အသစ်များ > လူမှု-နိုင်ငံရေးဦးတည်ချက်များဖြင့် အတွေးအခေါ်မူဝါဒများကို ခွဲခြားကြည့်ခြင်း

လူမှု-နိုင်ငံရေးဦးတည်ချက်များဖြင့် အတွေးအခေါ်မူဝါဒများကို ခွဲခြားကြည့်ခြင်း

2022-08-29

ကွန်ဆာဗေးတစ်ပါတီများ၊ ဤပါတီများသည် ရှိရင်းစွဲအခြေအနေကို မပျက်စေလိုဘဲ ဆက်ထိန်းထားလို၏။ ဥပမာပြရ သော် မိသားစု၏အခန်းကဏ္ဍနှင့် မိသားစုအပေါ်သိမြင်နားလည်ထားပုံတို့နှင့်ပတ်သက်လျှင် ရုတ်ခြည်းဆန်းသစ်သွား ခြင်းမျိုး၊ ပြောင်းလဲခြင်းမျိုးကို ၎င်းပါတီများက သံသယရှိသည်၊ ထို့နောက် မတူသောဘ၀နေနည်းပုံစံများ(ဥပမာ LGB TI နိုင်ငံသားများ၏ဥပဒေအဆင့်အတန်း)အပေါ် အမြင်မကြည်ပါ။ ရိုးရာစဉ်လာအတွေးအမြင်များ၊ စံနှုန်းများနှင့် အခြေ ခံမူဘောင်များကို အခိုင်အမာထောက်ခံတတ်ကြပြီး ၎င်းအရာများကို အလွန်အကျွံပြင်ဆင်မှုမလုပ်ပါက ဆက်ထိန်း သိမ်း၍မရနိုင်ဟု ကွန်ဆာဗေးတစ်ပါတီဝင်များက ပြောသည်။

လစ်ဘရယ်ပါတီများ၊ ဤပါတီများသည် ပုဂ္ဂလိကလွတ်လပ်မှုဆိုင်ရာအခွင့်အရေးများကို ထောက်ခံပြီးဒီမိုကရေစီနည်း ကျဖွဲ့စည်းပုံအခြေခံဥပဒေကို အလေးထားသည်။ အစဉ်အဆက်ကြည့်မည်ဆိုလျှင် လစ်ဘရယ်ပါတီများသည် နိုင်ငံရေး နှင့်ဘာသာရေးကို မရောထွေးဘဲ အများအားဖြင့် လွတ်လပ်သောစျေးကွက်စီးပွားရေးစနစ်ကို လက်ခံကြသည်။

ဆိုရှယ်ဒီမိုကရက်တစ်ပါတီများ၊ ဤပါတီများသည် အလုပ်သမားလှုပ်ရှားမှုနှင့် နီးနီးကပ်ကပ်ဆက်နွှယ်ရာမှ ပေါ်ပေါက် လာခဲ့သည်။ ၎င်းတို့၏နိုင်ငံရေးအစီအစဉ်များသည် လူမှုရေးတန်းတူညီမျှမှုအပေါ်အခြေခံသည်။ နိုင်ငံတော်တွင် လူ့အ ဖွဲ့အစည်းနှင့်စီးပွားရေးအပေါ် အခိုင်အမာစည်းမျဉ်းဥပဒေချ၍ထိန်းချုပ်ရန် အခန်းကဏ္ဍရှိသည်ဟု ၎င်းတို့က အဆိုပြုကြသည်။

ဆိုရှယ်လစ်ပါတီများ၊ ဤပါတီများသည် အလုပ်သမားလှုပ်ရှားမှုနှင့် နီးနီးကပ်ကပ်ဆက်နွှယ်ရာမှ ပေါ်ပေါက်လာခဲ့ သော်လည်း လူမှုရေးတန်းတူညီမျှမှုရရှိရန် ပိုမိုယတိပြတ်သောလမ်းစဉ်ကိုသုံး၍ ချဉ်းကပ်ကြသည်။ စီးပွားရေးကိုနိုင်ငံ တော်မှမောင်းနှင်ရေးသည် ဆိုရှယ်လစ်ပါတီအများအပြား၏ အဓိကဗဟိုရည်မှန်းချက်များဖြစ်သည်။

ကိုးကွယ်သည့်ဘာသာဖြင့် သတ်မှတ်ဖွဲ့စည်းသောပါတီများဆိုသည်မှာ လူမှုရေး-နိုင်ငံရေးဦးတည်ချက်များဖြင့် ဖွဲ့စည်း ထားသော သီးခြားပါတီပုံစံများကိုဆိုလိုသည်။ ကမ္ဘာတစ်ဝန်းတွင် ပါတီများစွာသည် ဘာသာရေးယုံကြည်ချက်များအ ပေါ် အနည်းနှင့်အများဆိုသလို အခိုင်အမာအခြေခံထားကြသည်။ မိမိတို့၏အစီအစဉ်များကို ကိုးကွယ်သည့် ဘာသာ တရား(သို့မဟုတ်) အပြစ်ကိုဝန်ခံခြင်းအစရှိသည့် စံနှုန်းများနှင့်သတ်မှတ်ချက်များအပေါ် အခြေခံထူထောင်ထားသော ခရစ်ယာန်(သို့မဟုတ်) ခရစ်ယာန်ဒီမိုကရက်တစ်၊ အစ္စလာမ်နှင့် ဟိန္ဒူပါတီများရှိသည်။ တစ်သီးပုဂ္ဂလလူ့အခွင့်အရေး နှင့်တစ်သီးပုဂ္ဂလလွတ်လပ်ခွင့် (သို့မဟုတ်) ဒီမိုကရေစီနိုင်ငံရေးတို့ဘက်က ရပ်တည်စရာရှိပါက ယင်းပါတီများသည် ၎င်းတို့အသီးသီးကိုးကွယ်သောဘာသာတရားနှင့်သာဆက်စပ်စဉ်းစားတော့၏၊ ယင်းသို့ ရပ်တည်စဉ်းစားပုံအပေါ်မူ တည်ကာ ပါတီများ၏နိုင်ငံရေးအစီအစဉ်များနှင့် နိုင်ငံရေးရည်မှန်းချက်များသည်လည်း ကြီးကြီးမားမား ကွဲပြားသွား တော့သည်။

လက်ယာအစွန်းရောက်ပါတီများ၊ ဤပါတီများသည် အမျိုးသားရေးအတွေးအခေါ်များကို ဟောပြောကြသည်၊ ယင်းအ တွေးအခေါ်များတွင် မရေမရာလူမျိုးစုဆိုင်ရာအတွေးအခေါ်နှင့် လူမျိုးရေးဝါဒဖြစ်သွားနိုင်သည့်အမြင်များ အပြန်အ လှန်ရောထွေးနေတတ်သည်။

ကွန်မြူနစ်ပါတီများ၊ ကုန်ထုတ်လုပ်မှုနည်းနာများကို ပုဂ္ဂလိကပိုင်ဆိုင်ထားမှုအား ဖျက်သိမ်းရေး၊ ပစ္စည်းမဲ့အာဏာရှင် စနစ်ထူထောင်ရေးတို့ကို ဤပါတီများက လှုံ့ဆော်သည်။ သမိုင်းသည် တင်ကြိုပြဋ္ဌာန်းထားပြီးသာအရာဖြစ်သည်ဟု ၎င်းပါတီများက ယူဆသည်။

ကိုးကား၊ Political Parties: Functions and Organisation in Democratic Societies