ဖက်ဒရယ်ပြည်ထောင်စု၏အခြေခံအကျဆုံးလက္ခဏာမှာ အစိုးရအဆင့် နှစ်ခုထက်မကကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာဏာများကို ခွဲဝေထားခြင်းဖြစ်သည်။ ဤသို့ခွဲဝေရာတွင် တစ်ဖက်တွင် (ကိုယ်ပိုင်အုပ်ချုပ်ရေး) ဗဟိုနှင့် ပြည်နယ်အစိုးရ၏သီးခြားလွတ်လပ်မှုနှင့် ကျန်တစ်ဖက်တွင်(ပူးတွဲအုပ်ချုပ်ရေး) အစိုးရအဆင့်နှစ်ရပ် ၏ အပြန်အလှန် မှီခိုအားထားမှုတို့ကို မြှင့်တင်ပေးမည့် ယန္တရားများကို လိုအပ်သည်။ ထို့အပြင် ပြည်နယ်အစိုး ရဌာနများကြား၊ ပြည်နယ်အစိုးရဌာနများနှင့် အမျိုးသားအစိုးရကြား ညှိနှိုင်းတိုင်ပင်ခြင်းနှင့် ပူးပေါင်းဆောင် ရွက်ခြင်းအတွက် ထိရောက်သောဌာနအဖွဲ့အစည်းများနှင့် ယန္တရားများကိုလည်း လိုပြန်သေးသည်။
ဖက်ဒရယ်စနစ်ကို ပုံဖော်ချမှတ်ရာတွင် အခြေခံအကျဆုံးချမှတ်ရမည့် ဆုံးဖြတ်ချက်များအနက်တစ်ချက်မှာ အမျိုးသားအစိုးရအဆင့်နှင့် ပြည်နယ်အစိုးရအဆင့်များကြား အုပ်ချုပ်ရေးအာဏာများနှင့် တာဝန်၀တ္တရား များကို မည်သို့ခွဲခြားထားမည်ဟူသောကိစ္စပင်ဖြစ်သည်။
အမျိုးသားအစိုးရအတွက် အမြဲတမ်းနီးပါး သီးသန့်ဖယ်ချန်ထားသောအာဏာရပ်များ ရေရာစွာရှိသည်။ အများ အားဖြင့် ဗဟိုအစိုးရသည် တိုင်းပြည်၏လွတ်လပ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန်၊ အခြားတိုင်း ပြည်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အပြန်အလှန်ဆက်ဆံရန်၊ ပြည်တွင်းစီးပွားရေးနှင့် ကြီးမားသောသ ဘာ၀သယံဇာတအရင်းအမြစ်များကို စီမံခန့်ခွဲရန်နှင့် အမျိုးသားအခြေခံအဆောက်အဦတို့ကို စောင့်ရှောက်ရန် တို့အတွက် လိုအပ်သောအာဏာရပ်များကို ကိုင်စွဲထားသည်။
ဖက်ဒရယ်စနစ်တွင် အမျိုးသားအစိုးရများ၌ အောက်ပါကိစ္စရပ်တို့အပေါ် ဆောင်ရွက်ခွင့်အာဏာများ အမြဲ တမ်းနီးပါးရှိသည်။
- နိုင်ငံခြားရေးရာကိစ္စရပ်များ
- ကာကွယ်ရေး
- နိုင်ငံသားဘ၀
- ငွေကြေး
- နိုင်ငံတကာကုန်သွယ်ရေး
ပြည်နယ်အစိုးရဌာနခွဲများတွင် အများအားဖြင့် နယ်မြေဒေသဆိုင်ရာအထူးအကျိုးစီးပွားများနှင့်သက်ဆိုင် သောအာဏာရပ်များရှိကြသည်။ တစ်နည်းအားဖြင့် ဒေသတွင်းသယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ အခြေခံကျန်း မာရေးစောင့်ရှောက်မှု၊ စိုက်ပျိုးရေး၊ ဒေသသုံးဘာသာစကားများ၊ အသေးစားချေးငွေနှင့် ဒေသန္တရအခွန်ငွေ များတို့တွင်ဖြစ်သည်။ ပြည်နယ်အစိုးရဌာနခွဲများအတွက် သာမန်အာဏာရပ်များတွင် အောက်ပါကိစ္စရပ်များ အပေါ်ဆောင်ရွက်ခွင့်အာဏာများပါဝင်သည်။
- မူလတန်းနှင့် အလယ်တန်းပညာရေး
- ဒေသတွင်းစီးပွားရေး
- ကျန်းမာရေးဆေးပေးခန်းများ
- စိုက်ပျိုးရေး
- ဆည်မြောင်းတည်ဆောက်ရေး
- လယ်မြေခွန်များ
- ယဉ်ကျေးမှု (စာကြည့်တိုက်များပါဝင်)
- မိလ္လာရေဆိုးစနစ်
- ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး
ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ပါဝင်သော အထူးလုပ်ပိုင်ခွင့်၊ ကြွင်းကျန်နှင့် ပူးတွဲ ကျင့်သုံးနိုင်သောအာဏာရပ်များ
ဖက်ဒရယ်စနစ်တွင် အာဏာများခွဲဝေထားခြင်းနှင့်ဆက်စပ်သောအရေးကြီးသည့်ကိစ္စတစ်ရပ်မှာ အထက်ပါ အာဏာရပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ စာရင်းပြုတင်ပြထားသနည်းဟူသောကိစ္စနှင့်သက် ဆိုင်ပါသည်။
ဖက်ဒရယ်ဖွဲ့စည်းပုံဥပဒေတချို့တွင် အထူးလုပ်ပိုင်ခွင့်အာဏာရပ်များနှင့်စပ်လျဉ်း၍စာရင်းနှစ်ခုရှိသည်။ တစ် ခုမှာ အမျိုးသားအစိုးရ၏အာဏာရပ်များကို တင်ပြုထားပြီးကျန်တစ်ခုမှာ ပြည်နယ်အစိုးရများ၏အာဏာရပ် များကို တင်ပြထားသည်။ အစိုးရအဆင့်တစ်ခုစီသည် ဖွဲ့စည်းပုံဥပဒေစာရင်းတွင် သီးခြားဖော်ပြထားသော အာဏာရပ်များကိုသာကျင့်သုံးနိုင်သည်။ အဆိုပါဖွဲ့စည်းပုံဥပဒေစာရင်းများ၌ မပါဝင်သောမည်သည့်အာဏာ ရပ်များကိုမဆို “အစွယ်အပွားအာဏာရပ်များ”ဟု ခေါ်သည်။ အများအားဖြင့် အစွယ်အပွားအာဏာရပ်များ သည် “အတူယှဉ်နွှဲလက်တွဲခြင်း” ဖက်ဒရယ်ပြည်ထောင်စုများရှိ အမျိုးသားအစိုးရများနှင့် “အတူပေါင်းစည်း လက်တွဲခြင်း”ဖက်ဒရယ်စနစ်များရှိ ပြည်နယ်အစိုးရများနှင့် သက်ဆိုင်တတ်သည်။
အခြားဖွဲ့စည်းပုံဥပဒေများတွင် စာရင်းသုံးခုထားရှိသည်။ အထက်ကတင်ပြသောစာရင်းနှစ်ခုအပြင် အဆိုပါဖွဲ့ စည်းပုံဥပဒေများတွင် အမျိုးသားအစိုးရနှင့် ပြည်နယ်အစိုးရတို့ အတူတကွ အလုပ်လုပ်ရမည့် သို့ အတူလုပ် ဆောင်ရန်တာဝန်ရှိသည့် နယ်ပယ်များနှင့်ပတ်သက်သောစာရင်းတစ်ရပ်ကို ထည့်သွင်းထားသည်။ ထိုစာရင်း ပါအာဏာရပ်များကို ပူးတွဲကျင့်သုံးနိုင်သောအာဏာရပ်များအဖြစ် သိထားကြသည်။ ပူးတွဲကျင့်သုံးနိုင်သော အာဏာရပ်များတွင် စိုက်ပျိုးရေး၊ ပညာရေး၊ ဆည်မြောင်းသွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လောင်စာစွမ်းအင်၊ လေဆိပ်၊ အိမ်ရာနှင့် သဘာ၀ပတ်ဝန်းကျင်တို့နှင့်ဆက်စပ်သောအရေးကိစ္စရပ်များ ပါဝင်သည်။
ဥပမာ အမေရိကန်ဖွဲ့စည်းပုံဥပဒေတွင် ဖက်ဒရယ်အစိုးရ၏အာဏာရပ်များအတွက် ခေါင်းစဉ် ၁၈ ခုပါဝင်ပြီးအ ခြားအာဏာရပ်များ(ကြွင်းကျန်အာဏာများ)အားလုံးသည် ပြည်နယ်အစိုးရများတွင် ရှိသည်။
ဆန့်ကျင်ဘက်အားဖြင့် အိန္ဒိယဖွဲ့စည်းပုံဥပဒေတွင် စာရင်းရှည်သုံးခုပါသည်၊ ပြည်ထောင်စုစာရင်းတွင် ခေါင်း စဉ် ၉၇ ခု၊ ပူးတွဲကျင့်သုံးနိုင်သောအာဏာရပ်များအတွက် ၄၇ ခု၊ ပြည်နယ်များအတွက်စာရင်းတွင် ၆၆ခုပါဝင် သည်။ မလေးရှားဖွဲ့စည်းပုံဥပဒေတွင်လည်း အလားတူစာရင်းသုံးခုပါသည်။ ပြည်ထောင်စုစာရင်းတွင် ၂၇ခု၊ ပူးတွဲစာရင်းတွင် ၁၈ ခုနှင့် ပြည်နယ်စာရင်းတွင် အခု၂၀ပါဝင်သည်။ အိန္ဒိယတွင် ကြွင်းကျန်အာဏာရပ်များ သည် အမျိုးသားအစိုးရတွင် တည်ရှိပြီး မလေးရှားတွင်မူ အစွယ်အပွားအာဏာရပ်များသည် ပြည်နယ်များ အတွက် ဖြစ်သည်။
ပူးတွဲကျင့်သုံးနိုင်သောအာဏာရပ်တစ်ခုကို မည်သည့်အစိုးရမဏ္ဍိုင်က တာဝန်ယူထိန်းချုပ်မည်ဟူ၍ ပဋိပက္ခ ဖြစ်လာလျှင် အများအားဖြင့် ဖွဲ့စည်းပုံဥပဒေက အမျိုးအသားအစိုးရကို ဦးစားပေးတတ်သည်။ သို့ရာတွင် သဲ သဲကွဲကွဲမရှိသောကိစ္စရပ်များတွင်မူ ဖွဲ့စည်းပုံဥပဒေသည် အငြင်းပွားမှုဖြေရှင်းရေးယန္တရား(ဥပမာ ဗဟိုတရား ရုံးချုပ်ဖြစ်စေ၊ လူထုဆန္ဒခံယူမှုဖြစ်စေ)တစ်ရပ်ရပ်ကို ရှာပြီး အထက်ပါပဋိပက္ခများကို စစ်ဆေးဆုံးဖြတ်ပေး သည်။
ဇယား ၂၊ ဖက်ဒရယ်စနစ်များတွင် အာဏာများကို ခွဲဝေထားခြင်း