အသစ်များ > ဒီမိုကရေစီ၏အင်္ဂါရပ်များ-တာဝန်ခံမှု

ဒီမိုကရေစီ၏အင်္ဂါရပ်များ-တာဝန်ခံမှု

2022-08-29

ဒီမိုကရေစီစနစ်တွင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၏အဓိကတာဝန်၀တ္တရားသည် ပြည်သူလူထုအကျိုးကို ထမ်းရွက်ရန်ဖြစ်သည်။ တာဝန်ခံမှုဆိုသည်မှာ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအနေဖြင့် ဆောင်ရွက်ရန်လုပ် ငန်းတာဝန်များကို ထမ်းဆောင်ရန်ပျက်ကွက်ပါက တာဝန်ယူမှုစေရမည်ဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။ ထို့အပြင် တာ ဝန်ခံမှုတွင် အဆိုပါတာဝန်၀တ္တရားများကို ထမ်းဆောင်ရန်ပျက်ကွက်ပါက အရေးယူခံရရန်လည်း လိုအပ်သေး၏။ယင်း အရေးယူခြင်းကို ထိရောက်စွာ ပြဋ္ဌာန်းလုပ်ဆောင်နိုင်ရန်လည်း အရေးကြီးသည်။ တစ်ခါတစ်ရံ အရေးယူခြင်းနှင့်ဆိုင် ရာစည်းမျဉ်းစည်းကမ်းများရှိသော်လည်း ခေါင်းဆောင်များက လျစ်လျူရှုထားကြသည်။ ဤသို့သော အခြေအနေမျိုး တွင် စင်စစ်တာဝန်ခံမှုမရှိဟု ဆိုနိုင်သည်။

ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများ(ခေါင်းဆောင်ကောင်းမဟုတ်သူများကို ဖယ်ရှားပစ်နိုင်သော)သည် ခေါင်းဆောင် များကို ပြည်သူအပေါ်တာဝန်ခံအောင်လုပ်ဆောင်ပေးသည်။ ထို့ကြောင့် ဒီမိုကရေစီသည် ပြည်သူ့လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် ထိရောက်သည်ဟု အများကဆိုကြခြင်းဖြစ်သည်။ ပြည်သူသည် မိမိတို့၏လိုအပ်ချက်နှင့်ကိုက်ညီ သောခေါင်းဆောင်များကိုသာ ရွေးချယ်ကြလိမ့်မည်။ ကိုယ်စားလှယ်တစ်ဦးသည် ပြည်သူ့လိုအပ်ချက်များကို လျစ်လျူ ရှုပါက အာဏာဆက်တည်မြဲမည်မဟုတ်တော့ပေ။ ဤအချက်ကြောင့် အာဏာဆက်တည်မြဲနေသောခေါင်းဆောင်များ သာ ပြည်သူလိုချင်သည်ကို အမှန်ဖော်ဆောင်ပေးသော ခေါင်းဆောင်များဖြစ်လာရသည်။

ဒီမိုကရေစီစနစ်တွင် အစိုးရဝန်ထမ်းများသည် ၎င်းတို့၏ဆုံးဖြတ်ချက်များ၊ မူဝါဒများနှင့်ဆောင်ရွက်ချက်များ အတွက် ပြည်သူ့လူထုကို ရှင်းလင်းဖြေကြားပေးရန် တာဝန်/တာဝန်ယူမှုတစ်ရပ်ရှိသည်။ တာဝန်ခံမှုသည် ဒီမိုကရေစီ၏အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ အစိုးရသာမက၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများသည်လည်း ပြည်သူလူထုအပေါ် တာဝန်ခံမှုရှိရမည်။

အသင်းအပင်းအဖွဲ့များ(သို့မဟုတ်)ဌာနအဖွဲ့အစည်းများသည်လည်း အချင်းချင်း တာဝန်ခံမှုရှိသင့်သည်။ ဥပမာ ရဲအဖွဲ့ သည် အစိုးရကို လိုက်နာသင့်သော်လည်း အစိုးရလုပ်သားများမှာမူ (ဥပမာရာဇဝတ်မှုကျူးလွန်လျှင်) ရဲအဖွဲ့အပေါ် တာဝန်ခံမှုရှိရမည်။

တာဝန်ခံမှုကို အောက်ပါနည်းများအတိုင်း တွေ့နိုင်၏။

၁။ မဲဆန္ဒရှင်များသည် လွတ်လပ်တရားမျှတသောရွေးကောက်ပွဲများတွင် ခေါင်းဆောင်များ(သို့)အစိုးရများကို ဖယ်ရှားပစ်နိုင်သည်။

၂။ အရပ်ဘက်လူ့အဖွဲ့အစည်းသည် ကွဲပြားပြီး ဩဇာကြီးမားကာ အစိုးရနှင့်သီးခြားကင်းလွတ်သည်။

၃။ နိုင်ငံသားများပါဝင်ဆောင်ရွက်ခြင်းကြောင့် လူထုမကြိုက်သောမူဝါဒများနှင့် အာဏာအလွဲသုံးစားလုပ် မှုများ ကို ပြောင်းလဲပစ်နိုင်သည်။

တာဝန်ခံမှုအမျိုးအစားများ

ရေပြင်ညီမျဉ်းအတိုင်းတာဝန်ခံမှု။ သီးခြားလွတ်လပ်သော အစိုးရဌာနခွဲများ၊ အင်စတီကျူးရှင်းများကြား အာဏာကို ခွဲ ဝေဖြန့်ချထားသည်(စစ်ဆေးချိန်ညှိခြင်း)

၁။ အုပ်ချုပ်ရေးအာဏာ(အာဏာ စုပြုံရှိနေပြီး အလွယ်ကူဆုံးအသုံးချနေသည့်နေရာ)ကို အမှီအခို ကင်းလွတ်လပ် သောဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် အခြားမဏ္ဍိုင်အဖွဲ့အစည်းများက ကန့်သတ်၊ ထိန်းချုပ် ကာ ကြပ်မတ်စစ်ဆေးသည်။

၂။ အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားမှုကို စောင့်ကြည့် ထိန်းချုပ်ရန် အမှီအခိုကင်း လွတ်လပ်သောအဖွဲ့ အစည်းဌာနများ။ အစဉ်အလာမြင်နေကျအဖွဲ့အစည်းဌာနများ(အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး) တင်မက၊ အသစ်ဖွဲ့လိုက်သောအဖွဲ့အစည်းများလည်း ပါဝင်သည်။

  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းရေး​အရာရှိအဖွဲ့(ပြည်သူ့ဟစ်တိုင်ကော်မရှင်)
  • လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မတီ
  • စာရင်းစစ်ချုပ်ကိုယ်စားလှယ်အဖွဲ့

ထောင်လိုက်မျဉ်းအတိုင်းတာဝန်ခံမှု။ ပြည်သူသည် မိမိတို့၏ကိုယ်စားလှယ်များ(အစိုးရအရာရှိများ)ကို ပြည်သူ အပေါ် တာဝန်ခံစေရန် ထိန်းကျောင်းထားသည်။

တာဝန်ခံမှုနှစ်မျိုးရှိသည်။ ရွေးကောက်ပွဲဆိုင်ရာတာဝန်ခံမှုနှင့် ထောင်လိုက်မျဉ်းအတိုင်းတာဝန်ခံမှု

၁။ ပုံစံ၁ - ရွေးကောက်ပွဲဆိုင်ရာတာဝန်ခံမှု

  • ပါတီစနစ်သည် အသင့်အတင့်ယှဉ်ပြိုင်နိုင်သည်
  • ယှဉ်ပြိုင်ခြင်းသည် အသင့်အတင့်မျှတသည်
  • မဲဆန္ဒရှင်များသည် ၎င်းတို့၏အကျိုးစီးပွားကို အသင့်အတင့်ရိပ်စားနားလည်သည်
  • အကျိုးဆက်အားဖြင့် ရွေးကောက်ခံအစိုးရဝန်ထမ်းသည် လုပ်ဆောင်ချက်မကောင်းလျှင် တာဝန်ခံမှု ရှိရပြီး ရာထူးမှဖယ်ရှားခံရနိုင်သည်။

၂။ ပုံစံ၂- လူမှုအဖွဲ့အစည်းဆိုင်ရာတာဝန်ခံမှု

  • အရပ်ဘက်အဖွဲ့အစည်းသည် အသင့်အတင့် ဗဟုဆန်ဆန်ကျယ်ပြန့်ပြီး အရင်းအမြစ်ကြွယ်၀ကာ အ စိုးရနှင့်သီးခြားလွတ်ကင်းသည်
  • လူထုမီဒီယာသည် အသင့်အတင့် အမှီအခိုကင်းလွတ်လပ်ပြီး အရည်အချင်းပြည့်၀သည်
  • ပြည်သူသည် အသင့်အတင့် နိုးကြားပြီး လှုံ့ဆော်စည်းရုံးမှုရှိသည်
  • ထို့ကြောင့် လူထုမကြိုက်သောမူဝါဒများနှင့် အာဏာအလွဲသုံးစားမှုများကို စိန်ခေါ် ပြောင်းလဲပစ်နိုင် သည်။

နှိုင်းယှဉ်လေ့လာချက်များ- တရုတ်ကွန်မြူနစ်ပါတီနှင့် တောင်အာဖရိက ANC ပါတီ

တရုတ်နိုင်ငံတွင် Quanguo Renmin Daibiao Dahui (အမျိုးသားပြည်သူ့လွှတ်တော်)ဟုခေါ်သော နိုင်ငံ၏လွှတ်တော် ကို ရွေးကောက်ရန် ငါးနှစ်တစ်ကြိမ်ရွေးကောက်ပွဲများကို ပုံမှန်ကျင်းပသည်။အမျိုးသားပြည်သူ့လွှတ်တော်တွင် နိုင်ငံ သမ္မတကို ခန့်အပ်နိုင်သည့်အာဏာရှိသည်။ ထိုလွှတ်တော်တွင် တရုတ်နိုင်ငံတစ်ဝန်းမှ ရွေးကောက်ခံ အမတ်၃၀၀၀နီး ပါးပါဝင်သည်။ အမတ်တချို့ကို စစ်တပ်က ရွေးကောက်သည်။ ရွေးကောက်ပွဲများမကျင်းပခင် အမတ်လောင်းများသည် တရုတ်ကွန်မြူနစ်ပါတီ၏ထောက်ခံချက်ရရှိရန် လိုသည်။ တရုတ်ကွန်မြူနစ်ပါတီဝင်များ (သို့မဟုတ်) ၎င်းနှင့်မဟာ မိတ်ဖွဲ့ထားသောပါတီသေးရှစ်ဖွဲ့မှ ကိုယ်စားလှယ်များသာ ၂၀၀၂-၀၃ တွင်ကျင်းပသောရွေးကောက်ပွဲများ၌ ယှဉ်ပြိုင် ခွင့်ရသည်။ အစိုးရကို ကွန်မြူနစ်ပါတီကသာ အမြဲတမ်းဖွဲ့စည်းသည်။

အလားတူ အာဖရိကအမျိုးသားကွန်ဂရက်(ANC) သည် ၁၉၉၃ ခုနှစ်တွင် အသားအရောင်ခွဲခြားသောအစိုးရပြုတ်ကျ သွားပြီးချိန်မှစ၍ တောင်အာဖရိကတွင် အဓိကအင်အားကြီးပါတီဖြစ်လာသည်။ ပါတီ၏ရပ်တည်ချက်သည် လူဖြူအစိုး ရအုပ်ချုပ်မှုကို ကာလရှည်ကြာဆန့်ကျင်တိုက်ပွဲဝင်လာရင်း ထင်ရှားသောအခန်းကဏ္ဍသို့ ရောက်လာသည်။ ယင်းကဲ့သို့ အောင်ပွဲရလွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းစဉ်လာကြောင့် လူထုထောက်ခံမှုကျယ်ပြန့်လာပြီး တောင်အာဖရိကအစိုး ရစနစ်တွင် ပါတီ၏လွှမ်းမိုးမှုသည် ပြဋ္ဌာန်းချက်တစ်ခုလိုဖြစ်ခဲ့သည်။ ၁၉၉၄၊ ၁၉၉၉နှင့် ၂၀၀၄ခုနှစ်ရွေးကောက်ပွဲများ တွင် တစ်နိုင်ငံလုံးလွှမ်းခြုံ၍ လူများစုထောက်ခံမှု(လွှတ်တော်တွင်း ခန့်မှန်းခြေ အမတ်ထိုင်ခုံ ၃ပုံ ၂ ပုံရရှိ)ရခဲ့သည်ကို ကြည့်လျှင် ပါတီ၏လွှမ်းမိုးမှုကို အတည်ပြုနိုင်သည်။

အကျိုးရလဒ်အားဖြင့် အတိုက်အခံဘက်မဲဆန္ဒရှင်အများအပြားက အစိုးရကို ဩဇာညောင်းနိုင်ရန်(သို့မဟုတ်) သက် ရောက်မှုရှိရန် ၎င်းတို့အနေဖြင့် မတတ်နိုင်တော့ဟု ထင်မြင်လာသည်။ ဤသို့နှင့် အတိုက်အခံပါတီများသည် ၎င်းတို့ ကိုယ်ပိုင်ကောက်ကြောင်းများနှင့် အရေးကြီးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ရတော့ ၏။ ဤအချက်က အတိုက်အခံဘက်တွင် အနာဂတ်ကို ကြိုတင်ဖန်တီးယူရေးအစား ဖြစ်ပြီးသားအတိတ်ကို ပြန်စဉ်း စားနေစေတော့သည်။ အစိုးရအပေါ်မကျေနပ်ချက်များရှိလာပါက လွှမ်းမိုးထားသည့် ANC ပါတီကို ခြိမ်းခြောက်နိုင် သော ရွေးကောက်ပွဲရလဒ်များတွင် အပြောင်းအလဲဖြစ်ရေးထက် ဆန္ဒပြကန့်ကွက်မှုနှင့် လူမှုရေးအုံကြွမှုကိုသာ ပိုဖြစ် ပွားစေဖွယ်ရှိသည်။ အတိုက်အခံသည် ANC ကိုယှဉ်နိုင်လောက်သည်အထိ အားမကောင်းသဖြင့် မကျေနပ်သောမဲဆန္ဒ ရှင်အများအပြားသည် အုပ်စိုးဆဲပါတီကို ဆက်ထောက်ခံမဲပေးခြင်း(သို့မဟုတ်) နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေခြင်းတစ် ခုခုကိုသာ လုပ်ရဖွယ်ရှိသည်။
ကိုးကား - One-Party Dominance in African Democracies