အသစ်များ > မဲဆန္ဒရှင်စာရင်းတိုးပွားအောင်လုပ်ခြင်း

မဲဆန္ဒရှင်စာရင်းတိုးပွားအောင်လုပ်ခြင်း

2023-01-21

ရွေးကောက်ပွဲတစ်ခုတွင် GOTV လုပ်ဆောင်ရသည့်ကဏ္ဍသည် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ရေးလုပ်ငန်း အားလုံးနှင့်အတူတကွ ဆောင်ရွက်ရသော ကိစ္စဖြစ်သည်။ ရွေးကောက်ပွဲနီးလာချိန်တွင် GOTV အစီအစဉ်တစ် ရပ်စနစ်တကျရှိရေးသည် ယခင်ကစာရင်းယူထားသော မဲဆန္ဒရှင်အဆက်အသွယ်အားလုံးအပေါ် မူတည်ပြီး ဆောင်ရွက်ရသလို၊ လနှင့်ချီ၍ ကြိုတင်စီစဉ်ထားရသည်။ GOTV အစီအစဉ်များသည် မဲဆွယ်ရေးတစ်ခုနှင့် တစ်ခု မတူ ကျယ်ကျယ်ပြန့်ပြန့် ကွဲပြားသည်၊ သို့သော် ယေဘုယျရည်မှန်းချက်ကမူ အတူတူပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ထောက်ခံသူအားလုံး သတ်သတ်မှတ်မှတ်ရှိရေးနှင့် ထောက်ခံသူများ မဲထည့်လာနိုင်ရေးကို သေချာစွာလုပ်ဆောင်ရန်ဖြစ်သည်။

GOTV လှုပ်ရှားဆောင်ရွက်ချက်များတွင် ပါတီကို အမှန်တကယ်မဲထည့်မည့် တစ်သီးပုဂ္ဂလများနှင့် ၎င်းတို့ကို မဲထည့်ရန်နှိုးဆော်၊ မဲပေးကြပါရန် အားပေးတိုက်တွန်းသည့် ရွေးကောက်ပွဲနေ့မတိုင်ခင် ပါတီကို မဲထည့်ရန် အလားအလာအလွန်ရှိနေသော တစ်သီးပုဂ္ဂလများကို ဆက်သွယ်ရသည့်အလုပ်ပါဝင်သည်။ (လူများကို မဲပေး ရန်မှတ်ပုံတင်ခိုင်းရာတွင် အဆိုပါ GOTV လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်သည်၊ မဲပေးရန်မှတ်ပုံတင်ခိုင်း ခြင်းသည် မဲဆန္ဒရှင်မှတ်ပုံတင်ရေးစေ့ဆော်မှုများဖြစ်ကြသည်ဟုလည်း မကြာခဏ ရည်ညွှန်းပြောလေ့ရှိကြပါ သည်)

နိုင်ငံရေးပါတီများသည် မဲဆန္ဒရှင်စာရင်း တိုးပွားလာရေးကိစ္စကို တိတိပပ စိတ်ဝင်စားမှုရှိကြသည်။ နိုင်ငံ သားများသည် အိမ်တွင်းနေထိုင်ရင်း မဲပေး၍မရနိုင်ပါ။ ပါတီထောက်ခံသူများ မဲပေးရန်ရှိနေရုံတင်မရ၊ နိုင်ငံ သားများကပါ ရွေးကောက်ပွဲနေ့တွင် အပြင်ထွက်ပြီး မဲပေးရမည်ဖြစ်သည်။ မဲမပေးလျှင် ရွေးကောက်ပွဲ၌ ပါတီ အနိုင်ရရှိရေးအတွက် အကူအညီမဖြစ်နိုင်ပါ။

  • ပေးစာများ ပို့ပါ
  • တယ်လီဖုန်း(စာသားတိုပေးပို့ခြင်း)
  • နံရံကပ်ပိုစတာများ ချိတ်ပါ
  • ကြော်ငြာများ ထည့်ပါ(သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် အသံလွှင်ဌာနများတွင်)၊ထို့အပြင်
  • အိမ်တိုင်ရာရောက်သွားပါ။

GOTV စမလုပ်နိုင်ခင်

GOTV မဲဆွယ်ရေးကဏ္ဍတွင် မဲဆွယ်ရေးအစီအစဉ်ကို လနှင့်ချီကြာဖော်ဆောင်နေရာမှ နောက်ဆုံးမဲဆွယ် ရေးသီတင်းပတ်ကာလများအထိ အဆင့်ဆင့်အကျိုးဖြစ်ထွန်းစေသည်။ ထို့ကြောင့် GOTV ကို မစတင်ခင်မှာ ပင် ရည်မှန်းချက်များစွာကို ဖော်ဆောင်ရရှိထားပြီးဖြစ်ရမည်။

မဲဆွယ်ရေးအများအပြားကမူ GOTV စီစဉ်ဆောင်ရွက်မှုကို ရွေးကောက်ပွဲနီးမှထလုပ်သည့် ဖြစ်စဉ်တစ်ရပ်ဟု ရှုမြင်ကြသည်။ သို့သော် စနစ်တကျစီစဉ်ဆောင်ရွက်သော မဲဆွယ်ရေးများက မိမိတို့၏ GOTV နှင့်လုပ်ဆောင် မည့် မဲဆွယ်ရေးအစီအစဉ်တစ်ရပ်လုံးကို စိတ်ထဲတွင် အစကတည်းက ဖန်တီးထားကြခြင်းဖြစ်သည်။ လက် တွေ့ကွင်းဆင်းဆောင်ရွက်ချက်အစီအစဉ်ကို လနှင့်ချီကြာဖော်ဆောင်ရင်းမှ စုဆောင်းရရှိမိသည့် အချက်အ လက်များနှင့် GOTV အစီအစဉ်ကို ချမှတ်လုပ်ဆောင်ရန်လိုအပ်သည်။ မဲဆွယ်ရေးအစီအစဉ်ကို စိတ်ထဲ GOTV အကြောင်း ထည့်သွင်းစဉ်းစားချက်များနှင့်ယှဉ်၍ ချမှတ်ရန်လိုအပ်သည်။ GOTV အစီအစဉ်သည် တည်နေရာ များ၊ ထောက်ခံသူများနှင့် ထောက်ခံလာဖွယ်ရှိသူများ၏စရိုက်လက္ခဏာများအစရှိသည့် သတင်းအချက်အ လက်တို့ကို အသုံးချရလိမ့်မည်ဖြစ်သည်။ GOTV အစီအစဉ်သည် ထောက်ခံသူအုပ်စုများနှင့် ၎င်းတို့နေထိုင်ရာ နယ်မြေဒေသတို့ကို ဦးစားပေးရည်ရွယ်ချက်ထားရန်လည်း လိုအပ်မည်။ ဤအတွက်ကြောင့် ကွင်းဆင်း ဆောင်ရွက်ရေးအစီအစဉ်သည် ရေရာသေချာသောထောက်ခံသူကိန်းဂဏန်းတစ်ခုကို သီးခြားသတ်မှတ်ရေး နှင့်/သို့ ဆွဲဆောင်စည်းရုံးရေးဟူသော ပန်းတိုင်တစ်ရပ်နှင့်ယှဉ်၍စတင်ရသည်၊ ထို့နောက် အဆိုပါထောက်ခံသူ များကို ဒေသန္တရအဆင့် (ဥပမာ ရပ်ကွက်/ကျေးရွာအုပ်စု)ထိ ခြေရာခံကြည့်ရမည်ဖြစ်သည်။

တစ်နည်းအားဖြင့် GOTV ပရိုဂရမ်သည် ထောက်ခံမှုပေးသောမဲဆန္ဒရှင်စာရင်းတစ်ခုအပေါ် အခြေခံသည်။ ဤ စာရင်းကို ပြုစုရေးသည် GOTV အစီအစဉ်မစတင်ခင်အထိ ကွင်းဆင်းဆောင်ရွက်ချက်ပရိုဂရမ်၏အလုပ်ဖြစ် သည်။ GOTV စတင်သည်နှင့် မဲဆွယ်ရေးအနေဖြင့် အဆိုပါစာရင်းပါ ပြည်သူများ မဲထည့်လာရေး သေချာ အောင်လုပ်ဆောင်ရန်ကို အဓိကထားရမည်ဖြစ်သည်။ အဆိုပါစာရင်းသည် GOTV အဆက်အသွယ်စတင်နေ သည့်အချိန်တွင် မပြည့်မစုံဖြစ်နေပါက GOTV အစီအစဉ်သည် ထိရောက်နိုင်စွမ်းအား လျော့ကျမည်ဖြစ်သည်။

GOTV အတွက် ပန်းတိုင်ချမှတ်ခြင်းနှင့် ပစ်မှတ်ထားခြင်း

GOTV ဆောင်ရွက်ချက်များအတွက် ပစ်မှတ်နှစ်ချက်ရှိသည်၊ မဲထည့်ရန်မရေမရာဖြစ်ဆဲမဲဆန္ဒနယ်မြေများ ရှိ သီးခြားသတ်သတ်မှတ်မှတ်ရှိသော ထောက်ခံသူများ နှင့် မိမိပါတီကို လူများစု မဲထည့်ကြမည့်နေရာများ ဖြစ်သော မဲဆန္ဒနယ်မြေများဟူ၍ဖြစ်သည်။

၁) မဲထည့်ရန်မရေမရာဖြစ်ဆဲမဲဆန္ဒနယ်မြေများရှိ သတ်သတ်မှတ်မှတ်ရှိသော ထောက်ခံသူမျာ

မဲဆန္ဒရှင်ဆက်သွယ်ရေးကြိုးပမ်းချက်အများစုသည် “မဲထည့်ရန်မရေမရာဖြစ်ဆဲ’ မဲဆန္ဒနယ်မြေများ (မိမိပါတီ အတွက် မဲထည့်နိုင်ဖွယ်ရှိသော မဲဆန္ဒရှင် ၃၅ % - ၆၅ % နှုန်းရှိရာ မဲဆန္ဒနယ်မြေများ) ကို ပစ်မှတ်ထားသင့် သည်။ အဆိုပါမရေမရာဖြစ်ဆဲ မဲဆန္ဒနယ်မြေတစ်ရပ်တွင် မဲဆွယ်ရေးတစ်ရပ်က သီးခြားသတ်မှတ်ထားသော ထောက်ခံသူတိုင်းကို GOTV ပစ်မှတ်အုပ်စုများအတွင်း ထည့်သွင်းနေရာပေးသင့်သည်၊ သို့မှသာ မဲဆွယ်ရေးအ ဖွဲ့အနေဖြင့် အဆိုပါထောက်ခံသူများ မဲထည့်လာရေး သေချာအောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထောက်ခံမှုအားနည်းမည်မှာ သေချာသော နယ်မြေဒေသများတွင် မဲဆွယ်ရေးအဖွဲ့သည် မိမိတို့ကိုယ်စား လှယ်ကို ထောက်ခံမည်ဟု သိထားသော မဲဆန္ဒရှင်များကိုသာ မဲပေးရန် နှိုးဆော်ချင်ကြလိမ့်မည်ဖြစ်သည်။ ထို့ ကြောင့် GOTV ကြိုးပမ်းဆောင်ရွက်ချက် မတိုင်ခင် ကြိုတင်၍ မိမိတို့ကိုယ်စားလှယ်ကို မည်သည့်မဲဆန္ဒရှင် များက ထောက်ခံမှုပေးမည်ဟူသောအချက်ကို အချိန်ကုန်ခံကာ သီးခြားသတ်မှတ်ထားရန် အရေးကြီးသည်။

တစ်ခါတစ်ရံ မဲဆွယ်ရေးအဖွဲ့သည် ပညာရှိတွေး တွေးရပါလိမ့်မည်။ ဆိုလိုသည်မှာ မဲဆွယ်ရေးအဖွဲ့က မိမိတို့ ကိုယ်စားလှယ်ကိုထောက်ခံသောအမျိုးသမီးသုံးပုံ-၂ပုံသည်အသက်၅၀အောက်ဖြစ်နေသည်ကို တွေ့မိကောင်း တွေ့နိုင်(သုတေသနပြုလုပ်ပြီး)သည်။ ဤသို့သောအခြေအနေတွင် မိမိတို့၏ GOTV အစီအစဉ်တွင် GOTV ပစ် မှတ်အုပ်စုများထဲ အသက် ၅၀ အောက် အမျိုးသမီးမဲဆန္ဒရှင်အားလုံးကိုပါ ထည့်သွင်းဖြည့်စွက်လိုက်ပါက ဉာဏ်ရှိရာကျလိမ့်မည်။ သို့သော် ယုံကြည်စိတ်ချရပြီး ဓမ္မဓိဋ္ဌာန်တကျဖြစ်သော သတင်းအချက်အလက်မရှိပါ က မိမိတို့၏ GOTV ပစ်မှတ်အုပ်စုတွင် မဲဆန္ဒရှင်အစုအဖွဲ့များကို ဖြည့်စွက်ထည့်သွင်းခြင်းမျိုး မပြုလုပ်သင့်ပါ။

သတင်းအချက်အလက်က စိတ်ချယုံကြရ၍ ဖြည့်စွက်သည်ဆိုလျှင် ဤဗျူဟာသည် အကျိုးရှိနိုင်သည်။  မဲဆန္ဒ ရှင်နှင့်ပတ်သက်သောအသေးစိတ်အချက်အလက်ဖိုင်(အသက်၊ လူမျိုး၊ လိင်၊ ဝင်ငွေအစရှိသဖြင့်)တစ်ခု ထား ခြင်းနှင့် တိုင်းတာကြည့်နိုင်စရာသန်းခေါင်စာရင်းအချက်အလက်များပါ ဓမ္မဓိဋ္ဌာန်ကျသောအရင်းအမြစ် တစ်ခု ရှိထားရေးကို အားထားပါ။

၂) မိမိပါတီကို လူများစု မဲထည့်ကြမည့်နေရာများဖြစ်သော မဲဆန္ဒနယ်မြေများ

မဲဆွယ်ရေးအဖွဲ့များသည် မိမိပါတီအတွက် မဲထည့်မည်ဟု မျှော်လင့်ရသော လူများစု(၆၅ %နှုန်း သို့ ထိုထက်ပို များ)ရှိရာ အဆိုပါမဲဆန္ဒနယ်မြေများအပေါ် အာရုံစိုက်သင့်သည်။ မဲဆွယ်ရေးအဖွဲ့များသည် ယင်းနေရာဒေသ များတွင် ထောက်ခံမှု ရရှိရေးစည်းရုံးရေးဆင်းရာ၌ အချိန်စော၍လုပ်ဆောင်သင့်သော်လည်း ကျန်ရှိသည့်မဲ ဆွယ်ရေးအချိန်အများစုကိုမူ မဲပေးရန်မရေမရာဖြစ်ဆဲမဲဆန္ဒနယ်မြေများအပေါ် အာရုံစိုက်သင့်သည်။ GOTV အဆင့်တွင် မဲဆွယ်ရေးအဖွဲ့သည် မိမိတို့၏ထောက်ခံသူများအပေါ်ကို ထပ်မံအာရုံစိုက်သင့်သည်။

ကိုယ်စားလှယ်တစ်ဦး ထောက်ခံမှုတစ်ရပ် အတော်အတန်ရရှိထားသောနယ်မြေများ (ဥပမာ မဲဆန္ဒရှင်ဆယ်ဦး အနက် ခြောက်ဦး မဲပေးမည့်နေရာများ)တွင် ထောက်ခံသူများ မည်သူမည်ဝါဟူ၍ သီးခြားသတ်မှတ်ထားရန်မ လိုအပ်ပါ။ ယင်းနယ်မြေဒေသများတွင် မဲဆွယ်ရေးအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနေ့အကြောင်း မိမိတို့က မဲဆ န္ဒရှင်များကို ပို၍နှိုးဆော်၊ မိမိတို့ကိုယ်စားလှယ်ကို မဲထည့်လာရန် သေချာအောင် ပို၍ဆောင်ရွက်လေလေ မဲ ဆွယ်ရေးအဖွဲ့များသည် ဆန္ဒမဲအများစုကို ရရှိမည်ဖြစ်သည်ကို သိထားပါလိမ့်မည်။ ယင်းနယ်မြေဒေသများ တွင် မဲဆွယ်ရေးအဖွဲ့များသည် မဲဆန္ဒရှင်များနှင့် စပ်လျဉ်းပြီး “အလွတ်ဆွဲခေါ်ခြင်း”ဟုခေါ်သောအရာကို လုပ် ဆောင်နိုင်သည်၊ သို့မဟုတ် ကိုယ့်ကိုယ် ထောက်ခံမည့်သူဖြစ်၊မဖြစ် အရေးမထားဘဲ လူတိုင်းကို မဲရုံသို့ လာ ရေး ဆွဲဆောင်ခေါ်ယူခြင်းကို ဆိုလိုပါသည်။

မဲဆန္ဒရှင်စာရင်း တိုးပွားအောင်လုပ်ရေး အခြေခံစည်းမျဉ်းခုနှစ်ချက်

၁။ ပုဂ္ဂိုလ်ရေးဖြစ်အောင်လုပ်ပါ။ မဲဆန္ဒရှင်စုဆောင်းရေးသုတေသနပြုချက်အရ လူအများသည် မိမိတို့သိ သောလူတစ်ဦးက ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်လာသည့်အချိန်မျိုးတွင် ပါဝင်ဆောင်ရွက်သောအလားအလာပို များသည်ဟုသိရသည်။ မဲဆန္ဒရှင်များသည် အထူးသဖြင့် မိမိတို့နှင့် ရင်းနှီးကျွမ်းဝင်ပြီး ယုံကြည်ရသော မိတ် ဆွေများ၊ အိမ်နီးနားချင်များနှင့် ရပ်ရွာလူထုအခြေခံအဖွဲ့အစည်းများအစရှိသည့် အခြားသောသူများကို အ ကောင်းဆုံး တုံ့ပြန်တတ်ကြသည်။ ပုဂ္ဂိုလ်ရေးအပြင်ဘက်ကဖြစ်သော လက်ကမ်းစာများ သို့မဟုတ် လူထုထံ ပြန့်နှံ့ရောက်ရှိသောအီးမေးလ်များကို အာရုံထားခြင်းထက် ဝန်ဆောင်မှုများပေးခြင်း၊ စည်းဝေးတိုင်ပင်ခြင်း၊ ဖုန်းလိုင်းပေါ်ပြောဆိုခြင်း၊ သို့မဟုတ် လေ့ကျင့်သင်တန်းပေးခြင်းနှင့် အခမ်းအနားများပြုလုပ်ခြင်းကို ဆောင် ရွက်ရင်း မဲပေးမှုအကြောင်း ရှေ့ဆောင်ရှေ့ရွက်ပြုကာ စကားစမြည်ပြောဆိုနိုင်မည့် အခွင့်အလမ်းများကို ရှာ ဖွေပါ။

၂။ မခက်ခဲအောင်လုပ်ပါ။ မဲဆန္ဒရှင်များကို မဲရုံသို့ လာမဲထည့်စေနိုင်မည့် ကိစ္စအနည်းငယ်သာရှိနိုင်သည်။ ရွေး ကောက်ပွဲအကြောင်း အခြေခံသတင်းအချက်အလက်မပေးထားခြင်း၊ သဘောက မဲရုံများဖွင့်ချိန်တွင် သင်ထိုင် ရမည့် မဲရုံအပြောင်းအရွှေ့လုပ်ခံရသည်မှာ မကြာသေးလျှင် သင့်မဲရုံတည်နေရာကို မည်သို့ရှာဖွေရမည်ကို လမ်းညွှန်မပေးထားခြင်း၊ သို့မဟုတ် မည်သို့သော  သတ်မှတ်ဖော်ထုတ်ချက်မျိုးကို လိုအပ်သည်ကို မသိခြင်း သည် မဲဆန္ဒရှင်များ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အတားအဆီးဖြစ်စေနိုင်သည်။

၃။ ယှဉ်ပြိုင်မှုအရှိန်ကို စဉ်းစားပါ။ ယှဉ်ပြိုင်ခြင်းသည် မဲဆန္ဒစာရင်းကို အဓိကမောင်းနှင်နေခြင်းဖြစ်သည်။ မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲတစ်ရပ်က ယှဉ်ပြိုင်မှုရှိသည် သို့မဟုတ် ထင်ပေါ်သည်ဟု တွေးချိန်ကျမှ တုံ့ ပြန်ကြသည်။ ဤသို့တွေးထင်လာစေရန် သင့်အနေဖြင့် ကိုယ်စားလှယ်များကြား ကွာဟချက်မကြီးသောအနီး ကပ်ယှဉ်ပြိုင်မှုများဖြစ်ရသည့်အကြောင်းကို အသိပညာပေးမြှင့်တင်ခြင်းဖြင့် လုပ်ဆောင်နိုင်သည်။

၄။ အချိန်ကိုက်ဖြစ်ရေးက အရာရာတိုင်းကိုဆုံးဖြတ်သည်။ မဲဆန္ဒရှင်များသည် မဲပေးရန်အာရုံစိုက်မှုအလားအ လာ လျော့နည်းလာချိန်တွင် GOTV ကြိုးပမ်းချက်များက ရွေးကောက်ပွဲအတွက် အကျိုးဖြစ်စေနိုင်သော မဲ ဆွယ်ရေးနောက်ဆုံးသီတင်းပတ်များနှင့် ရက်ကာလများ၌ အကြီးမားဆုံးအကျိုးသက်ရောက်ချက်ရှိသည်။ ထို့ နောက် မဲဆွယ်ရေးနောက်ဆုံးသီတင်းပတ်အပြင် ရွေးကောက်ပွဲနေ့၌ မဲဆွယ်ရေး၏အရှိန်ပြင်းထန်မှုကို မြှင့် တင်ပါ။

၅။ စိတ်ကူးပုံဖော်ကြည့်ပါ။ လူများသည် မဲထည့်မည့် မိမိတို့၏အစီအစဉ်ကို အာရုံတွင် မြင်အောင်ကြည့် လာလျှင် မဲထည့်ရန်အလားအလာပိုရှိနိုင်သည်။ မည်သည့်အချိန်တွင် လူအများ ရွေးကောက်ပွဲနေ့ မဲရုံများသို့  ဦးတည်သွားကြမည်နည်း။ လူများကိုမည်သည့်အချိန်နှင့် မည်သို့ မဲပေးရန်စီစဉ်ထားသည်ဟူသော အချက်နှင့် စပ်လျဉ်းပြီး အထူးအရေးပေးစဉ်းစားခိုင်းပါ။

၆။ အပြုသဘောဆောင်ခြင်း၏စွမ်းအား။ ‘သင် မဲမပေးလျှင် စောဒကလာမတက်ပါနှင့်’ကဲ့သို့ အပျက်သဘော ဆောင်အဆိုအမိန့်ပေးခြင်း၊ သို့မဟုတ် ရွေးကောက်ပွဲအကြောင်း ထပ်တိုးအချက်အလက်မပေးဘဲနေပြီး နိုင်ငံ သားတာဝန်ကို တောင်းဆိုခြင်းများသည် ရှုပ်ထွေးစရာဖြစ်နိုင်ပြီး လမ်းလွဲသွားစေနိုင်သည်။ ရွေးကောက်ပွဲကို သင့် ရပ်ရွာလူထုအသိုင်းအဝိုင်း၏အနာဂတ်၊ သင့်ပါတီ၏အဆိုအမိန့်နှင့် ချိတ်ဆက်ပြခြင်းဖြင့် လူများကို မဲပေး ရန် တိုက်တွန်းသည့် အပြုသဘောဆောင်အဆိုအမိန့်များကို သုံးပါ။

၇။ အကျိုးရှိမည့်အရာများကို မြှင့်တင်ခြင်း။ မဲဆန္ဒရှင်များသည် အရေးတကြီးကိစ္စဆိုလျှင် တုံ့ပြန်ကြသည်။ ရွေးကောက်ပွဲက အရေးကြီးပုံရလျှင် လူများသည် မဲထွက်ပေးရန်အလားအလာပိုရှိသည်၊ အကြောင်းမူ မိမိတို့ ၏ဆန္ဒမဲက အပြောင်းအလဲတစ်ရပ်ဖြစ်စေမည်၊ မိမိတို့ကို အကျိုးရှိစေမည်၊ သို့မဟုတ် မလိုလားအပ်သောရ လဒ်များကို ရှောင်ရှားနိုင်မည်ဟူ၍ ပြည်သူက ယုံကြည်ကြခြင်းကြောင့်ဖြစ်သည်။ အကျိုးရှိမည့်အရာကို မီး မောင်းထိုးပြရန် သင့်ပါတီ၏အဆိုအမိန့်နှင့် အဓိကအရေးကိစ္စရပ်များကို အသုံးပြုပါ။

ကိုးကား - http://www.nonprofitvote.org/documents/2012/04/seven-principles-of-getting-out-the-vote.pdf