အသစ်များ > အုပ်ချုပ်ရေးမဏ္ဍိုင်(အစိုးရမဏ္ဍိုင်သုံးရပ်)

အုပ်ချုပ်ရေးမဏ္ဍိုင်(အစိုးရမဏ္ဍိုင်သုံးရပ်)

2022-08-29

အုပ်ချုပ်ရေးမဏ္ဍိုင်သည် ဥပဒေပြုလွှတ်တော်က ရေးဆွဲလိုက်သည့် ဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ရန် အတွက်တာဝန်ရှိသည်။ အုပ်ချုပ်ရေးမဏ္ဍိုင်တွင် ဥပဒေများကို ရေးဆွဲရန်(စာရွက်ပေါ်ရေးသားခြင်း)၊ လက်တွေ့သက် ဝင်စေရန်လုပ်ဆောင်နိုင်သည့်(အရင်းအမြစ်များကို ခွဲဝေခြင်း(သို့) အဖွဲ့အစည်းများကို ထူထောင်ခြင်းကဲ့သို့)အာဏာရှိ ထားသည်။ ဥပမာ စက်ရုံအားလုံးသည် လေထုညစ်ညမ်းမှုကို လျှော့ချ၍ထုတ်လုပ်ရန်လိုအပ်သည်ဟူသော ဥပဒေတစ် ရပ်ကို ပြဋ္ဌာန်းပါက ထိုသို့လုပ်ဆောင်ရန် စက်ရုံများ၌ နည်းမှန်လမ်းမှန်သင်တန်ပေးခြင်း၊ စက်ကိရိယာတပ်ဆင်ခြင်း နှင့် အရင်းအမြစ်များရှိလာအောင် လုပ်ပေးရေးသည် အုပ်ချုပ်ရေးမဏ္ဍိုင်၏အလုပ်ပင်ဖြစ်သည်။

သို့ရာတွင် အုပ်ချုပ်ရေးမဏ္ဍိုင်တွင် ပြည်တွင်းအဆင့်၊ ပြည်ပအဆင့်ဆောင်ရွက်ရမည့် အခန်းကဏ္ဍအများအပြားရှိ သည်။ အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ရပ်၏အရေးကြီးဆုံးလုပ်ငန်းဆောင်တာများအနက်အချို့မှာ

  • သံတမန်ဆက်ဆံရေး(အခြားနိုင်ငံများနှင့်ဆက်ဆံရေးများ)
  • အစိုးရဘဏ္ဍာငွေကို စီစဉ်ချမှတ်ခြင်း
  • စစ်တပ်ကို ထိန်းချုပ်ခြင်း
  • အစိုးရဝန်ထမ်းများကို စီမံခန့်ခွဲခြင်းနှင့် အုပ်ချုပ်ခြင်း
  • အရေးပေါ်ကာလဦးဆောင်မှုပေးခြင်း(သဘာ၀ကပ်ဘေး သို့ အကြမ်းဖက်ပဋိပက္ခဖြစ်ချိန်မျိုးတွင်)

အုပ်ချုပ်ရေးမဏ္ဍိုင်တိုင်းတွင် အပိုင်းနှစ်ပိုင်းရှိသည်။ နိုင်ငံတော်အကြီးအကဲသည် တိုင်းပြည်၏ကိုယ်စားလှယ်ဖြစ်သူ ခေါင်းဆောင်ပင်ဖြစ်သည်။ ထိုခေါင်းဆောင်များသည် တိုင်းပြည်အတွက် ဆွေးနွေးစကားပြောရန်နှင့် နိုင်ငံတော်အခမ်း အနားများကို တက်ရောက်ရန်တာဝန်ရှိသည်။ ဒုတိယတစ်ချက်မှာ အစိုးရအကြီးအကဲဖြစ်သည်။ အစိုးရအဖွဲ့ကို လည် ပတ်ပေးနေသောနေ့စဉ်အလုပ်ကို စီမံခန့်ခွဲပေးရန်တာဝန်ရှိသူကို ဆိုလိုသည်။ ထိုအစိုးရအကြီးအကဲများသည် ကက်ဘိ နက်ဟုခေါ်သော ဝန်ကြီးများအဖွဲ့၏ခေါင်းဆောင်အဖြစ် ပြုမူဆောင်ရွက်သည်။ ဝန်ကြီးတစ်ဦးစီတွင် ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေး (သို့)ပညာရေးကဲ့သို့သောသီးခြားနယ်ပယ်တစ်ရပ်တွင် အစိုးရကလုပ်ဆောင်ပေးရသည့်အလုပ် အားလုံးကို စနစ်တကျစီမံဆောင်ရွက်ပေးရန်တာဝန်ရှိသည်။

အုပ်ချုပ်ရေးမဏ္ဍိုင်တွင် အာဏာမည်ရွေ့မည်မျှရှိသည်ဟူသောအချက်မှာ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံမတူကွဲပြားသည်။ အချို့သောသမ္မတစနစ်များတွင် သမ္မတ၌ ဥပဒေပြုလွှတ်တော်က ရေးဆွဲလိုက်သည့်ဥပဒေများကို အကြံပေးရန်၊ လက် ခံရန်နှင့် ဗီတိုအာဏာသုံးပယ်ဖျက်ရန်အခွင့်အရေးရှိသည်။ အခြားနိုင်ငံများတွင်မူ သမ္မတ၏အခန်းကဏ္ဍသည် ဥပဒေ ပြုလွှတ်တော်ကရေးဆွဲလိုက်သောဥပဒေများကို လက်တွေ့ဖော်ဆောင်ပေးရန်သာဖြစ်သည်။ ဤအခြေအနေတွင် သမ္မ တသည် ဥပဒေပြုလွှတ်တော်၏ဆုံးဖြတ်ချက်များကို မကြာမကြာ ကြားဝင်စွက်ဖက်၍မရနိုင်ပါ။ တချို့တိုင်းပြည်များ တွင် နိုင်ငံတော်အကြီးအကဲသည် သမ္မတ(သို့) ဘုရင်ဖြစ်နေပြီး အစိုးရအကြီးအကဲအဖြစ် ဝန်ကြီးချုပ်က ဆောင်ရွက်ရ သည်လည်းရှိသည်။ ထိုပုံစံများကို ပါလီမန်စနစ်များဟု ခေါ်သည်။(McLaunghlin 2013 :81)