အသစ်များ > ထိရောက်ခြင်းနှင့် အကျိုးများခြင်း

ထိရောက်ခြင်းနှင့် အကျိုးများခြင်း

2022-09-03

ကောင်းမွန်သောအုပ်ချုပ်ရေးဆိုသည်မှာ အဖွဲ့အစည်းအနေဖြင့် လိုလားသောအကျိုးရလဒ်များကို ပေါ်ထွက် စေရန် လူသား၊ နည်းပညာ၊ ငွေကြေး၊ သဘာပနှင့် ပတ်ဝန်းကျင်အစရှိသော အရင်းအမြစ်များကို စိတ်တိုင်းကျ အကောင်းဆုံးအသုံးချရင်း အကောင်အထည်ဖော်ဆောင်ရွက်သော လုပ်ငန်းစဉ်များသည် ယင်းအုပ်ချုပ်ရေး ကိုပံ့ပိုးပေးသူသက်ဆိုင်ရာလူအားလုံး၏လိုအပ်ချက်များကို ပြည့်မီစေရမည်ဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းလုပ်သားများသည် ၎င်းတို့တာဝန်ရှိသောဝန်ဆောင်မှုများကို ဖြည့်စွမ်းပေးရန် လုံလောက် သော အသိပညာကိုလည်း တတ်ကျွမ်းသည်၊ စနစ်တကျလေ့ကျင့်ပျိုးထောင်ထားသည်၊ ထောက်ကူပစ္စည်း များလည်း လုံလောက်ကျနစွာရှိထားပြီးဖြစ်သည်။

တရားနည်းလမ်းတကျဖြစ်စေ၊ အလွတ်သဘောဖြစ်စေ တာဝန်ခံမှုယန္တရားများသည် ပြည်သူကအပ်နှင်းသော ပြည်သူ့အာဏာအပေါ် ကန့်သတ်ချက်များ ပြဋ္ဌာန်းထားပြီး အစိုးရတာဝန်ရှိသူများကို ပြည်သူ့အကျိုးစီးပွားအ လို့ငှာ ဆောင်ရွက်ကြရန် အားပေးတိုက်တွန်းထားသည်။ ထိုသို့စီမံဆောင်ရွက်ချက်များမရှိပါက အကန့်အ သတ်ဖြင့်ရှိနေသောပြည်သူ့အရင်းအမြစ်များသည် လေလွင့်ပြုန်းတီးခြင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းများနှင့်ရင် ဆိုင်ရနိုင်ပြီး ပြည်သူ့အကျိုးခံစားခွင့်များသည် ရွေးကောက်ခံမဟုတ်သောအထက်လွှာလူတန်းစားများ၏ မမျှ မတခွဲဝေဖြန့်ဖြူးမှုကို ခံသွားရနိုင်သည်။

ပါတီများသည် အစိုးရအား တည်ငြိမ်မှုနှင့် စည်းလုံးမှုတို့ကို ပေးသည်၊ အထူးသဖြင့် အစိုးရကို ပါတီတစ်ခု တည်းကဖြစ်စေ၊ တည်ငြိမ်သောညွန့်ပေါင်းအဖွဲ့မှဖြစ်စေ ဆွဲယူဖွဲ့စည်းထားချိန်တွင်ဖြစ်သည်။ ဤအချက်က မူဝါဒရည်မှန်းချက်များတွင် ပိုမိုစုစည်းညီညွတ်မှုရှိစေပြီး ထိုရည်မှန်းချက်များကို အကောင်အထည်ဖော်ပေး သည့် ပုဂ္ဂိုလ်များကြား ပူးပေါင်းညှိနှိုင်းမှုကို ပိုဖြစ်စေသဖြင့် မူဝါဒချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း တွင် ပိုမိုအကျိုးများပြီးထိရောက်စေနိုင်သည်။

ပါတီများသည် အတိုက်အခံပြုခြင်းနှင့် ဝေဖန်ထောက်ပြခြင်းတို့၏ အရေးပါသောအရင်းအမြစ်တစ်ရပ်ကို ပေး အပ်နိုင်သည်။ အဆိုပါအရင်းအမြစ်ကြောင့် အစိုးရမူဝါဒကို ပိုမိုစေ့စပ်စွာ စစ်ဆေးကြည့်ရှုနိုင်သဖြင့် မူဝါဒသည် ပိုမိုအကျိုးများပြီး ထိရောက်ဖွယ်ရှိသည်။

ထိရောက်ခြင်းနှင့် အကျိုးများခြင်းကို မြှင့်တင်ပေးရန် နိုင်ငံရေးပါတီများက ဆော်ဩလှုံ့ဆော်နိုင်သည့် သီး ခြားလုပ်ငန်းများကို အောက်တွင် ဥပမာပေးဖော်ပြထားသည်။

  • ပြည်သူ့ရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း
  • (ပြည်နယ်အစိုးရ၏စွမ်းရည် ပြည့်၀လုံလောက်ပါက) အာဏာကို ဗဟိုချုပ်ကိုင်မှုမှလျှော့ချခြင်း
  • ပြည်နယ်အစိုးရနှင့် ပြည်သူ့ရေးရာကဏ္ဍကို လေ့ကျင့်သင်တန်းပေးခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်း
     

ကောင်းမွန်သောအုပ်ချုပ်ရေး၏လက္ခဏာတစ်ရပ်ဖြစ်သောထိရောက်မှုနှင့်အကျိုးများခြင်းနှင့်ဆိုင်ရာ သာဓက ဖြစ်ရပ်များ

မလေးရှားနိုင်ငံ

ထုတ်လုပ်မှုစွမ်းအားနှင့် အရည်အသွေး တိုးတက်စေရန် ပြည်သူ့ရေးရာကဏ္ဍကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ရာ တွင် အောက်ပါကဏ္ဍများပါဝင်သည်။

() စွမ်းဆောင်မှုကိုကြည့်၍လစာပေးသောစနစ်သစ်၊ ထိုစနစ်သည် စွမ်းဆောင်မှုကို အကဲဖြတ်ခြင်းနှင့် ဝန်ထမ်းလစာစနစ်ကို ချိတ်ဆက်ထားသော ပြောင်းလွယ်ပြင်လွယ်ပိုရှိသည့်စနစ်ပင်ဖြစ်သည်။

() ဘတ်ဂျက်ရေးရာတွင် ဗဟိုမှဦးစီးထားမှုကို လက်အောက်အဖွဲ့အစည်းများသို့ ခွဲဝေပေးခြင်းနှင့် တာဝန်ခံမှု ကို ဖြစ်ထွန်းစေမည့် ညှိနှိုင်းပြုပြင်ထားသောဘတ်ဂျက်စနစ်။

() စားသုံးသူများ၏လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်ကိုတရားဝင်ဖော်ပြထားသောစာတမ်းများ။ နိုင်ငံ့ဝန်ထမ်းလုပ်ငန်း ယဉ်ကျေးမှုကို ပြန်လည်ပုံသွင်းရာတွင် စွန့်ဦးစီးပွားရေးလုပ်ကိုင်ခြင်းနှင့် ကျင့်ဝတ်တရားစံနှုန်းတို့ကို ပေါင်း စပ်ရန် ကြိုးပမ်းချက်များလည်း ရှိသည်။

အင်ဒိုနီးရှားနိုင်ငံ

အင်ဒိုနီးရှားနိုင်ငံ၏ဗဟိုစာရင်းစစ်ဌာနချုပ်သည် ဆူနာမီအလွန်ကာလ အရေးပေါ်ကူညီရေးရန်ပုံငွေများကို စာ ရင်းစစ်ရာ အမေရိကန်ဒေါ်လာသန်း ၄၀ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသည့်အပြင် ကူညီကယ်ဆယ်ရေးအ တွက် ဝယ်ယူထားသောပစ္စည်းအများအပြားမှာ အသုံးပြုမရဖြစ်နေခြင်းနှင့် အရေးပေါ်ကာလပြီးဆုံးပြီးနောက်ပိုင်း အတော်ကြာမှ ဝယ်ယူထားသောပစ္စည်းများ များပြားနေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။