အသစ်များ > ဒီမိုကရေစီ၏အင်္ဂါရပ်များ - သဘောထားကြီးသည်းခံခြင်းနှင့် ညှိနှိုင်းစေ့စပ်ခြင်း

ဒီမိုကရေစီ၏အင်္ဂါရပ်များ - သဘောထားကြီးသည်းခံခြင်းနှင့် ညှိနှိုင်းစေ့စပ်ခြင်း

2022-08-29

ဒီမိုကရေစီစနစ်တွင် လူ့အဖွဲ့အစည်းရှိ မတူကွဲပြားသောအုပ်စုအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်မှဖြစ်မည်ဟူ၍ သဘောတူမှုရှိရန်လိုအပ်သည်။ ကိုယ့်သီးခြားအုပ်စုအတွက် အကောင်းဆုံးမဖြစ်သည့်တိုင် လူထုအသိုင်းအဝိုင်းတစ်ရပ် လုံးအတွက် အကောင်းဆုံးဖြစ်မည့်အရာနှင့်စပ်လျဉ်း၍ အထက်ပါအုပ်စုများကြား သဘောတူညီမှုရနိုင်ရန်အရေးကြီး သည်။ တစ်ခါတစ်ရံ ထိုသို့သဘောတူညီမှုကို ‘ဘုံတူညီသောကောင်းကျိုး’ဟု ခေါ်တတ်ကြသည်။

တစ်နည်းအားဖြင့် အုပ်စုအဖွဲ့များ(နှင့်အစိုးရ)သည် အနာဂတ်အကြောင်း စဉ်းစားရန်လိုအပ်သည်ဟု ဆိုလိုသည်။ ဥပ မာအားဖြင့် သစ်တောများကို ခုတ်ထွင်ခြင်းသည် ရေတိုစီးပွားရေးအကျိုးအမြတ်ရှိနိုင်သော်လည်း ရေရှည်တွင် သဘာ ၀ပတ်ဝန်းကျင်ထိခိုက်မှုပြဿနာပေါင်းများစွာကို ဖြစ်စေနိုင်သည်။

ဒီမိုကရေစီစနစ်တွင် မတူကွဲပြားသောအစုအဖွဲ့များကြား ၎င်းတို့ဘုံတူညီစွာလက်ခံထားသော အရေးကြီးဆုံးရည်မှန်း ချက်များနှင့် စံနှုန်းများအပေါ် သဘောတူညီမှုရှိရန်လိုအပ်ပါသည်။ ထိုသို့သဘောတူမှုရှိမှ ပိုမိုသေးငယ်ပြီး လက်တွေ့ပို ကျသောကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဆွေးနွေးအဖြေရှာရန်အတွက် အခြေခံအုတ်မြစ်တစ်ရပ် ကို ချမှတ်ထားနိုင်မည်ဖြစ်သည်။

သဘောထားကြီးသည်းခံမှုနှင့် ညှိနှိုင်းစေ့စပ်ခြင်းကို အောက်ပါနည်းများအတိုင်း တွေ့နိုင်၏။

  • မတူကွဲပြားသောအကျိုးစီးပွားများနှင့် အတွေးအမြင်များကို စီမံဆောင်ရွက်နိုင်မည့်နည်းလမ်းများကို လူအ များက ရှာဖွေခြင်းနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း
  • ကိုယ်လိုချင်တိုင်း မည်သည့်အရာကိုမဆို အုပ်စုတစ်စုတစ်ဖွဲ့က မရနိုင်/မရသင့်ဟု သိနားလည်ခြင်း
  • လူနည်းစုများသည် လူများစု၏ဆုံးဖြတ်ချက်များကို လေးစားခြင်းနှင့် လူများစုက လူနည်းစုများ၏အခွင့်အ ရေးကို လေးစားခြင်း

ဒီမိုကရေစီနိုင်ငံသားများဟူသည် သဘောထားကြီးသည်းခံမှုကို ကျင့်သုံးပြီး ၎င်းတို့၏ကွဲပြားသောလိုအပ်ချက်များနှင့် သဘောထားအမြင်များကို စီမံဆောင်ရွက်တတ်သည်။ သဘောထားကြီးသည်းခံမှုဆိုသည်မှာ အခြားသူများ၏အတွေး အမြင်များနှင့်ယုံကြည်ချက်များကို မိမိက သဘောမတူသည့်တိုင် လေးစားမှုရှိခြင်းကို ဆိုလိုသည်။ ဒီမိုကရေစီသည် အ တွေးအခေါ်များ လွတ်လပ်စွာဖလှယ်နိုင်ခြင်းအပေါ် အခြေခံသည်။ နိုင်ငံသားများအနေဖြင့် မိမိတို့၏အတွေးအခေါ်များ ကို လွတ်လပ်စွာ ဖော်ထုတ်ပြခွင့်ကို လိုချင်ပါက အခြားသူများ၏ အလားတူဖော်ထုတ်ပြခွင့်ကိုပါ လက်ခံပေးရန်လိုအပ် သည်။ လူထုမကြိုက်သောအမြင်များ (သို့မဟုတ်) အစိုးရ၏သဘောထားနှင့်ကွဲလွဲဆန့်ကျင်သောအမြင်များရှိနေသူဖြစ် ပါကလည်း ထိုသူများကို ၎င်းတို့၏အတွေးအခေါ်နှင့် သဘောထားအမြင်များကို လွတ်လပ်စွာ စုစည်းခွင့်၊ ပါဝင်ဆောင် ရွက်ခွင့်နှင့် ဖော်ထုတ်ခွင့်ပေးရမည်ဖြစ်သည်။

နိုင်ငံသားများသည် သဘောထားကြီးသည်းခံမှုကို ကျင့်သုံးသည့်အခါ လူထုစည်းဝေးဆွေးနွေးပွဲများတွင် မတူကွဲပြား သောအမြင်များနှင့် သဘောထားများကို ငြိမ်းချမ်းစွာ ဝေငှပေးနိုင်သည်။ ဆိုလိုသည်မှာ နိုင်ငံသားများတွင် အခြားသူ များ၏သဘောထားအမြင်များကို ကြားနာပေးခြင်းဖြင့် ပြဿနာရပ်များအပေါ် ပိုမိုကောင်းမွန်စွာ သိနားလည်နိုင်မည့် အခွင့်အရေးရှိလာမည်ဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။ ကိုယ့်ကိုယ်ပိုင်အတွေးအမြင်များကို ရှင်းလင်းတင်ပြခြင်း၊တစ် ပါးသူများ၏ပြောဆိုချက်ကို နားထောင်ပြီး မေးခွန်းမေးခြင်းဖြင့် အကောင်းဆုံးဖြေရှင်းနည်းကို နိုင်ငံသားများရှာဖွေနိုင် မည်ဖြစ်သည်။ ဤနည်းလမ်းများဖြင့် ဆုံးဖြတ်ချက်များကို ဆန့်ကျင်သူများကပင် ပိုလက်ခံပေးလာနိုင်ဖွယ်ရှိသွား သည်။ အကြောင်းမူ နိုင်ငံသားအားလုံးကို ဆုံးဖြတ်ချက်ချရခြင်း၏အကြောင်းတရားများအပေါ် သိနားလည်စေရန်ခွင့် ပြုပေးထားသည့်အတွက်ဖြစ်သည်။

ဗဟုဝါဒနှင့် နိုင်ငံသားယဉ်ကျေးမှု

သဘောထားကြီးသည်းခံမှုနှင့် ညှိနှိုင်းစေ့စပ်ခြင်းသည် ဒီမိုကရေစီကို ပံ့ပိုးပေးသည့် အရေးကြီးဆုံး ‘ပျော့ပြောင်းသော’ အင်စတီကျူးရှင်းနှစ်ရပ်၏အနှစ်သာရအဖြစ်တည်ရှိနေသော စံနှုန်းနှစ်ရပ်ဖြစ်သည်။ အဆိုပါအင်စတီကျူးရှင်းနှစ်ရပ် မှာ ဗဟုဝါဒနှင့် နိုင်ငံသားယဉ်ကျေးမှုပင်ဖြစ်သည်။

၁။ နိုင်ငံသားအခြေပြုဗဟုဝါဒ။ နိုင်ငံသားနှင့် နိုင်ငံရေးဘ၀တွင် ပါဝင်ဆောင်ရွက်ကြသည့် နိုင်ငံသားအစုအဖွဲ့များ အတွင်း မတူကွဲပြားခြားနားမှုရှိခြင်းကို ရည်ညွှန်းသည်။ နိုင်ငံသားအခြေပြုဗဟုဝါဒနှင့်စပ်လျဉ်းသောဥပမာ များမှာ -

  • လူ့အဖွဲ့အစည်းအတွင်းရှိ အကျိုးစီးပွားများနှင့် စံနှုန်းများကို စုပေါင်းထားသည့်ကျယ်ပြန့်သောအပိုင်း အခြားကြီးတစ်ရပ်ကို ကိုယ်စားပြုထားသော မြောက်များလှသည့်နိုင်ငံရေးပါတီများ၊ အန်ဂျီအိုအဖွဲ့အ စည်းများနှင့် အကျိုးစီးပွားရှာအုပ်စုများ။
  • နိုင်ငံရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်သော၊ အလွဲသုံးစားမှုများကို ထုတ်ဖော်ပြသော၊ နိုင်ငံရေးပြုပြင် ပြောင်းလဲရေးအတွက် ဆွယ်တရားဟောပေးသော ပါတီများ၊အန်ဂျီအိုအဖွဲ့များနှင့် အကြံပေးအဖွဲ့ များ။
  • သတင်းအချက်အလက်ဆိုင်ရာသီးခြားအရင်းအမြစ်။ လူထုသည် အစိုးရထိန်းချုပ်မှုမှ သီးခြားလွတ် ကင်းသော သတင်းအချက်အလက်ဆိုင်ရာအရင်းအမြစ်များစွာကို ချဉ်းကပ်ယူငင်ခွင့်ရှိခြင်း။ အမျိုး မျိုးကွဲပြားစွာတည်ရှိနေပြီး အဓိကအားဖြင့် ပုဂ္ဂလပိုင်များသော မတူသည့်ပိုင်ရှင်အသီးသီးနှင့်လည် ပတ်နေသည့် မီဒီယာများ။
  • လူထုအခြေပြုမီဒီယာအပေါ် အစိုးရပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှုကို အကန့်အသတ်ဖြင့် ထားရှိခြင်း။

၂။ နိုင်ငံသားယဉ်ကျေးမှု။ နိုင်ငံသားယဉ်ကျေးမှုဟူသည် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏သတ်မှတ်ချက်များနှင့် စံ နှုန်းများကို ရည်ညွှန်းသည်။ နိုင်ငံသားယဉ်ကျေးမှုကို ဥပမာပြရပါက အပြိုင်အဆိုင်ရှိကြသောပါတီများနှင့်လူမှု ရေးအစုအဖွဲ့များသည် အောက်ပါအတိုင်းဖြစ်နေရမည်။

  • အတိုက်အခံသဘောထားအမြင်များနှင့် အစုအဖွဲ့များကို သဘောထားကြီးသည်းခံခြင်း
  • ဥပဒေကိုလိုက်နာခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားခြင်း
  • ငြိမ်းချမ်းရေးကို လိုလားပြီး အကြမ်းဖက်မှုကို ဆန့်ကျင်ခြင်း
  • ညှိနှိုင်းစေ့စပ်မှုကို လုပ်ဆောင်လိုခြင်း
  • ဒီမိုကရေစီနှင့်မညီ၊ စနစ်တကျလည်းမရှိသောအစုအဖွဲ့များနှင့် စုပေါင်းလုပ်ဆောင်လိုစိတ် မရှိခြင်း

ကြီးမားများပြားသော နိုင်ငံသားများ၊ ပါတီများနှင့် လူမှုရေးအစုအဖွဲ့များတွင်

  • ဒီမိုကရေစီစနစ်၏တရားဝင်မှုကို ယုံကြည်ခြင်း
  • ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို သစ္စာစောင့်သိခြင်း
  • နိုင်ငံသားများအဖြစ် မိမိအခွင့်အရေးများနှင့် တာဝန်၀တ္တရားများကို သိနားလည်ခြင်း
  • ရွေးကောက်ပွဲရလဒ်များကို လေးစားခြင်း
  • လုပ်ပိုင်ခွင့်အာဏာအပေါ် ဆန်းစစ်မှုရှိသော်လည်း လေးစားခြင်း
  • သဘောထားကြီးသည်းခံစိတ်မရှိခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါသတ်မှတ်ချက်များကို ချိုးဖောက် သည့်လုပ်ရပ်များကို ရှုတ်ချခြင်း

ဖင်လန်နိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုတွင်ရှိသော အများသဘောညီဆန္ဒ၏အခန်းကဏ္ဍ

၁၉၆၆ခုနှစ်တွင် ညွန့်ပေါင်းအစိုးရကို ကျယ်ပြန့်စွာဖွဲ့စည်းခဲ့ပြီး ၁၉၆၀ခုနှစ်နှောင်းပိုင်းကာလများတွင် ကျယ်ပြန့်သော ဝင်ငွေမူဝါဒစနစ်ကို ချမှတ်လိုက်ချိန်မှစ၍ ဖင်လန်နိုင်ငံရေးတွင် အများသဘောညီဆန္ဒသည် လွှမ်းမိုးသည့်နည်းလမ်း တစ်ရပ်ဖြစ်လာသည်။ အခြေခံအားဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့အတိုက်အခံပြုနေသည့်ပါတီများပါဝင်သော အစိုးရအဖွဲ့ကို သမ္မတကက်ကိုနန်၏တိုက်တွန်းချက်ဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့ပြီးချိန်မှစ၍ ဖင်လန်ပြည် သူ့ဘ၀ကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေခဲ့သော ပိုမိုခါးသီးပြီး နက်ရှိုင်းသောအကွဲအအက်များကို သမ္မတကက်ကိုနန်ကကာ လရှည်ကြာ ကုသပေးလိုခဲ့သည်။

၁၉၆၆ခုနှစ်တွင် နိုင်ငံ၏ပါတီစနစ်၌ ပါဝင်နေသော ဒါဇင်နှင့်ချီသော(သို့မဟုတ်) ထိုထက်ပင်ပိုများနေသော နိုင်ငံရေးပါ တီများကို ကြည့်လျှင် ဖင်လန်လူ့အဖွဲ့အစည်းတွင် လည်ပတ်နေသော ကွဲပြားမှုများကို မြင်တွေ့နိုင်မည်ဖြစ်သည်။နိုင်ငံ ရေးအစဉ်တွင် ဆိုရှယ်လစ်အစွန်းသမားတို့သည် အကြမ်းဖျဉ်းအားဖြင့် ဂိုဏ်းတူအုပ်စုများဟုဆိုရမည့် အချင်းချင်းရန် လိုကြသော ကွန်မြူနစ်နှင့် ဆိုရှယ်ဒီမိုရက်တစ်ဟူ၍ ပြိုကွဲသွားသည်၊ ၎င်းတို့ကိုစုပေါင်း၍ လက်ဝဲသင်းကွဲဂိုဏ်းများဟု ခေါ်တတ်ကြသည်။ နိုင်ငံရေးအစဉ်တွင် အလယ်နေရာကိုမူ ပထမတွင် နိုင်ငံ၏အရေးကြီးဆုံးပါတီဖြစ်သော လယ်သ မားဗဟိုပါတီက စိုးမိုးထားသည်။ ယင်းပါတီသည် အလျှင်အမြန်မြို့ပြဆန်လာနေသောလူ့အဖွဲ့အစည်းတွင် ကျေးလက် ကို အခြေခံထားသည့်ပါတီဖြစ်သည်။ ထို့နောက် ဒုတိယအားဖြင့် အလယ်နေရာကို စိုးမိုးလာသည်က အနာဂတ်အရေး တွေးပူပန်ပြီး လူတန်းစားစည်းစပ်တစ်လျှောက် ကွဲပြားနေသော လူနည်းစုတစ်ရပ်ကိုကိုယ်စားပြုထားသည့် ဆွီဒင် ပြည်သူ့ပါတီဖြစ်သည်။ တတိယစိုးမိုးထားသူမှာ ကျဆင်းနေပြီဖြစ်သည့် ဂန္တဝင်လစ်ဘရယ်ပါတီဟောင်းဖြစ်သည်။နိုင်ငံ ရေးအစဉ်၏လက်ယာခြမ်းတွင်မူ ကြီးမားသောစီးပွားရေးလုပ်ငန်းများနှင့် အဆင့်မြင့်အရာရှိကြီးများနှင့် ဆက်နွှယ်နေ သော အလွန်ရှေးရိုးစွဲသည့်ကွန်ဆာဗေးတစ်ပါတီ KOK နှင့် ယတိပြတ်သောဖင်လန်ကျေးလက်ပါတီတို့ ရှိသည်။ကက် ကိုနန်၏သမ္မတအာဏာနှင့် ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာကြောင့် ၁၉၆၀ခုနှစ်နှောင်းပိုင်းတွင် အရေးပါသည့်လူမှုဖူလုံရေးဥပ ဒေကို လက်တွေ့အကောင်အထည်ဖော်ရန် အတော်အတန်ကြီးမားသောလူမှုရေးအစုအဖွဲ့များကို စုပေါင်းကာ ၁၉၆၆ ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ဖင်လန်နိုင်ငံရေးနှင့် အများပြည်သူ့ဘ၀တွင် နောက်ထပ်တွေ့ရသောစရိုက်လက္ခဏာတစ်ရပ်မှာ ကန့်လန့်ကာနောက် ကွယ်မှ အထက်တန်းလွှာလူတန်းစားများသည် အဓိကကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလွတ်သဘောတိုင်ပင် ဆွေးနွေး ကာ သဘောတူညီမှုရယူခြင်းဓလေ့ပင်ဖြစ်သည်။ မကြာခဏဆိုသလိုပင် အငြင်းပွားမှုများကို လူထုရှေ့ဖြေရှင်းရန် တည်ထောင်ထားသည့် ညှိနှိုင်းအဖြေရှာရာနေရာများ၌ စနစ်တကျမဖြေရှင်းမီ သက်ဆိုင်ရာပါတီများက သီးခြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ဖြေရှင်းတတ်ကြသည်။ ဤနည်းလမ်းသည် လုပ်ခလစာဖြေရှင်းမှုများ၊ Eduskunta တွင်ဆွေးနွေးရန်စီစဉ်ထားသော ဥပဒေပြုရေးအဆိုများနှင့် စေ့စပ်ဆွေးနွေးခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းကို လိုအပ် သည့်အခြားပြဿနာရပ်များအတွက်မူ မှန်ကန်ပေမည်။

ယင်းကဲ့သို့ကန့်လန့်ကာနောက်ကွယ်မှညှိနှိုင်းဆွေးနွေးမှုများကို နိုင်ငံရေး(ယန္တရား)ဌာနအဖွဲ့အစည်းဘောင်ထဲမှပုံစံဖြင့် ပြရမည်ဆိုပါက ညနေခင်းလွှတ်တော်အဖွဲ့ (Evening School of the Cabinet) ကိုပြရပါမည်။ ယင်းအဖွဲ့တွင် အမျိုးမျိုးသောအစုအဖွဲ့များမှ ထိပ်သီးပုဂ္ဂိုလ်များသည် အစိုးရ၏ လုပ်ငန်းစဉ်နှင့်စပ်လျဉ်းသောကိစ္စရပ်များကို လွတ် လပ်စွာဆွေးနွေးနိုင်သည်။ ဖင်လန်ရိုးရာဖြစ်သည့် ချွေးထုတ်ခန်းဆွေးနွေးပွဲများဟု တင်စားဆိုရမည့် ဆွေးနွေးပွဲများ သည် အထက်တန်းလွှာများကြား အလွတ်တမ်းဆွေးနွေးတိုင်ပင်မှုများ၏ အစွန်းကျသောသာဓကတစ်ရပ်ဖြစ်သည်။ အ ရေးပါသောအမျိုးသားရေးဆုံးဖြတ်ချက်များသည် ပွင့်လင်းစွာညှိနှိုင်းတိုင်ပင်မှုကို အလွယ်ကူဆုံးကျင့်သုံးနိုင်သည့် အထက်ပါပတ်ဝန်းကျင်နေရာမျိုးတွင် ချမှတ်ခဲ့ကြောင်း လေ့လာသူတချို့က ပြောသည်။ အကျိုးစီးပွားချင်းမတူသော အထက်တန်းလွှာကိုယ်စားလှယ်များ၏ ဤသို့အလွတ်သဘောတွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းအပေါ် ထောက်ခံကြသူ များက ဤနည်းသည် မြန်ဆန်ပြီး လိုရင်းရောက်သည်ဟု ဆိုကြသည်။ ကန့်ကွက်ကြသူများကမူ ဤနည်းလမ်းများ သည် လျှို့ဝှက်လုပ်ဆောင်ခြင်းကို အားပေးအားမြှောက်ပြုပြီး အစိုးရအင်စတီကျူးရှင်းများကို ကျော်လွန်နေကာ ဒီမိုက ရေစီကို လုံးလုံးဖျက်ဆီးနေသလိုဖြစ်သည်ဟု ထောက်ပြကြသည်။ ထိုအချိန်မှစ၍ ပြည်သူ့သဘောထားအမြင်သည် နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချရေးတို့တွင် ပွင့်လင်းပြီး လူထုနှင့် တိုင်ပင်ဆွေးနွေးရေးကို လိုလားသည့်ဘက်သို့ ယတိပြတ် ​ဦးလှည့်သွားတော့သည်။

ကိုးကား - http://countrystudies.us/finland/123.htm

သဘောထားကြီးသည်းခံခြင်း၊ ညှိနှိုင်းစေ့စပ်ခြင်းနှင့် နိုင်ငံရေးပါတီများ

ရွေးကောက်ပွဲများမှတစ်ဆင့် နိုင်ငံရေးအာဏာရရှိရန် ငြိမ်းငြိမ်းချမ်းချမ်း ပုံမှန်ယှဉ်ပြိုင်ခြင်းသည် တည်ငြိမ်သောဒီမိုက ရေစီကို အနက်ဖွင့်ဆိုနိုင်သည့်လက္ခဏာတစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီဟူသည် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုတို့ထက် တွေ့ ဆုံဆွေးနွေးရေးနှင့် လူထုဆွေးနွေးပွဲများက အစိုးရတစ်ရပ်၏ အဓိကအခြေခံနည်းလမ်းများ ဖြစ်ရမည်ဟူသောအချက် ကို သွယ်ဝိုက်ရည်ညွှန်းသည်။ အဓိပ္ပာယ်ပြည့်၀သောနိုင်ငံရေးယှဉ်ပြိုင်မှုသည် နိုင်ငံရေးဗဟုဝါဒဟူသော အတိုင်းအတာ တစ်ရပ်ကို ယေဘုယျလိုအပ်သည်။ နိုင်ငံရေးအစုအဖွဲ့အများအပြားတွင်ရွေးကောက်ပွဲများ၌ အာဏာရရှိရေးယှဉ် ပြိုင်လိုစိတ်အပြင် ယှဉ်ပြိုင်နိုင်စွမ်းလည်း ရှိရမည်။ နိုင်ငံရေးအာဏာရရှိရန် ပုံမှန်ရွေးကောက်ပွဲဝင်ပြိုင်သည့်အခါ အာ ဏာသည် လွှမ်းမိုးထားသောအစုအဖွဲ့တစ်ရပ်၏လက်ထဲ ခြယ်လှယ်အုပ်စီးထားခံရမှုမှ လျော့နည်းသွားဖွယ်ရှိသည်။

လူ့အဖွဲ့အစည်းရှိ အုပ်စုများကြား တင်းမာမှုလျော့ကျစေရန်နှင့် နိုင်ငံရေးဗဟုဝါဒ အားကောင်းခိုင်မာစေရန် နိုင်ငံရေးပါ တီများသည် အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ဆောင်ရွက်ကြသည်။ တော်လှန်ရေးလှုပ်ရှားမှုများ၊ စစ်ဘက်အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးဟောင်းမှကျန်ရစ်ခဲ့သူများနှင့် သာမန်နိုင်ငံသားများအစရှိသည့် အပြိုင်အဆိုင်ဖြစ်နေသောအစုအဖွဲ့များကို ၎င်းတို့အပေါ်ထောက်ခံကြသူများအား စုစည်းထားနိုင်ရန်၊ ၎င်းတို့၏အကျိုးစီးပွားများနှင့် တောင်းဆိုချက်များကို ဖော် ပြ၊ မြှင့်တင်၍ကာကွယ်ပေးနိုင်ရန် အဖွဲ့အစည်းဆိုင်ရာပုံသဏ္ဌာန်တစ်ရပ်ကို ပါတီများက ပေးသည်။ ဥပမာအားဖြင့် အာဖဂန်နစ္စတန်နိုင်ငံတွင် မျက်မြင်တွေ့ရသောအထောက်အထားများအရ နိုင်ငံရေးပါတီတည်းဟူသော ထောက်ပို့ ယာဉ်တစ်စင်းပေါ်တွင် နိုင်ငံရေးအာဏာကို ခွဲဝေယူကာ လိုက်ပါစီးနင်းကြမည်ဟူ၍ ရွေးချယ်စရာ လမ်းကြောင်း တစ် ရပ်ပေါ် ထွက်လာချိန်တွင် အနည်းဆုံးလက်နက်ကိုင်အဖွဲ့တချို့နှင့် ဒေသခံစစ်ခေါင်းဆောင်များသည် လက်နက်ကိုင် တိုက်ခိုက်မှုကို စွန့်လွှတ်လိုက်ကြသည်ကို တွေ့ရသည်။ ဤအချက်သည် မည်သည့်နည်းနှင့်မျှ ခိုင်မာသောအဖြေ တစ်ရပ်မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံရေးပါတီများအတွက် ထိရောက်သောအာမခံချက်များမရှိလျှင် (နိုင်ငံရေး)အစုအ ဖွဲ့များအတွက် ဒီမိုကရေစီနိုင်ငံရေးစနစ်အတွင်း အာဏာရရှိရေး ငြိမ်းချမ်းစွာယှဉ်ပြိုင်ရန် အဟန့်အတားတစ်ရပ်ဖြစ် လာတော့သည်။

နိုင်ငံရေးပါတီများသည် သီးခြားလူပုဂ္ဂိုလ်များထက် အဖွဲ့အုပ်စုများကြားယှဉ်ပြိုင်မှုကို မြှင့်တင်ရာတွင် ပို၍ထိရောက်မှု ရှိသည်။ နိုင်ငံရေးပါတီများကဲ့သို့ ထိရောက်သည့်ကြားခံထိန်းညှိပေးမည့်အဖွဲ့အစည်းများမရှိသောအခါ သေးငယ်သော အစုအဖွဲ့များသည် နိုင်ငံတော်၏ကိရိယာတန်ဆာပလာကို သိမ်းယူပြီးလက်ဝါးကြီးအုပ်စီးရန် ပိုမိုလွယ်ကူသွားသည်။ ထို့အပြင်နိုင်ငံရေးပါတီများနှင့် အခြားကြားခံထိန်းညှိပေးမည့်အဖွဲ့အစည်းများ မရှိသလောက်နီးပါးဖြစ်သည့် တော်လှန် ရေးမတိုင်ခင်ကာလလစ်ဗျားနိုင်ငံတွင်းမှဖြစ်ရပ်ကဲ့သို့ပင် လူမှုရေးအသင်းအဖွဲ့များသည် မျိုးရိုးနှင့် လူမျိုးစုအဆက်အ နွယ်များအပေါ်အခြေခံပြီး ဖွဲ့စည်းကြသည့်အဆင့်သို့ ပြန်လည်လျှောကျသွားနိုင်သည်။

အသစ်ထွက်ပေါ်လာသောဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံရေးသဘောထားအမြင် လွတ်လပ်စွာဖော်ထုတ်ခွင့်ကို ဖိနှိပ်ပြီး နိုင်ငံရေးသင်းပင်းဖွဲ့စည်းခွင့်ကို တားမြစ်ပိတ်ပင်ခဲ့သည့် ယခင်နိုင်ငံရေးအုပ်ချုပ်မှုတစ်ရပ် ပြိုလဲသွားပြီးနောက် နိုင်ငံ ရေးအသံများ စုံလင်များပြားစွာ ထွက်ပေါ်လာသည်။ နိုင်ငံရေးပါတီများသည် ထိုအသံမျိုးစုံကို စုစည်းပေးရန် ပံ့ပိုးပြီး တစ်နည်းနည်းဖြင့် ပြိုလဲဖရိုဖရဲဖြစ်ကာ ကွဲပြားနေသောနိုင်ငံရေးစနစ်တစ်ရပ်တွင် ပေါင်းစည်းညီညွတ်မှုဖြစ်အောင် ဆောင်ကြဉ်ပေးနိုင်သည်။

ပါတီများသည် လူမှုရေးတင်းမာမှုများအတွက် ဖြေလျှော့စရာလမ်းကို ချပြပေးပြီး နိုင်ငံသားများနှင့် လူမှုရေးအစုအဖွဲ့ များကို လူမျိုး၊ဘာသာကွဲပြားသော်ငြား နိုင်ငံရေးလူထုအသိုင်းအဝိုင်းအတွင်း ဥမကွဲသိုက်မပျက်အတူတူပင်ပါဝင်နေ သည်ဟူ၍ ခံစားမိနိုင်စေရန် ဆောင်ရွက်ပေးသည်။ အမှန်စင်စင် ၂၀၁၃ လစ်ဗျားနိုင်ငံ၏လူထုသဘောထားစစ်တမ်းအရ တော်လှန်ရေးအလွန်ကာလ ပါတီများပူးပေါင်းရိုင်းပင်းကြမှုသည် ဒေသစွဲ(သို့) မျိုးစွဲအမြင်များထက် ပါတီများ၏နိုင် ငံရေးရည်မှန်းချက်များကြောင့် ပိုရိုင်းပင်းလာခြင်းဖြစ်သည်ကို တွေ့ရသည်။