အသစ်များ > နိုင်ငံရေးပါတီများ၏ သွင်ပြင်လက္ခဏာများ

နိုင်ငံရေးပါတီများ၏ သွင်ပြင်လက္ခဏာများ

2023-01-20

နိုင်ငံရေးပါတီများ၏သွင်ပြင်လက္ခဏာများ

နိုင်ငံရေးပါတီဟူသည်မှာ နိုင်ငံရေးနှင့်စပ်လျဉ်း၍သဘောထားအမြင်တူညီသော လူများပါဝင်သည့်အစုအဖွဲ့ပင် ဖြစ်သည်။ အဆိုပါအစုအဖွဲ့ဝင်လူများသည် အကျိုးစီးပွားများ၊ သီးခြားလက္ခဏာ သို့မဟုတ် အတွေးအခေါ်ဝါဒ တူညီတတ်ကြပြီး ၎င်းတို့၏ဘုံတူညီသောနိုင်ငံရေးပန်းတိုင်များဆီ ဆိုက်ရောက်နိုင်ရန် အတူပူးပေါင်းလုပ် ဆောင်ကြသည်။

လူများသည် အောက်ပါတို့ကိုရရှိရန် နိုင်ငံရေးပါတီများ ဖွဲ့စည်းထူထောင်ကြသည်

  • လူ့အဖွဲ့အစည်းတွင်း အသံပိုကျယ်ကျယ်ဖြင့် ဆော်ဩနိုင်ရန်
  • မည်သည့်မူဝါဒမျိုးကို အစိုးရက ချမှတ်သင့်သည်ဟု အကြံပေးတိုက်တွန်းရန်
  • မိမိတို့၏အတွေးအမြင်များနှင့် တန်ဖိုးများကို အများပြည်သူဆီ ရောက်ရှိနိုင်ရေး မြှင့်တင်ရန်
  • ရွေးကောက်ပွဲဝင်ပြိုင်သော ပါတီကိုယ်စားလှယ်များကို ထောက်ခံအားပေးရန်

ဥပဒေပြုရေး နှင့်/သို့မဟုတ် အုပ်ချုပ်ရေးမဏ္ဍိုင်တို့အတွက် တတ်နိုင်သမျှ ပါတီဝင်ခပ်များများ ရွေးကောက်ခံ ရစေခြင်းဖြင့် နိုင်ငံရေးပါတီများသည် နိုင်ငံရေးအာဏာကို ရရှိရန် ကြိုးပမ်းကြသည်။ နိုင်ငံရေးပါတီများသည်  ဥပဒေပြု(ပါလီမန်စနစ်အရ)လွှတ်တော်တွင်း အမတ်နေရာ အများစုကို ရရှိရန် ရည်ရွယ်သည်၊ သို့မဟုတ် အုပ် ချုပ်ရေး (သမ္မတစနစ်အရ)မဏ္ဍိုင်တွင်း ပါဝင်နိုင်ရန်အတွက် ထောက်ခံမှုကို ရရှိရန်ရည်ရွယ်သည်။ ထိုသို့ အ မတ်နေရာအများစု သို့ ထောက်ခံမဲကို ရရှိပါက ပါတီသည် “အာဏာရပါတီ”တစ်ရပ်ဖြစ်လာပြီး အစိုးရအဖွဲ့ (ပါတီတစ်ဖွဲ့တည်းကပင်ဖြစ်စေ၊ အကြီးမားဆုံးညွန့်ပေါင်းအဖွဲ့အနေဖြင့်ဖြစ်စေ)ကို ထိန်းချုပ်သည်။ အာဏာ မရသော သို့မဟုတ် အုပ်ချုပ်ရေးညွန့်ပေါင်းအဖွဲ့တွင် တစ်စိတ်တစ်ပိုင်းပါဝင်သော ပါတီများသည် အတိုက်အ ခံပါတီများဟူ၍ ဖြစ်လာသည်။

နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ဆောက်ခြင်း

နိုင်ငံရေးပါတီတွင် အဆင့်သုံးဆင့်ရှိသည်။

၁။ အစိုးရအဖွဲ့တွင်း ရွေးကောက်ခံလာရရေးအတွက် ကြိုးပမ်းနေသော ပါတီဝင်များ(နိုင်ငံရေးသမားများ)။

၂။ အမြဲတမ်း သို့မဟုတ် အချိန်ပိုင်း ပါတီဝန်ထမ်းများ။ အဆိုပါဝန်ထမ်းများသည် ပါတီမှပေးသောလစာကို ရရှိ ပြီး ပါတီ၏နေ့စဉ်လုပ်ငန်းကိစ္စအ၀၀ကို ဆောင်ရွက်ရသည်။ တချို့ဝန်ထမ်းများသည် နိုင်ငံရေးအကြံပေး၊ ပါ တီပြောခွင့်ရပုဂ္ဂိုလ်အစရှိသဖြင့် ရာထူးယူကာ ဆောင်ရွက်သည်။

၃။ ပါတီအဖွဲ့ဝင်ဖြစ်ခြင်း။ တချို့မှာ ပါတီအဖွဲ့အစည်းအတွင်း ပါဝင်တတ်သည်။ တချို့ကမူ ပါတီကို လုပ်အား ပေးအဖြစ်လည်းကောင်း၊ ရန်ပုံငွေလှူဒါန်းခြင်းဖြင့်လည်း​ကောင်း ပါဝင်ဆောင်ရွက်တတ်သည်။