အသစ်များ > ဘဏ္ဍာရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း

ဘဏ္ဍာရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း

2022-09-05

ဘဏ္ဍာရေးပိုင်း ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကိုကြည့်၍ ပြည်နယ်အဆင့်အစိုးရဌာနများထံ ပေးအပ်ထားသော ဘဏ္ဍာရေးပိုင်းကိုယ်ပိုင်စီမံလုပ်ဆောင်နိုင်ခွင့် အတိုင်းအဆကို သိမြင်နိုင်သည်။ လုံလောက်သော ဘဏ္ဍာရေး အရင်းအမြစ်များမရှိလျှင် နယ်မြေအလိုက်(သို့) ဒေသအလိုက်အာဏာပိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေးပိုင်းဗ ဟိုချုပ်ကိုင်မှုလျှော့ချရေးအတွက် လိုအပ်သည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ အကျိုးရလဒ် အားဖြင့် ဘဏ္ဍာရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို ဆောင်ရွက်ရန် မျက်ကွယ်ပြုခြင်း (သို့) နှောင့်နှေးကြန့် ကြာခြင်းဖြစ်လာလျှင် အခြားသောဗဟိုချုပ်ကိုင်မှုလျှော့ချရေးအသွင်လက္ခဏာများသည်လည်း အကျိုးပျက် ယွင်းမည်သာဖြစ်သည်ဟု ဆိုလိုပါသည်။

ဗဟိုချုပ်ကိုင်မှုလျှော့ချရေးစနစ်ကျင့်သုံးသော နိုင်ငံများတွင် တွေ့ရသည့် အဓိကဘဏ္ဍာရေးပုံစံသုံးမျိုးရှိသည်။

၁။ သုံးစွဲစရိတ်အတွက် တာဝန်ယူမှုရှိရန် သတ်မှတ်ပေးထားခြင်း၊ - မည်သည့် အသုံးစရိတ်အတွက် မည် သည့်အစိုးရအဆင့်က တာဝန်ယူရမည်ဟူ၍သတ်မှတ်ခြင်း

၂။ အခွန်ကောက်ခြင်းအတွက် တာဝန်ယူမှုရှိရန် သတ်မှတ်ပေးထားခြင်း၊ - မည်သည့်အဆင့်ရှိအခွန်အခ များကို ကောက်ရန်တာဝန်ရှိသည်ဟု သတ်မှတ်ခြင်း

၃။ အစိုးရအဖွဲ့အချင်းချင်းလွှဲပြောင်းပေးအပ်ခြင်းများ၊ - အခွန်ငွေကို အစိုးရအဆင့်အသီးသီးတွင် မည်သို့ ခွဲဝေသုံးစွဲမည်၊ အစိုးရအဖွဲ့များကြား ဘဏ္ဍာငွေသုံးစွဲမှုမညီမျှခြင်းကို တန်းတူညီမျှစေရန်ဆောင် ရွက်ခြင်း

အုပ်ချုပ်ရေးပိုင်းနှင့် နိုင်ငံရေးပိုင်း ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို အကျိုးရှိရှိဖြစ်စေရန် လုပ်ငန်းများနှင့် တာဝန် ၀တ္တရားများကို ခွဲဝေသတ်မှတ်ပေးနိုင်စွမ်းအပြင် ယင်းလုပ်ငန်းများနှင့် တာဝန်၀တ္တရားများအတွက် တာဝန်ယူ ပေးဆပ်လုပ်နိုင်စွမ်းလည်း ရှိရမည်ဖြစ်သည်။ အကျိုးရလဒ်အားဖြင့် အကျိုးရှိသောဘဏ္ဍာရေးပိုင်း ဗဟိုချုပ် ကိုင်မှုလျှော့ချရေးဖြစ်ရန် အောက်ပါအခြေအနေနှစ်ရပ်လိုအပ်ပါသည်။

၁။ နယ်မြေအလိုက်(သို့)ဒေသအလိုက်အစိုးရများထံ ခွဲဝေပေးထားသောအခွန်ငွေများသည် ဒေသခံ ရပ်ရွာလူထုကို အဓိကအကျိုးဖြစ်ထွန်းစေမည့် ဒေသအလိုက်ဖြည့်ဆည်းပေးသောဝန်ဆောင်မှုများ အားလုံးအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးရန်အထိ ကာမိစေနိုင်ရမည်

၂။ ဒေသန္တရအစိုးရသည် ဒေသအလိုက်လူထုဝန်ဆောင်မှုများမှ ပြန်ရလိုက်သည့် အကျိုးခံစားခွင့်များနှင့် ချိတ်ဆက်နေသော ဒေသခံရပ်ရွာလူထုများထံမှ ပြည်နယ်အဆင့်အခွန်ငွေများကို ကောက်နိုင်ရမည်။ ပေးရသောအခွန်အခများနှင့် ပြန်ရလိုက်သည့်အကျိုးခံစားခွင့်များကြား ချိတ်ဆက်မှုရှိနေမှ ဒေသန္တရ အစိုးရအရာရှိများ၏ တာဝန်ခံမှုနှင့် ဒေသန္တရအစိုးရဝန်ဆောင်မှုဖြည့်ဆည်းပေးခြင်းတွင် ခိုင်မာ အားကောင်းနိုင်မည်ဖြစ်သည်။