အသစ်များ > အုပ်ချုပ်ရေးမဏ္ဍိုင်-သမ္မတစနစ်များ(အစိုးရမဏ္ဍိုင်သုံးရပ်)

အုပ်ချုပ်ရေးမဏ္ဍိုင်-သမ္မတစနစ်များ(အစိုးရမဏ္ဍိုင်သုံးရပ်)

2022-08-29

သမ္မတစနစ်တွင် အုပ်ချုပ်ရေးအာဏာသည် သမ္မတတွင် တည်ရှိသည်။ သမ္မတဖြစ်သည်ဟုဆိုရမည့် အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်ကြား လုံးလုံးခွဲခြားထားသည်။ ဥပဒေပြုရေးမဏ္ဍိုင်ကဲ့သို့ပင် သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးကောက်သည်။ သမ္မတဖြစ်စေ၊ ၎င်း၏အစိုးရအဖွဲ့ဝင်ဖြစ်စေ မည်သူမျှ ဥပဒေပြုလွှတ်တော်အဖွဲ့ဝင်တစ် ဦးမဖြစ်နိုင်ပါ။ သမ္မတနှင့် ဥပဒေပြုလွှတ်တော်၏သက်တမ်းကို ပုံသေချမှတ်ထားသည်။ သမ္မတကို ဥပဒေပြုလွှတ် တော်က အယုံအကြည်မရှိအဆို(သို့​သော် စွဲချက်တင်ခြင်းကဲ့သို့ တရားဝင်လုပ်ထုံးမှတစ်ဆင့် ပြင်းထန်သောအမှားအ ယွင်းပြုချက်များကြောင့် ဖယ်ရှင်းပစ်နိုင်)ဖြင့် ဖယ်ရှားမပစ်နိုင်ပါ။ ထို့အပြင် သမ္မတသည် ဥပဒေပြုလွှတ်တော်ကို ဖျက်သိမ်းမပစ်နိုင်ပါ။ သမ္မတသည် ၎င်း၏ဝန်ကြီးများနှင့် ဝါရင့်အုပ်ချုပ်ရေးမှူးများကို ခန့်အပ်သည်။ သို့သော် ထိုသို့ ခန့်အပ်ရာတွင် ဥပဒေပြုလွှတ်တော်၏အတည်ပြုချက်ကို ယူရန်လိုအပ်သည်။ သာမန်အားဖြင့်ကြည့်လျှင် အုပ်ချုပ်ရေး လုပ်ငန်းဆောင်တာအားလုံးသည် သမ္မတတွင်သာ တည်ရှိနေသည်ဖြစ်ပြီး ဝန်ကြီးအဖွဲ့၏ခန်းကဏ္ဍသည် သမ္မတကို အကြံပေးရုံသာဖြစ်သည်။ သမ္မတနှင့် ဥပဒေပြုလွှတ်တော်၏ဆန္ဒမဲအများစုသည် နိုင်ငံရေးပါတီတစ်ခုတည်းမှဖြစ်ရန်မ လိုအပ်ပါ၊ သမ္မတသည် အများအားဖြင့် ပါလီမန်စနစ်တုန်းကထက် ဥပဒေပြုလွှတ်တော်အပေါ် ထိန်းချုပ်နိုင်မှုပိုင်းတွင် အားအလွန်နည်းသည်။ သို့သော် ဘဏ္ဍာငွေသုံးစွဲခြင်းအပါအဝင် ဥပဒေအားလုံးကို ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းပေး လိုက်သည်နှင့် သမ္မတမှာ သူ(သို့မဟုတ်)သူမ၏မူဝါဒများနှင့်စီမံကိန်းကို အကောင်အထည်ဖော်နိုင်စေရန် ဥပဒေပြု လွှတ်တော်နှင့်အတူ အလုပ်လုပ်ရတော့သည်။

သမ္မတစနစ်နှင့်ဆိုင်ရာအဓိကအချက်များ