အသစ်များ > ဒီမိုကရေစီ၏အင်္ဂါရပ်များ - ပွင့်လင်းမြင်သာမှု

ဒီမိုကရေစီ၏အင်္ဂါရပ်များ - ပွင့်လင်းမြင်သာမှု

2022-08-29

ပွင့်လင်းမြင်သာမှုဟူသည် အစိုးရ၌ ပြည်သူလူထုနှင့်အတူ သတင်းအချက်အလက် မျှဝေပေးရန် တာဝန်ယူမှုတစ်ရပ်ရှိ သည်ဟု အဓိပ္ပာယ်ရသည်။ နိုင်ငံသားများသည် မည်သည့်ဆုံးဖြတ်ချက်များကို ချမှတ်နေသည်၊ မည်သို့ ချမှတ်သည်၊ မည်သည့်အတွက်ကြောင့်ချမှတ်သည်အပြင် အစိုးရက ဘဏ္ဍာငွေကို မည်သို့သုံးစွဲသည်ဟူသော အချက်အလက်များကို သိခွင့်ရှိသည်။

တစ်နည်းအားဖြင့် သတင်းအချက်လက်သည် ဆုံးဖြတ်ချက်များ၏သက်ရောက်မှုခံရမည့် ပြည်သူဆီ လွတ်လပ်စွာစီး ဆင်းခွင့်ရနိုင်ရမည်ဟု ဆိုလိုသည်။ ထုတ်ပေးလိုက်သောသတင်းအချက်အလက်သည် သိရလွယ်ကူပြီး နားလည်ရမ ခက်ရန်လည်း အရေးကြီးသည်။ ယခုလိုသတင်းအချက်လက်(နှင့် ၎င်းနှင့်ဆက်စပ်သောဥပဒေများ) ထုတ်ပေးရန်တာ ဝန်ရှိခြင်း၊ တာဝန်ယူခြင်းကို ‘သတင်းအချက်အလက်လွတ်လပ်ခွင့်’ဟု ခေါ်တတ်ကြသည်။

သတင်းအချက်အလက်လွတ်လပ်ခွင့်တွင် အားသာချက်များစွာရှိသည်။ ၎င်းတို့မှာ

  • အစိုးရသည် ပြည်သူမသိဘဲ နိုင်ငံသားများ၏လွတ်လပ်ခွင့်အချို့ကို တိတ်တဆိတ်ချိုးဖောက်၍မရနိုင်ခြင်း
  • အစိုးရသည် ၎င်းချမှတ်ထားသော စည်းကမ်းများနှင့် စည်းမျဉ်းဥပဒေကို လိုက်နာရခြင်း
  • အစိုးရ၏အလုပ်လုပ်ကိုင်မှုအရည်အသွေးနှင့်ပတ်သက်သောသတင်းအချက်အလက်များကို လွတ်လပ်စွာရရှိနိုင်သဖြင့် အစိုးရသည် အလုပ်ကြိုးစားရန်လိုအပ်ခြင်း
  • သတင်းအချက်အလက်ကို ဖုံးကွယ်ထား၍မရနိုင်အောင် ကန့်သတ်ထားသဖြင့် အစိုးရအရာရှိများအတွက် ပြည်သူကို လိမ်ညာရန်ပိုခက်ခဲခြင်း

အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုကို ကန့်သတ်ရန်လိုအပ်သောအခြေအနေတချို့တော့ရှိသည်။ ဥပမာ- အမျိုးသားလုံ ခြုံရေးအကျိုးစီးပွားများ၊ သို့မဟုတ် ပြည်သူလူထု၏ဘ၀ (သို့) လူ့အခွင့်အရေးတို့ အန္တရာယ်ရှိနေသောအခြေအနေမျိုး ကိုရည်ညွှန်းပါသည်။ ဤသို့အစိုးရကထိမ်ချန်လျှို့ဝှက်ရမည့်ကိစ္စရပ်များတွင် လက်နက်ထုတ်လုပ်ပုံများ၊ စစ်ရေးအစီအ စဉ်များ၊ သံတမန်ရေးညှိနှိုင်းဆွေးနွေးခြင်းနည်းစနစ်များနှင့် တစ်ပါးသူထံမှ တရားမဝင်ရယူထားသောလျှို့ဝှက်ချက် များ(ထောက်လှမ်းရေး) ပါဝင်နိုင်သည်။ တစ်ခါတစ်ရံ ဤသတင်းအချက်အလက်များကို အချိန်ကာလတစ်ခုကြာ(ဥပမာနှစ်၆၀ကြာ)အထိ လျှို့ဝှက်ထားပြီးမှ လူထုထံ အသိပေးချပြတတ်ကြသည်။

သို့ရာတွင် သတင်းအချက်အလက်ထိမ်ချန်လျှို့ဝှက်ရမှုအခြေအနေများကို အလွဲသုံးစားလုပ်မပစ်ရန် အလွန်အရေးကြီး သည်။ အစိုးရသည် ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး ပွင့်လင်းမှုရှိရန်နှင့် ထိုသို့မဟုတ်ပါက အစိုးရအပေါ် ဖိအားပေး ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။

နှိုင်းယှဉ်လေ့လာချက်များဖင်လန်နှင့် ဟောင်ကောင်

ဖင်လန်

ဖင်လန်နိုင်ငံတွင်ပြည်သူ့စာရွက်စာတမ်းများပွင့်လင်းမြင်သာမှုဆိုင်ရာဥပဒေအရ အစိုးရအရာရှိများ၊ မြို့တော်အုပ်ချုပ် ရေးအဖွဲ့များနှင့် မှတ်ပုံတင်ထားသော ဘာသာရေးအဖွဲ့အစည်းများရှိ မှတ်တမ်းများနှင့် စာရွက်စာတမ်းများအားလုံး ပွင့်လင်းမြင်သာမှုရှိရမည်ဖြစ်သည်။ အမျိုးသားလုံခြုံရေးကဲ့သို့ သီးခြားစာရင်းဝင်အကြောင်းကိစ္စရပ်များအတွက် ဥပဒေဖြင့် (သို့) အုပ်ချုပ်ရေးမဏ္ဍိုင်ဖြင့် ပြဋ္ဌာန်းပေးမှဖြစ်နိုင်မည့် အခြေခံသဘောတရားနှင့်ဆိုင်ရာကိုတော့ ခြွင်းချက်ထား ရမည်

ဟောင်ကောင်

ဟောင်ကောင်နိုင်ငံတွင် သတင်းအချက်အလက် လွတ်လပ်ခွင့်ကို အာမခံပေးထားသော သီးခြားပြဋ္ဌာန်းဥပဒေဟူ၍ မရှိ ပါ။

၁၉၉၅ခုနှစ်မှစ၍ ဟောင်ကောင်အစိုးရသည် အလားတူသတင်းအချက်အလက်လွတ်လပ်ခွင့်ရည်ရွယ်ချက်အတွက် ‘သ တင်းအချက်အလက်ရယူခြင်းဆိုင်ရာနည်းဥပဒေ’တစ်ရပ်ကိုတော့ပြဋ္ဌာန်းပေးထားသည်။ အခြားအစိုးရအဖွဲ့အတွင်းပိုင်း စည်းမျဉ်းဥပဒေများကဲ့သို့ပင် ဤနည်းဥပဒေကို ဥပဒေပြုကောင်စီက ပြဋ္ဌာန်းပေးခြင်းမဟုတ်ပါ၊ ထို့ကြောင့် ဤ နည်းဥပဒေတွင် ဥပဒေဘောင်အတွင်းသက်ဝင်မှု နည်းပါးသည်။ ဤနည်းဥပဒေအရ အစိုးရမှတ်တမ်းမှတ်ရာများကို နိုင်ငံသားများက တောင်းခံသည့်အခါ ပြန်လည်ဖြေကြားရန် သတင်းအချက်အလက်အရာရှိကို ခန့်အပ်ရေးအတွက်စာ ရင်းပြုတင်ပြထားသည့် အစိုးရကိုယ်စားလှယ်အဖွဲ့များ လိုအပ်သည်။