အသစ်များ > အတွေးအခေါ်ဝါဒများကို ဆန်းစစ်ခြင်း

အတွေးအခေါ်ဝါဒများကို ဆန်းစစ်ခြင်း

2022-08-29

အတွေးအခေါ်ဝါဒများ ကွဲပြားလျှင် လက်ခံထားသည့်စံနှုန်းများ၊ ရည်မှန်းချက်များနှင့် သဘောထားအမြင်များ ပါကွဲပြားသည်ဟူသောအချက်ကို ယခင်အခန်းတွင် တွေ့မြင်ရပြီးဖြစ်သည်။ သို့ရာတွင် အတွေးအခေါ်ဝါဒဟု ဆိုရာတွင် ယုံကြည်ချက်များနှင့် စံနှုန်းများသာ ပါဝင်နေသည်မဟုတ်ဘဲ လူ့အဖွဲ့အစည်းတိုးတက်လာရန် လို အပ်သည့် လုပ်ငန်းအစီအစဉ်များလည်း ပါဝင်နေသည်။

အတွေးအခေါ်ဝါဒများကို ဆန်းစစ်ခြင်းသည် ယင်းအတွေးအခေါ်က အဆိုပြုနေသော နိုင်ငံရေးစနစ်ကို သုံး သပ်ကြည့်ခြင်းပင်ဖြစ်သည်ဟု ဆိုလိုသည်။ နိုင်ငံရေးစနစ်ဆိုသည်မှာ ဝါဒတစ်ရပ်၏စံနှုန်းများကို ထင်ဟပ်နေ သော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးရာ(ယန္တရား)တည်ဆောက်မှုများကို ရည်ညွှန်းသည်။ အတွေးအခေါ်ဝါ ဒအသီးသီးတွင် ၎င်းတို့ပိုမိုအရေးထားကြသည့် စံနှုန်းများမတူကွဲပြား၏။ လွတ်လပ်မှု၊ လုံခြုံမှု(သို့မဟုတ်) တန်းတူညီမျှမှုကဲ့သို့သော စံနှုန်းများ၏အရေးပါမှုကို ထောက်ရှုကာ အတွေးအခေါ်ဝါဒတစ်ရပ်ကို ထောက်ခံရပ် တည်ကြသူများ ဖန်တီးရန်ကြိုးပမ်းနေသော စနစ်အမျိုးအစားကို သိမြင်နိုင်ပါလိမ့်မည်။

နိုင်ငံရေးစနစ်တစ်ရပ်တွင် အထက်ပါစံနှုန်းများသည် အများပြည်သူ၏ဘ၀ကို အမှန်စင်စစ် ထင်ဟပ်သက် ရောက်နေမည့် ဥပဒေများ၊ မူဝါဒများ နှင့် အင်စတီကျူးရှင်းများအဖြစ် ကူးပြောင်းသွားသည်။ ထို့ကြောင့် အ တွေးအခေါ်ဝါဒများကို ဆန်းစစ်ရာတွင် လူ့အဖွဲ့အစည်းအပေါ် အဆိုပါ ဝါဒများ၏လူမှုရေးနှင့် စီးပွားရေးအရ ရိုက်ခတ်မှုများကို ကြည့်ရှုခြင်းကလည်း အရေးပါသောအစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေသည်။ ထို့အပြင် နိုင်ငံရေးစနစ်တစ်ရပ်သည် အခွင့်အရေး၊ တန်းတူညီမျှရေးနှင့် လွတ်လပ်ခွင့်တို့အပေါ် ရိုက်ခတ်နေမည့်သက် ရောက်ချက်များအကြောင်း ထည့်စဉ်းစားရခြင်းလည်း ပါဝင်သည်။ ထို့အပြင် နိုင်ငံရေးနှင့်စပ်လျဉ်းသော မိမိ တို့၏စံနှုန်းများ၊ ယုံကြည်ချက်များနှင့် သဘောထားအမြင်များအား ဆန်းစစ်ရာတွင် အထက်ပါသက်ရောက် ချက်များအကြောင်း ထည့်စဉ်းစားရန်အရေးကြီးသည်။

ဇယား ၁။ အောက်ပါသီးခြားထုတ်နုတ်ထားသောပြဿနာရပ်များအပေါ် အတွေးအခေါ်ဝါဒအသီးသီး၏ ရပ်တည်ချက်များ