အသစ်များ > အုပ်ချုပ်ရေးမဏ္ဍိုင်-သမ္မတတစ်ပိုင်းစနစ်များ(အစိုးရမဏ္ဍိုင်သုံးရပ်)

အုပ်ချုပ်ရေးမဏ္ဍိုင်-သမ္မတတစ်ပိုင်းစနစ်များ(အစိုးရမဏ္ဍိုင်သုံးရပ်)

2022-08-29

ရွေးကောက်ခံသမ္မတသည် နိုင်ငံတော်အကြီးအကဲအဖြစ်ရှိပြီး ဝန်ကြီးချုပ်မှာ အစိုးရအဖွဲ့အကြီးအကဲအဖြစ် တစ်ပြိုင် တည်ဖြစ်နေသောနိုင်ငံများလည်းရှိသည်။ ဤအခြေအနေမျိုးတွင် ထိုရာထူးနှစ်နေရာသည် ၎င်းတို့ကြား နိုင်ငံရေးခေါင်း ဆောင်မှုတာဝန်များကို မျှဝေယူထားသည်။ ဤစနစ်များကို ‘သမ္မတတစ်ပိုင်းစနစ်များ’ဟုခေါ်သည်။

နိုင်ငံတချို့သည် သမ္မတစနစ်ကို ဒီမိုကရေစီနည်းပိုကျပြီး တာဝန်ခံမှုရှိသော ပါလီမန်စနစ်နှင့် တွဲဖက်ထားကာ ခိုင်မာ ပြီးတည်ငြိမ်သောအစိုးရစနစ်ကို ထူထောင်ရန်ကြိုးပမ်းကြသည်။ ဤအတွက် အကောင်းဆုံးဥပမာကိုပြရလျှင် ပြင်သစ် နိုင်ငံဖြစ်သည်။ ပြင်သစ်၏မူလပုံစံအတိုင်း ကူးယူကျင့်သုံးသောနိုင်ငံများမှာ သီရိလင်္ကာနှင့် ပြင်သစ်စကားပြောအာဖရိ ကန်နိုင်ငံများပါဝင်သည်။

ဤပေါင်းစပ်စနစ်သည် သမ္မတ(သို့)ပါလီမန်စနစ်နှင့် လည်ပတ်ပုံ ပိုတူ၊မတူသိနိုင်ရန်မှာ သမ္မတ (သို့)ဝန်ကြီးချုပ်၏အ ပြိုင်ဆက်စပ်ရှိနေသည့် နိုင်ငံရေးအားသာချက်အပေါ် မူတည်ပါသည်။ ဖြစ်ရပ်အများစုတွင် သမ္မတအာဏာကို စိုးရိမ် ဖွယ်ရာ နိုင်ငံတော်အကျပ်အတည်းဆိုက်နေချိန်ကာလများအတွက်သင့်လျော်သည်ဟု ယူဆကြပြီး အစိုးရ၏ပုံမှန်လုပ် နေကြအလုပ်သည် ဥပဒေပြုလွှတ်တော်မှ မပြတ်တမ်းထောက်ခံပေးမှုအပေါ် မူတည်ကာ ဝန်ကြီးချုပ်က အကောင်အ ထည်ဖော်ပေးရသည်။ သို့ရာတွင် သမ္မတသည် ၎င်းတွင်ရှိသောအာဏာကို ချဲ့ထွင်ရန်ကြိုးစားနိုင်ပြီး ၎င်း၏ပါတီက ဥ ပဒေပြုလွှတ်တော်တွင်း ဆန္ဒမဲအများစုရနေချိန်တွင် အာဏာချဲ့ထွင်ရေးသည် အောင်မြင်သွားနိုင်သည်။ ထို့ကြောင့် ယ ခုတင်ပြသောပေါင်းစပ်စနစ်သည် သမ္မတနှင့် ဝန်ကြီးချုပ်ကြား တင်းမာမှုများကို မဟန့်တားနို်ငဘဲ သီရိလင်္ကာနိုင်ငံ ၏ပေါင်းစပ်စနစ်ကျင့်သုံးမှုအတွေ့အကြုံအရ အစိုးရအဖွဲ့အတွင်း ပဋိပက္ခနှင့် သွေးကွဲမှုသာဖြစ်နေမည့် နိုင်ငံရေးတစ် ရပ်ကို ပေါ်ပေါက်စေနိုင်ပါသည်။ (Ghai and Cottrell 2008:196)

သမ္မတတစ်ပိုင်းစနစ်နှင့်ဆိုင်ရာအဓိကအချက်များ