အသစ်များ > အုပ်ချုပ်ရေးမဏ္ဍိုင်-ပါတီများနှင့် သမ္မတများ၊ ၎င်းတို့အချင်းချင်းကြား သဟဇာတဖြစ်နိုင်သလား။(အစိုးရမဏ္ဍိုင်သုံးရပ်)
အုပ်ချုပ်ရေးမဏ္ဍိုင်-ပါတီများနှင့် သမ္မတများ၊ ၎င်းတို့အချင်းချင်းကြား သဟဇာတဖြစ်နိုင်သလား။(အစိုးရမဏ္ဍိုင်သုံးရပ်)
2022-09-03
သမ္မတရုံး၏အာဏာများသည် နိုင်ငံအလိုက် အတော်အတန်ကွဲပြားသည်။ အမေရိကန်ပြည်ထောင်စုကဲ့သို့တချို့နိုင်ငံ များတွင် သမ္မတသည် အစိုးရအဖွဲ့၏အကြီးအကဲလည်းဖြစ်၊ နိုင်ငံတော်၏အကြီးအကဲလည်းဖြစ်သည်။ ဂျာမနီကဲ့သို့ ကျန်နိုင်ငံများတွင် သမ္မတသည် နိုင်ငံတော်၏အကြီးအကဲ(အခမ်းအနားများတွင်ပွဲတက်ကဏ္ဍကိုသာ အဓိကထမ်း ဆောင်ရ)ဖြစ်ပြီး အစိုးရအဖွဲ့၏အကြီးအကဲမဟုတ်ပါ။ ထို့ကြောင့် သမ္မတရုံးဌာနတွင်း ပါတီနောက်လိုက်သဘာ၀ကို လေ့လာဆန်းစစ်မှုလုပ်ရာတွင် သမ္မတသည် အမှန်ပင် အစိုးရအဖွဲ့၏အကြီးအကဲဖြစ်သလား၊ သို့မဟုတ် နိုင်ငံတော်၏ အကြီးအကဲသာဖြစ်နေသလားဟူသည်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ သမ္မတများသည် နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသော အစိုးရအဖွဲ့များကို စင်စစ် ဦးဆောင်မှုပြုလျှင် ထိုသမ္မတများသည် ၎င်းတို့၏အစိုးရအဖွဲ့အတွင်းရှိ ပါတီများနှင့် ချိတ်ဆက်မှုရှိနေမည်ဟု မျှော်လင့်နိုင်ပါလိမ့်မည်။
ထိုမျှော်လင့်ချက်ကိုထောက်ရှုပါက သမ္မတကို နိုင်ငံ၂၀ခန့်ရှိမည့် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ပါတီ၏လှုပ်ရှား ဆောင်ရွက်ချက်များ၌ ပါဝင်ပတ်သက်ခွင့်ကို တားမြစ်ပိတ်ပင်ထားသည်ဟုဆိုလျှင် အံ့ဩစရာဖြစ်နိုင်သည်။ နိုင်ငံ၁၁နိုင် ငံဖြစ်သော အယ်ဘေးနီးယား(၁၉၉၈)၊ ဘီလာရုစ်(၁၉၉၆)၊ ဘူလ်ဂေးရီးယား(၂၀၀၃တွင်ပြင်ဆင်)၊ ချက်(၁၉၉၆)၊ အက် စတိုးနီးယား(၁၉၉၂) ကာဇက်စတန်(၁၉၉၈တွင်ပြင်ဆင်) ကာဂျစ်စတန်(၂၀၀၃တွင်ပြင်ဆင်)၊ လစ်သူယေးနီးယား(၁၉ ၉၂)၊ နိုင်ဂျာ(၁၉၉၉)၊ တူရကီ (၂၀၀၂တွင်ပြင်ဆင်) နှင့်ဥရုဂွေး(၁၉၉၆တွင်ပြင်ဆင်)တို့၏ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ စကားလုံးအသုံးအနှုန်းတွင် အစိုးရအဖွဲ့တွင်း ပါတီတစ်ရပ်ကို ဦးဆောင်ခြင်းမှ ကန့်သတ်တားမြစ်ချက်ကို ထည့်သွင်း ထားသည်။ (၁၉၉၆ ဘင်္ဂလားဒေ့ရှ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အထက်ကဥပဒေများနှင့်မတူခြားနားသော ပရိယာယ် တစ်ရပ်ကို ထည့်သွင်းထားသည်။ သမ္မတသည် ‘မည်သည့်နိုင်ငံရေးပါတီ သို့မဟုတ် နိုင်ငံရေးပါတီနှင့် ဆက်စပ်နေသော အဖွဲ့အစည်း၊ သို့ နှီးနွှယ်ပတ်သက်နေသောအဖွဲ့အစည်း၏ အဖွဲ့ဝင်ဖြစ်မနေသူများ’ထဲမှ အကြံပေးကို ခန့်အပ်ရမည်ဟု ဖော်ပြထားသောပရိယာယ်ပင်ဖြစ်သည်။)
ထိုအစား ပိုဖြစ်နိုင်သည်က သမ္မတကို မည်သည့်ပါတီအခန်းကဏ္ဍကိုမှ မထမ်းဆောင်နိုင်အောင် ပိတ်ပင်ထားခြင်းသည် ပါတီနိုင်ငံရေး ‘အထက်’တွင် သမ္မတရှိနေသည့်ပုံရိပ်ကို ခြယ်မှုန်းရန်ကြိုးပမ်းမှုဖြစ်နေသည်။ (ရုရှားသမ္မတ ဘော်ရစ် ယက်ဆင်းသည် အာဏာရှိချိန်တုန်းက အဆိုပါပုံရိပ်ကို ခြယ်မှုန်းခဲ့ဖူးသည်၊ အကျိုးရလဒ်မှာမူ ကျေနပ်ဖွယ်ရာမရှိပါ။) ဖွဲ့စည်းပုံအခြေခံဥပဒေများသည် အစိုးရခေါင်းဆောင်မှုကို နိုင်ငံရေးပါတီများနှင့် မပတ်သက်မိစေရန် ကာကွယ်ထား သည့်အတိုင်းအဆအပေါ်မူတည်၍ ဖွဲ့စည်းပုံဥပဒေကို ချမှတ်ကြသူများက ပါတီသည် ဒီမိုကရေစီအစိုးရတွင် အပြု သဘောဆောင်သည့်အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်သည်ဟူသောအချက်ကို ငြင်းကြသည်။ သို့သော် ဖွဲ့စည်းပုံဥပဒေ ချမှတ်ကြသူများကမူ ယင်းကဏ္ဍကို မြင်သော်လည်း တန်ဖိုးထားချင်မှထားနိုင်သည်၊ အဆိုပါကဏ္ဍသည် စိတ်အနှောင့် အယှက်ဖြစ်စရာဟုပင် ထင်ကောင်းထင်နိုင်သည်။
ကိုးကား၊ Political Parties and Democracy in Theoretical and Practical Perspectives
သမ္မတနှင့် ပါလီမန်စနစ်များရှိ ဥပဒေပြုလွှတ်တော်
အာဏာကို ခွဲဝေပြီးကျင့်သုံးထားပုံအပေါ်မူတည်ကာ ပါလီမန်နှင့် သမ္မတစနစ်များသည် ကွဲပြားသွားနိုင်သည်။ ပေါင်း စပ်စနစ်များတွင် အထက်ပါစနစ်နှစ်ရပ်စလုံး၏စရိုက်လက္ခဏာ ပါဝင်နိုင်သည်။ ကွဲပြားချက်များကို ဇယား ၄ တွင်တွေ့ နိုင်သည်။