အသစ်များ > အုပ်ချုပ်ရေးမဏ္ဍိုင်-ပါလီမန်စနစ်များ(အစိုးရမဏ္ဍိုင်သုံးရပ်)

အုပ်ချုပ်ရေးမဏ္ဍိုင်-ပါလီမန်စနစ်များ(အစိုးရမဏ္ဍိုင်သုံးရပ်)

2022-08-29

ပါလီမန်စနစ်တွင် နိုင်ငံတော်အကြီးအကဲသည် အများအားဖြင့် အစိုးရအကြီးအကဲနှင့်မတူသီးခြားစီဖြစ်သည်။ ပါလီမန် စနစ်တွင် နိုင်ငံတော်အကြီးအကဲသည် ဗြိတိန်နိုင်ငံမှာကဲ့သို့ဆိုလျှင် ဘုရင်ဖြစ်နေပြီး အိန္ဒိယမှာကဲ့သို့ဆိုလျှင်သမ္မတ ဖြစ်နေသည်။ သမ္မတကိုမူ သာမန်အားဖြင့် ဥပဒေပြုလွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်မှ ရွေးကောက်ပွဲဝင်အမတ်တစ်စုက ရွေးကောက်တင်မြှောက်သည်။ အစိုးရအကြီးအကဲသည် ဝန်ကြီးချုပ် ဖြစ်သည်။ ဝန်ကြီးချုပ်နှင့် ကက်ဘိနက်အဖွဲ့သည် လွှတ်တော်အမတ်များထဲမှ ရွေးချယ်ခန့်အပ်ခံရသည်။

ပါလီမန်စနစ်အများစုတွင် သမ္မတသည် ဝန်ကြီးချုပ်ကို ခန့်အပ်သော်လည်း လွှတ်တော်အမတ်အများစု၏ထောက်ခံမှု ရရှိသောလွှတ်တော်အမတ်ထဲက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ရမည်၊ တစ်နည်းအားဖြင့် ထိုဝန်ကြီးချုပ်သည် ဆန္ဒမဲအ များစုရပါတီ၏ခေါင်းဆောင်(သို့မဟုတ်) ပါတီညွန့်ပေါင်းတစ်ရပ်၏ခေါင်းဆောင်ဖြစ်ပြီး ပါတီညွန့်ပေါင်းအဖွဲ့သည် လည်း ဆန္ဒမဲအများစု၏ထောက်ခံမှုကို အတူရရှိထားသည်။ တစ်ခါတစ်ရံ ဝန်ကြီးချုပ်ကို ဥပဒေပြုလွှတ်တော်(ဆွီဒင် နိုင်ငံမှာကဲ့သို့)ဥက္ကဋ္ဌ၏အကြံပေးတိုက်တွန်းချက်အရ၊ သို့မဟုတ် ဥက္ကဋ္ဌက ခန့်အပ်သည်။ ခန့်အပ်ရာတွင် ဆန္ဒမဲအများ စု၏ထောက်ခံမှုရရှိရန်ဟူသော အခြေခံမူကို လိုက်နာသည်။ အခါအားလျော်စွာ ဝန်ကြီးချုပ်ကို ဥပဒေပြုလွှတ်တော် (န ယူးဂီနီ သို့ ဆော်လမွန်ကျွန်းစုများတွင်ကဲ့သို့)က တိုက်ရိုက်ရွေးကောက်တတ်သည်။ ဝန်ကြီးချုပ်သည် ကက်ဘိနက်အ ဖွဲ့ဝင်များကို ခန့်အပ်သည်။

တချို့အခြေအနေများတွင် နိုင်ငံတော်အကြီးအကဲ၌ အစိုးရကို ဖြုတ်ချရန်အာဏာရှိသော်လည်း တခြားအခြေအနေ များတွင်မူ ထိုအကြီးအကဲ၏အခန်းကဏ္ဍသည် အဓိကအားဖြင့် ပွဲတက်ရာထူးအဖြစ်သာရှိသည်။ အစိုးရ၏စင်စစ်အာ ဏာသည် ဝန်ကြီးများအဖွဲ့(ကက်ဘိနက်)တွင် တည်ရှိပြီး ဝန်ကြီးချုပ်၏ဦးဆောင်မှုအတိုင်းဆောင်ရွက်ရသည်။ ဝန် ကြီးများအဖွဲ့သည် စုပေါင်းတာဝန်ယူမှုဟူသောအခြေခံမူအတိုင်း ဆောင်ရွက်ရသည်၊ တစ်နည်းအားဖြင့် မူဝါဒရေးရာ ဆုံးဖြတ်ချက်များကို ဝန်ကြီးတစ်ဖွဲ့လုံးက ချမှတ်ရမည်ဖြစ်ပြီး ဝန်ကြီးများအားလုံးက ကာကွယ်ရမည့်သဘောပင်ဖြစ် သည်။

အစိုးရသည် မည်သည်အချိန်တွင်မဆို ပါလီမန်ကို တာဝန်ခံရပြီး မူဝါဒအတွက် ပါလီမန်အမတ်များထံ ရှင်းလင်းကာ ကာကွယ်ပေးရမည်ဖြစ်သည်။ ပါလီမန်သည် အယုံအကြည်မရှိအဆိုတင်သွင်းပြီး အစိုးရကို အချိန်မရွေးဖြုတ်ချနိုင် သည်။ ပါလီမန်စနစ်အများအပြားတွင် ဝန်ကြီးချုပ်သည် သေချာသောစည်းကမ်းကန့်သတ်ချက်များကို လိုက်နာပြီး ပါလီမန်ကို ဖျက်သိမ်းရန်ဆောင်ရွက်နိုင်သလို ဖျက်သိမ်းရန်လည်း တောင်းဆိုနိုင်သည်။ ဝန်ကြီးချုပ်နှင့် ပါလီမန်ကြား ပဋိပက္ခသည် အကျိုးရလဒ်အဖြစ် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ပြေလည်သွားတတ်ကြသည်။

ပါလီမန်စနစ်ဆိုင်ရာအဓိကအချက်များ