လွန်စေမည်ဖြစ်သည်။

မဲဆန္ဒရှင်ဆက်သွယ်ရေးလှုပ်ရှားပုံအမျိုးအစားများ

ယခုတင်ပြမည့်အချက်များအားလုံးကို စိတ်ထဲမှတ်သားပြီးပါက မဲဆန္ဒရှင်ဆက်သွယ်ပုံအမျိုးအစားများအ ကြောင်းစဉ်းစားသည့်အခါ အောက်ပါမေးခွန်းများကို ဖြေကြားရန် အရေးကြီးသည်။

၁။ အချိန်အား၊ ငွေအားနှင့် လူအား မည်မျှ ကုန်ကျသနည်း။

၂။ မဲဆွယ်ရေးအဖွဲ့အနေဖြင့် မည်သည့်မဲဆန္ဒရှင်များထံ ရောက်ရှိမည်ကို သိပါသလား။

၃။ ထိုမဲဆန္ဒရှင်များကို မဲဆွယ်စည်းရုံးမည်လား။

၄။ မဲဆွယ်ရေးအဖွဲ့သည် မိမိတို့ကိုယ်စားလှယ်ကို မဲဆန္ဒရှင်များက ထောက်ခံပြီး မဲလာထည့်မည်မှာ သေချာ သည်ဟု သိနိုင်သလား။

အောက်ပါမဲဆန္ဒရှင်ဆက်သွယ်ပုံအမျိုးအစားတစ်ခုချင်းစီသည် အထက်ပါစံသတ်မှတ်ချက်အသီးသီးနှင့် အနေ အထားအမျိုးမျိုးဖြင့် ကိုက်ညီနေသည်။

နည်းလမ်းများကို ပေါင်းစပ်အသုံးပြုခြင်း

အဆင့်မတူရင်မတူသလိုပြုလုပ်ရသော မဲဆွယ်ရေးများသည် မဲဆန္ဒရှင်များဆီ ရောက်ရှိနိုင်ရန် မဲဆန္ဒရှင်ဆက် သွယ်ရေးနည်းလမ်းများကို မတူသောပုံစံများဖြင့် ပေါင်းစပ်အသုံးပြုရလိမ့်မည်ဖြစ်သည်။ သန်းနှင့်ချီသောမဲဆ န္ဒရှင်များဆီ ရောက်ရှိနိုင်ရေးလုပ်ဆောင်ရသည့် အမျိုးသားဗဟိုအဆင့်နိုင်ငံရေးမဲဆွယ်မှုများတွင် အိမ်တိုင်ရာ ရောက်သွား၍ အချိန်ယူမဲဆွယ်ခြင်းကို မလုပ်နိုင်ပါ။ အဆိုပါမဲဆွယ်ရေးများတွင် အဆိုအမိန့်ပေါက်ကြားစေ ရန် အကျိုးစီးပွားရှာမီဒီယာနှင့် ရေဒီယိုကြော်ငြာများကို ပေါင်းစပ်ပြီး အသုံးချကောင်းချနိုင်သည်။ အခြား တစ်ဖက်တွင်မူ အသေးစား ဒေသန္တရမဲဆွယ်ရေးများသည် မဲဆန္ဒရှင်အရေအတွက် အနည်းငယ်ကို ရောက်ရှိ နိုင်ရေးအတွက် မီဒီယာတွင်ကြော်ငြာလျှင် ကုန်မည့် ငွေပမာဏကို တတ်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် အဆို ပါမဲဆွယ်ရေးများတွင် မဲဆန္ဒရှင်များရှိရာ အိမ်တိုင်ရာရောက်သွား၍ ပြောဆိုစည်းရုံးခြင်းက အဓိပ္ပာယ်ရှိသည်၊  အလားတူမဲဆန္ဒရှင်များထံပင် ထပ်မံ၍ တူညီသောအဆိုအမိန့်ကို တိုက်ရိုက်မေးလ်ပို့ကာ မဲဆွယ်ခြင်းနှင့် ပေါင်းစပ်အသုံးပြုနိုင်သည်။ တိုက်ရိုက်မေးလ်ပို့ခြင်းကို လိုက်နာဆောင်ရွက်ပြီးနောက် လုပ်အားပေးဝန်ထမ်း များသော မဲဆွယ်ရေးတစ်ရပ်တွင် ကိုယ်စားလှယ်ထောက်ခံသူမည်သူ၊ ကိုယ်စားလှယ်အဆိုအမိန့်ဖြင့် စည်းရုံး ခံရသူမည်သူဖြစ်သည်ကို သီးခြားသတ်မှတ်ထားရန် ထောက်ခံမဲပေးနိုင်ဖွယ်ရှိသော မဲဆန္ဒရှင်အားလုံးထံ ဖုန်း ဆက်သွယ်ရေးအတွက် ဖုန်းဘဏ်များ ထားချင်ထားနိုင်သည်။

အချိန်အား၊ ငွေအားနှင့် လူအားအစရှိသည့်အရင်းအမြစ်အမျိုးမျိုးရှိထားသဖြင့် မဲဆန္ဒရှင်ဆက်သွယ်ရေးနည်း လမ်းများကို တစ်ခုစီထုတ်သုံးခြင်းထက် ပေါင်းစပ်အသုံးချခြင်းကို အကန့်အသတ်မရှိလုပ်ဆောင်နိုင်ပြီး မဲ ဆွယ်ရေးနှစ်ခုသည် မဲဆွယ်ပုံနည်းလမ်းများကို အသုံးပြုပုံရာတွင် မည်သည့်နည်းနှင့်မျှ ထပ်တူညီနေမည်မ ဟုတ်ပါ။ ဤအတွက်ကြောင့် မဲဆန္ဒနယ်မြေခရိုင်၊ မဲဆန္ဒရှင်များ၊ ကိုယ်စားလှယ်အားလုံးနှင့်ပတ်သက်ပြီးရ နိုင်သမျှ အချက်အလက်အားလုံးကို ယူဆောင်ထားရန် အဓိကအရေးကြီးသည်၊ ထိုသို့ယူဆောင်ပြီးနောက်မှ မဲ ဆွယ်ရေးသည် အဆိုအမိန့်ကို ပေးနိုင်မည့် အလုပ်ဖြစ်နိုင်သော အစီအစဉ်တစ်ရပ်ကို ရေးသားဖော်ဆောင်ရ မည်ဖြစ်သည်။

မဲဆွယ်ရေးအဖွဲ့အနေဖြင့် မည်သည့် မဲဆန္ဒရှင်ဆက်သွယ်ရေးနည်းလမ်းကို ရွေးချယ်ရမည်ဟူ၍ စဉ်းစားဆုံး ဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် အောက်ပါဇယားကို အသုံးပြုပါ။ လက်တွေ့ကျကျဖြစ်ရန်အရေးကြီး သည်။ မည်သည့်မဲဆွယ်ရေးမှ စာရင်းပါနည်းလမ်းအားလုံးကို အသုံးပြုမည်ဟု မစဉ်းစားသင့်ပါ။ ဤသို့စဉ်း စားပါက မိမိတွင်ရှိသောအရင်းအမြစ်များကို လျော့ပါးသွားရုံသာဖြစ်စေလိမ့်မည်၊ အရင်းအမြစ်များကို ကျကျ နနစီမံခန့်ခွဲနိုင်မည်မဟုတ်သည်မှာ သေချာသည်။ မဲဆွယ်ရေးအဖွဲ့များသည် မိမိတို့လုပ်ငန်းအတွက် အချိန် အား၊ ငွေအားနှင့် လူအားအရင်းအမြစ်များအနက် မည်သည့်အရင်းအမြစ်ကို အသုံးပြုနိုင်မည်၊ နည်းလမ်းတစ် ခုစီအတွက် မည်ရွေ့မည်မျှအရင်းအမြစ်ကုန်ကျမည်ဟူသောအချက်တို့ကို လက်တွေ့ကျကျစဉ်းစားရန် လိုပါ လိမ့်မည်။  မဲဆန္ဒရှင်များကို စည်းရုံးရေး၊ ထောက်ခံသူများကို သီးခြားသတ်မှတ်နိုင်ရေး၊ ထောက်ခံသူများ မဲတ ကယ်ထည့်လာအောင်ဆောင်ရွက်ရေးအစရှိသည့် လုပ်ငန်းအားလုံးကို အထမြောက်စေမည့် နည်းလမ်းအမျိုး မျိုးကို ရွေးချယ်ရန်လည်း အရေးကြီးသည်။

မဲဆွယ်ရေးအဖွဲ့များသည် မိမိတို့မဲဆွယ်ရေးတွင် အသုံးပြုမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သော နည်းလမ်းအား လုံးပါစာရင်းတစ်ခုကို ပြုစုထားသင့်ပြီး အဆိုပါနည်းလမ်းများကို အသုံးချကာ မိမိတို့ဦးတည်ချက်အတိုင်းဖြစ် မြောက်စေရန် အချိန်အား၊ ငွေအားနှင့် လူအား မည်ရွေ့မည်မျှလိုအပ်မည်ဟူသောအချက်တို့ကို ကိန်းဂဏန်း အတိအကျဖြင့် ဆုံးဖြတ်သတ်မှတ်ထားရန် ကြိုးစားသင့်သည်။