အသစ်များ > ဖက်ဒရယ်စနစ်များ နှင့် တစ်ပြည်ထောင်စနစ်များ

ဖက်ဒရယ်စနစ်များ နှင့် တစ်ပြည်ထောင်စနစ်များ

2022-09-06

မေး။ ဖက်ဒရယ်စနစ်ကို အစိုးရတစ်ပြည်ထောင်စနစ်နှင့် ကွဲပြားစေသည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။

ဖြေ။ ဖက်ဒရယ်စနစ်တစ်ရပ်တွင် ဗဟိုအစိုးရကို အာဏာအလွန်အမင်းရှိမလာအောင် တားဆီးထားပြီး လိုအပ် သည့်အာဏာရပ်များကိုသာ အပ်နှင်းထားသည်။ ပြည်နယ်အစိုးရများကို “နယ်မြေဒေသတွင်းအာဏာပိုင်အ ဖွဲ့များ”အဖြစ် ဖွဲ့စည်းထားပြီး ယင်းအဖွဲ့များသည် ယင်းတို့၏မဲဆန္ဒနယ်လူထု၏နိုင်ငံရေးလိုအင်ဆန္ဒများနှင့် အညီ ဒေသန္တရအမှုကိစ္စရပ်များကို လွတ်လပ်စွာ တာဝန်ယူဆောင်ရွက်နိုင်သည်။ တစ်ပြည်ထောင်စနစ်တွင်မူ မူဝါဒများနှင့် ဆုံးဖြတ်ချက်များအားလုံးနီးပါးသည် ဗဟိုအစိုးရမှ မြစ်ဖျားခံစတင်သည်။

မေး။ ယေဘုယျအားဖြင့် ဖက်ဒရယ်စနစ်တစ်ရပ်ဖွဲ့စည်းမှုပုံစံဟူသည် အဘယ်နည်း။

ဖြေ။ ဖက်ဒရယ်စနစ်တွင် ပြည်ထောင်စု သို့ အမျိုးသားအစိုးရနှင့် ပြည်နယ်တစ်ခုချင်းစီ၌ ပြည်ထောင်စုအဖွဲ့ ဝင်ပြည်နယ်အစိုးရများနှင့် ဒေသန္တရအစိုးရများ ပါဝင်သည်။ ပြည်နယ်အစိုးရတစ်ရပ်ချင်းစီသည် ​ဒေသန္တရအ စိုးရများ၊ ယင်းတို့၏လုပ်ငန်းဆောင်တာများနှင့် အာဏာရပ်များကို ဖွင့်ဆိုသတ်မှတ်ပေးနိုင်သည်။

မေး။ နိုင်ငံတချို့သည် ဖက်ဒရယ်ဝါဒကို အဘယ်ကြောင့် ကျင့်သုံးကြသနည်း။

ဖြေ။ အချို့သောနိုင်ငံရေးနည်းလမ်းများသည် ပြည်သူလူထု၏လိုအပ်ချက်များနှင့် ပြဿနာရပ်များကို ပြည့်၀ စွာဖြေရှင်းမပေးနိုင်ဖြစ်လာရာ လက်တွေ့လုပ်ငန်းဆိုင်ရာစီမံအုပ်ချုပ်ရေးပုံသဏ္ဌာန်သစ်များကို လိုအပ်လာ သည့်အတွက် ဖက်ဒရယ်ဝါဒကို နိုင်ငံအချို့ကကျင့်သုံးလိုက်ကြခြင်းဖြစ်သည်။ ဖက်ဒရယ်ဝါဒသည် ဝေးလံ ခေါင်သီသောနယ်မြေဒေသများရှိ ပြည်သူလူထုအတွက် ပိုမိုမြင့်မားသော ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဆောင် ကြဉ်းပေးသည်။ ထို့နောက် ဖက်ဒရယ်ဝါဒသည် အဆိုပါနယ်မြေဒေသများမှ ပြည်သူတို့ကို ယင်းတို့၏လိုအပ် ချက်များနှင့် ပြဿနာရပ်များအား ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းဆောင်ရွက်ခွင့်ပြုကာ လုံလောက်သောအရင်း အမြစ်များ ထုတ်လုပ်လာနိုင်စေရန် ပံ့ပိုးပေးသည်။

မေး။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးသည် ဖက်ဒရယ်ဝါဒတွင် ကောင်းမွန်သလို တစ်ပြည်ထောင်စနစ်တွင်လည်း ကောင်းမွန်ပါသလား။

ဖြေ။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးတွင် အခြေခံအားဖြင့် အုပ်ချုပ်ရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း(လုပ်ငန်း ဆောင်တာများကို ဌာနအသီးသီးထံခွဲဝေချပေးထားခြင်း) နှင့် နိုင်ငံရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း(ဗဟိုမှ အာဏာကို လက်အောက်အဖွဲ့စအည်းများသို့ ခွဲဝေပေးခြင်း)ဟူ၍ရှိသည်။ နှစ်မျိုးစလုံးသည် တစ်ပြည်ထောင် အစိုးရစနစ်တွင်ဖြစ်စေ၊ ဖက်ဒရယ်အစိုးရစနစ်တွဖြစ်စေ တည်ရှိနိုင်သည်။ သို့ရာတွင် ဖက်ဒရယ်စနစ်သည် တစ်ပြည်ထောင်စနစ်ထက် ဒီမိုကရေစီကို ရှင်သန်ပေါက်မြောက်စေနိုင်သောအယူအဆနှင့် အနီးကပ်ဆုံးဖြစ် သည်ဟု တစ်ကမ္ဘာလုံးက လေ့လာသိရှိထားပြီးဖြစ်သည်။