အသစ်များ > မူဘောင်ချမှတ်ခြင်းနှင့် အကွက်ဆင်ခြင်း

မူဘောင်ချမှတ်ခြင်းနှင့် အကွက်ဆင်ခြင်း

2023-01-21

မီဒီယာသည် ပြည်သူ့ရှေ့အချေအတင်စကားရည်လုခြင်းတွင် အရေးကြီးလုပ်ငန်းစဉ်ကို အတိုင်းအဆကြီးစွာ ချမှတ်သော်လည်း နိုင်ငံရေးပါတီများအပါအဝင် အခြားပါဝင်ဆောင်ရွက်ကြသူများ၏လွှမ်းမိုးမှုအောက်သို့ ရောက်သွားနိုင်သည်။ မဲဆွယ်စည်းရုံးခြင်းသည် အရေးကြီးလုပ်ငန်းစဉ်ချမှတ်ခြင်းအနုပညာဖြစ်သည်။ တစ် နည်းအားဖြင့် အနိုင်ရသည့် ပါတီသည် အရေးကြီးလုပ်ငန်းစဉ်ချမှတ်နိုင်ရေး စီမံဆောင်ရွက်ရသည့်ပါတီပင်ဖြစ် သည်၊ တစ်ဖက်တွင် ပါတီ၏အားသာချက်များနှင့် အတိုက်အခံပါတီများ၏အားနည်းချက်တို့ကို ပြည်သူ့ရှေ့   အချေအတင်စကားရည်လုပွဲတွင်း အခရာကျသော အကြောင်းအရာအနေဖြင့် ရှိနေစေရန် ဆောင်ရွက်ပေးရ မည်။ ဤသို့ဆောင်ရွက်နိုင်ရန် ပါတီများအသုံးပြုနိုင်သည့် နည်းစနစ်တစ်ခုမှာ “မူဘောင်ချမှတ်ခြင်း” ပင် ဖြစ်သည်။

မူဘောင်ချမှတ်ခြင်းဟူသည်မှာ နားထောင်သူ၏စိတ်တွင်း ရေရာသေချာသောပုံရိပ်တစ်ခု၊ ရေရာသေချာသော အစုအဖွဲ့အသင်းအပင်းများ ဖြစ်ပေါ်သွားစေနိုင်ရန် ပါတီ၏အသိပေးလှုံ့ဆော်စကားတစ်ရပ်တွင်း စကားလုံး များကို အထူးတလည်သီးခြားရွေးထုတ် သုံးစွဲခြင်းဟူ၍အဓိပ္ပာယ်ရသည်။ ဥပမာ နိုင်ငံရေးသမားများနှင့် ပြော ရေးဆိုခွင့်ရပုဂ္ဂိုလ်များသည် အထက်ပါစကားလုံးများကို သူ့နေရာနှင့်သူမှန်မှန်ကန်ကန် အကြိမ်ကြိမ်သုံးစွဲနေ မည်ဆိုလျှင် အတိုက်အခံ၏ဂုဏ်ဒြပ်ကိုပင် ထိထိရောက်ရောက် ပျက်စီးသွားစေနိုင်သည်။ ဥပမာပြရလျှင် ၂၀၀၆ ဟော်လန်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးတွင် PvdA ခေါင်းဆောင်၏စရိုက်လက္ခဏာအကြောင်း မ ဟုတ် မတရားစွပ်စွဲပြောဆိုမှုများပင်ဖြစ်သည်။ ရုပ်သံဆွေးနွေးပွဲတွင် CDA ခေါင်းဆောင်က “မစ္စတာဘော့စ် ခင်ဗျားက လမ်းလွဲပြီး မရိုးသားဘူးဖြစ်နေတယ်”ဟုပြောသည်။ ဘော့စ်သည် ထိုးနှက်ချက်ကို တုံ့ပြန်လိုက်နိုင် ခြင်းမရှိခဲ့ပါ။ ထိုအခါ အဆိုပါထိုးနှက်ချက်စကားသည် ပြည်သူလူထု၏ဘော့စ်အပေါ် သဘောထားအမြင်အထိ ရိုက်ခတ်သွားခဲ့ပြီး စွပ်စွဲချက်မှာ စကားရည်လုပွဲ၏အကြောင်းအရာတစ်ရပ်ဖြစ်သွားတော့သည်။ “အတိုက်အခံ တွေက ကျွန်တော့်ဂုဏ်သတင်းကို ဖျက်ဆီးဖို့ကြိုးစားလာတာ နှစ်နဲ့ချီနေပါပြီ”၊ “ဒါကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ စကားအဖြစ် မယူကြပါစို့လား”အစရှိသည့် ပြောဆိုချက်များနှင့် PvdA ခေါင်းဆောင်ဘော့စ်က ယင်းအပေါ်ထိုး နှက်ချက်ကို ထပ်ခါထပ်ခါ ပြန်ကျော့ပြီး ဖြေရှင်းရန်ကြိုးစားသည့်အခါ အခြေအနေသည် ဆိုးရွားနေရာမှ ပိုမို ဆိုးရွားသွားတော့သည်။ တကယ်တမ်းတွင် မူလပြောခဲ့သောထိုးနှက်ချက်စကားကိုပင် အားကောင်းသွားစေခဲ့ သည်သာဖြစ်သည်။

CDA ၏နည်းဗျူဟာမှာ အမေရိကန်သမ္မတရွေးကောက်ပွဲများတွင် ရီပက်ဘလစ်ကန်တို့က ဂျွန်ကယ်ရီအပေါ် ထိုးနှက်ခဲ့ဖူးသည့်နည်းဗျူဟာများကို မိတ္တူပွားထားခြင်းဖြစ်သည်။ ဘုရှ်သည် ကယ်ရီကို ယင်း၏အမြင်များ အား အလွန်ပင်လွယ်လင့်တကူ ပြောင်းလဲပစ်နေသည်ဟု မပြတ်တမ်းစွပ်စွဲခဲ့သည်။ ယခုလို “တစ်ဆစ်ချိုး ပြောင်းလဲမှု”ဟုခေါ်သောအပြုအမူသည် ကယ်ရီ၏အကြီးမားဆုံးစိန်ခေါ်ချက်ဖြစ်လာသည်။ မီဒီယာတွင် ထို စကားလုံးကိုသာ အကြိမ်ကြိမ်သုံးနှုန်းဖော်ပြခဲ့သည်။ အဆုံးတွင် ကယ်ရီ ကျဆုံးကိန်းဆိုက်သွားတော့သည်။

နိုင်ငံရေးသမားတစ်ဦးသည် အဂတိလိုက်စားသည်ဟု မဟုတ်တမ်းတရား စွပ်စွဲခံရလျှင် သူ သို့မဟုတ် သူမ အ နေဖြင့် တကယ်တမ်းတွင် ယင်းစွဲချက်ကို ချက်ချင်း ငြင်းဆိုသင့်သည်။ သို့ရာတွင် အရေးကြီးဆုံးအရာမှာ စွပ်စွဲ ချက်ကို တတ်နိုင်သမျှ အလျှင်အမြန် ငြင်းဆိုရင်း မဆိုင်းမတွ ပြန်ထိုးနှက်ကာ စကားရည်လုပွဲအကြောင်းအရာ ကို ပြောင်းပစ်လိုက်ရန်ပင်ဖြစ်သည်။ ထို့အပြင် နိုင်ငံရေးသမားများသည် ငြင်းဆိုချက်ကို ထပ်ကာတလဲလဲ ပြန် ကျော့ပြောနေရသည့်သံသရာထဲ ချောင်ပိတ်မခံရရန် လိုအပ်သည်။ အကြောင်းမူ တစ်ဖက်က စွပ်စွဲဖော်ပြချက် တိုင်းသည် လူအများကို ယင်းစွပ်စွဲချက်က မှန်ကောင်းမှန်နိုင်သည်ဟု တွေးထင်သွားစေနိုင်သည့်အချိန်အခါ ကိုပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသမားများနှင့် ပါတီပြောခွင့်ရပုဂ္ဂိုလ်များသည် တစ်ဖက် ကို ပြန်တုံ့ပြန်ရန် အမြဲနှေးကွေးမနေသင့်ပါ။ သို့သော် အတိုက်အခံဘက်က သူ့ဘာသာပြင်ဆင်ထားသောဝေ ဖန်ချက်များနှင့် စွပ်စွဲချက်များကို အဖြေပြန်ပေးသင့်သည်။ သင့်မဲဆွယ်စည်းရုံးရေးတွင် လိုအပ်ပါက သင့်အ သိပေးစကားကို ထပ်တလဲလဲ ပြောပြနိုင်မည့် ဝါရင့်အတွေ့အကြုံရှိ၊ ပညာရှင်ပီသသောပြောခွင့်ရပုဂ္ဂိုလ်မျိုး ရှိ ထားရန်အရေးကြီးသည်၊ ထိုသူသည် ဖြစ်လာနိုင်သည့်အမှားအယွင်းများ သို့မဟုတ် နားလည်မှုလွဲမှားခြင်းများ ကို ဖြေရှင်းတည့်မတ်ပေးနိုင်သည်။

နိုင်ငံရေးသမားများနှင့် ပါတီပြောခွင့်ရပုဂ္ဂိုလ်များသည် သတင်းသမားများအား မိမိတို့၏ဇာတ်လမ်းအသွား အလာကို အမြဲပေးထားသင့်သည်။ အကြောင်းမူ ကိုယ်မပေးလျှင် အတိုက်အခံများက ထိုသို့ပေးထားမည်မှာ သေချာသည်။ ပါတီက မြင်ထားပုံအတိုင်း(သို့မဟုတ် ပါတီအတွက် အသာရစေနိုင်မည့်ပုံစံအတိုင်း) အခြေအ နေကို ဖော်ပြပေးရန် သတင်းသမားများကို လွှမ်းမိုးစည်းရုံးထားခြင်းကို “အကွက်ဆင်ခြင်း”ဟု ခေါ်သည်။ နိုင် ငံရေးပါတီများသည် ၎င်းတို့၏အထူးသီးခြားရည်ရွယ်ချက်ကို အကောင်းဆုံး တစ်စိတ်တစ်ပိုင်းဖော်ဆောင် ပေးနိုင်ရေးကို အလေးထားရန်အတွက် အမှန်တရားကို ပရိယာယ်ဆင်ကာပေးသည်။ ထို့နောက် အချက်အ လက်အားလုံး ဓမ္မဓိဋ္ဌာန်ကျသော်လည်း သဘောထားအမြင်များနှင့် သုံးသပ်ချက်တို့သည် ထိုသို့မဖြစ်ပါ။ 

လူဆယ်ဦးက ပန်းချီကားတစ်ချပ်ကိုကြည့်ပြီး ပန်းချီကား၏အဓိပ္ပာယ်နှင့်ပတ်သက်၍ အမြင်အမျိုးမျိုးကိုပြော လိမ့်မည်ဖြစ်သည်။ မည်သည့်ပန်းချီဆရာမဆို သူ သို့မဟုတ် သူမ၏ရည်ရွယ်ချက်များအား တတ်နိုင်သမျှရှင်း လင်းပီသစွာထုတ်ဖော်ပြရန်ကြိုးမည်ဖြစ်သကဲ့သို့ နိုင်ငံရေအကွက်ဆင်ပါရဂူများသည်လည် ထိုအတိုင်းပင် ပြုလုပ်မည်ဖြစ်သည်။ သို့ရာတွင် ပန်းချီဆရာတစ်ဦးက စုတ်တံဖြင့် အလုပ်လုပ်နေရာ၌ နိုင်ငံရေးသမားများ က စကားရည်လုပွဲများ၊ မိန့်ခွန်းများ၊ သဘောထားစစ်တမ်းများ၊ မူဝါဒအဆိုပြုချက်များနှင့် အခြားအရေးပါ သော နိုင်ငံရေးအခမ်းအနားများဖြင့် အလုပ်လုပ်ရသည်။ တကယ်တမ်းတွင် အမှန်တရားကို မည်ရွေ့မည်မျှအ ထိ ပရိယာယ်ဆင်နိုင်မည်ဆိုသည်မှာ အကန့်အသတ်တော့ရှိသည်။ ပရိယာယ်ဆင်မှုသည် မုသားများဖြစ်လာ သည်အထိ ဆိုက်ရောက်လာပါက ဤအချက်သည် ပါတီ သို့မဟုတ် နိုင်ငံရေးသမားတစ်ဦး၏ပုံရိပ်ကို အဆိုး ဘက် ထိခိုက်စေနိုင်သည်။

ကိုးကား။ Becoming a better  politician: political skills manual