အသစ်များ > တန်းတူညီမျှမှု

တန်းတူညီမျှမှု

2022-08-29

တန်းတူညီမျှမှုသည် ကိုယ်စားပြုဒီမိုကရေစီအတွက် လိုအပ်သည်။ (စိတ်နှလုံးသားကောင်းမွန်ပြီးရပ်ရွာလူထု အသိုင်းအဝိုင်းအကျိုးထမ်းရွက်လိုစိတ်ရှိသော)လူတချို့က ကိုယ်စားလှယ်ဖြစ်ရန် ပိတ်ပင်ခံရပြီး (စိတ်နှလုံးသားဆိုးရွားပြီး ရပ်ရွာ လူထုအသိုင်းအကျိုးထမ်းလိုစိတ်နည်းသော) ကျန်လူများက ဦးစီးဦးဆောင်ပြုရန် အထူးအခွင့်အရေးပေးခံထားရပါက ဒီမိုကရေစီ ရှင်သန်နိုင်တော့မည်မဟုတ်ပါ။

ထို့အတူ ဒီမိုကရေစီစနစ်တွင် အရွယ်ရောက်ပြီးနိုင်ငံသားတိုင်း မဲပေးခွင့်ရှိရမည်ဖြစ်ပြီး မဲတိုင်းသည် တန်ဖိုးရှိရမည်။ ဆုံးဖြတ်ချက်ချရန်မဖြစ်နိုင်သော ပြင်းထန်သည့်စိတ်ရောဂါဝေဒနာခံစားရသူများမှတစ်ပါး မည်သည့်အကြောင်းပြချက် ကောင်းကိုပေး၍ အထက်ပါအခွင့်အရေးကို ကန့်သတ်မထားသင့်ပါ။

ကိုယ်စားလှယ်များကို ရွေးချယ်ရန်အခွင့်အလမ်း နိုင်ငံသားတချို့တွင် နည်းပါးနေပါက ထိုကိုယ်စားလှယ်များသည် လူ ထုအသိုင်းအဝိုင်းတစ်ရပ်လုံးကို ကိုယ်စားပြုထင်ဟပ်လိမ့်မည်မဟုတ်ပါ။

ဤသို့သောအခြေအနေမျိုးကို ‘ပြည်သူ့အုပ်ချုပ်ရေး’၏သာဓကဖြစ်ရပ်များဟု ဆို၍မရနိုင်၊ အကြောင်းမူ ‘ပြည်သူ’အ များအပြားသည် လူထုအသိုင်းအဝိုင်းကို မည်သို့အုပ်ချုပ်သင့်သည်ဟူသောဆုံးဖြတ်ချက်ချမှတ်ခြင်းမှ ဖယ်ထုတ်ခံထား ရခြင်းကြောင့်ဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် လူတိုင်း ၎င်းတို့အပေါ်သက်ရောက်မည့်ဆုံးဖြတ်ချက်များ ချရာတွင် တန်းတူပါဝင် ဆောင်ရွက်ခွင့်ရှိ သည်။ လူအများ တန်းတူဆောင်ရွက်ခွင့်မရသော လူ့အဖွဲ့အစည်းတွင် လူတချို့သည် ပါဝင်ဆောင်ရွက်ခွင့်မရှိအောင် ဖယ်ကြဉ်ခံထားရနိုင်သဖြင့် ဒီမိုကရေစီအတွက် အလွန်ဆိုးရွားသည်ဟု ဆိုရပါမည်။

နိုင်ငံသားတိုင်းကို လူမျိုး၊ ဘာသာ၊ တိုင်းရင်းသား၊ ကျားမလိင်(သို့) လိင်စိတ်ကွဲပြားချက်အပေါ်အခြေခံကာ ခွဲခြား ဆက်ဆံ၍မရပါ။ နိုင်ငံသားတချို့ ဖယ်ကြဉ်(သို့) ဘေးဖယ်ထုတ်ခံရလျှင် တန်းတူညီမျှရေးဟူသော ဒီမိုကရေစီစံနှုန်းကို ချိုးဖောက်ခြင်းသာဖြစ်သည်။ ထိုစံနှုန်းချိုးဖောက်ခံရသည်နှင့် ပါဝင်ဆောင်ရွက်ခွင့်လည်း ကင်းမဲ့သွားနိုင်ပြီး အကြမ်း ဖက်ပဋိပက္ခအဆင့်ထိတိုင် ရောက်သွားနိုင်သည်။

တီမောနိုင်ငံရှိ ခွဲတမ်းစနစ်

အမျိုးသမီးများအတွက်ခွဲတမ်းစနစ်တင်သွင်းရေးအငြင်းအခုံတစ်ရပ်သည် ၁၉၉၉ ခုနှစ်၊ အောက်တိုဘာနှင့် ၂၀၀၁ ခုနှစ် ဧပြီလကြားအရှေ့တီမောရှိကုလသမဂ္ဂနိုင်ငံဖြတ်ကျော်အုပ်ချုပ်ရေးကာလအတွင်း တီမောလက်စတီတွင် ဖြစ်ပွားခဲ့ သည်။ ထိုကာလအတွင်း Rede Feto Timor Leste (အမျိုးသမီးအဖွဲ့အစည်း၁၆ဖွဲ့ပါကွန်ရက်)သည် ပေကျင်းလှုပ်ရှားမှု ဆိုင်ရာပလက်ဖောင်းနှင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာကုလသမဂ္ဂသဘော တူစာချုပ်အပေါ်မူတည်၍ ရွေးကောက်ပွဲဆိုင်ရာစည်းမျဉ်းဥပဒေတွင် ခွဲတမ်းစနစ်ကို မဖြစ်မနေ ပြဋ္ဌာန်းပေးရန် အဆို ပြုလိုက်သည်။ အဆိုပြုချက်အရ နိုင်ငံရေးပါတီစာရင်းတွင် အနည်းဆုံးအမျိုးသမီးအမတ်လောင်း ၃၀ရာခိုင်နှုန်းကို အ ဆိုပြုခဲ့ပြီး အနိုင်ရနိုင်သောနေရာများတွင် စီစဉ်ထားခဲ့သည်။ အပေါ်မှ စာရင်းပြုလိုက်သည့် တတိယမြောက်အမတ် လောင်းတိုင်းသည် အမျိုးသမီးဖြစ်သည်။ သို့ရာတွင် ၂၀၀၁ခုနှစ်၌ ခွဲတမ်းစနစ်ကို အမျိုးသားကောင်စီက ငြင်းပယ် လိုက်သည်။ နောက်ဆုံးတွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေအပိုဒ် ၁၂.၃ကို ၂၀၀၆ခုနှစ်တွင် ကျင့်သုံးခဲ့သည်။ ထိုအပိုဒ်အရ ရွေးကောက်ပွဲစာရင်းများတွင် အမတ်လောင်းလေးဦးမှတစ်ဦးသည် အမျိုးသမီးဖြစ်ရမည်ဟု ပါရှိသည်။ အမတ်လောင်း စာရင်းတွင် အမတ်လောင်းသုံးဦးတိုင်းတွင် အမျိုးသမီးတစ်ဦးထည့်သွင်းမည့် ပိုမိုးတိုးတက်သောစည်းမျဉ်းဖြစ်စေရန် ၂၀၁၁ခုနှစ်တွင် ဤခွဲတမ်းစနစ်ကို ပြင်ဆင်ခဲ့သည်။

ကိုးကား - http://www.quotaproject.org/uid/countryview.cfm?CountryCode=TL